သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (October,2023)

0
403

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ယောက်ျားလေးတွေမှာလည်း ထိုးလို့ရပါတယ်နော်။

ဘာကြောင့်လဲဆို မြန်မာလိုနာမည်အရ “ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး” ဖြစ်နေပေမယ့် တကယ်တမ်းတော့ သူဟာ (Human Papilloma Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးမို့လို့ပါ။

ဒီဗိုင်းရပ်စ်အမျိုးအစားတွေဟာ အဓိကအားဖြင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်တာမို့ မြန်မာမှု ပြုလုပ်တဲ့အခါ “ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး” ဆိုပြီး ဖြစ်သွားပေမယ့်… သူတို့တွေဟာ….

– ကြွက်နို့ပေါက်တာ

– မိန်းမကိုယ် ယောနိကင်ဆာ

– မိန်းမကိုယ် အပြင်ပိုင်းကင်ဆာ

– အမျိုးသား လိင်တံကင်ဆာ

– စအိုကင်ဆာ

– အာခေါင်နဲ့ လည်ပင်းကင်ဆာ စတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုပေမယ့် ဒီလိုမျိုး အခြားကင်ဆာတွေကိုလည်း ကာကွယ်ပေးတာမို့ အမျိုးသားတွေမှာလည်း ထိုးလို့ရတယ်လို့ ပြောတာပါနော်။

အဖြစ်များတာကတော့ သားအိမ်ခေါင်းကင်ဆာပေါ့… ????

နောက်ပြီး…

ဒီ ဗိုင်းရပ်စ်ပိုးတွေဟာ အဓိကအားဖြင့် လိင်မှတစ်ဆင့် ကူးစက်တတ်တာမို့ လိင်ဆက်ဆံမှု လုံးဝမရှိသေးချိန် အသက် ၉ နှစ်ကနေ ၁၅ နှစ်ကြားမှာ ထိုးနှံပြီး ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါတဲ့…

(အသေးစိတ်ကိုတော့ တယ်လီကျန်းမာမှာ တင်ဆက်ပေးခဲ့တဲ့ HPV Vaccine ပိုစ့်လေးမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်နော်)

ဆက်ပြီး သိစေချင်တာလေးကတော့ ဘယ်လိုလူတွေမှာ ဒီကာကွယ်ဆေး မထိုးသင့်ဘူးလဲ ဆိုတာလေး အတိုချုံးပေါ့…

လွယ်လွယ်လေး ပြောရရင်…

ဆေးနဲ့ ဓာတ်မတည့်တဲ့သူတွေနဲ့ ကိုယ်ဝန်သည်တွေမှာ လုံးဝ မထိုးနှံသင့်ပါဘူးတဲ့

(မှတ်ရ လွယ်လိုက်တာနော် ????)

များသောအားဖြင့် ကာကွယ်ဆေးတွေကို ဖျားနေတဲ့သူတွေမှာ ထိုးလေ့မရှိပေမယ့်၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကိုတော့ အဖျား ၁၀၁° ဖာရင်ဟိုက်အောက် ရှိနေသူတွေမှာလည်း ထိုးနှံပေးလို့ရကြောင်း အမေရိကန်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးစင်တာ (CDC) က အကြံပြုထားပါတယ်။ ပြင်းပြင်းထန်ထန် ဖျားနာနေသူတွေမှာတော့ မရဘူးပေါ့နော် ????

ဟုတ်ပါပြီနော်…

ဘာရယ်မဟုတ်…. မနေ့က မေးကြည့်တဲ့ ပိုစ့်လေးမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အမျိုးသားတွေမှာ ထိုးနှံလို့မရ၊ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါကိုပဲ ကာကွယ်ပေးတယ်လို့ ထင်မှတ်နေကြသူ တော်တော်များများ တွေ့နေရလို့ အခုပိုစ့်လေးကို ရေးလိုက်တာပါ

အခုလောက်ဆိုရင်တော့ အရင်ကထက် အများကြီး ပိုသိသွားပြီလို့ ယူဆပါတယ်နော်….????

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here