မီနူး

” ရာဇဝတ်မှုမြောက်တဲ့ ကိုယ်ဝန်ဖျက်ချခြင်း ( Criminal Abortion ) “

” ရာဇဝတ်မှုမြောက်တဲ့ ကိုယ်ဝန်ဖျက်ချခြင်း ( Criminal Abortion ) “

????ကိုယ်ဝန်ဖျက်ချခြင်း ( Abortion ) ဆိုတာဘာလဲ ?

ကိုယ်ဝန်ဆောင်နေတဲ့အချိန်ကာလအတွင်း (ဒါမှမဟုတ်) ကိုယ်ဝန်နေ့မစေ့လမစေ့ခင်အတွင်းမှာ သန္ဓေသားလေးကို မိခင်ဝမ်းတွင်း (သားအိမ်)ထဲကနေ ရည်ရွယ်ချက်ရှိရှိနဲ့ နည်းမျိုးစုံသုံး ဖယ်ထုတ်ပစ်တာကို ကိုယ်ဝန်ဖျက်ချခြင်း ( Abortion )လို့ခေါ်ပါတယ်။

အိမ်ထောင်မပြုရသေးဘဲ ကာမဆက်ဆံမိလို့မတော်တဆ ကိုယ်ဝန်ရသွားတာ၊ အိမ်ထောင်ရှိပေမယ့် ကလေးကိုပြုစုဖို့ အဆင်သင့်မဖြစ်သေးတာနဲ့ ကိုယ်မချစ်မနှစ်သက်တဲ့သူက အတင်းအဓမ္မပြုကျင့်လို့ ကိုယ်ဝန်ရသွားတာ ….. စသဖြင့် တရားမဝင် ကိုယ်ဝန်ဖျက်ချကြတဲ့ အကြောင်းရင်းကတော့အမျိုးမျိုးရှိပါတယ်။

.

.

????ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပက်သတ်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ များစွာရှိပါတယ်။ ဒီထဲကတစ်ခုကတော့…

” ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁၂ “

” မည်သူမဆို ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အသက်ကို ကယ်ဆယ်လိုသော သဘောရိုးဖြင့် မဟုတ်ဘဲ ကိုယ်ဝန်ပျက်စေရန် ကိုယ်တိုင်ဖျက်ချပေးလျှင် ထိုသူကို ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးသည် လှုပ်ရှားသောကိုယ်ဝန် (ကိုယ်ဝန်အရင့်အမာ)နှင့်ဖြစ်လျှင် ကိုယ်ဝန်ပျက်ရန် ကိုယ်ထိလက်ရောက် ကြံစည်သူကို ခုနစ်နှစ်ထိထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက် – မိမိကိုယ်ဝန်ကို မိမိကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်စေသည့် ကိုယ်ဝန်ဆောင်မိခင်သည် ဤပုဒ်မပါ အဓိပ္ပာယ်တွင် အကျုံးဝင်သည်။ “

.

.

???? ဘယ်လိုအချိန်တွေမှာ ကိုယ်ဝန်ဖျက်ချခွင့်ပြုသလဲ၊ ဘယ်သူတွေက လုပ်ပေးလို့ရလဲ၊ ဘယ်မှာလုပ်မလဲ ဆိုတဲ့ မေးခွန်းတွေအတွက်ကတော့…

ကိုယ်ဝန်ဖျက်ချခွင့်ကို ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး မိခင်​၏အသက်ကို ကယ်စေလိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်း အတွက်သာ စဉ်းစားကြရပါတယ်။ စိတ်ကျန်းမာရေးနဲ့ လူမှုရေးအခြေအနေ စတာတွေကိုထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။

ကိုယ်ဝန်ဖျက်ချသင့်၊ မချသင့်ကို ကိုယ်ဝန်ဖျက်ချပေးမယ့် ဆရာဝန်က စဉ်းစားပေးရမယ်ဆိုတာ မဟုတ်ပါဘူး။

တကယ်လို့ ကိုယ်ဝန်ကို မဖြစ်မနေဖျက်ချမှရမယ့် အခြေအနေဆိုပါက ပထမဦးစွာ ကိုယ်ဝန်ဖျက်ချစေရလောက်တဲ့ မိခင်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ရှိမရှိကို ဆရာဝန်ကစမ်းသပ်မှုများပြုလုပ်ရပါမယ်။ ထို့နောက် သားဖွားဆရာဝန်နဲ့ ထိုပြဿနာများကို ဆွေးနွေးပြီး သက်သေခိုင်လုံအောင် အတည်ပြုချက်ယူရပါမယ်။ သို့မှသာ ကိုယ်ဝန်ဖျက်ချခွင့် ရရှိမှာဖြစ်ပြီး ဖျက်ချသည်ကိုလည်း ပြည်သူ့ဆေးရုံများမှာသာ ပြုလုပ်သင့်ပါတယ်။

.

.

????ကိုယ်ဝန်ဖျက်ချရင် ကြုံတွေ့လာနိုင်တဲ့ပြသနာတွေက ဘာတွေလဲ ?

✳️ (၁) ကိုယ်ဝန်ဖျက်ချနေစဉ် နာရီပိုင်းအတွင်း ကြုံလာနိုင်သောပြဿနာများ…

(က) ကိုယ်ဝန်ဖျက်ချနေစဉ် သွေးကြောကနေတစ်ဆင့် လေများဝင်ရောက်ကာ အဆုတ်တွင်သွားပိတ်၍ သေဆုံးခြင်း

(ခ) သွေးထွက်လွန်ပြီး သေဆုံးခြင်း

(ဂ) ရုတ်တရက် နှလုံးရပ်၍ သေဆုံးနိုင်ခြင်း

.

✳️ (၂) ကိုယ်ဝန်ဖျက်ချပြီး ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်သော ပြဿနာများ

(က) ပိုးဝင်ခြင်း

(ခ) သွေးဆိပ်တက်ခြင်း

(ဂ) သွေးထွက်လွန်ခြင်း

(ဃ) ကျောက်ကပ်ပျက်စီးခြင်း

.

✳️ (၃) ကိုယ်ဝန်ဖျက်ချပြီး (၁) ပတ် (၂) ပတ်အတွင်း ဖြစ်ပေါ်လာနိုင်သောပြဿနာများ

(က) ပိုးဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပိုးပျံ့သွားပြီး သေဆုံးနိုင်ခြင်း

(ခ) သွေးကြောများရောင်ရမ်းပြီး သွေးခဲလုံးများ ပြုတ်ထွက်ကာ အဆုတ်သွေးကြောတွင် ပိတ်၍ သေဆုံးနိုင်ခြင်း

(ဂ) မေးခိုင်ပိုးဝင်၍ သေဆုံးနိုင်ခြင်းတို့ ဖြစ်ပါတယ်။

.

.

????အချုပ်အားဖြင့် “ prevention is better than cure” ဆိုသကဲ့သို့ ကိုယ်ဝန်ရပြီးမှ မလိုချင်လို့ နည်းမျိုးစုံသုံးဖျက်ချတာမျိုး မလုပ်ဘဲ ကွန်ဒုံးသုံးတာ ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး တားဆေးသုံးတာ၊ အရေးပေါ်တားဆေးသုံးတာ…. စတာတွေနဲ့ ကိုယ်ဝန်မရအောင် ကြိုတင်ကာကွယ်ထားလို့ရပါကြောင်းအသိပေးပါရစေ။

.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#abortion#criminalabortion#ကိုယ်ဝန်ဖျက်ချခြင်း

Ministry of Health,

National Unity Government.

Published on: 11 January 2023
Last Updated: 11 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ရောကိုယ်ပါ လေးလံပြီး ပင်ပန်းနွမ်းနယ်ခြင်း Burn Out

ဘဝမှာ ရှင်သန်နေထိုင်လာရင်း အရမ်းကိုမှ ခြေကုန်လက်ပန်းကျတဲ့ အချိန်ဆိုတာ ရှိတတ်ကြတယ်မို့လား။ ဘာဆို ဘာကိုမှ မလုပ်ချင်လောက်အောင် ခြေပစ်လက်ပစ် နုံးခွေသွားတာမျိုးပေါ့။ မျက်လုံးဖွင့်ပြီး အသက်ရှုနေတာကလွဲရင် စိတ်ရောကိုယ်ပါလေးလံပြီး မလှုပ်ချင်လောက်အောင် နွမ်းနယ်နေသလို၊ ယုတ်စွဆုံး အိပ်နေရင်တောင်မှ ပင်ပန်းမှုက ပျောက်မသွားတတ်တာမျိုး ခံစားရတတ်ကြတယ်မို့လား။ ဒါပေမယ့်လည်း စားဝတ်နေရေး၊ အိမ်မှုကိစ္စ၊ အလုပ်ကိစ္စ၊ လူမှုကိစ္စ...

စစ်ရှောင်အမျိုးသမီးတစ်ဦးရဲ့ သုံးမွှာပူးကိုယ်ဝန်

Helloကျွန်တော် Dr Harry ပါ။ ဒီတစ်ခါ စာရေးဖို့အချိန်ရောက်လာတာနဲ့ ရေးစရာ အကြောင်းအရာကလည်း ကွက်တိကျနေတာနဲ့ မှတ်တမ်းလေးလည်းကျန်အောင် ကြိုးစားပြီးရေးလိုက်ပါတယ်။ Case ကတော့ ထုံးစံအတိုင်း ကလေးမွေးတဲ့ကိစ္စပါပဲ။ ဒါပေမယ့် ပုံမှန်မွေးနေကျလိုမဟုတ်ဘဲ သုံးမွှာပူးဖြစ်နေတာပါ။ လူနာက စစ်ရှောင်ပါ။ အသက် ၃၆ နှစ် လေးကြိမ်မြောက်ကိုယ်ဝန်ကို ကျွန်တော့်ဆေးခန်းမှာ ဇွန်လ လောက်က...

ကင်ဆာ၊ ဆီးချို၊ အဆုတ်နှင့် နှလုံးရောဂါများ၊ လေဖြတ်ခြင်းတိုမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

ကင်ဆာ၊ ဆီးချို၊ အဆုတ်နှင့် နှလုံးရောဂါများ၊ လေဖြတ်ခြင်းတို့မှ ကာကွယ်ရန် ▪️ကျန်းမာစေသော အစားအစာများကို စားသောက်ပါ▪️အရက် လျှော့သောက်ပါ▪️တက်ကြွလှုပ်ရှားပါ▪️ဆေးလိပ် မသောက်ရ▪️လေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုကို လျှော့ချပါ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့...

ဆေးလိပ်နှင့် အစားအသောက်ပုံစံ

ဒီကာလထဲ စိတ်တွေလည်း ပျော်မနေဘူး။ စိတ်ဖိအားတွေ သိပ်ကိုများတယ်။ ဘာရယ်လို့လည်း ခေါင်းစဥ်မည်မည်ရရ မတပ်တတ်ဘူး။ ဒီတော့ စိတ်ရှုပ်စရာတွေကို အခိုးအငွေ့တွေနဲ့ လွှင့်ပစ်ဖို့ စီးကရက်ကိုခဲ၊ အသက်ကိုပြင်းပြင်းရှူပြီး ဆေးလိပ်သောက်နေမိတယ်။ ညသန်းခေါင် အိပ်လို့လည်းမရ၊ စကားပြောဖို့ သူငယ်ချင်းအဖော်လည်း မရှိ။ ကိုယ့်ကိုနားလည်နိုင်မှာ သူတစ်ယောက်ပဲရှိတယ် ဘာညာအတွေးတွေပွားရင်း ပိုသောက်မိပြန်ရော။…… အခုလိုမျိုးဖြစ်ရပ်တွေ ဒီကာလထဲ...