ကျွန်မဆီကို အမျိုးသမီးငယ်လေးတချို့က အမျိုးသားနဲ့တူတူနေတဲ့အခါ မိန်းမကိုယ်ကလေထွက်လို့ OG သွားပြတာ OG ကဆူလိုက်လို့နဲ့၊ ဘာဆေးမှမပေးလို့နဲ့၊ Online က ဘယ် မိန်းမကိုယ်ဆေးသုံးသင့်လား စသည်ဖြင့် လာတိုင်ပင်ဆွေးနွေးတတ်ကြပါတယ်။

အမှန်က မိန်းမကိုယ်လေထွက်ခြင်းဟာ နာကျင်တာမရှိဘူး၊ ပုံမှန်မဟုတ်တဲ့ အရည်တွေမဆင်းဘူးဆိုရင် ပုံမှန် အမျိုးသားနဲ့တူတူနေတဲ့အခါနဲ့ အောက်ပိုင်းလေ့ကျင့်ခန်း (ဥပမာ – Kegal Exercise) ဆော့တဲ့အခါ မိန်းမကိုယ်လေထွက်ခြင်း ဖြစ်တတ်တာမို့ စိုးရိမ်စရာမရှိပါဘူး။

ဒါဆို ဘာလို့ မိန်းမကိုယ်လေထွက်ရလည်းဆို မိန်းမကိုယ်ထဲ အကြောင်းအမျိုးမျိုးကြောင့် လေဝင်လို့ပဲ ဖြစ်ပါတယ်။ အဖြစ်များဆုံးက အမျိုးသားနဲ့တူတူနေတာ (သို့) တစ်ကိုယ်ရေ Sex toy တို့နဲ့ အဝင်အထွက်လုပ်လို့ လေခိုစေပါတယ်။ ဒါ့အပြင် အမျိုးသမီးလစဉ်သုံး Tampon/Menstrual cup တွေကလည်း လေခိုစေပါတယ်။ နောက်ပြီး သွေးဆုံးပြီးအမျိုးသမီးတွေ၊ မီးဖွားပြီး အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်တင်ပဆုံကြွက်သား တင်းရင်းမှုမရှိဘဲ လျော့နေခြင်းကြောင့်လည်း ဖြစ်စေပါတယ်ရှင်။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်လေထွက်ခြင်းကြောင့် စိတ်အနှောင့်ယှက်ဖြစ်ရင် တစ်ခုတည်းသောအဖြေက (Kegal Exercise) တင်ပါးဆုံကြွက်သားလေ့ကျင့်ခန်း ပြုလုပ်ဖို့ပါပဲနော်။ Kegal exercise က တအားမခက်ခဲပါဘူး။ ဆီးအောင့်အနေအထားလို ၁၀ စက္ကန့်လောက် နေပေးတာမျိုး ပေါ့ပေါ့ပါးပါး ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းပါ။ တခြား Kegal လေ့ကျင့်ခန်း ကိရိယာနဲ့လည်း ကျင့်လို့ရပါတယ်။

အနှစ်ချုပ်ပြောရရင် မိန်းမကိုယ်လေထွက်ခြင်းအတွက် ဘာသောက်ဆေး၊ ဘာမိန်းမကိုယ်ထည့်ဆေးမှ မလိုပါဘူးနော်။ အပေါ်ကပြောခဲ့သလို ပုံမှန်မဟုတ်တဲ့ အရည်/အနံ့ထွက်မှသာလျှင် ဆေးခန်းပြဖို့လိုပါမယ်ရှင်။

အမျိုးသမီးများ အဆင်ပြေကြပါစေ…။

Dr Cool
တယ်လီကျန်းမာ

Ref: 📖
https :// my. clevelandclinic. org /health/symptoms/24185-vaginal-gas

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here