တီဘီရောဂါသည် မျက်စိဖြင့်မမြင်နိုင်သော မိုင်ကိုဘက်တီရီးယား (???????????????????????????????????????????????????? ????????????????????????????????????????????????) ဟုခေါ်သော ဘက်တီရီးယားပိုး ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

တီဘီရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ဆင်းရဲ၍ လူနေစီးပွားနိမ့်ကျသော နေရာများတွင် ဖြစ်ပွားမှု ပိုမိုများပြားသည်။

အဆုတ်တွင် အများဆုံးဖြစ်ပွားပြီး ခန္ဓာကိုယ်၏ တခြားအင်္ဂါအစိတ်အပိုင်းများ (ပြန်ရည်ကျိတ်၊ အူ၊ ဦးနှောက်အမြှေးပါး၊ ကျောရိုး၊ အရေပြား စသည်) တွင်ဖြစ်ပွားတတ်သည်။

..

..

????” ရောဂါဖြစ်နိုင်ခြေ များသူများ”

အထူးသဖြင် အောက်ပါပုဂ္ဂိုလ်များတွင့် တီဘီရောဂါ ဖြစ်နိုင်ခြေများသည်။

– ပိုးတွေ့ တီဘီရောဂါရှိသူနှင့် အနီးကပ်နေထိုင်သူ

– HIV ပိုးရှိသူ

– ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူ

– ဆီးချိုရောဂါရှိသူ

– ကိုယ်ခံအားစနစ်ထိခိုက်စေသည့် ဆေးဝါးများ သောက်သုံးနေရသူများ (ဥပမာ- ကင်ဆာဆေးများ)

– အာဟာရချိုတဲ့သူများ

– အသက်အရွယ်ကြီးသူများနှင့် အသက် ၅ နှစ်အောက်ကလေးငယ်များ

– အိပ်ဆောင်များ၊ အကျဉ်းထောင်များ စသည့် လူအများ စုပေါင်းနေထိုင်ရသည့် နေရာများတွင် နေထိုင်သူ

♦️တီဘီရောဂါကူးစက်ခြင်း၊ ရောဂါလက္ခဏာများနှင့် စစ်ဆေးခြင်း

ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံသည် တီဘီရောဂါပိုး ကူးစက်ခံထားရသည်ဟု ခန့်မှန်းရသော်လည်း တီဘီပိုးသည် လူကို နာမကျန်းမဖြစ်စေမီ လပေါင်း/နှစ်ပေါင်းများစွာ ခန္ဓာကိုယ်တွင်း၌ ငုပ်လျှိုးနေတတ်သည်။

ထိုသူများသည်…

– တီဘီရောဂါ လက္ခဏာ မပြပါ။

– တခြားသူများသို့ ရောဂါပိုးမကူးစက်နိုင်ပါ။

– ခုခံအားကျဆင်းသော အခြေအနေတစ်ခုခု ဖြစ်ပါက တီဘီရောဂါအဖြစ် ပြောင်းလဲသွားနိုင်သည်။

– လိုအပ်ပါက ကာကွယ်ကုသမှု ခံယူနိုင်သည်။

.

????” ရောဂါကူးစက်ခြင်း “

တီဘီပိုးတွေ့ အဆုတ်တီဘီရောဂါရှိသူမှ အကာအကွယ် မပါဘဲ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်း၊ သီချင်းဆိုခြင်းတို့မှတစ်ဆင့် ရောဂါပိုးများ လေထဲသို့ရောက်ရှိပြီး ဘေးပတ်ဝန်းကျင်ရှိသူများက ရှူရှိုက်မိရာမှ ရောဂါကူးစက် ပါသည်။

ရောဂါရှိသူတစ်ဦးထံမှ တစ်နှစ်အတွင်း လူ (၁၀) ဦးမှ (၁၅) ဦးသို့ ရောဂါကူးစက်နိုင်သည်။

ရောဂါပိုးကူးစက်ခံရသူတိုင်း ရောဂါမဖြစ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံစွမ်းအား ကျဆင်းသော အခြေအနေရှိပါက ရောဂါဖြစ်နိုင်သည်။

????” တီဘီရောဂါ၏ လက္ခဏာများ” မှာ

– (၂) ပတ်ကျော်ကြာ ချောင်းဆိုးခြင်း/ဖျားခြင်း

– ချောင်းဆိုးသည့်အခါ သလိပ်/သွေး ပါခြင်း

– ကျော/ရင်ဘတ်အောင့်ခြင်း

– ကိုယ်အလေးချိန်လျော့ကျခြင်း

– ညဘက်ချွေးထွက်ခြင်း

– မောပန်းလွယ်ခြင်းတို့ ဖြစ်သည်။

အဆုတ်ပြင်ပတီဘီရောဂါတွင် ဖြစ်ပွားသည့် နေရာပေါ် မူတည်၍ ရောဂါလက္ခဏာများ ခံစားရသည်။

ကလေးများတွင် တီဘီရောဂါဖြစ်ပါက အနီးကပ်နေထိုင်သူများတွင် ရောဂါရှိ/မရှိ ရှာဖွေရမည်။

.

????” စမ်းသပ်စစ်ဆေးခြင်း”

တီဘီရောဂါရှိ/မရှိ အဓိက စမ်းသပ်စစ်ဆေးနိုင်သော နည်းလမ်းများမှာ

– ကျန်းမာရေးဝန်ထမ်းများနှင့် စမ်းသပ်စစ်ဆေးခြင်း

– ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း

– အဏုကြည့်မှန်ဘီလူးဖြင့် သလိပ်စစ်ဆေးခြင်း

– မော်လီကျူလာ နည်းပညာဖြင့် တီဘီပိုး၏မျိုးရိုးဗီဇကို ရှာဖွေသောစက်များဖြင့် သလိပ်စစ်ဆေးခြင်း (Gene X pert, Truenat)

– သလိပ်ပိုးမွေးခြင်း

*** (ဆေးယဉ်ပါးတီဘီရောဂါ ရှိ/မရှိကိုမူ မော်လီကျူလာနည်းပညာဖြင့် သလိပ်စစ်ဆေးခြင်းနှင့် ပိုးမွေးစမ်းသပ်ခြင်းတို့နှင့်သာ သိနိုင်သည်) ***

????တီဘီရောဂါကုသခြင်းနှင့် ကာကွယ်ရန်နည်းလမ်းများ

????” တီဘီရောဂါကုသခြင်း”

ရိုးရိုးတီဘီရောဂါအား ပထမအဆင့် တီဘီဆေးများဖြင့် အနည်းဆုံး (၆) လ ဆေးကုသမှုခံယူရမည်ဖြစ်ပြီး ပြင်းထန်တီဘီရောဂါများဖြစ်ပါက ရောဂါပေါ်မူတည်၍ အချိန်ကာလ ရှည်ကြာမည်ဖြစ်သည်။

ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပါက အနည်းဆုံး (၉) လမှ (၁၈) လအထိ ဆေးသောက်ရမည်ဖြစ်သည်။

တီဘီဆေးများကို စနစ်တကျ အချိန်မှန် ဆေးသောက်ကာလ အချိန်ပြည့်သည်အထိ သောက်ရမည်ဖြစ်သည်။

တီဘီဆေးကို စနစ်တကျသောက်သုံးပါက (၂) ပတ်မှ (၄) ပတ်အတွင်း သလိပ်ပိုးတွေ့လူနာများမှ အခြားသူများသို့ ကူးစက်မှုနှုန်း လျော့သွားသည်။

တီဘီဆေးအား အချိန်မှန်မှန် အစာနှင့်ဝေးအောင် သောက်သင့်သည်။

.

????” ကာကွယ်ရန်နည်းလမ်းများ” မှာ

– တီဘီရောဂါ သံသယလက္ခဏာရှိသူများကို စစ်ဆေး၍ စောစီးစွာ ကုသမှုခံယူစေခြင်း

– တီဘီရောဂါရှိသူနှင့် နီးကပ်စွာ မနေခြင်း။ အတူနေထိုင်ပါက ရောဂါရှိသူ ချောင်းဆိုး နှာချေသောအခါ နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်ထားခြင်း/ နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ခြင်း။ သလိပ်များကို စနစ်တကျ စွန့်ပစ်ခြင်း

– လက်ကို စနစ်တကျဆေးခြင်း

– ကလေးငယ်များကို ဘီစီဂျီဆေး ထိုးနှံပေးခြင်း

– တီဘီရောဂါရှိသူနှင့် အတူနေထိုင်သူများအား ရောဂါရှိ/မရှိ စစ်ဆေးပေး၍ လိုအပ်သလိုကုသမှုပေးခြင်း

❗ဆေးယဉ်ပါးတီဘီဖြစ်စေနိုင်သောအကြောင်းရင်းများမှာ

• ဆေးယဉ်ပါးတီဘီရောဂါရှိသူနှင့် အနီးကပ်နေထိုင်ခြင်း

• တီဘီရောဂါကုသရာတွင် ပထမအဆင့်တီဘီဆေးများကို စနစ်တကျမှန်ကန်စွာ မသောက်ခြင်း၊ ဆေးသောက်ပျက်ကွက်ခြင်း

• ပထမအဆင့် တီဘီဆေးများသောက်သော်လည်း ဆေးမတိုးခြင်း

• HIV ရောဂါရှိသူများ

????????‍????‍???? တီဘီရောဂါရှိသူအား ကူညီပါ

တီဘီရောဂါရှိနေသူအား နှိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုရပါ။

ဆေးသောက် ပျက်ကွက်မှုမရှိအောင် မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများမှ ဝိုင်းဝန်းကူညီရမည်။

ရောဂါရှိသူအား အာဟာရပြည့်ဝစွာစားရန်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ရန် တိုက်တွန်းပေးရမည်။

ရောဂါလက္ခဏာများ သက်သာသွားသော်လည်း ဆေးကို အချိန်ပြည့် သောက်ရန် လိုအပ်သည်။

ဆေးသောက်ပျက်ကွက်ပါက မည်သို့ပြန်လည်သောက်သုံးသင့်သည်ကို ကူညီဆောင်ရွက်ပေးရမည်။

ဆေး၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ပါက ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

.

————————-။ ။————————–

.

တကယ်တော့ တီဘီ​ရောဂါအ​ကြောင်းက လူတိုင်းသိပြီးသားတွေ ဖြစ်ပါတယ်။

အလွယ်တကူ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိ​ပေမယ့်လည်း သတိမမူမိရင် အမှတ်တမဲ့ ကူးစက်သွားနိုင်ပါတယ်။

မြန်မာလူမျိုးပီပီ အားနာတတ်တဲ့ လူ​တွေဖြစ်လို့ ကိုယ့်နားက ​ချောင်းဆိုး​နေတဲ့သူ၊ ​ရောဂါလက္ခဏာ ရှိ​နေသူ​တွေကို ​ရောဂါအ​ကြောင်း​ပြောပြဖို့​လည်း နှောင့်​နှေး​​လေ့ရှိတတ်ကြပါတယ်။

ဒါ့ကြောင့် TB အ​ကြောင်း အမှတ်တမဲ့မ​နေကြဘဲ သတိထားကြဖို့ ဂရုပြုမိကြစေဖို့ ရည်ရွယ်ရင်း ယခုဆောင်းပါးလေးကို တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါတယ်……။

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here