“ ဒီဆေးက ဘာဆေးလဲဟင်”

“ ဒါကရော သောက်လို့ရလား… အတူတူပဲလား”

လာပြတဲ့ဟာလေးတွေ ကြည့်လိုက်တော့ ဆေးလုံးဖြူဖြူလေးတွေ၊ ဝါဝါလေးတွေ၊ တချို့ အစိမ်း…တချို့ ဘာညာ

ဟယ်… ဒါမျိုးတွေ တို့ အကုန်မခွဲခြားတတ်ပါဘူးနော် ????

ဖြူနီပြာဝါ ရောင်စုံဆေးပန်းခင်းကြီးထဲ တို့တွေကို မလွှတ်ပါနဲ့….

တကယ် မသိလို့ပါ ????

ထုတ်လုပ်သူ ဆေးဝါးစက်ရုံမျိုးစုံ၊ ဖြန့်ဝေသူ ကုမ္မဏီမျိုးစုံတွေအကြား ဆေးပုံစံလေးတွေဟာ ဝိုင်းဝိုင်းလေးတွေ၊ လေးထောင့်လေးတွေ၊ ရှည်လမျောလေးတွေနဲ့ ဖြစ်ချင်သလို ဖြစ်နေမယ်… ကာလာစုံ ဖြစ်နေမယ်… ဆက်ပြီး ပြောရရင် ဆေးဝါးတွေက ထောင်နဲ့သောင်းနဲ့ချီပြီးတောင် ရှိနေနိုင်ပါတယ်။

ဒါတွေအကုန်လုံးကိုတော့ မြင်ရုံနဲ့ ဘယ်သိမလဲနော်…

ဒါကြောင့် တယ်လီကျန်းမာမှာ ဆေးခန်းလာပြတဲ့အခါ ဒါမှမဟုတ် Messenger မှာ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး သိချင်တာလေးရှိလို့ လာမေးတဲ့အခါ ….

နောက်ကျောဘက်….

စာတန်းတွေ ပါတဲ့ဘက်….

အဲ့ဟာလေးကိုပဲ ဓာတ်ပုံရိုက်ပြီး ပြပေးပါနော်

(ဒါမှ စာသားတွေဖတ်ကြည့်ပြီး ဘာဆေးလဲ သိမှာပါ)

ဖြူဖြူဝါဝါ နီနီလေးတွေ လာပြရင်တော့…

ကိုယ်ညွှန်နေကျ မြင်ဖူးနေကျဆေး ဖြစ်ရင်တောင် ပြောရခက်ပါတယ်

(ဆင်တူရိုးမှားလေးတွေ ရှိတတ်လို့လေ)

သေချာအောင် နောက်ကျောဘက်က စာသားတွေကို ဖတ်ကြည့်ရပါသေးတယ်နော် ????

ဪ…

ဓာတ်ပုံရိုက်တယ်ဆိုလို့ ပြောရဦးမယ်

အရင်က ဆေးရုံဆေးခန်း ပြဖူးတယ်ဆိုရင်လည်း ဆေးမှတ်တမ်းအဟောင်းတွေကို ကြိုကြိုတင်တင်လေး ဓာတ်ပုံရိုက်ထားပေးတာ ပိုမိုကောင်းမွန်ကြောင်း ပြောပါရစေနော်။

နို့မို့ တယ်လီကျန်းမာမှာ လာရောက်တိုင်ပင် ဆွေးနွေးခါမှ….

“ မှတ်တမ်းတွေက ရှိတယ် ဆရာမ… နေဦး ဘယ်နားထားမိပါလိမ့်”

“ ဟဲ့ xxxxxxx ရေ… ငါ့ဆေးမှတ်တမ်းတွေ နင်သိမ်းထားတာမို့လား။ ကူရှာပေးစမ်း မြန်မြန်… ဒီမှာ ဆရာက စောင့်နေပြီ”

“ မြန်မြန်လုပ်ဟဲ့… အဲဒါလေးတွေ ဓာတ်ပုံရိုက်ရအောင်”

(ဓာတ်ပုံက ထွက်လာတော့ ဇောက်ထိုးကြီး ????)

(တစ်ခါတစ်ရံ ဘေးတစောင်း)

ဒီဘက်က ဆရာ/ဆရာမက ဓာတ်ပုံကို ကြည့်ဖို့အတွက် ဖုန်းကို ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ ဖင်ပြန်ခေါင်းပြန် လှည့်ပြီးမှ ဆေးမှတ်တမ်းတွေ လိုက်ဖတ်နေရတဲ့ဘဝ….

ဖတ်လို့လည်းပြီးရော နောက်လူနာရဲ့ ဘိုကင်ချိန်လည်း ရောက်ရော…

ငင့် ????

အဲ…

အဲဒါမျိုးလေးတွေ မဖြစ်ရအောင်လို့ပေါ့နော်

ဆေးခန်းမပြခင် လိုအပ်တာလေးတွေကို သေချာစီစဥ်ထားစေချင်ပါတယ်။

(ဥပမာ။ အရေပြားအထူးကုနဲ့ မပြသခင် ဖြစ်နေတဲ့ နေရာလေးတွေကို ကြည်ကြည်လင်လင်လေး ဓာတ်ပုံကြိုရိုက်ထားတာမျိုး၊ ခုနပြောသလို ဆေးမှတ်တမ်းအဟောင်းလေးတွေကို ကြိုကြိုတင်တင် ဓာတ်ဖမ်းထားတာမျိုးလေးတွေပေါ့ ☺️)

ဒါမျိုးလေးတွေ ကူညီပေးခြင်းအားဖြင့် တယ်လီကျန်းမာမှာ အထွေထွေဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးတဲ့ အခါမျိုးမှာရော… အထူးကုဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးတဲ့ အခါမျိုးမှာရော… အများကြီး ပိုမိုအဆင်ပြေသွားပါလိမ့်မယ်နော်

နောက်ပြီးတော့ မိမိတို့ရဲ့ လူနာအမှတ် (ID) မှာပါတဲ့ စာလုံးတွေ၊ ဂဏန်းတွေကို သေချာလေး မှတ်သားပေးကြပါဦးလို့….

ဒုတိယံမိ….

တတိယံမိ….

ပြောကြားရင်း…ရင်း…

အဲ…

ကျန်သေးတယ် တစ်ခု ????

မပြောချင်ပေမယ့် ပြောရဦးပါမယ်နော်

တချို့လူနာတွေအတွက် ဆေးဝယ်ဖို့ ခက်နေတာ…

(ကိုယ်က ရွာဘက်ရောက်ပြီး မြို့ပေါ်တက်ဖို့ အခက်အခဲ ရှိနေတာ၊ နိုင်ငံခြားမှာမို့ ဆေးဝယ်ဖို့ ခက်တာ)

တချို့လူနာတွေအတွက် ဆေးစစ်ဆေးမှုတွေလုပ်ဖို့ ခက်နေတာ…

(ခုနလို နယ်ဘက်ရောက်နေတာမျိုး၊ ပိုက်ပိုက်အခက်အခဲ ရှိနေတာမျိုး)

ဒါမျိုးတွေက တယ်လီကျန်းမာက ဆရာဝန်တွေက စာနာနားလည်ပါတယ်။ အတတ်နိုင်ဆုံးလည်း အဆင်ပြေအောင် အကြံပြုပေးနေပါတယ်နော် ????

But… သို့သော်… ဒါပေမယ့်ပေါ့လေ

တချို့ တချို့ (အနည်းစု) လေးတွေမှာတော့ ဆွေးနွေးမေးမြန်းအပြီး…

ဆေးသောက်ပါဆို…

မသောက်တော့ပါဘူး ဆရာမ

ဆေးစစ်ပါဆို…

မစစ်တော့ပါဘူး ဆရာ

အဲ… အဲဒါမျိုးလေးတွေကျ ဆရာဝန်တွေဘက်က အင်မတန် ခက်လှပါ၏နော်။

ဒါကြောင့်…. အခမဲ့ အွန်လိုင်းဆေးခန်းလေးမို့လို့ လွယ်လင့်တကူ လာရောက်ဆွေးနွေးနိုင်တဲ့အချိန်မှာ စေတနာ မေတ္တာတွေနဲ့ ကြည့်ရှုပေးနေတဲ့ ဆရာ/ဆရာမတွေရဲ့ အကြံပြုချက်လေးတွေကိုလည်း တန်ဖိုးထား လေးစားလိုက်နာစေချင်ပါတယ် ????

ဒါမှသာ လူနာလည်း အကျိုးရှိ…

ရောဂါတွေလည်း သက်သာ…

ဆရာ/ဆရာမတွေလည်း ပီတိဝေဖြာနိုင်ကြမှာပါလို့ တိုက်တွန်းရင်းနဲ့ပဲ….

အားလုံးပဲ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းလျက်…

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here