ထိုင်ရာကနေ ဆတ်ခနဲ ထလိုက်တဲ့အခါ မိုက်ခနဲ၊ မူးခနဲ ဖြစ်သွားတာ၊ မျက်စိတွေ ပြာသွားတာတွေကို လူတော်တော်များများ ကြုံဖူးကြမှာပါ။
အဲဒီလိုဖြစ်စဥ်မျိုးကို Orthostatic Hypotension သို့မဟုတ် Postural Hypotension လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အနေအထားပေါ်မူတည်ပြီး ရုတ်တရက်ခဏတာ သွေးပေါင်ကျသွားတာပေါ့။
…
…
🔹 ဒီလိုမျိုးဝေဒနာကိုဖြစ်စေတဲ့ အကြောင်းအရင်းများအနေနဲ့ . . .
- ပထမအချက်ကတော့ အိပ်ရေးပျက်တာများရင် ဖြစ်တတ်ပါတယ်။ အိပ်ရေးသေချာဝအောင် မအိပ်ဘဲ အိပ်ရေးပျက်တာ များလာတဲ့အခါ အားမရှိသလိုဖြစ်ပြီး မူးတာ၊ နုံးတာမျိုး ဖြစ်တတ်ပါတယ်။
- ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ရေသောက်နည်းခြင်းကြောင့် ဖြစ်စေ၊ ချွေးထွက်များလွန်းခြင်းကြောင့်ဖြစ်စေ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေတတ်ပြီး အဲဒီကနေမှတစ်ဆင့် မူးဝေခြင်း၊ နုံးခြင်းတို့ ဖြစ်လာတတ်ပါတယ်။
- သွေးပေါင်ကျလွန်းခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။
- နှလုံးအားနည်းတဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။ နှလုံးအားနည်းခြင်းကြောင့် နှလုံးခုန်နှုန်းကိုလျော့စေပြီး သွေးစီးဆင်းမှုနည်းပါးစေတတ်လို့ ထိုမှတစ်ဆင့် ဖြစ်တတ်တာပါ။
- အာရုံကြောအားနည်းတဲ့သူတွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ဥပမာ သွက်ချာပါဒရောဂါမျိုး ရှိပြီဆိုရင်လည်း အခုလိုမျိုးမူးတာ ဖြစ်စေနိုင်ပါတယ်။
- ရောဂါအခံတစ်ခုခု အထူးသဖြင့် ဆီးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်းပြဿနာ စတာတွေရှိရင်လည်း ဖြစ်တတ်ပါတယ်။
.
🔹 ဒါ့အပြင် အသက်ကြီးပိုင်းတွေ၊ ဆီးဆေး၊ သွေးကျဆေးတွေ သောက်သုံးနေရသူတွေ၊ အပူနားကပ်ပြီး အလုပ်လုပ်ရသူတွေ၊ အရက်သေစာ သောက်စားသူတွေမှာလည်း အဖြစ်များလေ့ရှိတာကို တွေ့ရတတ်ပါတယ်။
🔹 ပိုပြီးဆိုးရွားလာတဲ့အခါမှာဆိုရင် လေဖြန်းတာ၊ လေဖြတ်တာ၊ နှလုံးရောဂါရတာ၊ မူးလဲပြီး ထိခိုက်တာမျိုးတွေပါ ဖြစ်လာတတ်တာမို့လို့ မပေါ့ဆသင့်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။
🔹 တစ်ခါတလေဖြစ်တာ ကိစ္စမရှိပေမယ့် ခဏခဏ ဖြစ်လာတဲ့အခါ၊ ခန္ဓာကိုယ်ကို ထိန်းနိုင်တာမျိုး မရှိတော့တဲ့အခါ၊ နားလိုက်ပေမယ့့် အမူးမပြေသေးတာမျိုးတွေ ဖြစ်လာရင်တော့ ဆရာဝန်ဆီ အမြန် သွားရောက်ပြသဖို့ လိုအပ်ပါတယ်။
…
…
🔹 ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုရင်…
- ရေဓာတ်မဆုံးရှုံးအောင် ရေများများသောက်ပေးပါ။
- အထိုင်အထမှာ ဆတ်ခနဲမဟုတ်ဘဲ ဖြည်းဖြည်းချင်း ထပေးပါ။ အသက်ကြီးတဲ့သူတွေဆိုရင် ဘေးမှာ ကိုင်စရာ သို့မဟုတ် ကူပြီးထူပေးမယ့်သူရှိမှ ထပေးပါ။
- အရက်သေစာသောက်စားတာ လျှော့ချရှောင်ကြဥ်ပေးပါ။
- အပူအအေးမျှတအောင် နေထိုင်ပါ။
- အိပ်ရေးဝအောင် အိပ်စက်အနားယူပြီး အားရှိမယ့် အစားအစာတွေ စားသောက်ပေးပါ။
.
ရောဂါအကြောင်းတစ်ခုခု သိလိုသည်ဖြစ်စေ၊ တစ်ခုခု ခံစားရလို့ ဆရာဝန်နှင့် ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာက လူကြီးမင်းတို့အတွက် အမြဲအသင့် ရှိနေကြောင်းကိုလည်း ပြောကြားပါရစေ။
တယ်လီကျန်းမာရဲ့ Messenger ကိုသာ ဆက်သွယ်လိုက်ရုံပါ 🤍
Ref: https:// www. mayoclinic. org / diseases-conditions/orthostatic-hypotension/symptoms-causes/syc-20352548
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.