လူတွေရဲ့ခန္ဓာကိုယ်မှာ မေးရိုးဆစ်ဟာ မေးရိုးနဲ့ ဦးခေါင်းခွံကို ဆက်သွယ်ပေးထားတဲ့ တံခါးပတ္တာတစ်ခုလိုပါပဲ။ မေးရိုးတစ်ဖက်တစ်ချက်ဆီမှာ ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်သွယ်ထားတဲ့ မေးရိုးဆစ်တွေ ရှိပါတယ်။ မေးရိုးဆစ်တွေဟာ အစာစားတဲ့အခါ ဝါးတာ၊ ကြိတ်ခြေတာ အစရှိတဲ့ လုပ်ငန်းစဥ်တွေကို လုပ်ဆောင်ပေးပါတယ်။

Temporomadibular joint disorder (TMD) ဆိုတာကတော့ မေးရိုးဆစ်မှာ ဒါမှမဟုတ် အဲဒီမှာရှိတဲ့ ကြွက်သားတွေမှာ ရောဂါတွေ ခံစားရတာဖြစ်ပြီး ဒါကို ယေဘုယျအားဖြင့် အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။

???? မေးရိုးဆစ် မူမမှန်တာ

???? အစားအစာကို ဝါးရကြိတ်ရတဲ့ ကြွက်သားတွေမှာ ရောဂါဖြစ်တာ

???? ဒီလို မေးရိုးဆစ်မှာဖြစ်တဲ့ ရောဂါတွေကြောင့် ခေါင်းကိုက်တာဆိုပြီး ဖြစ်ပါတယ်။

????TMD ရဲ့ ရောဂါလက္ခဏာတွေကတော့

– မေးရိုး နာကျင်တာ

– နားပတ်ပတ်လည်မှာ နာကျင်တာ

– အစာဝါးရ ခက်ခဲတာ ဒါမှမဟုတ် အစာဝါးနေစဥ်မှာ နာကျင်တာ

– မျက်နှာ နာကျင်တာ

– မေးရိုးကပ်နေတာ

– လည်ပင်း၊ ပုခုံးတွေ ကိုက်ခဲတာ

– ပါးစပ်ပိတ်ရ၊ ဖွင့်ရဖို့ ခက်ခဲတာ

– ပါးစပ်ဖွင့်တဲ့အချိန်၊ အစာဝါးတဲ့အချိန်တွေမှာ မေးရိုးကနေ အသံမြည်တာ

– ခေါင်းတစ်ခြမ်းကိုက်တာ

– နားကိုက်တာ၊ သွားကိုက်တာ အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

????ဘာကြောင့် မေးရိုးဆစ် မူမမှန်တဲ့ပြဿနာတွေ ခံစားရလဲဆိုရင်….

• မေးရိုးဆစ်မှာရှိတဲ့ အရိုးပြားလေးက ပုံမှန်လမ်းကြောင်းကနေ သွေဖည်ပြီး လမ်းကြောင်းမမှန်တာကြောင့်

• အဆစ်အမြစ်ရောင်ရမ်းတဲ့အတွက် အဆစ်မှာ တွယ်ဆက်ထားတဲ့ အရွတ်ပြားလေးတွေ ပျက်စီးတာကြောင့်

• ထိခိုက်ဒဏ်ရာရထားတဲ့အတွက် မေးရိုးထိခိုက်ပျက်စီးတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ဘာကြောင့် မေးရိုးဆစ်ထိခိုက်ရလဲဆိုတာဟာ အကြောင်းရင်းရှာမရ ဖြစ်တတ်ပါတယ်။

????ဘယ်လိုလူတွေမှာ မေးရိုးဆစ်ပုံမမှန်မှုတွေ ဖြစ်နိုင်လဲ….

– အမျိုးမျိုးသော အရိုးအဆစ်ရောင်ရောဂါရှိတဲ့သူတွေ

– မေးရိုးထိခိုက်ဒဏ်ရာရထားတဲ့သူတွေ

– သွား မကြာခဏ ကြိတ်တတ်တဲ့သူတွေ

– ချိတ်ဆက်တစ်ရှူးရောဂါ (Connective tissue disorder) ရှိတဲ့သူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။

????ဘယ်လိုအရာတွေကြောင့် မေးရိုးဆစ်ရောဂါတွေ ပိုဆိုးလာနိုင်လဲ….

• ပလတ်စတစ်အိတ်လိုအရာတွေကို သွားနဲ့ကိုက်ပြီး ဖွင့်ဖောက်တာကြောင့်

• ခန္ဓာကိုယ်အနေအထား မှန်မှန်မထိုင်တဲ့အခါတွေမှာ လည်ပင်း၊ ပခုံးနဲ့ မျက်နှာကြွက်သားတွေကို ဖိအားအပိုတွေ သက်ရောက်တာကြောင့်

• ခဲတံတွေ၊ ဘောပင်အဖုံးတွေ ကိုက်တတ်တာကြောင့်

• ပီကေကို အလွန်အကြူးဝါးတတ်တာကြောင့်

• သွားကြိတ်တတ်တာတွေကြောင့် အခြေအနေပိုဆိုးတတ်ပါတယ်။

????ဘယ်လို ကုသလို့ရနိုင်လဲ….

အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ၊ Muscle relaxant လို့ခေါ်တဲ့ ကြွက်သားတောင့်တင်းတာ၊ နာကျင်တာ ပြေလျော့စေတဲ့ဆေးတွေ သောက်သုံးဖို့ လိုအပ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို လိုတာထက်ပိုပြီး သောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တဲ့အတွက်ကြောင့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးသင့်ပါတယ်။ ဒီထက်ပိုဆိုးလာရင်တော့ ဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းရင်းကို ရှာဖွေပြီး ခွဲစိတ်ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

????ဒီလိုမျိုး မေးရိုးဆစ်ရောဂါတွေ ဖြစ်တဲ့အချိန်မှာ…..

– မာတဲ့၊ ကိုက်ရခက်တဲ့ အစားအစာတွေ စားတာကို ရှောင်ပါ။

– ဆရာဝန်တွေ၊ ကုထုံးပညာရှင်တွေ ညွှန်ကြားတဲ့အတိုင်း မေးရိုးဆစ်လေ့ကျင့်ခန်းတွေ၊ နှိပ်နယ်မှုတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။

– အနာသက်သာဖို့ ရေခဲအုပ်တာ၊ ရေနွေးအိတ်ကပ်တာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

Reference – ????

https: // www . mayoclinic . org /diseases-conditions/tmj/symptoms-causes/syc-20350941

https: // www . mayoclinic . org /diseases-conditions/tmj/diagnosis-treatment/drc-20350945

https: // my . clevelandclinic . org /health/diseases/15066-temporomandibular-disorders-tmd-overview

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here