????တီဘီရောဂါပိုးဟာ တစ်ခေတ်တစ်ခါက ကြောက်မက်ဖွယ်ကောင်းတဲ့ရောဂါဆိုးတစ်ခုလို နာမည်ဆိုးခဲ့ပြီး နောက်ပိုင်းမှာတော့ ကုသမှု guidelinesတွေ စနစ်တကျပေါ်လာတယ်၊ ထိထိရောက်ရောက် DOTS programတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်လို့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ခုထိတော့ မရှားသေးသလို ယခုအခါမှာ လူတွေက တဖန်ပြန်ပေါ့ဆသလိုဖြစ်လာတာမို့ ဆေးယဉ်ပါးတီဘီတွေ ပိုများလာလို့ အိမ်စာလေး ပြန်နွှေးလိုက်ရပါတယ်။

????တီဘီရောဂါပိုးဟာ အားလုံးသိကြသလို အဆုတ်မှာအဓိကထား ဖြစ်တယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ (ဥပမာ-အရိုးတီဘီ၊ တီဘီ ဦးနှောက်အမြှေးပါးရောင်၊ အူတီဘီ၊ တီဘီကျောက်ကပ်၊ တီဘီအကျိတ်၊တီဘီ ဂရင်ဂျီနာ စသည်ဖြင့်ပါ။)

တီဘီရောဂါရှိတိုင်း နေမကောင်းမဖြစ်ပါဘူး။ ဒါကြောင့် တီဘီရောဂါပိုးကို (၁) ပုန်းတီဘီ (အငုပ်/ပုန်းလျှိုးနေသောတီဘီ) နဲ့ (၂) တီဘီရောဂါဆိုပြီး အကြမ်းဆိုလို့ရပါတယ်။ တီဘီရောဂါက ဖြစ်လာခဲ့ရင် ကြောက်စရာမလိုပေမယ့် သေချာမကုရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

????ဒါဆို ပုန်းတီဘီနဲ့ တီဘီရောဂါအကြောင်းလေး ပြောပြပေးပါ။

????ပုန်းတီဘီဆိုတာ
လူက တီဘီပိုးကို ရှုမိတယ်၊ ပိုးကူးသွားတယ် ဒါပေမယ့် လူ့ခန္ဓာကိုယ် ကိုယ်ခံအားစနစ်(Immune system)က ကောင်းတာမို့ တီဘီပိုးကို ပြန်တိုက်ပြီး ခန္ဓာကိုယ်ထဲ မပွားအောင်ထိန်းထားနိုင်လို့ တီဘီလက္ခဏာ မပြပါဘူး။ အဲတာကို ပုန်းတီဘီလို့ ခေါ်ပါတယ်။ သူကနေ သူများကိုလည်း မကူးစေနိုင်ပါဘူး။ သွေးနဲ့ အရေပြားမှာ တီဘီပိုးရှိမရှိစစ်ရင်တော့ ပေါ်တတ်ပါတယ်။ အဲ့လိုလူတွေမှာ ကိုယ်ခံအားကျလာရင်တော့ ပိုးပြန်ကြွပြီး တီဘီရောဂါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုန်းတီဘီသမားတွေကို စတီးရွိုက်လိုဆေးတွေတိုက်မယ်ဆိုရင် (သို့) ကိုယ်ခံအားကျစေတဲ့ရောဂါတစ်ခုခုရှိပြီဆိုရင် ကုသဖို့ လိုပါတယ်။ ဒါမှသာ ပိုးမကြွ၊ တီဘီရောဂါ မဖြစ်မှာပါ။ ပုန်းတီဘီသမားတွေ တီဘီဖြစ်ရင် ၊ နဂိုရောဂါအခံအထိန်းမကောင်းရင် ဆေးယဉ်ပါးတီဘီဖြစ်တတ်ပါတယ်။ ဒါကြောင့် မပေါ့သင့်ပါဘူး။

????တီဘီရောဂါဆိုတာကတော့ ရှင်းပါတယ် ကိုယ်ခံအားကပိုးကို အနိုင်မတိုက်နိုင်လို့ ပိုးကြွပြီး ရောဂါဖြစ်တာပါ။ တီဘီရောဂါဖြစ်ရင်တော့ လူက နေလို့မကောင်းပါဘူး။
– (၂)ပါတ်ကျော်အောင် ချောင်းဆိုးမယ်
– ရင်ဘတ်အောင့်မယ်
– ချောင်းဆိုးသွေးပါမယ်
– နုံးမယ်
– ပိန်မယ်
– အစာမစားချင်ဘူး
– ချမ်းစိမ့်စိမ့်ဖြစ်မယ်
– ညနေညနေ ငွေ့ငွေ့လေးဖျားမယ်
– ညဘက် ချွေးစေးတွေပြန်မယ် စတာတွေဖြစ်တတ်ပါတယ်။ ဒါတွေဟာ အဆုတ်တီဘီရဲ့ လက္ခဏာ အများစုပါ။

သွေးနဲ့ အရေပြားမှာ တီဘီပိုးစစ်ရင် တွေ့နိုင်ပါတယ်။ ရင်ဘတ်ဓါတ်မှန်နဲ့ သလိပ်စစ်ရင်တော့ တွေ့နိုင်ပါတယ်။ သူကနေ တခြားသူကို ကူးကောင်းကူးနိုင်ပါတယ်။ အထူးသဖြင့် သလိပ်မှာပိုးတွေ့ရင် ကူးနိုင်ပါတယ်။ သေချာတာကတော့ တီဘီရောဂါကို ကုသမှုခံယူရပါမယ်။

????တီဘီပိုးက တခြားသူဆီကို ဘယ်လိုများကူးနိုင်ပါသလဲ?

????တီဘီရောဂါပိုးဟာ လေကနေတစ်ဆင့် တစ်ဦးမှ တစ်ဦးကို ကူးစက်စေနိုင်ပါတယ်။ သလိပ်မှာပိုးတွေ့တဲ့ အဆုတ်တီဘီရှိတဲ့သူ ချောင်းဆိုး၊ စကားပြော (သို့) သီချင်းဆိုရင် ပိုးတွေက လေထဲရောက်ပါတယ်။ အနီးအနားက လူတွေကအဲ့ပိုးပါတဲ့လေကို ရှုမိနိုင်ပါတယ်။ အဲလိုဆို ကူးစက်နိုင်ပါတယ်။

တီဘီက အောက်ပါနည်းတွေကနေ မကူးပါဘူး။
– လက်ဆွဲနှုတ်ဆက်တာ
– အစားအစာ အတူမျှစားတာ
– အိပ်ယာခင်းတွေထိတာ၊ အိမ်သာထိုင်ခုံထိတာ
– သွားတိုက်တံ မျှဝေသုံးတာ
– နမ်းတာ

တီဘီရောဂါဟာ အဆုတ်မှာရှိပြီး သလိပ်ထဲပိုးတွေ့မှသာ လေထဲကနေ အခြားသူတစ်ဦးဆီကို ကူးစက်စေနိုင်ပါတယ်။ အများအားဖြင့် ကူးရင်လည်းနေ့စဉ်တွေ့နေရတဲ့ မိသားစု၀င်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် နဲ့ကျောင်းဖော်တွေကို ကူးတတ်ပါတယ်။ အခြားနေရာတွေမှာဖြစ်တဲ့ တီဘီတွေက အများအားဖြင့် မကူးစက်စေနိုင်ပါဘူး။

????ဘယ်လိုလူတွေက တီဘီရောဂါပိုဖြစ်နိုင်ပါသလဲ?

????တချို့ လူတွေကတော့ လတ်တလော ရောဂါပိုး၀င်ပြီး ကိုယ်ခံအားက ပြန်မတိုက်နိုင်ခင် အပါတ်အတွင်းမှာပဲ တီဘီရောဂါ ဖြစ်နိုင်ပါတယ်။ ပုန်းတီဘီရှိသူတွေရဲ့ ၅%လောက်ကတော့ ကိုယ်ခံအားကျတဲ့အချိန်ကျမှ နှစ်ချီကြာပြီးလောက်မှ တီဘီရောဂါ ဖြစ်တတ်ပါတယ်။ (ဥပမာ-ဆီးချိုရောဂါ၊ HIV ရောဂါ တွဲရှိတဲ့အချိန်ပါ။)

ဒီတော့ တီဘီရောဂါဖြစ်လွယ်သူများကတော့
????️လတ်တလော တီဘီပိုး၀င်ထားသူများအဖြစ်
– ကူးစက်နိုင်သော တီဘီရောဂါရှိသူနှင့် အတူနေ၊ အနေနီးသူများ
– တီဘီအဖြစ်များသောဒေသကို သွားရောက်ထားသူများ
– အသက် (၅)နှစ်အောက် တီဘီ ရှိမရှိစစ်ရာ အဖြေ positive ဖြစ်သူများ
– တီဘီ ကူးစက်နိုင်ခြေများသော အိမ်ယာမဲ့များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ HIV ပိုးရှိသူများ
– တီဘီပိုးရှိနိုင်သူများကို အလုပ်လုပ်ရင်း၊ ကူညီပေးရင်း ထိတွေ့နေသူများ (ဥပမာ- ဆေးရုံ၊ အိမ်ယာမဲ့များစောင့်ရှောက်ရေးဂေဟာ၊ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးဂေဟာများတွင် လုပ်ကိုင်နေကြသော ကျန်းမာရေး၀န်ထမ်းများ၊ စေတနာ့၀န်ထမ်းများ)

????️ကိုယ်ခံအားမကောင်း၍ တီဘီရောဂါဖြစ်နိုင်သူများ (ပုန်းတီဘီသမားများ)
– HIV ပိုးရှိသူများ
– မူးယစ်ဆေးဝါး သုံးစွဲသူများ
– ဆီးချိုသမားများ
– ကျောက်ကပ်အားနည်းသူများ
– ပိန်သူများ
– အင်္ဂါအစားထိုးထားသူများ
– စတီးရွိုက်သောက်နေသူများ
– သွေးလေးဘက်နာ (သို့) Crohn’s diseaseရှိသူများ
– ခေါင်းနှင့်လည်ပင်း ကင်ဆာသမားများ စသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

???? တီဘီမကူးအောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ?

???? တီဘီရောဂါက အများအားဖြင့် သလိပ်ပိုးတွေ့ အဆုတ်တီဘီသမားတွေကသာ တခြားသူကို ကူးစက်စေနိုင်တာပါ။

(၁) ကလေးတွေ မွေးပြီးပြီးချင်းနဲ့ အသက် (၂)လမှာ ဘီစီဂျီကာကွယ်ဆေးထိုးခြင်းဖြင့် တီဘီဦးနှောက်အမြှေးရောင်ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပုံမှန်ကာကွယ်ဆေးထိုးတဲ့အစီအစဉ်မှာ ပါပြီးဖြစ်ပါတယ်။

(၂) အိမ်မှာ အဆုတ်တီဘီသမား သလိပ်ပိုးတွေ့ရင် သူ့ကို mask တပ်ခိုင်းပါ။ ဖြစ်နိုင်ရင် လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ သီးသန့်ထားပါ။ သူ့ရဲ့ တံတွေး၊ သလိပ်တို့ကို maskတပ်၊ လက်အိတ်စွပ် သတိထားကိုင်တွယ်ပြီး တစ်လတိတိ ဖြစ်နိုင်ရင်မြေမြှုပ်စွန့်ပစ်ပါ။ သူ့ကို (၂)ပါတ်ကနေ တစ်လတိတိ သီးသန့်ထားပါ။

(၃) မိမိတို့အိမ်မှာ တီဘီလက္ခဏာပြတဲ့သူရှိရင် နီးစပ်ရာဆေးရုံဆေးခန်းမှာ သွားရောက်စစ်ဆေးပြီး ကုသမှုကို ခံယူသင့်ပါတယ်။ သလိပ်ပိုးတွေ့ အဆုတ်တီဘီလူနာတွေမှာတောင် တီဘီဆေး သေချာသောက်လိုက်ရင် ဆေးစသောက်ပြီး (၂)ပါတ်လောက်ဆို သူများကို ကူးစက်နိုင်ချေကျလာပါတယ်။

(၄) မိသားစု၀င်တစ်ယောက် တီဘီရောဂါဖြစ်ရင် ကျန်မိသားစု၀င်များပါ ရင်ဘတ်ဓါတ်မှန်ရိုက်၊ သလိပ်စစ်ပြီး မိမိတို့တွင်ပါ တီဘီရောဂါရှိမရှိ စစ်ဆေးသင့်ပါတယ်။

????ဘယ်အချိန်မှာ ဆရာ၀န်နဲ့ ပြရမလဲ?

????အထက်ပါပြောခဲ့သလို တီဘီရောဂါရဲ့ လက္ခဏာတွေ ရှိနေရင်တော့ ဆရာ၀န်နဲ့ပြသစစ်ဆေးပြီး ဆေးသေချာသောက်သင့်ပါတယ်။

????အပေါ်မှာပြောခဲ့တဲ့ ဆေးယဉ်ပါးတီဘီအကြောင်းလေး ရှင်းပြပေးပါ။

????ဆေးယဉ်ပါးတီဘီဆိုတာ ပုံမှန်သောက်နေကျ တီဘီဆေးတွေ မတိုးတော့တာကိုဆိုလိုတာပါ။ ဖြစ်လာခဲ့ရင် သေချာပြန်လည် စတင်ကုသနိုင်တဲ့သူက ၆၀%တောင်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဖြစ်တဲ့သူတွေရဲ့ တစ်၀က်နီးပါးလောက်က အသက်ဆုံးရှုံးသွားတာရယ်၊ ကုသမှု programထဲက ထွက်သွားတာရယ်ကြောင့်ပါ။

(၁) ဆေးယဉ်ပါးတီဘီတွေက အထူးသဖြင့် ပုန်းတီဘီသမားတွေမှာ သူတို့ရဲ့ ကိုယ်ခံအားကျစေတဲ့ နဂိုရောဂါအခံကို သေချာမထိန်း/မကုရင်(ဥပမာ-ဆီးချိုသေချာမထိန်းရင်) ဖြစ်တတ်ပါတယ်။

(၂) တီဘီဆေးကို ရက်ပြည့် courseကုန်အောင် သေချာမသောက်၊ ဆေးကို ပုံမှန်မသောက်သူတွေ၊ သောက်ရမယ့် ဆေး အကုန်မသောက်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

(၃)ကုသပုံ နည်းစနစ်မှားယွင်းရင်လည်း ဖြစ်တတ်ပါတယ်။

(၄) ဆေးအရည်အသွေး မကောင်းရင်လည်း ဖြစ်တတ်ပါတယ်။

(၅)ဆေးယဉ်ပါးတီဘီရှိသူနဲ့ အတူနေရင်လည်း ကူးနိုင်ပါတယ်။

????????နိဂုံးချုပ်အနေနဲ့ပြောရရင်
ဒီပညာပေးပို့စ်လေး ဖတ်အပြီးမှာ တီဘီရောဂါ မိမိဆီ မကူးအောင် ကာကွယ်တတ်ဖို့ ၊ ရောဂါဖြစ်ရင် သေချာကုသဖို့၊ ဆေးယဉ်ပါးတီဘီ မဖြစ်စေဖို့ သိရှိနားလည်ကြစေရန်ရည်ရွယ်လိုက်ရခြင်းဖြစ်ပါတယ်။

Reference ????

https://www.cdc.gov/tb/topic/basics/default.htm.

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.