Tag: BPH

Benign Prostatic Hypertrophy (ဆီးကျိတ်ကြီးခြင်း) ( December, 2022)

ဆီးကျိတ်ကြီးခြင်း (Benign prostatic hyperplasia) ဆီးကျိတ်ဆိုတာ အမျိုးသားတွေမှာပါရှိတဲ့ သစ်ကြားသီးအရွယ် အင်္ဂါလေးပါ။ ဆီးအိမ်အပေါက်ဝနားနဲ့ ဆီးစွန့်ပြွန်ရဲ့ပထမဆုံး (၂.၅) စင်တီမီတာလောက်ကို ငုံပြီးရှိနေတာပါ။ အသက်ကြီးလာတာနဲ့အမျှ အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ပတ်သတ်တဲ့ရောဂါပေါင်းစုံ ဖြစ်လာတတ်ပါတယ်။ ဆီးကျိတ်ကြီးတာလည်း အဖြစ်များတဲ့ဆီးကျိတ်ရောဂါတွေထဲက တစ်ခုပါ။ ဘယ်အသက်အရွယ်မှာ အဖြစ်များသလဲ ? ဆီးကျိတ်ကြီးတာက အသက်(၄၅)နှစ်နဲ့အထက်အမျိုးသားတွေမှာ အဖြစ်များကြပါတယ်။အသက်(၅၀)မတိုင်ခင်အထိတော့ ရောဂါလက္ခဏာဆိုးလာတာ...