Stroke: Part (2) (လေဖြတ်ခြင်း အပိုင်း(၂) ( လေ့ကျင့်ခန်းများ ) ) ( August, 2022 )

လေဖြတ်ခြင်း အပိုင်း(၂) ( လေ့ကျင့်ခန်းများ )

????Flaccdity after stroke (လေဖြတ်ပြီးနောက်ကြွက်သားလျော့ကျပြီး အားနည်းခြင်း)

လေဖြတ်ပြီးနောက် ကြွက်သားများအားနည်းခြင်းဟာ ပြန်လည်ထူထောင်လာခြင်း အစောပိုင်းရက်တွေမှာ ဖြစ်တတ်ပါတယ်။ အရမ်းပြင်းထန်တဲ့ case တွေမှာတော့ အားနည်းတာဟာ ဆက်လက်ဖြစ်သွားနိုင်ပါတယ်။

ကြွက်သားအားလျော့တယ်ဆိုတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောလမ်းကြောင်းတွေကိုထိခိုက်ပြီး ပုံမှန်လှုပ်ရှားနိုင်မှုမရှိတော့တာ ဖြစ်ပါတယ်။

လေဖြတ်ပြီးတဲ့နောက်မှာ ဦးနှောက်နဲ့ကြွက်သားကြားထဲမှာရှိတဲ့ အာရုံကြောချိတ်ဆက်မှုတွေဟာ ထိခိုက်သွားနိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့ကိစ္စတွေမှာဆိုရင် ဦးနှောက်မှကြွက်သားဆီသို့ပို့ပေးလိုက်တဲ့ message က ရောက်မသွားတဲ့အခါမှာကြွက်သားတွေဟာတုံ့ဆိုင်းပြီး မလှုပ်ရှားဘဲ ကျန်ရှိနေတတ်ပါတယ်။

ကြွက်သားလျော့ကျပြီးအားနည်းတဲ့သူတွေဟာ သက်ဆိုင်ရာဘက်မှာရှိတဲ့ အစိတ်အပိုင်းများကို လှုပ်ရှားလို့မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် ဒီရောဂါကိုကုသမှုမထားပဲ ကြာရှည်စွာထားမယ်ဆိုရင် ကြွက်သားများစတင်သိမ်လာနိုင်ပါတယ်။

⏳ဒီရောဂါဘယ်လောက်ထိကြာနိုင်လဲ?

လေဖြတ်ခြင်းပုံစံတွေမတူညီတာကြောင့် တစ်ဦးချင်းဘယ်လောက်ထိကြာနိုင်တယ်ဆိုတာ ခန့်မှန်းလို့မရနိုင်ပါဘူး။ တချို့ကတော့ဦးနှောက်စတင်ကောင်းမွန်လာပြီး ရက်အနည်းငယ်အကြာမှာပျောက်ကင်းသွားကြပါတယ်။ တချို့မှာတော့ လပေါင်းများစွာအထိ ကြာမြင့်နိုင်ပါတယ်။

Neuroplasticity လို့ခေါ်တဲ့ ဦးနှောက်ရဲ့သူကိုယ်တိုင်ပြန်လည်သွယ်ဆက်တဲ့ သဘာဝစွမ်းဆောင်ရည်ကြောင့် ကြွက်သားဆီသို့ချိတ်ဆက်ထားခြင်းကိုပြန်လည်ထူထောင်ရန် ဦးနှောက်ကိုတွန်းအားပေးပြီးဒီရောဂါကိုကျော်လွှားနိုင်ပါတယ်။

✊ကုသခြင်း

ပုံမှန်အားဖြင့် ဦးနှောက်အာရုံကြောများပြန်လည်ဖြစ်ပေါ်လာစေရန်နှိုးဆွဖို့အတွက် အကောင်းဆုံးနည်းကတော့ လေ့ကျင့်ခန်းများကိုထိထိရောက်ရောက်လုပ်ပေးခြင်းဖြစ်ပါတယ်။ ကြွက်သားတွေကိုနှိုးဆွပေးဖို့အတွက် အထိရောက်ဆုံးနည်းတွေတော့ passive exercise (အကူအညီနဲ့လေ့ကျင့်ခြင်း) နဲ့ active exercise ( ကိုယ်တိုင်လေ့ကျင့်ခြင်း) တို့ဖြစ်ပါတယ်။

Passive Range of motion Exercise ဆိုတာ သင်ရဲ့ခြေလက်အင်္ဂါတွေလှုပ်ရှားလို့မရတဲ့အခါအျိုးမှာ လှုပ်ရှားမှုအပြည့်အဝပြန်ရစေဖို့ တစ်စုံတစ်ယောက်က ကြွက်သားနဲ့အရိုးအဆစ်တွေကို ကူညီပြီးလှုပ်ရှားပေးခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ကိုယ်တိုင်လည်းလုပ်လို့ရပါတယ်။ ဘာမှမဖြစ်တဲ့တခြားတစ်ဘက်အကူအညီနဲ့ ဒါမှမဟုတ် တခြားလူအကူအညီနဲ့ (ကုသပေးတဲ့ဆရာ သို့မဟုတ် ဘေးကကူညီလေ့ကျင့်ပေးသူ)လည်းလုပ်နိုင်ပါတယ်။

ခန္ဓကိုယ်တစ်ခြမ်းလှုပ်ရှားမရတဲ့သူတွေနဲ့ ကြွက်သားတောင့်တင်းပြီးကြပ်နေတဲ့သူတွေအတွက် passive exercise ကသင့်တော်ပါတယ်။ ဒီလေ့ကျင့်ခန်းကို အချိန်တစ်ခုထိပုံမှန်ပြုလုပ်သွားမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေအများကြီးရှိပါတယ်။ ပုံမှန်ထပ်ခါထပ်ခါရွေ့လျားမှုများပြုလုပ်ခြင်းဖြင့် ဦးနှောက်အာရုံကြောများပြန်လည်ဖြစ်ပေါ်လာဖို့အတွက် အထောက်အကူရပါမယ်။

Active exercise ဆိုတာကတော့လေ့ကျင့်ခန်းများကိုကိုယ်တိုင်ပြုလုပ်တာကိုခေါ်ပါတယ်။

ဒီလေ့ကျင့်နည်းနှစ်မျိုးလုံးမှာ ဦးနှောက်အာရုံကြောပြန်လည်ဖြစ်ပေါ်ခြင်းကိုတွေ့ရပါတယ်။ ဒါပေမဲ့ active exercise မှာတော့ပိုပြီးတွေ့နိုင်ပါတယ်။ ကြွက်သားများသန်မာလာစေရန်လည်း အထောက်အကူဖြစ်ပါတယ်။ ခုကတော့ သင့်တော်မယ့်အပျော့စားလေ့ကျင့်ခန်းအစီစဉ်များကို ဖော်ပြပေးလိုက်ရပါတယ်။ လေ့ကျင့်ခန်းလုပ်စဉ်တွင်နာကျင်လာပါက ရပ်တန့်ထားသင့်ပါတယ်။ မိမိတတ်နိုင်သလောက်ကိုသာပြုလုပ်သွားပြီး တဖြည်းဖြည်းချင်းတိုးတိုးပြီး လုပ်သွားနိုင်ပါတယ်ခင်ဗျာ။

(1) Palm up and down (လက်ဖဝါးအပေါ်အောက်မှောက်ခြင်း)

– စားပွဲတစ်ခုပေါ်မှာ ထိခိုက်ထားတဲ့လက်ကိုတင်ထားပြီးလက်ဖဝါးကိုပက်လက်လှန်အနေထားနဲ့ထားပေးပါ

– ကောင်းမွန်သောလက်ရဲ့အကူညီနဲ့ထိုလက်ကိုမှောက်ပေးလိုက်ပါ

– ပြီးရင်ပြန်လှန်ပေးပါ၊တစ်လှည့်စီလုပ်ပေးပါ

– ၁၀ကြိမ်ပြုလုပ်နိုင်ပါတယ်

(2) Wrist bend movement (လက်ကောက်ဝတ်ကွေးခြင်း)

– လက်ကိုစားပွဲ​ပေါ်တင်ထားပြီးကောင်းမွန်သောလက်မှ ထိခိုက်ထားသောလက်​၏လက်ကောက်ဝတ်ကိုအပေါ်သို့ဖြည်းညင်းစွာလှန်ပါ

– ပြီးရင်အောက်ဘက်သို့ဖြည်းညင်းစွာပြန်လှန်ပေးပါ

– ၁၀ကြိမ်ပြုလုပ်နိုင်ပါတယ်

(3) Wrist slide movement (လက်ကောက်ဝတ်ကိုလျောတိုက်ပြီးဆွဲလှည့်ခြင်း)

– ထိခိုက်ထားတဲ့လက်ကိုစားပွဲပေါ်သို့မှောက်ပြီးတင်ထားပေးပါ

– ကောင်းမွန်သောလက်မှထိုလက်ကိုဘယ်ဘက်တစ်ခါညာဘက်တစ်ခါဆွဲလှည့်ပေးပါ

– လက်ကောက်ဝတ်လှုပ်ရှားမှုတစ်ခုထဲအတွက်ကိုအာရုံစိုက်ပေးထားပါ

– ၁၀ကြိမ်ပြုလုပ်နိုင်ပါတယ်

(4) Straight push movement (လက်ကိုဖြောင့်တန်းစွာတွန်းခြင်း)

– လက်နှစ်ဖက်ကိုဆုပ်ထားပြီးစားပွဲပေါ်သို့တင်ထားပေးပါ

– ရေဘူးတစ်ဘူးကိုရှေ့တည့်တည့်သိပ်မဝေးတဲ့အကွာအဝေးမှာချထားပေးပါ

– ထိုလက်ကိုရေဘူးရှိရာဆီသို့ဖြည်းညင်းစွာတိုးပြီးရနိုင်သမျှအကွာဝေးတစ်ခုထိတွန်းသွားပေးပါ

– လက်နဲ့စားပွဲကပ်နေလို့တွန်းရတာအဆင်မပြေရင်လက်အောက်တွင်အဝတ်တစ်ခုခုခံထားပြီးပြုလုပ်နိုင်ပါတယ်

– ပြီးရင်လက်ကိုနောက်ပြန်ဆုတ်ပြီးပုခုံးကိုပြန်ချပြီးအစကပြန်လုပ်ပါ

– တစ်ခါထက်တစ်ခါရသလောက်ရှေ့သို့ပိုတွန်းကြည့်ပါ

– ၁၀ကြိမ်ပြုလုပ်နိုင်ပါတယ်

(5) Tabletop circle movement (စားပွဲပေါ်တွင်စက်ဝိုင်းဝိုင်းခြင်း)

– လက်နှစ်ဖက်ကြားထဲတွင်ရေဘူးတစ်ဘူးကိုကိုင်ဆုပ်ထားပြီးစားပွဲပေါ်သို့တင်ထားပါ

– ထိုလက်မှ အကွာအဝေးကျယ်စက်ဝိုင်းကြီးတစ်ခုစားပွဲပေါ်တွင်ရေဘူးဖြင့်ရေးဆွဲပါ

– ပထမတစ်ခေါက်တွင်နာရီလက်တံအတိုင်းဝိုင်းပြီးနောက်တစ်ခေါက်ကိုဆန့်ကျင်ဘက်သို့ပြန်ဝိုင်းပါ

– ၁၀ကြိမ်ပြုလုပ်နိုင်ပါတယ်

(6) Tabletop lateral pushing movement(စားပွဲပေါ်တွင်အပြင်ဘက်ကိုရေဘူးတွန်းခြင်း)

– ​ပုံတွင်ပြထားသည့်အတိုင်း​ရေဘူးကိုထိခိုက်သောလက်ရဲ့ဆန့်ကျင်ဘက်ဒေါင့်တစ်နေရာတွင်တင်ထားပေးပါ

– ထိုလက်ရဲ့လက်ခုံဖြင့်ရေဘူးကိုတခြားတစ်ဖက်သို့တွန်းသွားပေးပါ

– ပြီးရင်လက်ရဲ့လက်ဖဝါးဘက်ကနေရေဘူးကိုခုနကထားတဲ့နေရာထိပြန်ဆွဲသွားပေးပါ

– ၁၀ကြိမ်ဖြည်းညင်းစွာပြုလုပ်နိုင်ပါတယ်

(7) Coin drop (အကြွေစေ့ချခြင်းကောက်ခြင်း)

– ပထမဦးစွာအကြွေစေ့၅စေ့လောက်ကိုထိခိုက်သောလက်ဖဝါးပေါ်တွင်တင်ထားပြီးစားပွဲတစ်လုံးရှေ့တွင်ထိုင်ထားပါ

– ထိုလက်မှလက်မနဲ့လက်ညိုးကိုအသုံးပြုပြီးအကြွေစေ့တစ်ခုကောက်ယူခါ စားပွဲပေါ်သို့တင်ပေးပါ

– ကျန်ရှိနေသောအကြွေစေ့များကိုတခြားလက်ချောင်းများဖြင့်ထိန်းထားပါ

– ပြီးရင်ထိုအတိုင်းကျန်အကြွေစေ့များကိုစားပွဲပေါ်သို့တင်ပေးပါ

– အကုန်လုံးချထားပြီးပါကတစ်ခုချင်းစိီပြန်ကောက်ပါ

(???? Hip flexion (တင်ပါးကွေးခြင်း)

– ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ထားပါ၊ထိခိုက်ထားသောခြေထောက်ကိုပေါင်အဖျားမှကိုင်ထားပြီးရင်ဘက်ဆီသို့ရလောက်ဖြည်းညင်းစွာစက္ကန့်အနည်းငယ်မြှောက်ထားပေးပါ

– ပြီးရင်ဖြည်းညင်းစွာပြန်ချပြီးနောက်တစ်ဖက်ကိုထပ်လုပ်ပါ

– ၁၀ကြိမ်လုပ်နိုင်ပါတယ်

(9) Hip external / internal rotation(တင်ပါးအတွင်းအပြင်လှည့်ခြင်း)

– ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ထားပြီးထိခိုက်ထားသောက်ခြေထောက်အောက်သို့အဝတ်တစ်ခုခံထားပေးပါ

– လက်ကိုအသုံးပြုပြီးခြေသလုံးမှကိုင်ကာထိုခြေထောက်ကိုတခြားတစ်ဖက်ရှိရာဆီသို့ဆွဲလှည့်ပေးပါ

– ပြီးရင်ဆန့်ကျင်ဘက်ဆီသို့ပြန်တွန်းပေးပါ

– ၁၀ကြိမ်လုပ်နိုင်ပါတယ်

(10) Knee extension(ဒူးခေါင်းဆန့်ထုတ်ခြင်း)

– ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ထားပြီးဘယ်ဘက်ခြေထောက်ကိုရှေ့သို့ကြမ်းပြင်နဲ့အပြိုင်ဆန့်ထုတ်ပါ

– ဖြည်းညင်းစွာပြန်ချပါ

– ဒူးခေါင်းကိုချုပ်မထားပါနဲ့

– နောက်တစ်ဖက်ကိုလည်းထိုနည်းလည်းကောင်းပြန်လုပ်ပါ

– ၁၀ကြိမ်လုပ်နိုင်ပါတယ်

(11) Lateral trunk flexion (ကိုယ်လုံးကိုအပြင်သို့ကွေးခြင်း)

– ထိုင်ခုံတစ်ခုတွင်ထိုင်ထားပြီးဘယ်ဘက်ပုခုံးကိုဘယ်ဘက်တင်ပါးဆီသို့ဖြည်းညင်းစွာရသလောက်ကိုင်းပါ

– ပြီးရင်ပုံမှန်ခါးမတ်အနေအထားသို့ပြန်လာပါ

– နောက်တစ်ဖက်ကိုလည်းထပ်လုပ်ပါ

– ဒီလေ့ကျင့်ခန်းအတွက်ကိုင်းရဆန့်ရခက်ခဲမှုရှိရင်လက်ကိုအသုံးပြုပြီးပြုလုပ်နိုင်ပါတယ်

– ၁၅ကြိမ်လုပ်နိုင်ပါတယ်

(12) Trunk rotation (ကိုယ်လုံးလှည့်ခြင်း)

– ထိုင်ခုံတစ်ခုတွင်ထိုင်ထားပြီးညာဘက်လက်ကိုဘယ်ဘက်ပေါင်ရဲ့အပြင်ဘက်မှာကိုင်ထားပါမယ်

– ခါးကိုမတ်မတ်ထားပြီးလက်ကိုအသုံးပြု၍ဖြည်းညင်းစွာဘယ်ဘက်သို့လှည့်ပါမယ်

– နောက်တစ်ဖက်ကိုလည်းထိုနည်းတူလုပ်ပေးပါမယ်

– ၁၅ကြိမ်လုပ်နိုင်ပါတယ်

(13) Unweighted bicep curls (အလေးချိန်မပါပဲလက်မောင်းကြွက်သားကွေးခြင်း)

– စားပွဲပေါ်တွင်တံတောင်ဆစ်ကိုတင်ထားပြီးလက်ကို 90 ဒီဂရီ ထားပေးပါ

– လက်ကိုပုခုံးဆီသို့ရသလောက်ဖြည်းညင်းစွာကွေးလိုက်ပါ

– ပြီးရင်ပြန်လျော့ချကာဆန့်ထုတ်ပြီးပြန်ကွေးကြည့်ပါ

– ၁၀ကြိမ်လုပ်နိုင်ပါတယ်

(14) Trunk circle (ကိုယ်လုံးဝိုင်းခြင်း)

– ထိုင်ခုံတစ်ခုတွင်ထိုင်ထားပြီးလက်နှစ်ဖက်ကိုပေါင်ပေါ်တွင်တင်ထားပါမယ်

– ပြီးရင်ကိုယ်လုံးကိုနာရီလက်တံပုံစံဖြည်းညင်းစွာဝိုက်ပါမယ်

– ပြီးရင်ပြောင်းပြန်ပြန်ဝိုက်ပါမယ်

– လိုအပ်ရင်လက်ရဲ့အားကိုအသုံးပြုပြီးလှည့်လို့ရပါတယ်

– တစ်ဖက်ကို၁၅ကြိမ်ဆီလုပ်နိုင်ပါတယ်

(15) Ankle dorsiflexion exercise (ခြေကျင်းဝတ်ကွေးခြင်း)

– ထိခိုက်ထားသောခြေထောက်ကိုတခြားခြေထောက်ပေါ်သို့ပုံပါအတိုင်းတင်ထားပေးပါ

– ပြီးရင်လက်ကိုအသုံးပြုပြီးခြေဖဝါးကိုညို့သကျည်းဘက်သို့ဆွဲကွေးပေးပါ

(16) Mirror therapy (မှန်ကုထုံး)

– ထိခိုက်မှုမရှိတဲ့လက်ကိုမှန်ရှေ့တွင်ထားပြီးထိခိုက်တဲ့လက်ကိုမှန်နောက်တွင်ထားပေးပါ

– ထို့နောက်မှန်ထဲမှမြင်နေရသောအမြင်ကိုအာရုံစိုက်ထားပြီးကောင်းမွန်သောလက်ဖြင့်လှုပ်ရှားမှုများလုပ်ဆောင်ပါ

– မှန်ကိုကြည့်လိုက်တဲ့အခါမှာသင့်ရဲ့ထိခိုက်ထားတဲ့လက်ရှိတဲ့နေရာမှာကောင်းမွန်တဲ့လက်လှုပ်ရှားနေတာကိုအရောင်ပြန်ပြီးတွေ့ရပါမယ်၊အဲ့တာ​၏အမြင်အာရုံတုံ့ပြန်ချက်သည်လှုပ်ရှားမှုကိုထိန်းချုပ်သည့်ဦးနှောက်ရဲ့ premotor cortex ရှိအာရုံကြောများကိုလှုံ့ဆော်အသက်သွင်းပေးပါတယ်

– တစ်နည်းအားဖြင့်ဆိုသော်ဒီကုထုံးဟာဦးနှောက်ကိုမသန်စွမ်းသောလက်အားရွေ့လျားနေသည်ဟုလှည့်စားပြီးဦးနှောက်အာရုံကြောများပြန်လည်ဖြစ်ပေါ်လာစေရန်လှုံ့ဆော်ပေးနိုင်ပါတယ်

⚠️ လေဖြတ်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

– လေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ထိခိုက်သွားတဲ့အစိတ်အပိုင်းနဲ့ ဦးနှောက်သွေးစီးဆင်းမှုပြတ်လပ်တဲ့အချိန်ပေါ်မူတည်ပြီး ယာယီ(သို့မဟုတ်)ထာဝရမသန်စွမ်းဖြစ်သွားနိုင်ပါတယ်

– လှုပ်ရှားရခက်ခဲခြင်း

လေဖြတ်ထားသူဟာ ခန္ဓာကိုယ်တခြမ်းအားနည်းခြင်း၊ ကြွက်သားများလှုပ်ရှားလို့မရခြင်း၊ မျက်နှာတခြမ်း(သို့မဟုတ်) လက်မောင်းတစ်ဖက်မှကြွက်သားများထိန်းချုပ်လို့မရခြင်းဖြစ်နိုင်ပါတယ်

– စကားပြောရခက်ခဲခြင်း၊ မျိုချရခက်ခဲခြင်း

လေဖြတ်ထားခြင်းကြောင့် ပါးစပ်နဲ့လည်မျိုကကြွက်သားများကို ထိန်းချုပ်လို့မရတော့ဘဲ ရှင်းလင်းစွာစကားပြောရ ခက်ခဲခြင်း၊ အစာနဲ့ရေမျိုရ ခက်ခဲခြင်း၊ မစားနိုင်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စကားနားလည်နိုင်ဖို့ခက်ခဲခြင်း၊ စာဖတ်ရခက်ခဲခြင်း၊ စာရေးရခက်ခဲခြင်းများလည်းကြုံတွေ့နိုင်ပါတယ်

– စိတ်ခံစားမှုဆိုင်ရာပြဿနာများ

လေဖြတ်ထားသူတွေဟာ စိတ်ခံစားချက်များကိုထိန်းချုပ်ဖို့ခက်ခဲလာမယ်၊စိတ်ဓာတ်ကျခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်

– နာကျင်မှု

နာကျင်ကိုက်ခဲခြင်း၊ထုံခြင်း ပုံမှန်မဟုတ်တဲ့ခံစားချက်များထိခိုက်ထားတဲ့ခန္ဓာကိုယ်မှာဖြစ်နိုင်ပါတယ်

– မှတ်ဉာဏ်ဆုံးရှုံးခြင်း၊တွေးခေါ်ဆုံးဖြတ်ချက်များခက်ခဲခြင်းတို့လည်း ကြုံတွေ့ရနိုင်ပါတယ်

????ဒီအခြေအနေတွေကို မိသားစုဝင်များနဲ့ သူငယ်ချင်းအပေါင်းသင်းများက နားလည်သိရှိထားရန်လိုအပ်ပြီး အောက်ဖော်ပြပါနည်းလမ်းများနဲ့ တက်စွမ်းသမျှကူညီစောင့်ရှောက်ပေးရန် လိုအပ်ပါတယ်

– လေဖြတ်ခံထားပြီးသူဟာ ကုသမှုအကြံပြုချက်မျတွေကိုမလိုက်နာရင် နောက်တစ်ကြိမ်ဖြစ်နိုင်ချေရှိပါတယ်။ အဲ့တာကြောင့် သင်ချစ်ရတဲ့သူအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများ၊ လေ့ကျင့်ခန်းများ၊ ဆရာဝန်မှညွှန်ကြားထားသောဆေးဝါးများကို ဂရုစိုက်ပြီးပြုလုပ်ပေးသင့်ပါတယ်။ နောက်ပြီး သက်ဆိုင်ရာဆရာဝန်ထံသို့လည်း ပုံမှန်သွားရောက်ပြသပေးသင့်ပါတယ်

– ပြန်လည်ထူထောင်ရေးဟာ ဦးနှောက်ရဲ့အစိတ်အပိုင်း ဘယ်လောက်ထိခိုက်ခြင်း၊ လူနာရဲ့စိတ်ပါဝင်စားခြင်း၊ မိသားစုသူငယ်ချင်းများရဲ့ ထောက်ပံ့ပေးခြင်း၊ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ လေမဖြတ်ခင်လူနာရဲ့ကျန်းမာရေး ဘယ်လောက်ကောင်းခြင်းတွေပေါ်မူတည်ပါတယ်။ အဓိကကတော့ လေဖြတ်ခြင်းနဲ့ လေဖြတ်ပြီးတဲ့အခြေနေတွေဟာ မတူညီကြတာကြောင့် တခြားသူနဲ့နှိုင်းယှဉ်ခြင်းများကိုလည်း ရှောင်ရှားသင့်ပါတယ်

– လေဖြတ်ပြီးနောက် ပြုတ်ကျမှုများအဖြစ်များတဲ့အတွက်ကြောင့် သေချာစောင့်ကြည့်ဂရုစိုက်ပေးရန်လိုအပ်ပါတယ်။ ပြုတ်ကျပြီး ပြင်းထန်စွာဒဏ်ရာရခြင်း၊ ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်းများဖြစ်ပါက ကုသမှုခံယူသင့်ပါတယ်

– လူနာရဲ့စိတ်ခံစားချက်များကို ထိန်းချုပ်ရန်ခက်ခဲတဲ့လက္ခဏာများ ပြသခြင်းရှိမရှိအကဲဖြတ်ပြီး ကျွမ်းကျင်ပညာရှင်များနဲ့တိုင်ပင်ဆွေးနွေးပြီး အစီစဉ်များပြုလုပ်သင့်ပါတယ်

– လေဖြတ်ပြီးနောက်စိတ်ဓာတ်ကျခြင်းဟာ အဖြစ်များပြီး လေဖြတ်ပြီးသူတို့​ရဲ့ ၃၀-၅၀%ဟာ လေဖြတ်ပြီးနောက်စိတ်ဓာတ်ကျခြင်း ဖြစ်တတ်ပါတယ်။ လေဖြတ်ပြီးနောက်စိတ်ကျရောဂါဟာ လူနာ​ရဲ့ပြန်လည်ကောင်းမွန်လာမှုနဲ့ ပြန်လည်သန်စွမ်းရေးကို သိသာစွာထိခိုက်စေနိုင်တဲ့အတွက် ကျွမ်းကျင်ပညာရှင်များနဲ့တွေ့ဆုံဆွေးနွေးပြီး သေချာဂရုစိုက်သင့်ပါတယ်

– ဆွေးနွေးနှစ်သိမ့်ပညာပေးအစီစဉ်များတွင်လည်း ပါဝင်ပေးသင့်ပါတယ်။ ထိုနေရာများတွင် လေဖြတ်လူနာရှိသည့်မိသားစုဝင်များ၊ ဆရာဝန်၊ သူနာပြုနဲ့သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များပါဝင်ပါတယ်။ ခုလိုပါဝင်ဆွေးနွေးခြင်းအားဖြင့် လူနာအတွက်အကြံဉာဏ်ကောင်းများရနိုင်သလို သင့်ရဲ့ပြဿနာများကိုလည်း ရင်ဖွင့်ဆွေးနွေးနိုင်ပါတယ်

– သင်အပါအဝင် သင့်မိသားစုဝင်များဟာ လူနာရဲ့ပြန်လည်ထူထောင်ရေးအတွက် အဓိကကျတဲ့အပိုင်းမှာပါဝင်ပါတယ်။ သင့်အနေနဲ့ လူနာရဲ့ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူညီပေးနိုင်သလို လုပ်သင့်/မလုပ်သင့်များကို ဆုံးဖြတ်ချက်ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။ တိုးတက်မှုဘယ်လောက်ပဲနှေးနှေး တစ်နေ့ပြန်ကောင်းရမယ်လို့ လူနာရော မိသားစုဝင်များပါ အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက်ထားရပါမယ်

– နောက်ဆုံးအနေနဲ့ လေဖြတ်ခြင်းကိုခံစားနေရပါက စိတ်အားမငယ်ဘဲ နေ့ရက်များကိုပုံမှန်အတိုင်းဖြတ်သန်းပြီး သူငယ်ချင်းများ၊ မိသားစုဆွေမျိုးများနဲ့လည်း အဆက်သွယ်မဖြတ်ဖို့ အရေးကြီးပါတယ်။

????“ ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုထိရောက်သည်” ဟူသောစကားအတိုင်း လေဖြတ်ရောဂါမဖြစ်အောင် အတတ်နိုင်ဆုံးကြိုတင်ကာကွယ်ကြပါလို့ နိဂုံးချုပ်စကား ပါးလိုက်ရပါတယ်ခင်ဗျာ ????

*** အိမ်တွင်းလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ရအဆင်ပြေအောင် ပုံလေးတွေနဲ့ နမူနာ ပြသပေးထားပါတယ်…

ပုံလေးတွေက နည်းနည်းဝါးနေတာလေးရယ် လေ့ကျင့်ခန်း(၂)အတွက်ပုံလေး ပါမလာတာလေးရယ်ကိုတော့ နားလည်ခွင့်လွှတ်ပေးကြပါနော် ???? ***

References- ????

https://www.medicalnewstoday.com/articles/7624#causes

https://www.flintrehab.com/flaccidity-after-stroke/

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.

လေဖြတ်ခြင်း အကြောင်း သိကောင်းစရာ အပိုင်း(၁) ကို ပြန်လည်ကြည့်ရှုလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://moh.nugmyanmar.org/stroke-august-2022/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 25 August 2022
Last Updated: 25 August 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...