“ Sprained ankle” ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း

❓ဘာကို ခြေကျင်း၀တ်ခေါက်ခြင်း (Sprained ankle) လို့ခေါ်ပါသလဲ?

????ခြေကျင်း၀တ်နားမှာ တွယ်ဆက်ထားတဲ့ အရွတ်ပြားတွေဒဏ်ဖြစ်ခြင်းကို​ sprained ankle လို့ခေါ်ခြင်းဖြစ်ပါတယ်။ အရွတ်ပြားရဲ့ အမျှင်တွေကို စွဲဖြဲသကဲ့သို့ တင်းလာပြီး ပြတ်ထွက်ခြင်းနဲ့ အတွင်းထဲ သွေးစီးယိုထွက်ခြင်းတို့ကို ထပ်ဆင့် ဖြစ်နိုင်ပါတယ်။

ရရှိလာတဲ့ဒဏ်ပေါ်မူတည်ပြီး အနည်းငယ်စုတ်ပြဲခြင်းနဲ့ အရွတ်ပြားတစ်ခုလုံးနီးပါးစုတ်ပြဲခြင်း ဆိုပြီး ကွာခြားနိုင်ပါတယ်။

❓ဘယ်လိုအပြုအမူတွေက ခြေကျင်း၀တ်ခေါက်ခြင်းကို ဖြစ်ပေါ်စေပါသလဲ?

????အများအားဖြင့် ခြေကျင်း၀တ်အတွင်းဘက် ခေါက်ပြီးလဲခြင်းကြောင့် တွေ့ကြုံကြရတတ်ပါတယ်။ အဲဒီ့အခါ ခြေကျင်း၀တ်အပြင်ဘက်ပိုင်းမှာရှိတဲ့အရွတ်ပြားတွေဆွဲတင်းကာ ပျက်စီးမှုဒဏ်တွေကို ခံစားရတတ်ပါတယ်။ တစ်ခါတရံ ခြေကျင်း၀တ်အပြင်ဘက်ခေါက်လဲခြင်းကြောင့်လည်း အတွင်းဘက်ပိုင်းရှိ အရွတ်တွေ နာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။

❓ခြေကျင်း၀တ်လည်ခြင်းကြောင့် ဘာတွေ ခံစားရနိုင်ပါသလဲ?

????အရွတ်ပြားပျက်စီးမှု အနေအထားပေါ်မူတည်ပြီး ဝေဒနာခံစားရနိုင်မှုတွေ၊ ပျောက်ကင်းရန်ကြာချိန်တွေ၊ ဆရာ၀န်ရဲ့ကုသမှုပုံစံတွေ စသဖြင့် အမျိုးမျိုးကွာခြားသွားနိုင်ပါတယ်။ အဓိကအားဖြင့် နာကျင်မှုတွေ၊ ရောင်ရမ်းခြင်းတွေ၊ အညိုအမည်းစွဲခြင်း‌တွေကို ကြုံတွေ့ခံစားရပါမယ်။

❗အထူးသတိပြုရန်အချက်မှာ အရွတ်ပြားအားလုံးနီးပါး ပျက်စီးခြင်းဖြစ်ပေါ်ပါက ခြေကျင်း၀တ်ပုံစံ ပြောင်းသွားခြင်းနဲ့ ခြေကျင်း၀တ်ကို ပုံမှန်အတိုင်းနေရာပြန်ချမထားနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ (အဲဒီလိုခံစားရပါက ဆေးရုံ၊ ဆေးခန်း သို့ချက်ချင်းသွားရောက်ပြသဖို့ လိုအပ်ပါတယ်။)

❓ခြေကျင်း၀တ်လည်ခြင်း၏ ဖြစ်ပွားနှုန်းဘယ်လောက်ရှိနိုင်ပါသလဲ?

????နေ့စဥ်လူမှုဘ၀တွင်သွားလာလှုပ်ရှားရင်း ခြေကျင်း၀တ်လည်ခြင်းကို တစ်ခါတရံ ဖြစ်ပေါ်စေနိုင်သလို တွန်းတိုက်အားကစားတွေ ပြုလုပ်ရာတွင်လည်း ကြုံတွေ့ရတတ်ပါတယ်။

❓ခြေကျင်း၀တ်လည်ခြင်းဖြစ်ပေါ်ခဲ့ရင် ဘယ်လိုကုမလဲ?

????အိမ်တွင်းကုထုံးကုသခြင်း၊ ဆရာ၀န်နဲ့ကုသခြင်းဆိုပြီး (၂) မျိုးရှိပါတယ်။

အိမ်တွင်းကုသခြင်းတွေကတော့

(၁) အနားယူခြင်း (ဒဏ်ဖြစ်ထားတဲ့ ခြေထောက်ကို အသုံးမပြုဘဲ အနားပေးထားခြင်း)၊

(၂) ရေခဲကပ်ခြင်း (အ၀တ်နဲ့ထုပ်ပြီးသာကပ်ပါ။ ရေခဲနဲ့အသား တိုက်ရိုက်မကပ်ရပါ)

(၃) အပြင်မှထုပ်စည်းခြင်း (မျှော့ကြိုးပါတဲ့ ပတ်တီးကိုသုံးပြီး အရမ်းမတင်းကြပ်ဘဲ ပတ်ထားခြင်း)၊

(၄) မြှောက်တင်ထားခြင်း (ရောင်နာနေတဲ့ခြေကျင်း၀တ်ကို ခွေးခြေခုံ / ထိုင်ခုံတစ်ခုခုဖြင့် အရောင်မကျမခြင်း မြှောက်တင်ထားခြင်း)၊

(၅) လေ့ကျင့်ခန်းလုပ်ခြင်း၊

​ကြမ်းပြင်ညီပေါ်တွင် ခြေဆန့်ထိုင်ကာ

(က) ခြေကျင်း၀တ်ကို အငြိမ်ထားပြီး ခြေဖျားကို အပေါ်သို့ကော့ခြင်း ၊ ဆန့်ခြင်း။

(ခ) ခြေကျင်း၀တ်ကိုအငြိမ်ထားပြီး ခြေဖ၀ါး‌တွေကို အပြင်ဘက်သို့လှုပ်ခြင်း၊ အတွင်းဘက်သို့လှုပ်ခြင်း။

(ဂ)နောက်ဆုံးအခြေအနေကောင်းမွန်ပြီး သက်သာလာပါက အပေါ်မှာပြုလုပ်ခဲ့တဲ့အဆင့် ၂ ဆင့်ပေါင်း လှုပ်ရှားမှု ပြုလုပ်ခြင်း။ (ခြေဖ၀ါးကိုနာရီလက်တံကဲ့သို့ တစ်ပတ်လည် လှုပ်ရှားခြင်းတို့ကိုပြုမူနိုင်ပါတယ်။)

❌နာကျင်မှုကိုဖြစ်ပေါ်စေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း၊ လှုပ်ရှားမှု ပြုလုပ်ခြင်း တို့ကိုရှောင်ကြဥ်ပါ။

✅ညဘက် အိပ်မရနိုင်အောင်နာကျင်ကိုက်ခဲပါက ပါရာစီတမောပါသော ဆေးများကိုသောက်သုံးနိုင်ပါတယ်။

✅ အိမ်တွင်းကုထုံးကုသခြင်းကိုပြုလုပ်ပြီး ၃ ရက်/ ၄ ရက် အတွင်းမသက်သာပါက နီးစပ်ရာဆေးခန်းပြပါ။ ????(ဥပမာ-တယ်လီကျန်းမာတို့ကဲ့သို့ အခမဲ့အွန်လိုင်းဆေးခန်းတွေမှာ ၀င်ရောက်ဆေးနွေးပြီး ကုသလမ်းညွှန်မှုကို ခံယူပါ။)

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.207

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.