အစာလည်းဆေး ဆေးလည်းအစာ ဆိုသလိုပါပဲ… ကျွန်တော်တို့ နေ့စဥ်စားနေတဲ့ အစားအစာတွေဟာ ကျန်းမာရေးကို အကျိုးပြုနိုင်သလို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။ အစားမတော်တစ်လုတ် ဆိုတဲ့စကားအတိုင်း သတိပြုဆင်ခြင်ဖို့ လိုတာပေါ့ခင်ဗျာ။ ဒီ video လေးမှာတော့ ကျွန်တော်တို့အားလုံး စားဖူးကြတဲ့ ဟင်းနုနွယ်ရွက်ရဲ့ အကျိုးအာနိသင်တွေ၊ သိပ်မသိကြသေးတဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံတွေနဲ့ ဆေးဘက်၀င်ပုံတွေကို ဒေါက်တာဆုတောင်းပြည့်က စိတ်၀င်စားဖွယ် မျှဝေပေးထားပါတယ်။
Ministry of Health,
National Unity Government.