💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨

✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။
Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့် ၈၀ မှ ၁၀၀ ဒီဂရီ စင်တီဂရိတ်အထိ ရှိတတ်ပြီး အခန်းအပူချိန်၊ စိုစွတ်မှုတွေက မြင့်တက်နေတတ်ပါတယ်။
.

✨ကျန်းမာရေးအတွက်ကို ဘာတွေကောင်းမွန်စေသလဲ

အဓိကအားဖြင့်ကတော့…

  • နှလုံးနှင့် သွေးကြောဆိုင်ရာကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ သူက နှလုံးခုန်ကို မြန်စေတာမို့လို့ နှလုံးကြွက်သားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
  • ချွေးထွက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးစေပါတယ်။
  • ချွေးထွက်တာကြောင့်မို့လို့ အရေပြားပေါ်က ဆဲလ်အသေတွေ ဖယ်ရှားပစ်စေပြီး အသားအရေကိုလည်း ကြည်လင်စေပါတယ်။
  • ကြွက်သားတွေကို ပျော့ပျောင်းစေတဲ့အတွက်ကြောင့် ညောင်းညာနေတဲ့သူတွေအတွက်ဆို အဆင်ပြေပါတယ်။
  • သွေးလည်ပတ်မှု အားကောင်းစေပါတယ်။
  • Endorphin ဆိုတဲ့ဟော်မုန်းတွေ ထွက်လာတာကြောင့် စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။
  • ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။
    .

✨ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို အချိန်ပမာဏ လိုအပ်သည်ထက် ပိုကြာကြာနေမိတဲ့အခါမှာ…

  • နှလုံးခုန်တာမြန်လာပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကြောင့် နှလုံးကိုထိခိုက်စေနိုင်ပါတယ်။
  • သွေးပေါင်ချိန်တွေ ထိုးကျပြီး မူးဝေတာတို့၊ နုံးချိတာတို့ ဖြစ်နိုင်ပါတယ်။
  • အချိန်ကြာကြာနေမိတဲ့အတွက် ကိုယ်တွင်း အပူချိန်တွေများလာပြီး အပူလွန်ကဲခြင်းမှတစ်ဆင့် အပူရှပ်တာတွေအထိ ဖြစ်နိုင်ပါတယ်။
  • ချွေးထွက်များလာတဲ့အခါ ရေဓာတ်ဆုံးရှုံးမှုများလာနိုင်ပြီး အာခေါင်ခြောက်သွေ့ခြင်း၊ မူးဝေခြင်းတို့ ခံစားရနိုင်ပါတယ်။
  • အပူချိန်မြင့်မားခြင်းကြောင့် အရေပြားလောင်တာမျိုး၊ နီရဲလာတာမျိုး၊ အဖုတွေပေါက်လာတာမျိုး ဖြစ်လာနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင် မိခင်တွေဆိုရင်လည်း သန္ဓေသားကိုထိခိုက်စေနိုင်တဲ့အတွက် အချိန်ကြာကြာ ရေနွေးငွေ့နဲ့ထိတာမျိုးတွေ ရှောင်ကြဥ်သင့်ပါတယ်။
    .

✨ဒါကြောင့်မို့လို့ ဂရုစိုက်သင့်တဲ့ အချက်တွေကတော့…

  • Sauna ထဲ ဝင်မယ်ဆိုရင် ၁၅ မိနစ်မှ ၂၀ မိနစ်ထက်ပိုကြာအောင် မနေဖို့လိုပါတယ်။
  • ရေဓာတ်ခြောက်သွေ့ခြင်းကို ကာကွယ်ဖို့အတွက် ရေများများသောက်ဖို့ လိုပါတယ်။
  • Sauna ထဲက ထွက်လာတဲ့အခါမှာလည်း ထွက်ပြီးပြီးချင်း ရေအေးနဲ့တန်းထိတွေ့တာမျိုး မလုပ်ဘဲ အပူချိန်ကို တဖြည်းဖြည်းနဲ့လျော့ကျအောင် လုပ်ဖို့လိုပါတယ်။
  • မဝင်ခင်မှာ အရက်သေစာ သောက်စားထားခြင်းများ ရှောင်ထားရပါမယ်။

Sauna ထဲဝင်နေစဥ်အတွင်း မအီမသာဖြစ်လာတာမျိုး၊ မူးဝေလာတာမျိုး၊ ချွေးထွက်များလာတာမျိုး ဖြစ်လာပါက အခန်းထဲမှချက်ချင်းထွက်လာပြီး သက်သာအောင်နေဖို့ အရေးကြီးပါတယ်။

✨နောက်ပိုင်းကာလတွေမှာ မြန်မာပြည်ရဲ့ ဟိုတယ်အတော်အများမှာလည်း Sauna တွေ ပေါ်ပေါက်လာပြီဖြစ်လို့ ဝင်တော့မယ်ဆိုရင် ဆောင်ရန်/ရှောင်ရန်လေးတွေ လိုက်နာပြီး လုပ်ဆောင်ကြဖို့ မှာကြားလိုက်ပါတယ်နော်။

ရောဂါအကြောင်းတစ်ခုခု သိလိုသည်ဖြစ်စေ၊ တစ်ခုခုခံစားရလို့ ဆရာဝန်နှင့် ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာက လူကြီးမင်းတို့အတွက် အမြဲအသင့်ရှိနေကြောင်းလည်း ပြောကြားပါရစေ။ 🤍

Reference 📖

https : // www . mayoclinicproceedings . org /article/ S0025- 6196(18)30275 -1

https : // www . health . harvard . edu /staying – healthy / saunas – and- your – health

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here