“ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း သိကောင်းစရာ”

???? အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာ ဘာလဲ?

ရက်တိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းဆိုတာ ပုံမှန်အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။

ဒီလိုအသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အခါ နှာခေါင်းထိပ် (sinus) ကနေ အသံကြိုး (vocal cord) အထိ ပါတတ်ပြီး တစ်ခါတလေ အသံကြိုး (vocal cords) ကစပြီး အဆုတ်ထိ ပိုးကူးစက်နိုင်ပါတယ်။ ဒီလို အသက်ရှူလမ်းကြောင်း ရောဂါပိုးကူးစက်တာဟာ အထူးသဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုစိုးရိမ်ရတတ်ပါတယ်။

..

???? ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရမလဲ

အသက်ရှူလမ်းကြောင်းရဲ့အပေါ်ပိုင်း (သို့မဟုတ်) အသက်ရှူလမ်းကြောင်းရဲ့အောက်ပိုင်း စတဲ့ ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ခံစားရတဲ့လက္ခဏာတွေကလည်း ကွဲပြားနိုင်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…

  • နှာခေါင်းပိတ်ခြင်း
  • နှာရည်ယိုခြင်း
  • ချောင်းဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • ခန္ဓာကိုယ်ကိုက်ခဲခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။

တကယ်လို့ အောက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

  • အဖျား 103˚F (39˚C) ထက်ကျော်လွန်ခြင်း
  • ချမ်းတုန်ခြင်း
  • အသက်ရှူရခက်ခြင်း
  • မူးဝေခြင်း
  • သတိလစ်ခြင်း

..

???? ဒီလို အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကို ဘာတွေက ဖြစ်စေနိုင်လဲ

အကြောင်းရင်းများစွာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်တာဖြစ်နိုင်ပါတယ်။

???? အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ရခြင်း အကြောင်းရင်းတချို့တွေကတော့…

  • လည်ချောင်းရောင်ရမ်းခြင်း
  • နားပိုးဝင်ခြင်း
  • အအေးမိခြင်း… တို့ဖြစ်ပါတယ်…

???? အသက်ရှူလမ်းကြောင်းရဲ့ အောက်ပိုင်းပိုးဝင်ရခြင်း အကြောင်းရင်းတချို့တွေကတော့…

  • လေပြွန်ရောင်ခြင်း
  • နမိုးနီးယား အဆုတ်ရောင်ရောဂါ
  • အဆုတ်လေပြွန်ရောင်ခြင်း… တို့ဖြစ်ပါတယ်။

..

???? အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးကူးစက်မှုဟာ ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ

  • လေထုထဲမှာပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်များနဲ့ ဘက်တီးရီးယားများကို ရှောင်ရှားရန်မှာ မဖြစ်နိုင်သလောက်ဖြစ်ပြီး၊ အချို့သောအချက်တွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးကူးစက်မှု ဖြစ်ပွားနိုင်ခြေကို ပိုများစေပါတယ်။
  • ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများဟာ ကိုယ်ခံအားနည်းတာကြောင့် ဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်ခံရနိုင်ခြေ ပိုများပါတယ်။

အထူးသဖြင့် ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားနိုင်တဲ့ အခြားကလေးတွေနဲ့ ထိတွေ့မှုရှိတဲ့ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။

ကလေးတွေဟာ လက်ကို ဆေးကြောလေ့မရှိဘဲ မျက်လုံးတွေကို ပွတ်သပ်မိတတ်ကြပြီး၊ လက်ချောင်းတွေကိုလည်း ပါးစပ်ထဲ ထည့်ထားတတ်တဲ့အကျင့် ရှိတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ ပျံ့ပွားနိုင်ခြေကို ပိုများစေပါတယ်။

  • နှလုံးရောဂါ (သို့မဟုတ်) အခြားအဆုတ်ပြဿနာရှိသူတွေမှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ အခြားရောဂါတစ်ခုကြောင့် ကိုယ်ခံအားနည်းနေတဲ့သူတွေမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • ဆေးလိပ်သောက်သူတွေမှာလည်း ဖြစ်နိုင်ခြေမြင့်မားပြီး ပြန်လည်ကောင်းမွန်ရန်လည်း ပိုမိုခက်ခဲပါတယ်။

..

???? အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးကူးစက်ခြင်းကို ဘယ်လိုအတည်ပြုနိုင်လဲ

အသက်ရှုလမ်းကြောင်းဆိုင်ရာ စစ်ဆေးမှုပြုလုပ်တဲ့အခါ ဆရာဝန်က သင်အသက်ရှူနေစဥ် သင့်အဆုတ်အတွင်းရှိ ပုံမှန်မဟုတ်တဲ့အသံများကို နားထောင်ခြင်းဖြင့် အဆုတ်ရေဝင်ခြင်းနဲ့ ရောင်ရမ်းခြင်းရှိ/မရှိကို စစ်ဆေးနိုင်ပါတယ်။

နှာခေါင်းနှင့် နားအပြင် လည်ချောင်းကိုလည်း စစ်ဆေးနိုင်ပါတယ်။

ထို့အပြင် အဆုတ်အခြေအနေကို စစ်ဆေးဖို့ ရင်ဘက်ဓာတ်မှန် (X-ray) (သို့မဟုတ်) ကွန်ပျူတာဓာတ်မှန် (CT scan) စတဲ့ စမ်းသပ်စစ်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်။

အဆုတ်လုပ်ဆောင်ချက်ကောင်း/မကောင်း စစ်ဆေးတဲ့နည်းတွေဟာ ရောဂါရှာဖွေတဲ့နေရာမှာ အသုံးဝင်ပါတယ်။

Pulse Oximetry နဲ့ အဆုတ်ထဲသို့ အောက်ဆီဂျင် ဘယ်လောက်ဝင်လဲဆိုတာကို စစ်ဆေးနိုင်ပါတယ်။

သင့်နှာခေါင်း (သို့) ပါးစပ်မှ swab ယူတာ (ဒါမှမဟုတ်) ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်/ဘက်တီးရီးယားအမျိုးအစားကို စစ်ဆေးဖို့ သလိပ်နမူနာယူတာမျိုးတွေ လုပ်နိုင်ပါတယ်။

..

???? အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်တာကို ဘယ်လိုကုသနိုင်လဲ

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာအတွက်တော့ သီးခြားကုသနည်းမရှိပါ။ ရောဂါလက္ခဏာများကို သက်သာစေဖို့ ဆရာဝန်က ဆေးဝါးများကို ညွှန်ကြားနိုင်ပါတယ်။ ဘက်တီးရီးယားပိုးကူးစက်မှုလို့ သံသယရှိပါက ပဋိဇီဝပိုးသတ်ဆေးများကို ပေးနိုင်ပါတယ်။

..

???? အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ ပြင်းထန်နိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

တွေ့ရများတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့…

  • အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေ ရပ်တန့်သွားပြီး အသက်ရှူရပ်သွားခြင်း
  • အဆုတ်ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အတွက်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အင်္ဂါများချို့တဲ့ပြီး သွေးထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ မြင့်တက်လာခြင်း
  • နှလုံးကောင်းမွန်စွာ မခုန်နိုင်တော့ခြင်းတို့ ဖြစ်ပါတယ်။

..

???? အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးကူးစက်မှုကို မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲ

ပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၏ အကြောင်းရင်းအများစုမှာ ကုသ၍မရနိုင်ပါ။

ထို့ကြောင့် ကာကွယ်ခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများအတွက် အကောင်းဆုံး တားဆီးရန်နည်းလမ်း ဖြစ်ပါတယ်။

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးနဲ့ ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးတွေကို ထိုးထားခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးကူးစက်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။

တုပ်ကွေးကာကွယ်ဆေးနဲ့ အဆုတ်ရောင်ကာကွယ်ဆေး စတာတွေထိုးထားခြင်းကလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပြီး သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေကို စားသင့်ပါတယ်။

ဗီတာမင် C ချို့တဲ့မှုဟာ ရောဂါပိုးကူးစက်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။ ဗီတာမင် C ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးကူးစက်မှုကို ဟန့်တားနိုင်သည်ဆိုတဲ့ တိကျတဲ့ သုတေသနတွေ့ရှိချက်တွေ မရှိသေးသော်လည်း ၎င်းဟာ ရောဂါပိုးအချို့ရဲ့ပြင်းထန်မှုကို နည်းစေနိုင်ကြောင်း အထောက်အထားများရှိပါတယ်။

Reference: ????

https://www.healthline.com/…/acute-respiratory-disease…

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here