” တင်ပဆုံဖွားကိုယ်ဝန်သည်များ (သို့မဟုတ်) ဆုံပိုင်းကျ ကိုယ်ဝန်သည်မေမေများနှင့် ဗိုက်ပြင်ခြင်း “

0
253

” တင်ပဆုံဖွားကိုယ်ဝန်သည်များ (သို့မဟုတ်) ဆုံပိုင်းကျ ကိုယ်ဝန်သည်မေမေများနှင့် ဗိုက်ပြင်ခြင်း “

“ ဆရာမရေ ကျွန်မ ကလေး ဆုံပိုင်းကျလို့ လက်သည် ဗိုက်ပြင် ပေးလိုက်တာ အဆင်ပြေသွားပြီ… “

ဒီလိုအသံဟာ ကျွန်မ အိပ်မက်ထဲထိ ချွေးပြန် လန့်နိုးစေတဲ့ အသံပါ။

အဓိကကတော့…

” ကိုယ်ဝန်သည် ဗိုက်ပြင်တယ် “ ဆိုတာပါပဲ

ကျွန်မ လက်ထောက်ဆရာဝန်စဖြစ်ထဲက OG ward မှာ တာဝန်ကျတာများတယ်

နယ်ကဆိုတော့ အသိတွေ ကိုယ်ဝန်စဆောင်ပြီဆို…အာထရာဆောင်း ရိုက်လို့ ကလေးက ဆုံပိုင်းကျတယ်ပြောတာနဲ့…လက်သည်ခေါ်လှည့်ရတာနဲ့ …Youtube က လေ့ကျင့်ခန်းလေး လုပ်လိုက်ရတာနဲ့ …ဆရာ့၊ ဆရာကြီးတွေရဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာနဲ့…

ဆရာမရေ ကလေးက ခေါင်းပိုင်းပြန်လည် သွားပြီဆိုပြီး လာပြောတိုင်း ကျွန်မ သက်ပြင်းလေးချ… ဘာပြောရမလဲမသိပါနော် ????‍♀️

..

..

???? ကိုယ်ဝန်စဆောင်ပြီးနောက် ကလေးက အမေဝမ်းထဲမှာ အနေအထားအမျိုးစုံဖြစ်နိုင်ပါတယ်…

နားလည်လွယ်အောင်ပြောရရင် ရေထည့်ထားတဲ့ ပူဖောင်းအိတ်ထဲ ကလေးငယ်က အမေရဲ့အချင်းနဲ့ ချက်ကြိုးသွယ်ပြီး လနုချိန်မှာ အမျိုးစုံပတ်နေနိုင်ပါတယ်….

(ကျွန်မအတွေ့အကြုံအရ ဒီနေ့ ဆုံပိုင်းကျကလေးက နောက်နေ့ ခေါင်းဘက်နဲ့ပြန်ကျတက်ပါတယ်)

ဆရာဝန်တွေရော ဆုံပိုင်း ကိုယ်ဝန်လှည့်ပေးလား လာမေးရင် လှည့်ပေးပါတယ်…ECV (External Cephalic Version) လို့ခေါ်ပါတယ်

ဆုံပိုင်းကိုယ်ဝန်ဟာ ရိုးရိုးမွေးဖို့ အန္တရာယ်များတာကြောင့် ခေါင်းပိုင်းကျအောင် ပြန်လှည့်ကြရပါတယ်။ဒါပေမယ့် လှည့်ချင်တိုင်းလှည့်လို့မရပါဘူး

ဆုံပိုင်းကိုယ်ဝန် လှည့်မယ်ဆို လိုအပ်တဲ့အချက်တွေက…

(၁) စီနီယာကျတဲ့ သားဖွားမီးယပ်အထူးကုကိုယ်တိုင် လှည့်ရပါမယ်။

(၂) လက်ရှိ ကိုယ်ဝန်ကို အာထရာဆောင်း ရိုက်ထားရပါမယ်။ အထူးကုက လိုအပ်တဲ့အချက်တွေ (ရေမွှာ / ကလေးအနေအထား)ကို လေ့လာပြီးတဲ့အခါ ဆုံပိုင်းကိုယ်ဝန်လှည့်ဖို့ အဆင်ပြေနိုင်တယ်လို့ ကောက်ချက်ချ သဘောတူမှ လှည့်ရပါမယ်။

(၃) ကိုယ်ဝန်ဟာ ၃၇ ပတ်ပြည့်မှ လှည့်ရပါတယ်။ ၃၆ ပတ်ထိက ကလေးက သူဘာသာ ပြန်လှည့်နိုင်သေးသလို ၊ အပြင်က လှည့်ပေးနေတုန်း တစ်ခုခုဖြစ်လို့ အရေးပေါ် မီးဖွားရမယ်ဆိုရင် ၃၇ ပတ်ပြည့်မှ ကလေးက စိတ်ချရတဲ့ ပေါင်ပြည့်ကလေးဖြစ်မှာပါ။

(၄) အရေးကြီးဆုံးက အမေရော အဖေရော ဆုံပိုင်းကိုယ်ဝန်လှည့်တာရဲ့ ဆိုးကျိုးကိုသိရပါမယ်….အချင်းကွာတာ ၊ သွေးဆင်းတာ ၊ ရေမွှာပေါက်တာ ၊ ကလေးစောမွေးတာဖြစ်နိုင်ပါတယ်

(၅) ဆုံပိုင်းကိုယ်ဝန် လှည့်မယ့်နေရာက ခွဲခန်းပါတဲ့ဆေးရုံဖြစ်ရပါမယ်…ခွဲခန်းကို အသင့်ပြင်ထားရပြီး ခွဲခန်းနဲ့ အနီးဆုံးအခန်းမှာ လှည့်ရပါမယ် … ဆုံပိုင်းကိုယ်ဝန်လှည့်ရင်း အဆင်မပြေတာတစ်ခုခုဖြစ်တာနဲ့ ချက်ချင်း ခွဲမွေးရမှာမို့ပါ

မေမေတို့ အခု (၅) ချက် ဖတ်တာတောင် မွန်းကြပ်နေတယ်ဟုတ် ….

ဆုံပိုင်းကျလို့ သတ်မှတ်ပြီး ဘာမှမတွေ့ရ မမြင်ရဘဲ မိမိရင်သွေးလေးကို ဗိုက်ပြင်တယ်ဆိုတာ ဘယ်လောက်တောင် …အန္တရာယ်များလိုက်မလဲနော်

တစ်ချို့ ကလေးငယ်တွေက မေမေဗိုက်ထဲ လည်ရင်းလည်ရင်းနဲ့ ချက်ကြိုးက လည်ပင်းကို ၂ပတ် ၃ပတ် ပတ်နေတဲ့ ကလေးမျိုး ကျွန်မ ဆရာဝန်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် ခဏခဏ တွေ့ကြုံဖူးပြီး သေချာမွေးပေးခဲ့ရဖူးပါတယ်…

ဗိုက်ပြင်ချိန် ချက်ကြိုး လည်ပင်းပတ်နေတဲ့ ကလေးမျိုးသာဆို …

ကျွန်မ တွေးတောင်မတွေးရဲပါဘူးနော်…

ဒါကြောင့် မေမေတို့ အနေနဲ့ ဗိုက်ပြင်တယ် ဆိုတာ လွယ်ကူရိုးရှင်းတဲ့အရာ မဟုတ်ဖူးဆိုတာလေး သတိဆောင်စေချင်ပါတယ်။

ဒီစာလေးဖတ်ပြီးရင်တော့ … ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဗိုက်ပြင်ခြင်း အန္တရာယ်လေးတွေ သိရှိသွားရအောင် ဝေမျှလိုက်ကြအောင်နော်

.

Dr. Cool

တယ်လီကျန်းမာ

Reference: ???? https://my. clevelandclinic .org/health/treatments/22979-ecv

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here