‘ညှင်း’ အကြောင်းသိကောင်းစရာ
PITYRIASIS VERSICOLOR (TINEA VERSICOLOR)

‘ညှင်း’ ဆိုတာ ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့ အရေပြားရောဂါတစ်ခုပါ။ မြင်ဖူးလို့ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်ဖူးလို့ပဲဖြစ်စေ အရေပြားပေါ်မှာ ဖြူဖျော့တဲ့ အဖြူကွက်၊ အဖြူစက် သေးသေးကြီးကြီး မြင်ရရင်ကို ‘ညှင်း’ ဖြစ်မယ်လို့ အကြမ်းအားဖြင့် သိနေ၊ ရင်းနှီးနေတော့ ‘ညှင်း’ ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုကုသရမယ်၊ ဘယ်လိုကြိုတင်ကာကွယ်ရမလဲ စတာတွေကို ဆက်လက်ဖတ်ရှုရအောင်နော်????

'ညှင်း'ဘာလို့ဖြစ်

‘ညှင်း’ ဟာ Malassezia ဆိုတဲ့ Commensal Yeast အရေပြားမှိုတစ်မျိုး ကြောင့် ဖြစ်ပွားတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့အရေပြားပေါ်မှာ ဒီမှိုလေးတွေဟာ သဘာဝအတိုင်းရှိနေပြီး အရေပြားကို အန္တရာယ်ဖြစ်စေမယ့် ရောဂါပိုးတွေ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ သို့ပေမယ့် ဒီမှိုတွေ အရေပြားပေါ်မှာ အဆမတန်ပွားများလာတဲ့အခြေအနေမျိုးမှာတော့ အရေပြားကိုစတင်ထိခိုက်စေတော့တယ်။ ပုံမှန်အသားအရောင်ညိုရင့်စေတဲ့ဖြစ်စဥ် (Melanogenesis) ကို ပိတ်ပင်တားဆီးတဲ့ Azelaic acid လို့ခေါ်တဲ့ အက်ဆစ်ဓာတ်တစ်မျိုးထုတ်တယ်။ ဒါကြောင့်လည်း ‘ညှင်း’ ကွက်နေရာလေးတွေဟာ ဘေးပတ်လည်က မူလအရေပြားအသားအရောင်ထက် ပိုဖြူပိုဖျော့လို့ နေတယ်။

'ညှင်း' ဟာ ကူးတတ်သလား

အထက်ကပြောခဲ့သလို လူတိုင်းမှာ ကနဦးအစထဲကရှိပြီးသားဖြစ်တဲ့ အရေပြားမှိုမျိုးကြောင့်ဖြစ်ရတာဖြစ်လို့ ထူးပြီး တခြားသူဆီကို မကူးစက်နိုင်ပါဘူး။
ဒါဟာ ပုံမှန်အရေပြားမှိုကလေးတွေ အဆမတန်ပွားများတဲ့ အခြေအနေကြောင့်ဖြစ်ရတာသာဖြစ်တယ်။

ဘာတွေက 'ညှင်း' ပိုဖြစ်စေသလဲ

????ချွေးအလွန်ထွက်ခြင်း
????ပူပြင်းစိုစွတ်တဲ့ရာသီဥတု
????‍အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေ၊ အဆီများစေးကပ်စေတဲ့ အလှကုန်ပစ္စည်းတွေသုံးတာ
????ကိုယ်ခန္ဓာခုခံအားစနစ်ကျဆင်းနေတဲ့အခြေအနေတွေ (Steriods (စတီးရွိုက်) တွေသုံးစွဲနေရတာ၊ Chemotherapy ကင်ဆာဆေးသွင်းနေရတာ၊ HIV/AIDS လို ခုခံအားကျရောဂါတွေခံစားနေရင် စသည်)
????ဟော်မုန်းအပြောင်းအလဲ
????‍????‍????‍????မျိုးရိုးလိုက်တတ်တယ်
????လူငယ်အရွယ်တွေမှာ ပိုအဖြစ်များပါတယ်။

သိကောင်းစရာ ညှင်း ရဲ့ အရေပြားလက္ခဏာတွေ

  • ဘဲဥပုံ/စက်ပိုင်းပုံ အဝိုင်းခပ်သေးသေးလေးတွေ၊ နောက် ဒီအဝိုင်းငယ်လေးတွေ တစ်စုတစ်စည်းတည်းဖြစ်သွားပြီး ပုံသဏ္ဍာန်အတိအကျ မရှိတဲ့ ညှင်းကွက်ကြီးတွေ ပြင်လိုက်ဖြစ်ပေါ်တယ်။
  • ညှင်းကွက်တွေဟာ အဖြူ၊ ပန်းရောင်၊ နီညိုရောင် စသည်ဖြင့် အရောင်အမျိုးမျိုးဖြစ်နိုင်တယ်။
  • ညှင်းကွက်က ဘေးပတ်လည်က ပုံမှန်အရေပြားထက် ပိုဖြူ​ပိုဖျော့တယ်။ ပိုရင့်တာမျိုးလည်းရှိတတ်တယ်။
  • ထူးခြားတာက နေထိခံရရင်တောင် ဘေးပုံမှန်အရေပြားကသာ နေလောင်ညိုမည်းသွားတတ်ပြီး ဒီဖြူဖျော့တဲ့ ညှင်းနေရာတွေက အရောင်မပြောင်းတတ်ပါဘူး။
  • အရေပြားခြောက်တာ၊ အဖက်လန်တာ၊ ယားယံနာကျင်တာတွေဖြစ်နိုင်တယ်။
  • ကိုယ်လုံးအထက်ပိုင်းနေရာတွေ၊ လည်ပင်း၊ နောက်ကျောပြင်၊ လက်မောင်း၊ ခြေလက်တွေမှာ ဖြစ်လေ့ရှိပါတယ်။

ညှင်း ဟာ ကြောက်စရာလား

ညှင်းဟာ အလှအပရေးရာထိခိုက်စေတာ ကလွဲရင် အန္တရာယ်မရှိလှပါဘူး။
သက်ငယ်၊ သက်လတ်ပိုင်း အလှအပအထူးအလေးထားကြတဲ့အရွယ်တွေမှာ အဖြစ်များလေ့ရှိတာဖြစ်လို့ မျက်နှာ၊ လည်ပင်း၊ လက် လို မြင်သာတဲ့နေရာတွေမှာ ဖြစ်နေရင်
ရှက်ကြောက်အားငယ်တတ်ကြတယ်။ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနဲ့ ပြသဖို့ဝန်လေးတတ်ကြတယ်။

ညှင်းဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ

ညှင်းဟာ တစ်ခါမြင်ဖူးထားရင် မြင်တာနဲ့ သိသာနိုင်တယ်လို့ထင်ရပေမယ့် ၊ ညှင်းနဲ့တူတဲ့ အရေပြားအရောင်ဖျော့စေတဲ့ တခြားရောဂါတွေအများကြီးရှိသေးတာမို့ ဆရာဝန်နဲ့သေချာပြသသင့်ပါတယ်။
လိုအပ်ရင် အသားစကိုခြစ်ယူပြီး
????အဏုကြည့်မှန်ပြောင်းအောက် မှိုပိုးရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း (Microscopic Examination)
????Wood’s lamp လို့ခေါ်တဲ့ အထူးကိရိယာလေးနဲ့ စစ်ဆေးခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

ဘယ်လိုကုသရမလဲ

ဆရာဝန်နဲ့သေချာပြသပါ။ တခြား ဆင်တူရိုးမှားအရေပြားရောဂါတွေ ဟုတ်/မဟုတ် ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ ပြီးရင်တော့ လိုအပ်တဲ့ ကုသမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။

☝️ကုသပြီးပျောက်ကင်းသွားသည့်တိုင် ထပ်တလဲလဲပြန်ဖြစ်တတ်တာကို သတိချပ်ပါ။
ညှင်းပိုဖြစ်နိုင်တဲ့ ပူပြင်းတဲ့ နွေရာသီ အစမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့
Ketoconazole 2% shampoo ရှန်ပူ (ရေချိုးရည်) ကို ကိုယ်အနှံ့လိမ်းပြီး သုံးရက်ဆက်တိုက် နေ့စဥ် ရေချိုးပေးပါ။

ညှင်း ကို ဘယ်လိုကြိုတင်ကာကွယ်မလဲ

  • အဆီများစေးကပ်တဲ့ အလှကုန်တွေမသုံးနဲ့။
  • ပေါ့ပေါးချောင်ချိတဲ့အဝတ်အစားတွေဝတ်ဆင်ပါ။
  • နေပူထဲသွားရင် SPF ပါတဲ့ နေရောင်ခံခရင်မ် တွေလိမ်းပေးပါ။
  • ချွေးထွက်များ စိုစွတ်ပူလောင်မနေစေဘဲ ​အေးမြ​သွေ့ခြောက်တဲ့အရေပြားဖြစ်နေပါစေ။

????အနှစ်ချုပ်ရရင် ညှင်းဟာ မကူးစက်၊ အန္တရာယ်မများတတ်တဲ့ အရေပြားမှိုစွဲရောဂါတစ်မျိုးဖြစ်တယ်၊ ထပ်တလဲလဲပြန်ဖြစ်နိုင်တယ်ဆိုတာကို သိနားလည်ထားပါ။ ကြိုတင်ကာကွယ်ပါ။ ဖြစ်ပွားလာခဲ့ရင် ထိထိရောက်ရောက် ကုသမှုခံယူပါ။ ????

????ညှင်း မဖြစ်အောင်ကာကွယ်၊ ညှင်း ပျောက်အောင် ကုသကြစို့နော်????

????References :
????Oxford Handbook of Medical Dermatology, Second Edition ; Pityriasis(tinea) versicolor pg-168,169
????AAD : American Academy of Dermatology Association ; Tinea versicolor

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.