နာနတ်သီးဟာ အရောင်၊ အဆင်း၊ အနံ့အရသာ ပြည့်စုံရုံတင်မက ဗီတာမင်၊ အင်ဇိုင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အပူပိုင်းဒေသရဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။

..

..

????နာနတ်သီးစိတ် (၁) ပန်းကန်မှာ

* ကယ်လ်လိုရီ ၈၃ ဂရမ် (g)

* ကာဗိုဟိုက်ဒရိတ် ၂၁ ဂရမ် (g)

* ပရိုတင်းဓာတ် ၁ ဂရမ် (g)

* အမျှင်ဓာတ် ၂.၃ ဂရမ် (g)

* ဗီတာမင် C

* ဗီတာမင် B6

* မန်းဂနိ(စ်) – Manganese

* ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

..

..

????ကျန်းမာရေး ကောင်းကျိုးများ

ကိုယ်ခံအားစနစ် မြှင့်တင်ပေး၍ နာကျင်ရောင်ရမ်းမှုများ သက်သာစေခြင်း

နာနတ်သီးမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်တာမို့ ကိုယ်ခံအားကောင်းစေရုံသာမက ပြင်ပရောဂါတွေဝင်ရောက်လာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

နာနတ်သီးမှာ ပါဝင်တဲ့ Bromelain ဓာတ်ဟာ နာကျင်ရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

ကြွက်သားများ နာကျင်ခြင်း၊ အရိုးအဆစ်များ နာကျင်ရောင်ရမ်းခြင်းအတွက် အကိုက်အခဲပျောက်ဆေးတွေထက် ပိုမိုသိသာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

.

အရိုးအဆစ်နှင့် သွားများ သန်မာခြင်း

နာနတ်သီးမှာ အရိုးအားကောင်းစေတဲ့ သတ္တုဓာတ် Copper နဲ့ Manganese ပါဝင်ခြင်းကြောင့် အရိုးနှင့် သွားများကို သန်မာစေပါတယ်။

.

အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ပရိုတင်းခြေဖျက်နိုင်စွမ်းရှိတဲ့ Bromelain ကြွယ်ဝတာမို့ အစာခြေဖျက်ရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။ ဒါကြောင့် အနောက်တိုင်းစတိုင် အသားဟင်းပွဲတွေမှာ နာနတ်သီးနဲ့တွဲဖက် ချက်ပြုတ်လေ့ရှိပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်လည်း ဝမ်းမှန်စေပါတယ်။

.

ကင်ဆာရောဂါဖြစ်နိုင်ခြေ လျှော့ချပေးခြင်း

ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာမို့ နာတာရှည်နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

.

သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

သွေးပေါင်ချိန်ထိန်းညှိရာမှာ အရေးပါတဲ့ ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှု ညီညွတ်စေပါတယ်။

..

???? ဒါပေမယ့် သင့်မှာ နာနတ်သီးနဲ့ ဓာတ်မတည့်မှုရှိရင်တော့ စားသုံးရန်မသင့်တော်ပါ။

???? အချိုလွန်ကဲတဲ့ နာနတ်သီးဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုလူနာများအတွက် ဂရုစိုက်သင့်ပါတယ်။

???? အမှည့်လွန်၊ ယင်နားသောအသီး အလွန်အကျွံစားရာမှ ဝမ်းပျက်ဝမ်းလျှောနဲ့ ဗိုက်နာတာတွေ ဖြစ်နိုင်လို့ လတ်ဆတ်၍ သန့်ရှင်းသော နာနတ်သီးကိုသာ သင့်တင့်သောပမာဏပဲ စားသုံးသင့်ပါတယ်။

????Reference

https://www.healthline.com/nutri…/benefits-of-pineapple…

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here