???? အရိုးကင်ဆာဟာ ဘယ်အသက်အရွယ်တွေမှာ ဖြစ်လေ့ရှိသလဲ….

အရိုးကင်ဆာဟာ ဆယ်ကျော်သက်အရွယ်တွေနဲ့ သက်လတ်ပိုင်းတွေမှာ အဓိက ပိုပြီးအဖြစ်များလေ့ရှိပြီး ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာလည်း ဖြစ်လေ့တော့ရှိပါတယ်။

???? အရိုးကင်ဆာဟာ ဘယ်အရိုးတွေမှာ အဖြစ်များသလဲ၊ ဘာကြောင့် ဖြစ်ရပါသလဲ….

အရိုးကင်ဆာဟာ ​ခြေထောက်မှာရှိတဲ့ ပေါင်ရိုးလို အရိုးရှည်အမျိုးအစားတွေမှာ အဓိကဖြစ်ပွားပါတယ်။ လက်မှာရှိတဲ့ အရိုးတွေအပါအဝင် တခြားအရိုးတွေမှာလည်း အရိုးကင်ဆာဟာ ဖြစ်ပွားနိုင်ပါသေးတယ်။ ဘာလို့ဖြစ်ရတယ်ဆိုတာကိုတော့ တိတိကျကျ မသိကြရသေးပါဘူး။ တချို့ကတော့ အရိုးဆဲလ်ထဲမှာရှိတဲ့ DNA လို့‌ ခေါ်တဲ့ မျိုးရိုးဗီဇ (Genes) ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ အရိုးဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ အဆမတန် ပွားများမှုကြောင့် အရိုးမှာ အလုံးအကျိတ်ဖြစ်ပွားပြီး အဲကနေတစ်ဆင့် နီးစပ်ရာအရိုးနဲ့ အရိုးတစ်ဝိုက်ကို ပျံ့ပွားဖျက်ဆီးပစ်ပါတယ်။ ဒီလိုနဲ့ အရိုးကင်ဆာ ဖြစ်ကြရပါတယ်။

???? ဘယ်သူတွေမှာ အရိုးကင်ဆာ အဖြစ်များသလဲ….

– ကင်ဆာမျိုးရိုးရှိတာ

– တခြားအရိုးရောဂါတစ်ခုခုနဲ့ ဆက်စပ်နေတာ (ဥပမာ – Paget’s disease)

– ဓာတ်ရောင်ခြည်ကုထုံး (Radiotherapy) ခံယူရတာ

– ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) ခံယူရတာ စတာတွေက အရိုးကင်ဆာကို ပိုပြီးဖြစ်စေနိုင်ပါတယ်။

???? အရိုးကင်ဆာရဲ့ လက္ခဏာရပ်တွေကို လေ့လာကြည့်ကြရအောင်….

အရိုးကင်ဆာဖြစ်တဲ့အခါ အဓိကအားဖြင့်

– အရိုးနာကျင်ကိုက်ခဲတာ (Bone pain)

– အဆစ်အမြစ် နာကျင်ကိုက်ခဲတာ (Joint pain)

– အရိုးတစ်ဝိုက် ရောင်ရမ်းတာ စတာတွေကို ခံစားရနိုင်ပါတယ်။

???? အရိုးကင်ဆာရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်သလဲ….

– အရိုးကင်ဆာဖြစ်တာ ကြာလာတဲ့အခါ ကင်ဆာဆဲလ်တွေဟာ ရောဂါဖြစ်ပွားရာအရိုးကနေ တခြားအရိုး၊ အဆုတ် စတဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပျံ့နှံ့အမြစ်တွယ်တတ်ပါတယ်။

– အရိုးကင်ဆာဖြစ်ပွားပြီး လိုအပ်လို့ ခြေလက်အင်္ဂါ ဖြတ်တောက်ရတာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ခြေတုလက်တု ပြုလုပ်ရတာတွေအပါအဝင် နောက်ဆက်တွဲ အခြေအနေတွေအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ရမှာတွေ ရှိတတ်ပါတယ်။

– နောက်ပြီး အရိုးကင်ဆာကုသဖို့အတွက် အသုံးပြုရတဲ့ အာနိသင်ပြင်းထန်တဲ့ ဆေးဝါးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါသေးတယ်နော်။

???? အရိုးကင်ဆာကို ဘယ်လိုအဖြေရှာကြမလဲ….

သက်ဆိုင်ရာဆရာဝန်တွေရဲ့ စမ်းသပ်ညွှန်ကြားချက်တွေနဲ့အတူ

– ဓာတ်မှန် (X-ray) ရိုက်တာ

– ကွန်ပျူတာ ဓာတ်မှန် (CT scan) ရိုက်တာ

– အရိုးအသားစ ယူတာ (Biopsy) စတာတွေ ပြုလုပ်ပြီး အရိုးကင်ဆာကို စစ်ဆေးအဖြေရှာ၊ အတည်ပြုနိုင်ပါတယ်။

???? အရိုးကင်ဆာကုသမှုနည်းလမ်းတွေက အမျိုးမျိုးရှိပါတယ်။

– အရိုးကင်ဆာဖြစ်နေတဲ့ နေရာတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတစ်ရှူးတွေနဲ့ အရိုးကင်ဆာဖြစ်နေတဲ့ အရိုးတစ်စိတ်တစ်ပိုင်းကိုပဲ ကွက်ပြီး လှီးဖြတ်ဖယ်ထုတ် ခွဲစိတ်ကုသတာ

– လိုအပ်ရင် အရိုးကင်ဆာဖြစ်နေတဲ့ ခြေထောက် ဒါမှမဟုတ် လက်တစ်ခုလုံးကို ခွဲစိတ်ဖြတ်တောက်ပြီး ခြေတု၊ လက်တု အစားထိုးတပ်ဆင်တာ

– ကင်ဆာဆေးသွင်းကုသတာ (Chemotherapy)၊

– ဓာတ်ရောင်ခြည်သုံးကုသတာ (Radiotherapy) စတာတွေဟာ အရိုးကင်ဆာကုသဖို့ နည်းလမ်းတွေပါပဲ။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ အရေးကြီးတာလေးတစ်ခုကို မှာလိုက်ပါရစေနော်။

အရိုးကင်ဆာဖြစ်နေတယ်လို့ ကိုယ်တိုင်ကြားသိရတာဟာ လက်ခံဖို့ အင်မတန်ခက်ခဲတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကာယကံရှင်လူနာအနေနဲ့ အရိုးကင်ဆာရောဂါနဲ့ အတူယှဥ်တွဲနေထိုင် ရှင်သန်သွားဖို့အပြင် အရိုးကင်ဆာရဲ့ နောက်ဆက်တွဲအခြေအနေတွေ၊ ကုသမှုတွေကို သေချာမပျက်မကွက် ခံယူနိုင်ဖို့ဆိုတာဟာ ချစ်ရသူတွေရဲ့ ဖေးမကူညီမှုအပေါ်မှာလည်း အများကြီး မူတည်နေမှာပါနော်။

Reference: ????

Mayo clinic | Osteosarcoma

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here