“ ကလေးပါးစပ်တွင်းက မှက်ခရု”

မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

???? ရောဂါကူးစက်ပုံ

Candida က လူတို့၏ အရေပြား၊ အစာအိမ်အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားလမ်းကြောင်းများတွင် ရောဂါလက္ခဏာမပြဘဲ သဘာဝအတိုင်းရှိနေတတ်ပါတယ်။

အောက်ပါအခြေအနေတွေမှာ ရောဂါကူးစက်နိုင်ပါတယ်။

တစ်လအောက်ကလေးများတွင် အဖြစ်များပြီး မီးဖွားချိန်တွင် အမေ၏ မွေးလမ်းကြောင်းတွင် Candida မှိုရှိနေလျှင် ကလေးသို့ ကူးတတ်ပါတယ်။

မသန့်ရှင်းသော အရုပ်၊ ချိုလိမ်များ ပါးစပ်ထဲထည့်ခြင်းကြောင့်လည်း ကူးနိုင်ပါတယ်။

နို့တိုက်မိခင်၏ နို့သီးခေါင်းတွင် ဖြစ်ပွားနေသော Candida မှိုမှ ကလေးငယ်၏ ပါးစပ်တွင်းသို့ လည်းကောင်း၊ ကလေး၏ ပါးစပ်တွင်းရှိ Candida မှိုမှ မိခင်၏ နို့သီးခေါင်းသို့လည်းကောင်း အပြန်အလှန်ကူးနိုင်ပါတယ်။

ခုခံစွမ်းအားစနစ်ကျနေသည့် အခြေအနေမျိုး (ဥပမာ- ဆီးချိုရောဂါ၊ HIV/ AIDS ရောဂါ) တွင် ရောဂါလက္ခဏများပေါ်လာတတ်သလို အသက်ခြောက်လအောက်ကလေးများတွင် ခုခံစွမ်းအားစနစ် အပြည့်အဝ မဖွံ့ဖြိုးသေးသောကြောင့် ရောဂါဖြစ်ပွားလွယ်ပါတယ်။

ပိုးသတ်ဆေးများကလည်း လူကိုကောင်းကျိုးပေးသော ပိုးများကိုပါ သေစေပြီး Candida မှိုစွဲခြင်းကို အားပေးပါတယ်။ (အဲဒါကြောင့် မလိုအပ်ဘဲ ပိုးသတ်ဆေးတိုက်သည့် အကျင့်မလုပ်သင့်ပါဘူး)

???? ဘယ်အချိန် ဆရာဝန်ဆီသွားပြမလဲ ?

သင့်ကလေးမှာ အောက်ပါအခြေအနေများ ဖြစ်ပေါ်နေလျှင် ဆရာဝန်နဲ့ပြပါ

– ပါးစပ်တွင်း အဖြူဖတ်များဖြစ်နေခြင်း

– အကြောင်းမရှိဘဲ အဖျားရှိနေခြင်း/ကလေးမလန်းခြင်း

– ဆရာဝန်ညွန်ကြားသည့်အတိုင်း လိုက်နာသော်လည်း ရောဂါမကြာခဏပြန်လည်ဖြစ်ပွားခြင်း

???? ကုသခြင်း

Nystatin လို့ခေါ်တဲ့ မှိုသတ်အစက်ချဆေး/ Gel ကို အစာစားပြီး ကလေး၏ ပါးစပ်တွင်းသို့ သန့်စင်ရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

အကယ်၍ ကလေးတင်ပါးတွင် nappy rash ဟုခေါ်သည့် အနီပြင်များဖြစ်နေလျှင် တစ်ပြိုင်တည်းကုသရမယ်။

မှတ်ခရုပေါက်နေစဉ် မိခင်နို့ တိုက်နိုင်ပါတယ်။ ဆရာဝန်က နို့သီးခေါင်းကို လိမ်းရန် မှိုသတ်ဆေး ပေးပါလိမ့်မယ်။ ဒါပေမဲ့ နို့တိုက်ခါနီးတွင် နို့သီးခေါင်းကိုပြန်လည်သန့်စင်ရန် မမေ့ပါနဲ့။

???? ကာကွယ်ခြင်း

ချိုလိမ်၊ နို့ဘူး များကို အသုံးပြုပြီးတိုင်း သေချာစွာဆေးကြောပါ။

???? ကလေးတို့ပါးစပ်ထဲက အဖြူဖတ်တွေက နို့ပွေးမဖြစ်နိုင်ဘူးလား?

နို့ပွေးဆိုတာ ပါးစပ်ထဲကျန်ခဲ့သည့် နို့အစအနလေးများကြောင့် ဖြစ်တာပါ။ ရေစိုအဝတ်/ဂွမ်းလုံးလေးနဲ့ပွတ်ပြီး အလွယ်တကူဖယ်လို့ရပါတယ်။ အစားအသောက်မပျက်တတ်ပါဘူး။ နာကျင်တာမျိုးလည်း မခံစားရပါဘူး။ ပုံမှန် ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ပဲ လိုပါတယ်။

References:

Royal children hospital, Melbourne.

Australia Child Health Info

Raising Child Network, Australia. Oral health in babies and children Factsheet

 “ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ”

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်( https://m.me/telehealthmm )

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.