ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း Oral Sex (November,2023)

0
981

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း

လိင်ပိုင်းဆိုင်ရာ တက်ကြွမှုရှိတဲ့ လူငယ်အများစုဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (Oral Sex) ကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုအကာကွယ်မဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ အချို့သောရောဂါပိုး ကူးစက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

.

????ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ။ ဘယ်လိုအမျိုးအစားတွေ ရှိလဲ။

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (Oral Sex) ဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာ စတာတွေကိုသုံးပြီး မိမိ partner ရဲ့ မျိုးပွားအင်္ဂါနဲ့ စအိုဝ စတာတွေကို လိင်စိတ်တက်ကြွအောင် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ Oral sex ကို အမျိုးအစား ခွဲခြားထားတာတွေ ရှိပါတယ်။ အဲဒါတွေကတော့ …

* Fellatio — ပါးစပ်နှင့် အမျိုးသားအင်္ဂါလိင်တံကို ထိတွေ့ဆက်ဆံခြင်း

* Cunnilingus — ပါးစပ်နှင့် အမျိုးသမီးမိန်းမကိုယ်၊ အင်္ဂါစပ်နှင့် G spot လို့ခေါ်ကြတဲ့ clitoris ကို ထိတွေ့လှုံ့ဆော်ခြင်း

* Anilingus — ပါးစပ်၊ လျှာနှင့် partner ရဲ့ စအိုဝကို ထိတွေ့လှုံ့ဆော်ခြင်းတို့ ဖြစ်ပါတယ်။

.

ဒီလို oral sex လုပ်ခြင်းဟာ အခြားသောလိင်ဆက်ဆံခြင်းတွေလိုပဲ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်သောရောဂါများ (STIs) ဖြစ်နိုင်ခြေ များပါတယ်။ ကိုယ့် partner မှာ လိင်အင်္ဂါနဲ့ အူလမ်းကြောင်းရောဂါပိုး (genital and rectal infections) ရှိနေတယ်ဆိုရင် ကိုယ့်ဆီမှာလည်း ပါးစပ်နဲ့ လည်ချောင်းရောဂါပိုး ကူးစက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

????Oral sex ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေက ဘာတွေလဲ။

(၁) Chlamydia ရောဂါပိုး ကူးစက်ခံရခြင်း

Chlamydia ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ နေရာတွေကတော့ လည်ချောင်း၊ လိင်အင်္ဂါ၊ ဆီးလမ်းကြောင်းနဲ့ စအိုတို့ပဲ ဖြစ်ပါတယ်။ အများအားဖြင့် လည်ချောင်းနာခြင်း၊ မိန်းမကိုယ်/ အမျိုးသားလိင်တံ/ စအိုမှ အရည်များဆင်းခြင်း၊ ဆီးသွားတဲ့အခါ ပူလောင်နာကျင်ခြင်း စတဲ့ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်သုံးဖို့ လိုအပ်ပါတယ်။

.

(၂) Gonorrhea ဆီးပူညောင်းကျရောဂါ ဖြစ်ခြင်း

လည်ချောင်း၊ လိင်အင်္ဂါ၊ ဆီးလမ်းကြောင်းနဲ့ စအို စတဲ့နေရာတွေကို ကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့ လည်ချောင်းနာခြင်း၊ မိန်းမကိုယ်/ အမျိုးသားလိင်တံ/ စအိုမှ အရည်များဆင်းခြင်း၊ ဆီးသွားတဲ့အခါ ပူလောင်နာကျင်ခြင်းတို့ ဖြစ်ပါတယ်။ ဆေးယဉ်ပါး gonorrhea ပိုးတွေလည်း ရှိလာတာမို့ ပိုးသတ်ဆေးကို သေချာစနစ်တကျသောက်သုံးပေးဖို့ လိုပါမယ်။

.

(၃) Syphilis ကာလသားရောဂါ

ဒီကာလသားရောဂါမှာဆိုရင် ရောဂါပိုးကူးစက်ခံရတဲ့ ပထမအဆင့်အနေနဲ့ ပါးစပ်၊ နှုတ်ခမ်း၊ လည်ချောင်း၊ လိင်အင်္ဂါနဲ့ စအိုတွေမှာ အနာတွေဖြစ်တတ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ လက်ဖဝါး၊ ခြေဖဝါးနဲ့ ခန္ဓာကိုယ်အနှံ့မှာ အနီကွက်တွေ ဖြစ်လာတတ်ပါတယ်။ ရောဂါလက္ခဏာတွေက ရက်အနည်းငယ်ကြာတဲ့အခါ ပျောက်သွားနိုင်ပေမယ့် မကုသဘဲထားမယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနိုင်ပါတယ်။

.

(၄) Herpes ရေယုန်

နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါ ၊ စအို၊ တင်ပါး စတဲ့နေရာတွေမှာ အများဆုံး အဖြစ်များပါတယ်။ ကူးစက်ခံရတဲ့နေရာတစ်ဝိုက်မှာ အရည်ကြည်ဖုလေးတွေဖြစ်တတ်ပြီး ယားယံနာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ ရေယုန်ကို လုံးဝပျောက်ကင်းအောင် ကုသတဲ့ဆေး မရှိပေမယ့် ရောဂါလက္ခဏာတွေသက်သာအောင်တော့ ဆေးသောက်နိုင်ပါတယ်။

.

(၅) HPV လိင်အင်္ဂါကြွက်နို့

အချို့ HPV ရောဂါပိုးဟာ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါ၊ စအိုစတဲ့နေရာတွေမှာ ကြွက်နို့ဖုများပေါက်တတ်ပြီး အခြား HPV ရောဂါပိုးအမျိုးအစားတွေဟာ ပါးစပ်၊ လည်ချောင်း၊ သားအိမ်ခေါင်းနဲ့ စအိုကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့လူ ၉၀% ခန့်ဟာ ၂ နှစ်အတွင်း ရောဂါလက္ခဏာတွေ သက်သာသွားနိုင်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေကိုလည်း နည်းအမျိုးမျိုးနဲ့ ဖယ်ရှားနိုင်ပါတယ်။ လိင်အင်္ဂါနဲ့ စအိုရောဂါပိုးကူးစက်ခြင်းများအတွက် ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက် Pap smear နဲ့ HPV test တွေ ပုံမှန်စစ်ဆေးကာ ကုသမှုခံယူသင့်ပါတယ်။

.

(၆) HIV ရောဂါပိုး ကူးစက်ခြင်း

ရောဂါပိုးကူးစက်ခံရပြီးနောက် တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ HIV ပိုးဟာ ရောဂါတွေကို ခုခံကာကွယ်ပေးတဲ့ သွေးဖြူဥတွေကို တိုက်ခိုက်တာကြောင့် ခုခံအားကျဆင်းတဲ့ရောဂါ (AIDS) ဖြစ်လာပါတယ်။ HIV/ AIDS ရောဂါကို ပျောက်ကင်းအောင်ကုသလို့မရပေမယ့် ရောဂါအခြေအနေမဆိုးလာအောင် ဆေးများသောက်သုံးနိုင်ပါတယ်။ HIV ပိုးရှိသူမှာ သွားဖုံးသွေးယိုတာ၊ သွားဖုံးအနာဖြစ်တာ၊ ပါးစပ်နဲ့ လိင်အင်္ဂါမှာ အနာဖြစ်တာမျိုးနဲ့ Oral Sex လုပ်မိတဲ့အခါ HIV ရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။

????Oral sex လုပ်ခြင်းမှ ရောဂါပိုးကူးစက်ခံရခြင်းကို ဘယ်လိုကာကွယ်ကြမလဲ။

ရောဂါပိုးကူးစက်ခံရခြင်း နည်းစေဖို့အတွက် oral sex လုပ်တဲ့အခါ ကွန်ဒုံး (condom)၊ ပါးစပ်အကာ (dental dam) နဲ့ အခြားအကာအကွယ်ပစ္စည်းတွေ သုံးသင့်ပါတယ်။ ရောဂါပိုးကူးစက်မခံရဖို့ အသေချာဆုံးနည်းလမ်းကတော့ oral sex လုပ်ခြင်းကို ရှောင်ကြဉ်တာ၊ ကိုယ့် partner မှာ ရောဂါပိုးစစ်ဆေးခြင်း မပြုလုပ်ဘဲ လိင်ဆက်ဆံတာမျိုးကို ရှောင်ကြဉ်ရပါမယ်။

Sexually active ဖြစ်သူတွေဟာ HIV နှင့် အခြားသောလိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်တဲ့ရောဂါများရှိ/မရှိကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရသူဟာလည်း နောက်ထပ်လိင်ဆက်ဆံခြင်းမပြုသင့်ဘဲ ဆေးကုသမှု စောစီးစွာခံယူသင့်ပါတယ်။

(ကိုးကား) Reference: ????

https:// www. ashasexualhealth. org /oral-sex-stis/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here