OG ရဲ့ ရည်းစားငါးယောက်

0
214

ဘွဲ့လွန်ကျောင်းသားဘဝတုန်းက Professor ကပြောဖူးတယ်… ငါတို့ OG တွေက ရည်းစားငါးယောက် ထားရမယ်တဲ့။ မေ့ဆေးဆရာ၊ ခွဲစိတ်ဆရာ၊ ကလေးဆရာ၊ သမားတော်၊ ဓာတ်မှန်ဆရာတဲ့။

အားလုံးမှာ အရေးပေါ်ဆိုတာရှိပေမယ့် အခြားဌာနအရေးပေါ်တွေက ပဋိဇီဝဆေး (ပိုးသတ်ဆေးပေါ့)၊ အကိုက်အခဲပျောက်ဆေး၊ နှာခေါင်းပိုက်၊ ဆီးပိုက်၊ ပတ်တီးစည်း၊ ကျောက်ပတ်တီးခံ၊ သွေးသွင်း စတာတွေနဲ့ ခဏတော့ အချိန်ဆွဲထားလို့ ရသေးတယ်တဲ့။ ငါတို့ ဗိုက်ခွဲမွေးတာက (အရေးပေါ်ကို ဆိုလိုပါသည်) ခုဆိုခုမှတဲ့။

🔺အရေးပေါ်ခွဲစိတ်မွေးဖွားခြင်း (Emergency LSCS) ကို သုံးမျိုးထပ်ခွဲတယ်ဗျ။ Crash LSCS ခွဲမွေးမယ်လို့ ဆုံးဖြတ်ပြီး နာရီဝက်အတွင်း ကလေးထွက်ပြီး ဖြစ်ရမယ်။ Urgent LSCS ခွဲမွေးမယ်လို့ဆုံးဖြတ်ပြီး နှစ်နာရီ- သုံးနာရီအတွင်း ကလေးထွက်ပြီး ဖြစ်ရမယ်။ Schedule LSCS နှစ်ဆယ့်လေးနာရီအတွင်း ကလေးထွက်ရမယ်တဲ့။ အဲဒီအတွက် King/ Queen of the operation theatre ခွဲစိတ်ခန်းရဲ့ ဘုရင်/ ဘုရင်မ ဖြစ်တဲ့ မေ့ဆေးဆရာဝန်နဲ့ အဆင်ပြေရမယ်တဲ့။

🔸တစ်ကြိမ်ခွဲမွေးပြီးသား၊ နှစ်ကြိမ်ခွဲမွေးပြီးသား မွေးလူနာတွေကို ထပ်ခွဲရတဲ့အခါ၊ မီးယပ်ခွဲစိတ်မှုတွေလုပ်ရတဲ့အခါ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ အူလမ်းကြောင်းတွေ ထိမိတတ်တယ်။ ခွဲစိတ်ဆရာဝန်ကို အကူအညီတောင်းဖို့ လိုအပ်လာတတ်တယ်တဲ့။ ခွဲရင်း ဆီးအိမ်ကို မတော်တဆ မထိဘူးတဲ့ OG အတော်ရှားဗျ။

🔹အရေးပေါ်ခွဲမွေးရတာရဲ့ တစ်ဝက်ကျော်ကျော်က ဗိုက်ထဲမှာ ကလေးမွန်းနေလို့ဗျ။ ဆက်ထားရင် ကလေးသေမယ်။ အမြန်ခွဲထုတ်လို့ ထွက်လာရင်တောင် ကလေးက ပျော့ဖတ်ပြီးထွက်လာမှာ။ ကလေးဆရာဝန်ကို ခွဲခန်းထဲအထိလာစောင့်ပြီး ကလေးကို နှာနှပ်ပေးပါဦး မျက်နှာချိုသွေးရသေး။

▫️ဆီးချိုရောဂါသည်တွေ ဗိုက်ကြီးရင်၊ အဖွားကြီးတွေကို မီးယပ်ရောဂါတစ်ခုခုကြောင့် ခွဲစိတ်ကုသရတော့မယ်ဆိုရင် သမားတော်နဲ့အရင်ပြပြီး ခွဲစိတ်မှုဒဏ်ခံနိုင်မလား (pre-operation fitness) အရင်တောင်းရမယ်တဲ့။

▪️ကျွန်တော် အရင်အလုပ်လုပ်ခဲ့တဲ့ ဆေးရုံရဲ့မွေးခန်းထဲမှာ အာထရာဆောင်း (USG) စက်တစ်လုံးရှိတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ကြည့်လို့မသေချာရင် ဓာတ်မှန်ဆရာကို မွေးခန်းထဲထိလာကြည့် အကြံဉာဏ်ပေးဖို့ အကူအညီတောင်းရပါတယ်ဗျ။

အဲဒီ ၅ ခုအပြင် ကျွန်တော်က တစ်ခုတောင် ထပ်ဖြည့်ပေးလိုက်သေးတယ်။ အစ်မ အဲဒါဆိုရင် ရှေ့နေနဲ့ တရားသူကြီးကိုပါ နည်းနည်း မျက်စလေးလောက်တော့ ပစ်ထားမှဖြစ်မယ်လို့။

တရားစွဲခံရနိုင်တယ်လေ….😅

ခုတော့ ရည်းစားတွေလည်း မရှိတော့ပါဘူးဗျာ

တောထဲတောင်ထဲ…

ဘုန်းမောင် တစ်ကိုယ်တည်းပါ… 🙂

ဒေါက်တာဝသုန်

သားဖွားမီးယပ် အထူးကုဆရာဝန်

လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here