ကူးစက်ရောဂါပိုးအများစုဟာ လူအများအကြား ပြင်ပပတ်ဝန်းကျင်မှာ ကူးစက်ကြပါတယ်။ ဒါပေမယ့် ဆေးရုံတွေမှာ ကုသမှုခံယူနေရင်း ကူးစက်ခံရတတ်တဲ့ ရောဂါပိုးတွေလည်းရှိနေပါတယ်…
ဒါတွေကို Nosocomial infections လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် Healthcare-Associated Infections လို့လည်း သုံးနှုန်းကြပါတယ်။
ရောဂါပိုးဟာ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် (သို့) မှိုပိုး အမျိုးမျိုး ဖြစ်နိုင်ပြီး တချိူ့ရောဂါပိုးတွေဟာ ဆေးဝါးတွေကို ခံနိုင်ရည်ရှိနေတဲ့ ပိုးအမျိုးအစားတွေ ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် nosocomial infectionဟာ သေနှုန်းမြင့်သော ပိုးဝင်ခြင်းတစ်ခုဖြစ်ပြီး မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးလှပါတယ်။
.
.
???? ဘယ်ကနေတစ်ဆင့် ရောဂါပိုး ဝင်နိုင်သလဲ ?
များသောအားဖြင့် လူနာများရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ပိုးမွှားများမှတစ်ဆင့် ဖြစ်နိုင်ပါတယ်။
ပွင့်နေတဲ့အနာ ၊ ပိုးရှိတဲ့ဆီးနဲ့ မစင်မှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
ဆီးပိုက်တွေ ၊ အသက်ရှူပိုက်တွေ ၊ သွေးကြောထဲ ထိုးသွင်းထားတဲ့ ဆေးပစ္စည်းကိရိယာတွေကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
ဆေးရုံမှ ဝန်ထမ်းများ ( ဆရာဝန်၊ သူနာပြု၊ အကူဝန်ထမ်း)မှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
ဆေးရုံရဲ့ မသန့်ရှင်းတဲ့ အသုံးအဆောင်တွေဖြစ်တဲ့ အိပ်ရာ၊ စောင်၊ အိပ်ရာခင်း စသည်တို့မှလည်း ကူးစက်နိုင်ပါတယ်။
.
.
???? ဘယ်နေရာတွေကို ပိုးဝင်နိုင်သလဲ ?
– ဆီးလမ်းကြောင်း
– ခွဲစိတ်ထားတဲ့နေရာ
– အသက်ရှုလမ်းကြောင်း
– အစာအိမ်နှင့် အူလမ်းကြောင်း
– သွေးကြောထဲ….ဒါတွေကို အများဆုံး ကူးစက်ကြပါတယ်။
.
.
???? ဘယ်လို ကူးစက်နိုင်သလဲ ?
– ပိုးရှိအရာဖြင့် တိုက်ရိုက်ထိတွေ့ခြင်း
– လေထုမှတစ်ဆင့် ကူးစက်နိုင်ခြင်း
– သွေးမှတစ်ဆင့် ကူးစက်နိုင်ခြင်း
.
.
???? လူနာ အနေနဲ့ ဘယ်လို ကာကွယ်ကြမလဲ ?
• လက်သန့်ရှင်းရေး သေချာလုပ်ပါ ( hand gel နဲ့ဖြစ်စေ ၊ ဆပ်ပြာဖြင့်ဖြစ်စေ ဆေးကြောပါ)
• အနာရှိရင် သန့်ရှင်းအောင်ထားပေးပါ
• အနာကို တွေ့ကရာ ပစ္စည်းများဖြင့် ကလိခြင်းကိုရှောင်ကြဉ်ပါ
• လေကောင်းလေသန့်ရှိသောနေရာတွင်နေပါ
• နေရောင်ကောင်းကောင်းရသောနေရာတွင်နေပါ
• တစ်ယောက်နဲ့တစ်ယောက် ၆ ပေ ခြား၍ နေထိုင်ပြောဆိုပါ
• အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စတာတွေကို အပတ်စဉ် သေချာလျှော်သုံးပေးပါ
• သန့်ရှင်းသော အစာကိုပဲ စားပါ
• ဘီပိုး ကာကွယ်ဆေး ထိုးထားပါ
• အစာအာဟာရမျှတအောင် စားသောက်ပါ
• ရောဂါအခံရှိရင် သေချာကုသပါ ( ဥပမာ – ဆီးချို )
• ဆရာဝန်ညွှန်ကြားထားတဲ့ ပိုးသတ်ဆေးတွေကို မမေ့မလျော့ဘဲ သတ်မှတ်ထားတဲ့အတိုင်း သေချာသောက်သုံးပါ။
• ဆေးရုံတက်ရတဲ့ရက် နည်းနိုင်သမျှနည်းလေ ပိုကောင်းပါတယ်။
• ဆေးရုံတက်နေစဉ် လူနာ သတင်းလာမေးကြသည်ကို တတ်နိုင်သမျှ လျှော့ချပါ ။
.
.
ကျန်းမာ ပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ပါစေ ???? ….
Reference ????
Bailey & Love’s Short Practice of Surgery 27th edition (page -45,47)
Oxford hand book of Clinical Surgery edited by Greg McLatchie | Neil Borley Joanna Chikwe 4th Edition ( page -172 )
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.