ဆေးရုံ/ဆေးခန်းသွားရတာကို မနှစ်သက်နိုင် ဖြစ်ရတာ၊ စိတ်မသက်မသာ ဖြစ်ရတာဟာ ပုံမှန်စိတ်ခံစားချက် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဆေးရုံ/ဆေးခန်းကို ကြောက်လွန်းလို့ မိမိရဲ့ဆေးကုသမှုလိုအပ်ချက်အတွက်တောင် မသွားရဲတာမျိုး၊ နာမကျန်းဖြစ်နေတဲ့ ချစ်ရသူတွေဆီ လူနာသတင်း‌လေး သွားမေးဖို့တောင် ဝန်လေးနေတာမျိုးဆိုရင်တော့ သင့်မှာ ဆေးရုံ/ဆေးခန်းကြောက်တဲ့ စိတ်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။

???? ရောဂါရဲ့ သဘောသဘာဝ

– ဆေးရုံ/ဆေးခန်းတွေကို ရှောင်မယ်။

– ဆေးရုံ/ဆေးခန်း‌တွေရဲ့ အကြောင်းကို တွေးမိတာ၊ စိတ်ကူးမိတာနဲ့တင် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာတတ်တယ်။

– ဆေးရုံ/ဆေးခန်းသွားရဖို့ အကြောင်းဖန်လာမှာကိုလည်း ကြိုတွေးပြီး ကြောက်နေတတ်သေးတယ်။

– ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ ချစ်ရသူတွေဆီ လူနာသတင်းမေးဖို့တောင် မသွားနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ကြောက်စိတ်ဝင်လာချိန်မှာ

– နှလုံးခုန်မြန်တာ

– အသက်ရှူနှုန်းမြန်လာတာ

– ခေါင်းမူးတာ

– ချွေးတအားထွက်တာ

– ပျို့တာ၊ အန်တာ

– ကြွက်သားတောင့်တင်းတာ စတဲ့ ရောဂါလက္ခဏာရပ်တွေအပြင် အိပ်မက်ဆိုးမက်တာတွေအထိပါ ဖြစ်စေတတ်ပါတယ်။

???? Nosocomephobia လို့ခေါ်တဲ့ ဒီဆေးရုံဆေးခန်းကြောက်တဲ့ရောဂါဟာ အခြား Phobia အမျိုးအစားတွေလိုပဲ အသက်အရွယ်၊ ကျား/မ မရွေး ဖြစ်ပွားတတ်တဲ့ Phobia (ကြောက်စိတ်ဝင်ရောဂါ) တစ်မျိုးပါ။

ဒါ့အပြင် အခြား ​ကြောက်စိတ်ဝင်စိတ်ရောဂါ Phobia အမျိူးအစားတွေဖြစ်တဲ့

– နာကျင်မှုကိုကြောက်တဲ့ရောဂါ (Agliophobia)

– ရောဂါပိုးမွှားတွေကိုကြောက်တဲ့ရောဂါ (Mysophobia)

– သွေးကြောက်တဲ့ရောဂါ (Hemophobia)

– သေဆုံးခြင်းကိုကြောက်တဲ့ရောဂါ (Thanatophobia)

– ဆေးထိုးအပ်ကြောက်တဲ့ရောဂါ (Trypanophobia) စတာတွေနဲ့လည်း တွဲပြီးတွေ့ရတတ်လေ့ ရှိပါသေးတယ်။

???? ဆေးရုံ/ဆေးခန်းကြောက်တဲ့ရောဂါဟာ ဘာလို့ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို တိတိကျကျမသိကြရပါဘူး။ ဒါပေမယ့် စိုးရိမ်ပူပန်မှု လွန်ကဲတဲ့ရောဂါလို ကြောက်စိတ်ဝင် စိတ်ရောဂါ Phobia တစ်မျိုးပဲဖြစ်တာကြောင့် အကြောင်းရင်းတွေကို ဆက်စပ်ကြည့်လို့ ရပါတယ်။

– Genetic (မျိုးရိုးဗီဇ) နဲ့ ပတ်သက်ဆက်နွယ်မယ်လို့ ဆိုကြပါတယ်။

– နောက်ပြီး ဆေးရုံ/ဆေးခန်းနဲ့ပတ်သတ်တဲ့ ငယ်ဘဝဖြစ်ရပ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ဥပမာ – ငယ်ငယ်က ခေါင်းကွဲလို့ အစိမ်းသုံးချက်ချုပ်လိုက်ရတယ် ဆိုတာမျိုး)

– ဆေးရုံ/ဆေးခန်းနဲ့ ပတ်သက်တဲ့ မကောင်းတဲ့အမှတ်တရ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ (ဥပမာ – ဆေးရုံမှာပဲ မိမိချစ်ရသူတစ်ဦးဦးကို ဆုံးရှုံးခဲ့ရတာမျိုး)

– နာကျင်မှုကိုကြောက်လို့၊ ဆေးထိုးအပ်ကြောက်လို့၊ သွေးကြောက်လို့ စတာတွေကြောင့် ဆေးရုံ/ဆေးခန်းကြောက်တာလည်း ဖြစ်နိုင်ပါသေးတယ်။

– ဆေးရုံရဲ့ ပိုးသတ်ဆေးအနံ့၊ သွေးညှီနံ့၊ အညစ်အကြေးနံ့ စတာတွေကို မခံနိုင်လို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

– ဒါ့အပြင် သတင်းမီဒီယာ၊ ရုပ်ရှင်တွေရဲ့ ဆေးရုံနဲ့ပတ်သက်ပြီး တင်ဆက်ပုံတွေကလည်း ဆေးရုံ/ဆေးခန်းကြောက်တဲ့အပေါ်မှာ လွှမ်းမိုးမှု အတော်အတန်ရှိပါတယ်။

???? ဒီလိုဆိုတော့ ဒီစိတ်ရောဂါကို သက်သာလျော့ပါးအောင် ဘယ်လိုလုပ်နိုင်မလဲ….

မိမိရဲ့ကြောက်စိတ်ကြောင့် ဆေးရုံ/ဆေးခန်းသွားရောက်ဆေးကုသမှုခံယူဖို့ လိုအပ်ချက်ကိုပါ ထိခိုက်လာပြီဆိုရင်တော့ ဒီစိတ်ရောဂါကို ဆေးကုသမှုခံယူဖို့ လိုအပ်လာပါပြီ။

ဘယ်လိုကုသမှုတွေ ခံယူသင့်သလဲဆိုရင်တော့…

စိတ်ကျန်းမာ‌ရေးပညာရှင်တွေရဲ့ အကူအညီကို ရယူပြီး…

– Cognitive behavioural therapy (CBT) လို့ခေါ်တဲ့ စိတ်ကုထုံးတွေ

– Exposure therapy (ကြောက်တဲ့အရာတွေကို တဖြည်းဖြည်းချင်း ထိတွေ့ချဥ်းကပ်စေတဲ့) စိတ်ကုထုံးတွေ

– စိတ်ပညာနဲ့ စိတ်ကျန်းမာရေးသုံးဆေးဝါးတွေ စတာတွေနဲ့ ကုသနိုင်ပါတယ်။

???? နိဂုံးချုပ်အနေနဲ့ ကိုယ်ကိုယ်တိုင်ကရော ဘာတွေဆောင်ရွက်နိုင်မလဲဆိုရင်…

– စိတ်ဖိစီးမှုလျှော့ချတာ

– အရက်၊ မူးယစ်ဆေးဝါး ရှောင်ကြဥ်တာ

– ဆေးလိပ်ဖြတ်တာ

– ချစ်ရသူတွေနဲ့ အချိန်ကုန်ဆုံးတာ

– ဝါသနာပါတာကို ပြုလုပ်နေတာ စသဖြင့် ဆောင်ရွက်ပေးမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှုကို ရစေပြီး ဒီကြောက်စိတ်ကို တစ်မျိုးတစ်ဖုံ လျော့ပါးစေနိုင်ပါတယ်နော်။

Reference: ????

https : // my . clevelandclinic . org /health/diseases/22389-nosocomephobia-fear-of-hospitals

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here