Mpox ကျောက်ရောဂါ ကာကွယ်ရန်နည်းလမ်းများ (စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်)

0
41

✅ လူနာနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
✅ လက်ကို ရေနှင့် ဆပ်ပြာ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ။
✅ မိမိတွင် ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အနာဖေးများ ကွာကျပြီး အရေပြား အလွှာသစ် ဖြစ်ပေါ်လာသည်အထိ တစ်ဦးတည်း သီးသန့်ခွဲခြား၍ နေထိုင်ပါ။
✅ လူနာအနားတွင် အခြားသူများရှိပါက အနာများကို ဖုံးအုပ်ထားပါ။ နှာခေါင်းစည်း တပ်ဆင်ပါ။
✅ အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များ၊ အခန်းနေရာများကို မကြာခဏ ပိုးသတ်သန့်စင်ပါ။
✅ လိင်ဆက်ဆံပါက ရောဂါသက်သာအပြီး ၃ လကြာသည်အထိ ကွန်ဒုံးကို သတိကပ်၍ အသုံးပြုပါ။
✅ တိရစ္ဆာန် အသားများကို မစားသုံးမီ သေချာစွာ ချက်ပြုတ်ပါ။
✅ တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။
✅ အရည်ကြည်ဖုအနာများကို မကုတ်ခြစ်ရ။
✅ ရောဂါကူးစက်နိုင်ခြေ ရှိသူများကို ကာကွယ်ဆေးထိုးနှံခြင်း။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
..
..
အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁)မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။

ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏

(ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

(ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊)

LEAVE A REPLY

Please enter your comment!
Please enter your name here