အမေရဲ့အနမ်း ဘယ်လောက် အသုံးဝင်လည်းဆိုတာလေး ပြောပြပေးသွားမှာပါနော်

ကလေးငယ်လေးတွေက ဆော့ကစားရင်း နှာခေါင်းထဲကို ပစ္စည်းအသေးတွေ၊ ကစားစရာအသေးတွေ ထည့်တတ်ကြပါတယ်။ ဒါ့အပြင် ဓာတ်ခဲအဝိုင်းပြားအသေးတွေ၊ သံလိုက်တွေဟာ နှာခေါင်းထဲက ဆဲလ်တွေကို ပိုမို ပျက်စီးလွယ်တတ်ပါတယ်။

များသောအားဖြင့် နှာခေါင်းထဲ ပြင်ပပစ္စည်းဝင်တာ ကလေးတွေမှာဖြစ်ကြပေမယ့် လူကြီးစိတ်ရောဂါသမားတွေ၊ အသက်ကြီးပြီး သတိသိပ်မကောင်းတဲ့ လူနာတွေ တချို့လည်း တွေ့ဖူးပါတယ်ရှင်။

ကလေးလေးတွေ နှာခေါင်းထဲ ပစ္စည်းဝင်တာ အလွန်အရေးကြီးပါတယ်။ ထုတ်လို့လွယ်တာတွေက ကိစ္စမရှိပေမယ့် ကလေးကထုတ်ဖို့ငြင်း၊ ပစ္စည်းကလည်း ထုတ်ရခက်နေရင် နှာခေါင်းအနောက်ဘက်မှတစ်ဆင့် အသက်ရူလမ်းကြောင်းထဲဝင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်ရှင်။

ဒါကြောင့် ကလေးငယ်နှာခေါင်းထဲ ပစ္စည်းဝင်တယ်ဆို ပထမဆုံး ကလေးငယ်ကို မဝင်တဲ့ဘက်ကိုပိတ်ပြီး ပစ္စည်းဝင်တဲ့ဘက်ကို နှာညှစ်သလို ညှစ်ခိုင်းကြည့်ပါ။

အဆင်မပြေရင် ကလေးကို သက်တောင့်သက်သာနေရာမှာ ထိုင်ခိုင်းပြီး ပစ္စည်းမဝင်တဲ့ နှာခေါင်းဘက်ကို လက်တစ်ဖက်ကပိတ်ပြီး အမေ (သို့) လူကြီးတစ်ယောက်က မိမိပါးစပ်နဲ့ ကလေးငယ်နှုတ်ခမ်းကို အပြည့်ငုံပြီး လေအပြည့်မှုတ်ထည့်ပေးလိုက်ရင် ပိတ်နေတဲ့ပစ္စည်းလေးက ပြန်ထွက်လာတတ်ပါတယ်။ ဒါကို Mother Kiss လို့ ခေါ်တာပါ။

အိမ်မှာ ဒီလိုပုံစံနဲ့ ကြိုးစားလို့အဆင်မပြေရင် အိမ်မှာရှိတဲ့ပစ္စည်းတွေ (ဥပမာ- နားကြပ်တံ ၊ လက်) နဲ့ ကလေးငယ်နှာခေါင်းမှတစ်ဆင့် ကလော်ထုတ်ဖို့ မကြိုးစားပါနဲ့တော့။ တွန်းထည့်သလိုဖြစ်ပြီး ထုတ်ရပိုခက်တတ်လို့ပါရှင်။

ရေထည့်တာ၊ ရေရှူခိုင်းတာ၊ အသက်ကို အတင်းရှူခိုင်းတာတွေလည်း လုံးဝမလုပ်ရပါဘူး။

အထူးသဖြင့် ဓာတ်ခဲပြားအသေးတွေဆို ပိုဆိုးပါတယ်။ သူက နှာခေါင်းအတွင်းနံရံတွေကို လှိုက်စားသွားတတ်လို့ပါ။ ဒါမျိုးဆို မိမိဘာသာ ဘာမှမလုပ်ဘဲ ဆေးရုံအမြန်သွားပေးပါနော်။

ကျွန်မ အတွေ့ကြုံအရတော့ နှာခေါင်းထဲက ပစ္စည်း ထုတ်ရတာ တခြား နားတို့ မျက်လုံးတို့ကနေ ထုတ်ရတာထက် လွယ်ပါတယ်။ ဒါပေမယ့် ကလေးငယ်ကို လိုအပ်ရင်သေချာထိန်းပြီး သင့်လျော်မှန်ကန်တဲ့ ကိရိယာနဲ့သာ ထုတ်ရမှာပါ။ ဆေးရုံဆေးခန်းမှာဆို မိနစ်ပိုင်းသာ ကြာတတ်ပါတယ်။

ဒါပေမယ့် အိမ်မှာ အတင်းကလော်ထုတ်လာလို့ သွေးထွက်နေတာ၊ နှာခေါင်းထဲ ပြင်ပပစ္စည်း မတွေ့ရတော့ဘဲ အသက်ရှူလမ်းကြောင်းထဲထိ ဝင်တာမျိုးဖြစ်ရင်တော့ ကုသမှုက ပိုမိုရှုပ်ထွေးနိုင်ပါတယ်ရှင်။

ဒီပိုစ့်လေးဖတ်အပြီး လိုအပ်တဲ့အခါ အခုအကြံပြုချက်တွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်….။

Dr Cool
တယ်လီကျန်းမာ

Ref: 📖 https:// www. mayoclinic. org / first-aid/first-aid/basics/art-20056610#:~:text=Blow%20out%20of%20your%20nose.&text=If%20the%20object%20is%20stuck,mouth%20to%20create%20a%20seal.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here