မနက်ရောက်ရင် လူထက် ဖွားဖက်တော်ညီလေးက အရင်နိုးနှင့်နေတဲ့ အမျိုးသားတွေ ရှိကြတယ်မို့လား။

အဲဒီလို ညီလေးတွေ နိုးနှင့်နေတာက ရှက်စရာကိစ္စမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်တာကို ပြသနေတာဖြစ်ပါတယ်။ မနက်ခင်းမှာ ခဏတာ လိင်တံထောင်မတ်ခြင်းကို (Morning Wood) သို့မဟုတ် (Nocturnal Penile Tumescence) လို့လည်း ခေါ်ဝေါ်ကြပါတယ်။

ဒီကိစ္စဟာ ယောက်ျားလေးတွေမှာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကျားဟော်မုန်းပမာဏ (Testosterone level) အမြင့်ဆုံးရှိတဲ့ ငယ်ရွယ်သူတွေမှာတော့ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ညီလေးနိုးတာက ကျန်းမာရေးရဲ့ သဘာဝဖြစ်စဥ်သာ ဖြစ်ပြီးတော့ တခြား လိင်စိတ်နိုးကြွစေသော အတွေးများ၊ အိပ်မက်များနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။

❓ ညီလေးက ဘာကြောင့်နိုးလဲ……

၁။ အိပ်စက်မှု စက်ဝန်း – မနက်ခင်းမှာ ညီလေးနိုးထခြင်း (Morning wood) က ကျွန်တော်တို့ အိပ်စက်ရာမှာ အဆင့်တစ်ခုဖြစ်တဲ့ Rapid Eye Movement (REM) အခြေအနေမှာ ဖြစ်လေ့ရှိပါတယ်။ ကျွန်တော်တို့က အဲဒီအိပ်စက်မှုအဆင့် (REM Stage) မှာ နိုးထလာခဲ့ရင်တော့ ညီလေးလည်း နိုးနေမှာပါ။

၂။ ဟော်မုန်းပမာဏ – ကျားဟော်မုန်းတစ်ခုဖြစ်တဲ့ Testosterone ဟော်မုန်းက နံနက်ခင်းမှာဆိုရင် အမြင့်ဆုံးအဆင့်ထိ ထုတ်လွှတ်လေ့ရှိပါတယ်။ ဒီဟော်မုန်းဟာ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေမှာလည်း ကဏ္ဍတစ်ခုအနေနဲ့ပါဝင်ပြီး သူဟာ ညီလေးနိုးထခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။

၃။ ဆီးအိမ်တင်းခြင်း – ဆီးအိမ်တင်းနေခြင်းကလည်း အမျိုးသားအင်္ဂါဆီသို့စီးဆင်းတဲ့ သွေးလည်ပတ်မှုအပေါ် သက်ရောက်စေပြီး မနက်ခင်းမှာ ညီလေးနိုးထခြင်း (Morning Wood) ကို ဖြစ်စေပါတယ်။

၄။ အာရုံကြောစနစ် – အာရုံကြောစနစ်တွေထဲက တစ်ခုဖြစ်တဲ့ Parasympathetic System မှာဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်က Rest and Relaxation (နားနားနေနေ ပြေလျော့နေခြင်း) အနေအထားမှာ ရှိပါတယ်။ အဲဒီအခြေအနေမှာဆိုရင်လည်း ညီလေးနိုးထခြင်းက ဖြစ်တတ်ပါတယ်။

၅။ သွေးလည်ပတ်မှု – အဓိကအချက်တွေထဲမှာ သွေးလည်ပတ်မှုကလည်း တစ်ခုအပါအဝင်ပါပဲ။ နှလုံးကနေ ညှစ်ထုတ်လိုက်တဲ့ သွေးတွေက သွေးလွှတ်ကြောကနေတစ်ဆင့် ကျားအင်္ဂါဆီကို စီးဆင်းပါတယ်။ ဒီလိုစီးဆင်းရာမှာ သွေးကြောလည်ပတ်မှုကောင်းမွန်ခြင်းကလည်း ညီလေးကို နိုးထစေပါတယ်။

❓ ဘယ်လိုအချိန်မှာ နိုးထမှု လျော့နည်းလာတတ်လဲ……

  • စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုများနဲ့ နိုးထလာရတဲ့အခါ
  • နှလုံးအတွက်၊ ကျောက်ကပ်အတွက်၊ သွေးတိုးနဲ့ ဆီးချိုအတွက် ဆေးဝါးများ သောက်သုံးနေရတဲ့အခါ
  • အသက်အရွယ်ကြီးလာတဲ့အခါ
  • အမျိုးသားဟော်မုန်းပမာဏ (Testosterone level) လျော့နည်းလာတဲ့အခါ
  • ဆေးလိပ်နဲ့အရက်ကို အလွန်အကျွံသောက်သုံးတဲ့အခါမျိုးတွေမှာဆိုရင်တော့ ပုံမှန်ထက်ပိုပြီး လျော့နည်းလာတတ်ပါတယ်။

❓ ဘယ်လိုနည်း‌တွေနဲ့ ဆောင်ရန်၊ ရှောင်ရန် လုပ်လို့ရမလဲ……

  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပါ။
  • လတ်ဆတ်ပြီး ကောင်းမွန်တဲ့အစားအစာကို အာဟာရမျှတစွာ စားသုံးပေးပါ။
  • ကောင်းမွန်စွာ အိပ်စက်အနားယူပါ။
  • ဆေးလိပ်နဲ့အရက်ကို ရှောင်ကြဥ်ပေးပါ။

❓ ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြရမလဲ……

  • ညီလေးနိုးထလာခြင်း မရှိတော့တဲ့အခါ
  • ညီလေးနိုးထလာပေမယ့် နာကျင်နေရတဲ့အခါ
  • အချိန်ကာလတစ်ခုကြာတဲ့အထိ နိုးထနေတဲ့အခါမျိုးတွေမှာဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။
    .

ကျန်းမာရေးနဲ့ပတ်သက်ပြီး မိမိရောဂါအကြောင်းတစ်ခုခုသိလိုသည်ဖြစ်စေ၊ တစ်စုံတစ်ရာ ခံစားနေရလို့ ဆရာဝန်နဲ့ ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာက လူကြီးမင်းတို့အတွက် အမြဲအသင့် ရှိနေကြောင်းလည်း ပြောကြားပါရစေ….။ 🤍

Ref: 📖

  • medicalnewstoday . com / articles /

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here