စိတ်ကျန်းမာရေးဆိုတာ ဘာလဲ Mental Health Definition (October,2023)

0
288

အခုလာမယ့် အင်္ဂါနေ့….

အောက်တိုဘာ (၁၀) ရက်နေ့ဟာ “ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့” “ World Mental Health Day” ဖြစ်ပါတယ်နော် ????

ဒါကြောင့် စိတ်ကျန်းမာရေးဆိုတာ ဘာလဲ…

စိတ်ကျန်းမာခြင်းကို ဘယ်လိုအနက်အဓိပ္ပာယ် ဖွင့်ဆိုထားသလဲဆိုတာလေးကို အားလုံးသိရှိရအောင် မျှဝေပေးလိုက်ပါတယ်။

ဖတ်ကြည့် လေ့လာကြည့်ပေးကြပါဦးနော် ????

.

———————-။ ။——————–

.

စိတ်ကျန်းမာခြင်း ဆိုသည်မှာ စိတ်ရောဂါများ ကင်းဝေးရုံသာမက…

၁။ မိမိကိုယ်မိမိ ရှုမြင်သုံးသပ်ရာတွင် အထင်မသေးသကဲ့သို့ အထင်ကြီးခြင်းလည်း မရှိဘဲ ပကတိ အခြေအနေကို နှလုံးသွင်းလက်ခံနိုင်ခြင်း

၂။ မိမိ၏အမှား၊ ဟာကွက်များကို လက်ခံနိုင်စွမ်းရှိခြင်း

၃။ နေ့စဉ်ကြုံတွေ့နေရသော ကိစ္စအဝဝကို လုံလောက်သော ဝီရိယ၊ စေတနာနှင့် အေးဆေးစွာ ရင်ဆိုင်နိုင်စွမ်းရှိခြင်း

၄။ ယေဘုယျအားဖြင့် သူတစ်ပါးအပေါ်တွင် ယုံကြည်နိုင်ခြင်း၊ မေတ္တာထားနိုင်ခြင်းနှင့် လိုက်လျောညီထွေဆက်ဆံနိုင်ခြင်း

၅။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိ၍ ပေးအပ်သောတာဝန်များကို လက်ခံဆောင်ရွက်နိုင်စွမ်းရှိခြင်း စသည်တို့နှင့် ပြည့်စုံသောအခြေအနေကို ဆိုလိုပါသည်။

#တိုင်ပင်ဖော်

#mind_healer

#zero_suicide_campaign

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here