“ အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်ခြင်း (Mallory Weiss Tears)”

အစာရေမျိုပြွန်ဆိုတာ လည်ချောင်းနဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ ပြွန်တစ်ခု ဖြစ်ပါတယ်။

Mallory Weiss Syndrome မှာ အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်လေ့ရှိပါတယ်။ ဒီလိုပြဲထွက်ပြီး ဖြစ်လာတဲ့အကွဲကြောင်းတွေကို Mallory Weiss Tear လို့ ခေါ်ပြီး အစာရေမျိုပြွန်နဲ့ အစာအိမ် ဆုံတဲ့နေရာမှာ ဖြစ်တာများပါတယ်။ ဒီအကွဲကြောင်းတွေက အရွယ်အစားအားဖြင့် (၀.၇၅) လက်မမှ (၁.၅) လက်မအထိ ရှိပြီး တချို့မှာ အစာအိမ်ရဲ့အပေါ် ပိုင်းထိပါ ပြဲနေတတ်ပါတယ်။

အသက် ၄၀ နဲ့ ၆၀ နှစ်ကြား အရွယ်တွေမှာ အများဆုံး ဖြစ်တတ်ပြီး အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ကလေးတွေမှာ ဖြစ်တာ အလွန်နည်းပါတယ်။

???? Mallory Weiss Tear ဘာကြောင့် ဖြစ်လဲ

ဝမ်းဗိုက်အတွင်း ဖိအားများလို့ Mallory Weiss tear တွေ ဖြစ်တာပါ။ ဝမ်းဗိုက်အတွင်း ဖိအားများလာပြီး အစာအိမ်အတွင်းမှ အစားအစာတွေကို အစာရေမျိုပြွန်ထဲ တွန်းပို့လို့ ဖြစ်ရတာပါ။

????ဝမ်းဗိုက်အတွင်း ဖိအားများ​စေတဲ့ အကြောင်းရင်းတချို့ကတော့…

  • ပြင်းထန်စွာ ပျို့အန်ခြင်း
  • အလေးအပင် မခြင်း
  • အချိန်ကြာ ချောင်းဆိုးခြင်း
  • CPR လို့ခေါ်တဲ့ ရင်ဘတ်ကိုဖိပြီး အရေးပေါ်အသက်ကယ်ဆယ်မှုခံရပြီးနောက် နဲ့
  • ဝမ်းဗိုက် (သို့မဟုတ်) ရင်ဘတ် ဒဏ်ရာရခြင်းတို့ ဖြစ်ပါတယ်။

????အောက်ပါအခြေအနေတွေက Mallory Weiss tear ဖြစ်နိုင်ခြေ ပိုများစေပါတယ်…

  • အရက် အလွန်အကျွံ သောက်ပြီးနောက် ဝေါ့ခနဲထိုးအန်တဲ့အခါ
  • bulimia လို့ ခေါ်တဲ့ အစာကို တစ်ထိုင်ထဲစားပြီး ပြန်အန်တဲ့ ရောဂါ
  • cyclic vomiting syndrome (CVS) လို့ ခေါ်တဲ့ မအီမသာဖြစ်ပြီး မကြာမဏ ပျို့အန်တဲ့ရောဂါ
  • အစာရေမျိုပြွန်မှာရှိတဲ့ သွေးပြန်ကြောတွေ ထုံးပြီး ဖောင်းပွသွားတဲ့ esophageal varices
  • ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ မအီမသာဖြစ်ပြီး အန်တတ်တဲ့ hyperemesis gravidarum
  • အစာအိမ်အတွင်းမှ အက်ဆစ်တွေ အစာရေမျိုပြွန်နဲ့ ပါးစပ်ထဲ ပြန်စီးတဲ့ gastroesophageal reflux disease (GERD)
  • portal hypertension လို့ ခေါ်တဲ့ အစာခြေအင်္ဂါတွေဆီကသွေးတွေ အသည်းကို ပို့ပေးတဲ့ သွေးပြန်ကြော (portal vein) မှာ ဖိအားများတဲ့အခါတို့ ဖြစ်ပါတယ် …

အစာအိမ်မှန်ပြောင်းကြည့်လို့တော့ Mallory Weiss tear ရတာ မရှိသလောက် နည်းပါတယ်။

???? Mallory Weiss tear မှာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရလဲ

အဖြစ်များဆုံး ရောဂါလက္ခဏာက သွေးအန်တာဖြစ်ပြီး Mallory Weiss tear ရဲ့ ၈၅ ရာခိုင်နှုန်းမှာ တွေ့ရပါတယ်။ သွေးဟာ အနီရောင်အရင့်၊ အညိုရောင်အရင့် (သို့မဟုတ်) ကော်ဖီရောင် ဖြစ်တတ်ပါတယ်။

????တခြား ရောဂါလက္ခဏာတွေအနေနဲ့…

  • ဝမ်းအမည်းသွားပြီး စေးကပ်နေတာ
  • မူးဝေတာ
  • သတိလစ်တာတွေ ဖြစ်တတ်ပါတယ်။

???? Mallory Weiss tear ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်နိုင်လဲ

Mallory Weiss tear ကို မကုသဘဲနေရင် သွေးအားနည်းပြီး မောပန်းနွမ်းနယ်တာ၊ အသက်ရှူရ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

Mallory Weiss tear အပြင်းအထန်ဖြစ်ပြီး သွေးထွက်လွန်ခဲ့ရင် shock ရပြီး အောက်ပါရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်…

  • ဂနာမငြိမ် စိုးရိမ်ကြောင့်ကြခြင်း
  • အာခြောက်ခြင်း၊ ရေငတ်ခြင်း
  • မအီမသာဖြစ်ခြင်း
  • မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ပြီး ခြေဖျားလက်ဖျား အေးစက်နေခြင်း
  • ရင်တုန်ခြင်း
  • အသက်ရှူမြန်ခြင်း
  • အားနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။

Mallory Weiss tear ရှိ/မရှိကို အစာအိမ်မှန်ပြောင်းကြည့်ပြီး သိရှိနိုင်ပါတယ်။

???? Mallory Weiss tear ကို ဘယ်လို ကုသနိုင်လဲ

Mallory Weiss tear ဖြစ်နေတဲ့ လူနာအများစုမှာ သွေးထွက်ခြင်းဟ ၇၂ နာရီအတွင်း သူ့အလိုလို ရပ်တန့်သွားလေ့ရှိပါတယ်။

သောက်ဆေးအနေနဲ့ အစာအိမ်မှ အက်ဆစ်လျှော့ချဖို့ဆေးတွေကို ပေးလေ့ရှိပါတယ်။

ဆေးနဲ့ မသက်သာရင် အစာအိမ်မှန်ပြောင်းအသုံးပြုပြီး ဆေးသွင်းပြီးသွေးကြောပိတ်အောင်လုပ်တာ၊ tear ကို clip နဲ့ ညှပ်ပြီး (သို့မဟုတ်) ကြိုးချည်ပီး သွေးထွက်တာကို ရပ်တန့်အောင် လုပ်လို့ရပါတယ်။

ဒါတွေနဲ့မှ မသက်သာရင်တော့ နောက်ဆုံးအနေနဲ့ ခွဲစိတ်မှုပြုလုပ်ပြီး tear ကို ချုပ်ရပါတယ်။

Reference : ????

https:// my .http://clevelandclinic.org/…/22035-mallory-weiss-tear

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here