နို့တိုက်ခြင်းဖြင့် သဘာဝအတိုင်း သန္ဓေတားနည်း (Lactational amenorrhea)

Lactational Amenorrhea Method (LAM) ကို စဉ်ဆက်မပြတ် တောက်လျှောက်နို့တိုက်ခြင်းလို့ ခေါ်ကြပါတယ်။ LAM ဟာ ကလေးမွေးဖွားပြီးနောက် ကိုယ်ဝန်မရအောင် ကာကွယ်နိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ ဘေးကင်းတာ၊ အခမဲ့ဖြစ်တာနဲ့ ထိရောက်မှုရှိတာကြောင့် LAM ကို သဘောကျကြပါတယ်။

..

..

????နို့တိုက်နေရင်းနဲ့ ကိုယ်ဝန်ရနိုင်ခြေ ရှိလား

Lactational Amenorrhea Method ဟာ ထိရောက်တဲ့ သန္ဓေတားနည်းတစ်ခုဖြစ်ပေမယ့်လည်း သတိထားရမယ့်အချက်တွေ ရှိပါတယ်။ သတိမထားမိပါက နို့တိုက်နေပေမယ့်လည်း ကိုယ်ဝန်ရနိုင်ပါတယ်။

ကလေးမွေးပြီးပြီးချင်း ခြောက်လလောက်ထိ ရာသီသွေးပြန်မလာသေးရင်သာ စဉ်ဆက်မပြတ်တောက်လျှောက်နို့တိုက်ခြင်းကို သန္ဓေတားနည်းအဖြစ် အားကိုးသင့်ပါတယ်။ ခြောက်လနောက်ပိုင်းထိ မိခင်နို့တိုက်နေချိန်မှာတော့ အခြားသန္ဓေတားနည်းတွေကို သုံးသင့်ပါတယ်။

..

..

????စဉ်ဆက်မပြတ် တောက်လျှောက်မိခင်နို့တိုက်ကျွေးခြင်းဟာ သန္ဓေတားနည်းအနေနဲ့ ဘယ်လိုလုပ်ဆောင်တာလဲ

ကလေးမွေးပြီးနောက် မိခင်နို့ကို အဆက်မပြတ် တိုက်ကျွေးနေခြင်းက သန္ဓေတားနည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ နို့ထွက်ခြင်းကို လှုံ့ဆော်ပေးတဲ့ဟော်မုန်းတွေဟာ သားဥကြွေခြင်းကို ဟန့်တားပေးပါတယ်။ ခန္ဓာကိုယ်က လစဉ်မျိုးဥမထုတ်တဲ့အခါ ကိုယ်ဝန်မရနိုင်ပါဘူး။

LAM နည်းလမ်း ထိရောက်စေဖို့အတွက် သင့်ကလေးအား မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရပါမယ်။ မိခင်နို့မှလွဲ၍ အခြားဘာမှမတိုက်ရပါဘူး။

..

..

????ဒီ LAM နည်းလမ်းက ဘယ်လိုကောင်းကျိုးတွေရှိလဲ

LAM နည်းလမ်းနဲ့ သန္ဓေတားခြင်းက ဘေးထွက်ဆိုးကျိုးမရှိပါ။ အဆင်ပြေပြီး ငွေကြေးကုန်ကျမှုလည်းမရှိပါ။ သဘာဝနည်းလမ်းဖြစ်တာကြောင့် ဟော်မုန်းညီမျှမှုကိုလည်း မထိခိုက်ပါ။ ဆေးညွှန်း၊ တစ်စုံတစ်ယောက်ရဲ့ လမ်းညွှန်မှုလည်း မလိုအပ်ပါ။ ချက်ချင်းထိရောက်ပါတယ်။ မွေးဖွားပြီးနောက် သွေးဆင်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ကွန်ဒုံးကဲ့သို့ အခြားသော သန္ဓေတားပစ္စည်းတွေ သုံးစရာမလိုတာကြောင့် ပိုကောင်းပါတယ်။

ကလေးအတွက် ကောင်းကျိုးတွေကတော့ မေမေနှင့် ကလေးကြား ဆက်ဆံရေးကို တိုးမြှင့်ပေးပါတယ်။ ဓာတ်မတည့်မှုဖြစ်နိုင်ခြေကို ကာကွယ်ပေးပြီး ပန်းနာရင်ကျပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ မိခင်ရဲ့ antibodies တွေက နို့ရည်မှတစ်ဆင့်ပါသွားပြီး ကူးစက်ရောဂါအချို့ကို ကာကွယ်ပေးနိုင်ပါတယ်။ အကောင်းဆုံး အာဟာရကိုလည်း ရရှိနိုင်ပါတယ်။

..

..

????ကောင်းကျိုးရှိသလို ဆိုးကျိုးတွေကရော ဘာတွေလဲ

လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုတော့ မကာကွယ်နိုင်ပါဘူး။ ကလေးမွေးပြီး ခြောက်လအကြာထိသာ ဒီနည်းလမ်းကို သုံးလို့ရပါတယ်။ မိန်းမကိုယ်ရှိ ချောဆီတွေကို လျော့ကျစေပါတယ်။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဟာ လုပ်ဆောင်ဖို့ခက်ခဲနိုင်တယ်။ နို့တိုက်တာက ရင်သားအလှပျက်စေတယ်လို့ ဆိုကြပါတယ်။

..

..

????ဒီ LAM နည်းလမ်းဟာ ဘယ်လောက်ထိ ထိရောက်မှုရှိလဲ

စဉ်ဆက်မပြတ် တောက်လျှောက်မိခင်နို့တိုက်ခြင်းဟာ ကလေးမွေးပြီးနောက် ၆ လကြာအထိ ရာသီသွေးမပေါ်သေးတဲ့သူတွေမှာ ၉၈% လောက်ထိ ထိရောက်မှုရှိပါတယ်။ ဒီနည်းလမ်းကို ပုံမှန်တိုင်းပဲ လုပ်မယ်ဆိုရင်တောင် ၉၅% ထိရောက်မှုရှိပြီး သေချာနည်းလမ်းတကျ လုပ်မယ်ဆိုရင်တော့ ၉၈% ခန့် ထိရောက်မှုရှိနိုင်ပါတယ်။

ထိရောက်မှုနှုန်းဟာ ကလေးမွေးဖွားပြီးနောက် ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးနေသော အမျိုးသမီးများတွင်သာ သက်ရောက်မှုရှိပါတယ်။

..

..

????စဉ်ဆက်မပြတ် မိခင်နို့တိုက်ကျွေးခြင်းကို သန္ဓေတားနည်းအနေနဲ့ သုံးတော့မယ်ဆိုရင် ဘယ်လိုအရာတွေကို သိထားရမလဲ

LAM နည်းလမ်းကို ကလေးမီးဖွားပြီး ခြောက်လအကြာထိသာ သုံးနိုင်ပါတယ်။ ထို ၆ လအတွင်းမိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရပါမယ်။

နေ့ဘက်တွေမှာ ၄ နာရီခြားတစ်ခါနဲ့ ညဘက်တွေမှာ ၆ နာရီခြားတစ်ခါ နို့တိုက်သင့်ပါတယ်။ ကလေးမွေးပြီးနောက် လစဉ်ရာသီမလာနေရပါဘူး။

ဒါ့ကြောင့် ကလေးမွေးပြီး ၆ လကျော်ပြီးတဲ့နောက်မှာ LAM ကို မသုံးသင့်ပါဘူး။ ကလေးမွေးပြီးကတည်းက ရာသီလာနေရင်လည်း ထိရောက်မှုမရှိပါဘူး။ ကလေးကို မိခင်နို့တစ်မျိုးတည်း တိုက်နေပေမယ့်လည်း ၆ လပြည့်တဲ့အခါ အခြားသောသန္ဓေတားနည်းကိုပါ သုံးရပါမယ်။

ဒါ့အပြင် ကလေးကို တစ်နေ့လျှင် အနည်းဆုံး ၆ ကြိမ် နို့တိုက်ကျွေးဖို့လိုပြီး မိခင်နို့မှလွဲ၍ အခြားမတိုက်ရပါ။ အကောင်းဆုံးသန္ဓေတားနည်း ရလဒ်များရရှိဖို့ ကလေးကို ဖြည့်စွက်စာ ၅% မှ ၁၀% ထက် ပို၍မကျွေးရပါ။

..

..

????မိခင်နို့ကို pump နဲ့ညှစ်ပြီးမှ တိုက်ရင်ရော LAM နည်းလမ်းက ထိရောက်နိုင်သေးလား

မိခင်နို့ကို ပုလင်းများထဲသို့ pump နဲ့စုပ်ထည့်ပြီးမှ တိုက်ခြင်းဟာ သဘာဝအတိုင်း တိုက်ရိုက်နို့တိုက်ခြင်းထက် ထိရောက်မှုနည်းပါတယ်။ American College of Obstetricians and Gynecologists က တိုက်ရိုက်နို့တိုက်ခြင်းဟာ Lactational Amenorrhea Method အတွက် အထိရောက်ဆုံးနည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

နို့ဘူးနဲ့တိုက်တဲ့အခါ ကလေးရဲ့နို့စို့တဲ့အကြိမ်ရေကို လျော့နည်းစေပါတယ်။ မိခင်ရဲ့ neuroendocrine တုံ့ပြန်မှုကိုလည်း လျော့ကျစေပြီး ကိုယ်ဝန်ရရှိဖို့ အခွင့်အလမ်းပိုများပါတယ်။

Reference : ????

https://www.verywellhealth.com/can-i-get-pregnant-while…

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here