“ သံဓာတ်အားဆေး သောက်တော့မယ်ဆိုရင်”

အကြောင်းအမျိုးမျိုးကြောင့် သံဓာတ်အားဆေးသောက်နေရတယ်ဆို ဒီပိုစ့်ကို အဆုံးထိ ဖတ်ကြည့်ပါနော်….

????သံဓာတ်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် အစားအစာမှာပါဝင်လေ့ရှိပေမယ့် ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံ အမျိုးမျိုးကြောင့်ဖြစ်စေ၊ တချို့ရောဂါ အခြေအနေတွေကြောင့်ဖြစ်စေ သံဓာတ်နည်းကာ သွေးအားနည်းရောဂါ ခံစားရလေ့ရှိပါတယ်။

ဒီအတွက် သံဓာတ်ပြန်လည်ဖြည့်စွက်ပေးတဲ့ သံဓာတ်အားဆေးကို ဆေးတောင့်၊ ဆေးပြား၊ အရည် ပုံစံအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။

သံဓာတ်အားဆေးမသောက်ခင်မှာ သောက်သင့်တဲ့ပမာဏနဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်သင့်ပါတယ်။

..

..

???? ဘယ်အချိန်မှာသောက်သင့်သလဲ

✔️ သံဓာတ်အားဆေးကို အစာအိမ်မှာ အစာမရှိချိန် သောက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အစာမစားခင် ၁ နာရီ (သို့) စားပြီး ၂ နာရီအကြာမှာ သောက်လို့ရပါတယ်။

✔️ ဗီတာမင်စီက ခန္ဓာကိုယ်ကို သံဓာတ်အားဆေးစုပ်ယူမှု အားကောင်းစေတဲ့အတွက် ဗီတာမင်စီ ကြွယ်ဝတဲ့ ဖျော်ရည်၊ အားဆေးတို့နဲ့ တွဲသောက်ဖို့ အကြံပြုလေ့ရှိပါတယ်။

✔️ နွားနို့၊ ကော်ဖီ၊ အစာအိမ်ဆေးတွေက သံဓာတ်အားဆေးရဲ့ အာနိသင်ကျစေနိုင်တာမို့ အနည်းဆုံး ၂ နာရီခြားပြီးမှ သောက်သင့်ပါတယ်။

..

..

???? အားဆေး မသောက်ခင် ဘာတွေသိထားသင့်သလဲ

သံဓာတ်အားဆေး သောက်ပြီးနောက်…

– ဝမ်းချုပ်ခြင်း

– ဝမ်းဗိုက်မအီမသာဖြစ်ခြင်း

– ပျို့ခြင်း၊ အန်ခြင်း

– အစားအသောက်ပျက်ခြင်း

– ဝမ်းပျက်ခြင်း

– ဝမ်းမည်းမည်းသွားခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

သံဓာတ်အားဆေးသောက်ပြီးနောက် ဝမ်းချုပ်ခြင်း၊ ဝမ်းအရောင်ပြောင်းခြင်းကို လူနာအများစု ခံစားရလေ့ရှိပါတယ်။

ဝမ်းမည်းရုံသာမက ဝမ်းဗိုက်စူးနာပြီး ဝမ်းထဲသွေးစပါလာရင်တော့ ဆရာဝန်နဲ့ ပြန်လည် ပြသသင့်ပါတယ်။

သံဓာတ်အားဆေးအရည် မှီဝဲပါက သွားအရောင်လည်း ပြောင်းတတ်ပါတယ်။

..

..

????သတိပြုစရာ

“တန်ဆေး လွန်ဘေး” ဆိုသလို မလိုအပ်ဘဲ သံဓာတ်အားဆေး အလွန်အကျွံသောက်သုံးခဲ့ရင်တော့ ခန္ဓာကိုယ်မှာ သံဓာတ်တွေ ပိုလျှံလာပြီး ကိုယ်တွင်းအင်္ဂါတွေမှာ စုပုံလာပါတယ်။

နောက်ဆက်တွဲအနေနဲ့ အသည်းမှာ စုပုံလာပါက အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်းတို့အပြင်၊ တခြား အစာအိမ် အူလမ်းကြောင်းပြဿနာများ၊ အရေပြားအရောင်ပြောင်းခြင်း အစရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့်မို့ သံဓာတ်အားဆေးကို သောက်သင့်တဲ့ပမာဏ၊ ကောင်းကျိုး၊ ဆိုးကျိုးအတွက် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ မှီဝဲသင့်ပါတယ်။

????Reference: https:// medlineplus. gov /ency/article/007478.htm

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here