ခြေစွယ်ငုပ်ခြင်း

ခြေစွယ်ငုပ်ခြင်းဟာ ခုနောက်ပိုင်း ရှူးဖိနပ်တွေ စီးတဲ့ ‌ခေတ်ပိုင်းတွေမှာ ပိုအဖြစ်များလာပါတယ်။ အဓိကကတော့ ခြေသည်းညှပ်တဲ့ပုံစံမှားယွင်းလို့ ခြေသည်းက အသားထဲစိုက်၀င်ရာကနေ ခဏခဏနာ၊ ရောင် ၊ ပိုး၀င်ပြီး ပြည်တည်တဲ့အထိဖြစ်လာတတ်ပါတယ်။ အဲလိုပိုး၀င်တဲ့အခါ အနာဆုံးပါ။

✅ခြေသည်းညှပ်နည်း

ခြေသည်းညှပ်ရာမှာ ခြေသည်းထောင့်တွေကို ပုံပါအတိုင်း ထောင့်ကျကျညှပ်ရမယ်၊ ဘေးထောင့်က ခြေထောက်အသားကိုကျော်အောင် အရှည်ထားပြီးညှပ်ရမှာ ဖြစ်ပါတယ်။ ခြေသည်းအသားကို ကျော်အောင်မညှပ်ရင် ခြေသည်းရှည်လာတဲ့အခါ‌ ထောင့်ကအသားထဲ စိုက်၀င်ပြီးခြေစွယ်ငုပ်ပါတယ်။ ဝိုက်ဝိုက်ကလေးလည်း မညှပ်ရပါ။ ထောင့်ကျကျ ပုံပါအတိုင်း ညှပ်ဖို့လိုပါတယ်။

ခြေသည်းလက်သည်းညှပ်ရင် ရေချိုးပြီးကာစ ခြေသည်းလက်သည်းပျော့ပျောင်းချိန်မှာ ညှပ်တာ ပိုအဆင်ပြေပါတယ်။ ခြေသည်းထောင့်တွေကို အချွန်တွေနဲ့ ခဏခဏ မကလော်ရပါ။ ခိုက်မိ/သွေးထွက်ပြီး ပိုး၀င်ရင် ပြည်တည်နိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုသမားများ မနာဘူးဆိုပြီး ခြေထောက်တအား မကလိရပါ။ သူများထက်လည်း ပိုးပို၀င်လွယ်ပါတယ်။

❗ခြေစွယ်မငုပ်ချင်ရင်

အပေါ်မှာညွှန်ကြားထားတဲ့ ခြေသည်းညှပ်နည်းအတိုင်း လိုက်နာပါ။
ဖိနပ်ကို ထိပ်စု/ ထိပ်ကျပ်နေတဲ့ ရှူးဖိနပ်မျိုးစီးခြင်းမှ ရှောင်ကျဉ်ပါ။

❓ခြေစွယ်ငုပ်ခဲ့ရင်

ခြေစွယ်ငုပ်ခဲ့ရင် ခြေသည်းထဲ စိုက်၀င်နေတဲ့ အချွန်ကို ညှပ်ပစ်ရမှာပါ။ ခဏခဏ မကလော်ပါနဲ့။ ​ဖိနပ်ထိပ်ပိုင်းကြပ်တာ မစီးပါနဲ့။ ကောင်းတာတော့ ခြေညှပ်ဖိနပ် (သို့) ကွင်းထိုးဖိနပ်တွေစီးတာ ပိုကောင်းပါတယ်။ ပြီးရင်တော့ ဆရာ၀န်နဲ့ပြပါ တိုင်ပင်ပါ။
လိုအပ်ရင် ဆရာ၀န်က စိုက်၀င်နေတဲ့ ခြေသည်း အပိုင်းလိုသလောက်ကို ဖြတ်ထုတ်ပေးပါလိမ့်မယ်။ တစ်ခါတရံလည်း ခြေသည်းခွံတခုလုံး ခွာလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ပိုး၀င်ရင် ပိုးသတ်ဆေးလည်းသောက်ဖို့လိုမှာပါ။

ခြေစွယ်လေးငုပ်ရုံပဲဆိုပေမယ့် တကယ်ဖြစ်လို့ ပိုးပါ၀င်ခဲ့ရင် အရမ်းခံရခက်တာ နာတာမို့ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Referenceး

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.294.

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of health,

National Unity Government.