အစာမကြေဘူးဆိုတဲ့ လက္ခဏာရပ်ဟာ ကမ္ဘာပေါ်မှာ လူတိုင်းကြုံဖူးကြမယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ရောဂါကြောင့် မစာမကြေခံစားရတာ ဖြစ်နိုင်သလို တစ်ခါတစ်ရံလည်း ရောဂါကြောင့်မဟုတ်ဘဲ မိမိရဲ့ စားသောက်နေထိုင်မှုမမှန်လို့ အစာမကြေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ လူတိုင်း မလွဲမသွေကြုံတွေ့ရနိုင်တာကြောင့် အစာမကြေခြင်းနဲ့ပတ်သက်ပြီး သိထားဖို့တော့ လိုအပ်ပါတယ်။

အစာမကြေဖြစ်တဲ့ လူတစ်ယောက်မှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ ဗိုက်နာတာ၊ အစာစစားတဲ့အချိန်မှာ ဗိုက်ပြည့်သလို ခံစားတာတွေပဲ ဖြစ်ပါတယ်။

..

..

???? ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ?

• အစားအများကြီး မစားဘဲနဲ့ စောစောစီးစီး ဗိုက်ပြည့်သွားတာ

• စားပြီးနောက်ပိုင်းမှာလည်း အချိန်ကာလအကြာကြီး ဗိုက်ပြည့်နေတာ

• ဝမ်းဗိုက်အပေါ်ပိုင်းမှာ မသက်မသာ ခံစားရတာ၊ ပူပူလောင်လောင် ခံစားရတာ ဒါမှမဟုတ် ဖောင်းကားတင်းနေတာ

• ပျို့တာ၊ အန်တာ၊ ခဏခဏ လေချဥ်တက်နေတာ

• ရင်ပူတာ အစရှိတာတွေ ခံစားရနိုင်ပါတယ်။

..

..

???? ဘာကြောင့် အစာမကြေဖြစ်ရသလဲ ?

• လိုတာထက် ပိုစားမိတာကြောင့်၊ ဒါမှမဟုတ် မြန်မြန်စားမိတာကြောင့်

• အဆီများတဲ့၊ စပ်တဲ့ အစားအသောက်တွေကြောင့်

• ကဖင်းပါတဲ့ အစားအသောက်တွေ၊ အရက်၊ ချောကလက်နဲ့ ကာဗွန်ပါတဲ့ ဖျော်ရည်တွေကြောင့်

• ဆေးလိပ်သောက်ခြင်းကြောင့်

• စိတ်ဖိစီးမှုများတာကြောင့်

• တချို့သော ပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ သံဓာတ်အားဖြည့်ဆေးတွေကြောင့် အစာမကြေတာ ဖြစ်တတ်ပါတယ်။

ဒါတွေတင်မကဘဲ…

– irritable bowel syndrome လို့ခေါ်တဲ့ အူရောင်တဲ့ရောဂါ

– အစာအိမ်ရောင်ရောဂါ

– Gluten နဲ့မတည့်တဲ့ရောဂါ

– သည်းခြေ‌ကျောက်တည်တဲ့ရောဂါ

– မုန့်ချိုအိတ်ရောင်ရောဂါ

– အစာအိမ်ကင်ဆာ

– အူပိတ်တဲ့ရောဂါ

– နာတာရှည် ဆီးချိုရောဂါ

– သိုင်းရွိုက်ရောဂါအပြင်

– ကိုယ်ဝန်ဆောင်ရောဂါတချို့တွေမှာလည်း အစာမကြေတာမျိုး ဖြစ်တတ်ပါတယ်။

..

..

???? ဘယ်လို ကုသကြမလဲ ?

အထက်မှာ ဖော်ပြခဲ့တဲ့ အစာမကြေတာကို ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ရှားပါ။

အစား (၃) နပ်ကို ပမာဏများများစားမယ့်အစား နည်းနည်းချင်းစီနဲ့ မကြာခဏ စားပေးပါ။

အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။

အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့မိမိ ခဏခဏသောက်တာ ရှောင်ပါ။

စိတ်ဖိစီးမှု ကင်းဝေးအောင် နေပါ။

လိုအပ်ရင်တော့ အစာအိမ်ရောဂါသောက်ဆေးတွေကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဆေးတိုင်းမှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးတာ ပိုမိုသင့်လျော်ပါတယ်။

..

..

❗ မကြာခဏ အစာမကြေဖြစ်တတ်တဲ့ သူတွေအနေနဲ့…

• အစားအသောက်ကို နည်းနည်းချင်းစီနဲ့ မကြာခဏ စားပေးပါ။

• ကိုယ်အလေးချိန် ထိန်းထားပါ။

• အထက်မှာ ဖော်ပြခဲ့တဲ့ အစာမကြေခြင်းကို တွန်းအားပေးတဲ့ အစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်ပါ။

• ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

• စိတ်ဖိစီးမှု ကင်းဝေးအောင်နေပါ။

ဒါပေမယ့် မိမိမှာ အစာမကြေတာအပြင်….

– အစားအသောက်တွေ ပျက်တာ၊ ကိုယ်အလေးချိန်ကျသွားတာ

– ခဏခဏ အန်တာ၊ သွေးအန်တာ

– ဝမ်းမည်းမည်းသွားတာ

– အစာမျိုရ တဖြည်းဖြည်း ခက်ခဲလာတာ

– မကြာခဏ မောပန်း၊ ပင်ပန်းလွယ်တာ

– လှုပ်ရှားလိုက်တိုင်း ရင်ဘတ်အောင့်တာမျိုး ကြုံတွေ့ခဲ့ရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

ဒီလောက်ဆို အစာမကြေတာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ သိလောက်ပြီလို့ ထင်ပါတယ်။

Ref : ????

https://www.mayoclinic.org/…/symptoms-causes/syc-20352211

https://www.mayoclinic.org/…/diagnosis…/drc-20352215

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here