မိမိကိုယ်ကို အထင်သေး သံသယဝင်ခြင်း (Imposter Syndrome)

တခြားသူရဲ့အထင်မဟုတ်ဘဲ သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်မှုတွေကို သင်ကိုယ်တိုင် သံသယဝင်နေတယ်ဆိုရင်တော့ Imposter Syndrome ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါဟာ တကယ့်စိတ်ကျန်းမာရေးအခြေအနေတော့ မဟုတ်ပါဘူး။ Imposter phenomenon ဒါမှမဟုတ် Fraud syndrome လို့လည်း ခေါ်ကြပါတယ်။ ကိုယ်ဟာ တခြားသူတွေလောက် မစွမ်းဆောင်နိုင်ဘူးလို့ ယူဆတတ်ပြီး အခြားသူတွေက သင့်ကို အတုအယောင်လို့ ထင်မှာကို စိုးရိမ်တတ်ကြတာပဲဖြစ်ပါတယ်။

???? ဘယ်သူတွေဟာ Imposter Syndrome ဖြစ်နိုင်ခြေများလဲ…….

၁၉၇၈ ခုနှစ်မှာ စိတ်ပညာရှင် Suzanne Imes နဲ့ Pauline Rose Clance တို့ဟာ အောင်မြင်နေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေမှာ Imposter syndrome ကို ပထမဆုံး တွေ့ရှိဖော်ပြခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ လုပ်ငန်းခွင်အများအပြားမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ Imposter syndrome အဖြစ်များလာတာကို တွေ့ရှိရပါတယ်။

လေ့လာမှုအရ လူအားလုံးရဲ့ ၇၀% ခန့်ဟာ တစ်ခါခါတော့ ကိုယ့်ကိုယ်ကို အတုအယောင်တစ်ယောက် (Imposter) အဖြစ် ခံစားခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ Imposter Syndrome ဟာ စွမ်းဆောင်နိုင်စွမ်းမြင့်မားပြီး ပြီးပြည့်စုံတဲ့သူတွေကို မကြာခဏ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ကိုယ့်ကိုယ်ကို သံသယရှိတယ်လို့ ခံစားရသူတွေထဲမှာ သိပ္ပံပညာရှင် Albert Einstein၊ အားကစားသမား Serena Williams၊ အဆိုတော် Jennifer Lopez နဲ့ သရုပ်ဆောင် Natalie Portman၊ Lupita Nyong’o နဲ့ Tom Hanks တို့လည်း ပါဝင်ဖူးတယ်လို့ ဆိုပါတယ်။

လေ့လာမှုတွေအရ အများစုနဲ့ကွာခြားပြီး ခေတ်မီနည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့အမျိုးသမီးတွေအပြင် မိသားစုထဲက ပထမဆုံးကောလိပ်ကျောင်းတက်သူတွေမှာ Imposter syndrome ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ သုတေသနပြုချက်တွေအရ အမေရိကန်ပြည်ထောင်စုရှိ လူမည်းအမေရိကန်၊ အာရှအမေရိကန်နဲ့ လက်တင်ကောလိပ်ကျောင်းသားတွေမှာ Imposter syndrome အဖြစ်များကြောင်း တွေ့ရှိရပါတယ်။

Imposter Syndrome ဟာ ရောဂါလက္ခဏာတစ်ခုတော့မဟုတ်ပေမယ့် မိမိကိုယ်ကို ပြင်းထန်သံသယစိတ်ဝင်ခြင်းဖြစ်ပါတယ်။ Imposter Syndrome ရှိသူတွေမှာ စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျတာမျိုးတွေ ရှိတတ်ပါတယ်။

???? Imposter Syndrome ရဲ့ လက္ခဏာတွေက ဘာတွေလဲ…….

– သင်ဟာ အမှန်တကယ်ထက် ပိုကျွမ်းကျင်တယ်ဆိုပြီး တခြားသူတွေကို လှည့်စားမိနေတယ်လို့ ယုံကြည်နေတာ

– သင့်အောင်မြင်မှုတွေကို ကိုယ့်အရည်အချင်းကြောင့်ဆိုတာထက် ကံကောင်းတာကြောင့်၊ အဆက်အသွယ်ရှိတာကြောင့်နဲ့ တခြားသူတွေက မှားပြီးဆုံးဖြတ်လိုက်တာကြောင့်လို့ ထင်နေတာတွေ ဖြစ်ပါတယ်။

.

ဒီလို Imposter လို့ခံစားရခြင်းဟာ သံသရာလည်နေတတ်ပါတယ်။ အလုပ်တစ်ခုခုစလုပ်ဖို့ ပိုလွန်းတဲ့ ပြင်ဆင်မှုတွေလုပ်တာ ဒါမှမဟုတ် အချိန်ဆွဲတာတွေ လုပ်တတ်ပါတယ်။ အလုပ်တာဝန် အောင်မြင်စွာပြီးမြောက်မှသာ စိတ်သက်သာရာ ရတတ်ပါတယ်။ အလုပ်အသစ်တစ်ခုလုပ်တိုင်း စိုးရိမ်ပူပန်မှုနဲ့ သံသယစိတ်တွေပေါ်လာပြီး သံသရာလည်နေတာ ဖြစ်ပါတယ်။

???? Imposter Syndrome ဖြစ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ…….

အောင်မြင်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကို အလေးပေးတဲ့မိသားစုတွေမှာ ကြီးပြင်းလာသူအများစုဟာ Imposter syndrome ရှိတတ်ပါတယ်။ မိဘတွေက အလွန်အကျွံချီးမွမ်းတာနဲ့ ဝေဖန်ပြစ်တင်တာတွေ လုပ်တတ်တယ်ဆိုရင် သင်ဟာ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို အတုအယောင်လို့ ခံစားရနိုင်ခြေ ပိုများပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အောင်မြင်ဖို့ဆိုတဲ့ ဖိအားတွေကလည်း Imposter syndrome ကို ဖြစ်စေပါတယ်။ သင့်ရဲ့ကိုယ်ပိုင်တန်ဖိုးကို သင်ဘာတွေပြီးမြောက်အောင်မြင်ထားလဲဆိုတာနဲ့ပဲ တိုင်းတာသင့်ပါတယ်။

???? Imposter Syndrome က သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ…….

Imposter Syndrome ရှိသူအများစုက ထုတ်ပြောလိုက်ရင် အတုအယောင် (Fraud) လို့ ထင်ခံရမှာ ကြောက်ရွံ့တဲ့အတွက် ထုတ်မပြောကြပါဘူး။ Imposter syndrome ခံစားနေရရင် အောက်ပါအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

????လုပ်ငန်းခွင်ဆိုင်ရာ (Professionally) — အောင်မြင်မှုဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှုအစား ကံကောင်းတာကြောင့်လို့ ထင်နေတဲ့အခါ ရာထူးတိုးဖို့ တောင်းဆိုနိုင်ခြေ နည်းပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့၊ လက်တွေ့မကျတဲ့၊ မြင့်မားတဲ့ စံနှုန်းတွေ ပြည့်မီဖို့ အလုပ်ပိုလုပ်စရာ လိုအပ်တယ်လို့ ခံစားရနိုင်ပါတယ်။ Imposter syndrome ဟာ ပိုမိုပင်ပန်းနွမ်းနယ်စေကာ အလုပ်စွမ်းဆောင်ရည်နိမ့်ကျပြီး အလုပ်မှာ စိတ်ကျေနပ်မှု လျော့နည်းစေနိုင်ပါတယ်။

????ပညာရပ်ဆိုင်ရာ (Academically) — တခြားကျောင်းသားတွေက ရူးမိုက်တယ်လို့ ထင်မှာကိုကြောက်လို့ အတန်းထဲမှာ စကားပြောဆိုတာ၊ မေးခွန်းမေးတာတွေ မလုပ်နိုင်ကြပါဘူး။

????ဆက်ဆံရေးဆိုင်ရာ (In relationships) — မိဘအများစုဟာ တစ်ခါတစ်ရံ ကလေးကို ပြုစုပျိုးထောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဒီခံစားချက်တွေကို လွှမ်းမိုးထားမယ်ဆိုရင် အုပ်ထိန်းမှုနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ ခက်ခဲနိုင်ပြီး သင့်ကလေးရဲ့ဘဝကို ပျက်စီးသွားစေတတ်ပါတယ်။ အချစ်ရေးမှာလည်း ချစ်သူထံက အချစ်ကို မထိုက်တန်ဘူးလို့ ခံစားရတဲ့အခါ အချစ်ရေးကို အဆုံးသတ်စေနိုင်ပါတယ်။

???? Imposter Syndrome ကို ကျော်လွှားစေနိုင်ဖို့ ဘယ်လိုအကြံပြုချက်တွေရှိလဲ…….

Imposter syndrome ကနေရုန်းထွက်ဖို့ ကိုယ့်ရဲ့အောင်မြင်မှုတွေကို လက်ခံပြီး ထိုက်တန်ကြောင်း အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။

????ကိုယ့်ကိုယ်ကို သတိပေးပါ — သင်ဂုဏ်ယူရတဲ့ အောင်မြင်မှုတွေကို ချရေးပါ။ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ချီးမွမ်းတဲ့အီးမေးလ်တွေ၊ မှတ်စုတွေကို သိမ်းထားပါ။ အတုအယောင်လို့ ခံစားရတဲ့အခါ ပြန်ဖတ်ကြည့်ပါ။

????ခံစားချက်တွေကို လက်တွေ့နဲ့ ခွဲခြားပါ — ဒီလိုခံစားချက်တွေ ဖြစ်တတ်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ။ ဒါဟာ ခံစားချက်တွေသာဖြစ်ပြီး သင်ဟာ အောင်မြင်နိုင်စွမ်းရှိကြောင်း ကိုယ့်ကိုယ်ကို သတိပေးပါ။

????နှိုင်းယှဉ်မှုတွေ မလုပ်ပါနဲ့ — တခြားသူတွေရဲ့ အောင်မြင်မှုတွေနဲ့ ကိုယ့်ကိုယ်ကို မတိုင်းတာပါနဲ့။ ဥပမာ – ဆိုရှယ်မီဒီယာပေါ်က တစ်စုံတစ်ယောက်အတွက် အလေးပေးဖော်ပြချက်တွေကို သင့်အဖြစ်မှန်နဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ အဲဒီအစား နေ့စဉ် ကိုယ့်ကိုယ်ကိုယ် ပိုကောင်းလာဖို့ကိုသာ အာရုံစိုက်ပါ။

????Syndrome ကို နားလည်ပါ — အမှန်တကယ် လိမ်ညာတဲ့သူတွေမှာ Imposter Syndrome မရှိပါဘူး။ သင့်မှာ Imposter Syndrome ရှိနေတာဟာ တကယ့်အတုအယောင် မဟုတ်ဘူးဆိုတာကို သိရှိ‌စေနိုင်ပါတယ်။

????တစ်ယောက်ယောက်နဲ့ စကားပြောပါ — သူငယ်ချင်းတွေ၊ မိသားစုတွေဟာ သင့်ခံစားချက်တွေကို ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပြီး ကြောက်ရွံ့မှုတွေကို အမှန်တကယ်မဟုတ်ကြောင်း သတိပေးနိုင်ပါတယ်။ ကုထုံးပညာရှင်တွေနဲ့လည်း တိုင်ပင်နိုင်ပါတယ်။

????ဘယ်သူမှ ပြီးပြည့်စုံတယ်လို့ မရှိဘူးဆိုတာကို လက်ခံပါ — လက်တွေ့မကျတဲ့ ပန်းတိုင်တွေ သတ်မှတ်တာမျိုးကို မလုပ်သင့်ပါဘူး။ တကယ့်ကြိုးစားအားထုတ်မှုက မပြည့်စုံရင်တောင်မှ ရလဒ်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။

Reference: ????

https: // www . webmd . com /balance/what-is-imposter-syndrome

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here