“ သိုင်းရွိုက်ဟော်မုန်းရောဂါများ ( Hypothyroidism and Hyperthyroidism ) ”

အရှေ့တစ်ပတ်က လည်ပင်းကြီးရောဂါ ( Goitre ) အကြောင်း ပြောပြပြီးပြီဆိုတော့ ခုက သိုင်းရွိုက်ဟော်မုန်းရောဂါတွေအကြောင်း ပြောပြပါမယ်။

သိုင်းရွိုက်ဂလင်းဆိုတာ ဘာလဲက ပြန်စလိုက်ရအောင် …..

သိုင်းရွိုက်ဆိုတာ လည်ပင်းရှေ့တည့်တည့် အောက်ခြေနားလောက်မှာရှိတဲ့ လိပ်ပြာပုံစံ gland ပဲ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအားလုံး ဇီဝကမ္မဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်လုပ်ဆောင်ဖို့အတွက် အလွန်အရေးကြီးတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများခြင်းဟာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုတွေကို ပျက်စေပြီး ရောဂါများ ဖြစ်စေပါတယ်။

???? HYPOTHYROIDISM

သိုင်းရွိုက်ဂလင်းက လုပ်ဆောင်မှုအားနည်းပြီး သိုင်းရွိုက်ဟော်မုန်းနည်းနည်းပဲထုတ်တဲ့အခါ Hypothyroidism ဖြစ်စေပါတယ်။ ဒီ Hypothyroidism ဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ risk ပိုများပါတယ်။ မျိုးရိုးကြောင့် ပိုအဖြစ်များပြီး အမျိုးသမီးတွေမှာ အမျိုးသားတွေထက် သုံးဆလောက် ပိုအဖြစ်များတာကို တွေ့ရပါတယ်။

Hypothyroidism ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

* Hashimoto thyroiditis လို့ခေါ်တဲ့ ခုခံအားပုံမမှန်တဲ့ရောဂါ

* မျိုးရိုးလိုက်ခြင်း

* အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း

* ကင်ဆာဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခြင်း

* ကင်ဆာ၊ နှလုံးနှင့် စိတ်ရောဂါနှင့် ပတ်သက်သောဆေးများ သောက်သုံးနေရခြင်း

* သိုင်းရွိုက်ဂလင်း ခွဲစိတ်ထားခြင်း

Hypothyroidism မှာ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ

အများအားဖြင့် သူ့ရဲ့လက္ခဏာတွေက သိသာမထင်ရှားဘဲ အခြားရောဂါကြောင့်လို့ ထင်တတ်ကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ….

* ကိုယ်အလေးချိန်တက်လာခြင်း၊ ဝိတ်ချဖို့ခက်ခဲခြင်း

* နုန်းချိခြင်း

* စိတ်ကျလွယ်ခြင်း

* ဆံပင်ကျွတ်ခြင်း၊ ဆံသားခြောက်ခြင်း

* ကြွက်သားများ တောင့်တင်းခြင်း

* အရေပြားခြောက်ခြင်း

* လည်ပင်းကြီးလာခြင်း

* ခြေသည်းလက်သည်း ကျိုးလွယ်ခြင်း

* နှလုံးခုန်နှုန်းနှေးခြင်း

* အအေးမခံနိုင်ခြင်း

* ရာသီမမှန်ခြင်း

* ဝမ်းချုပ်ခြင်း

Hypothyroidism ကို ဘယ်လို ကုသကြမလဲ

သိုင်းရွိုက်ဟော်မုန်းအစားထိုးကုသမှုတွေ Levothyroxine လို့ခေါ်တဲ့ဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါတယ်။

???? HYPERTHYROIDISM

သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုများနေပါက Hyperthyroidism ဖြစ်စေပါတယ်။
Hyperthyroidism ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ ?

* လည်ပင်းကြီးရောဂါတစ်မျိုးဖြစ်တဲ့ Graves’ disease

* သိုင်းရွိုက်ဂလင်းကြီးခြင်း

* သိုင်းရွိုက်အကျိတ်ကြီးခြင်း

Hyperthyroidism မှာ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ ?

* ကိုယ်အလေးချိန်လျော့ကျခြင်း

* စိတ်လှုပ်ရှားလွယ်ခြင်း

* နှလုံးခုန်နှုန်းမြန်ခြင်း၊ ရင်တုန်ခြင်း

* ခြေလက်များ တုန်ခြင်း

* ချွေးထွက်များခြင်း

* အပူဒဏ်မခံနိုင်ခြင်း

* အရေပြားနီပြီး ယားခြင်း

* ဆံပင်ပါးခြင်း

Hyperthyroidism ကို ဘယ်လို ကုသကြမလဲ

သိုင်းရွိုက်ဟော်မုန်းနည်းစေတဲ့ ဆေးတွေ သောက်သုံးနိုင်ပေမယ့် ခွဲစိတ်မှုခံယူဖို့နဲ့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းကုထုံးတွေကသာ ရောဂါကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ဒီရောဂါကို မကုပဲထားမယ်ဆိုရင် နောက်ဆက်တွဲ နှလုံးခုန်မမှန်တာ၊ အရိုးပါးတာတွေ ဖြစ်လာနိုင်ပါတယ်။

သိုင်းရွိုက်ရောဂါတွေနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ချင်ရင်တော့ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ ဘိုကင်တင်လိုက်ပါ။

Ref: ????
https://www.piedmont.org/…/the-difference-between…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.