⚠️ မုန်တိုင်း တိုက်ခတ်ပြီးနောက် လိုက်နာရန် ကျန်းမာရေးအချက်အလက်များ (မေလ၊ ၂၀၂၃ ခုနှစ်) ⚠️

မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ – တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (ဥပမာ- ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါ) တို့ ဖြစ်ပွားနိုင်ခြေ များလာနိုင်ပါသည်။

???? ရေ

စိတ်ချရသော ရေအရင်းအမြစ်မှ သောက်ရေကို သောက်သုံးပါ။

???? အစားအစာ

အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။ အစားအစာများကို ဖုံးအုပ်ထားပါ။ အိမ်မွေးတိရစ္ဆာန်များ၏ ဝေးရာတွင် သိမ်းဆည်းပါ။

???? အဝတ်အစား

မိမိကိုယ်ကို ခြောက်သွေ့ပြီး နွေးထွေးအောင် ထားပါ။

???? ကြီးကြပ်စောင့်ရှောက်ခြင်း

အပျက်အစီးများနားတွင် ကလေးများ ကစားခြင်းကို ခွင့်မပြုပါနှင့်။

???? တစ်ကိုယ်ရေသန့်ရှင်းရေး

အစားမစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း လက်ကို ရေ၊ ဆပ်ပြာတို့နှင့် ဆေးကြောပါ။

???? ဘေးကင်းစေရေး ပထမဦးစားပေးပါ။

တွဲလောင်းကျနေသော ဝိုင်ယာကြိုးများနှင့် ခိုင်ခံ့မှုမရှိသော အဆောက်အအုံများနှင့် ဝေးရာတွင် နေထိုင်ပါ။

???? အစားအစာ စည်သွပ်ဘူးများ

အစားအစာ စည်သွပ်ဘူးများသည် အဖုံးပွင့်နေခြင်း၊ ဖောင်းနေခြင်း သို့မဟုတ် ပျက်စီးခြင်း မရှိသရွေ့ ကြာရှည်စွာ သိမ်းဆည်းထားနိုင်သည်။

???? လျှပ်စစ်မီး ပြတ်တောက်ခြင်း

မီးပြတ်ခြင်းကြောင့် အပူချိန်ထိန်းသိမ်းမှု မရှိသော အစားအစာများကို စားသုံးခြင်းသည် နာမကျန်းမှုကို ဖြစ်စေနိုင်သောကြောင့် အစားအစာများကို မစားသုံးမီ စားသုံးရန် သင့်၊ မသင့် စစ်ဆေးပါ။

???? နာမကျန်းဖြစ်ပါက

သင် သို့မဟုတ် မိသားစုဝင် တစ်ဦးဦး နာမကျန်းဖြစ်ပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းနှင့် ချက်ချင်းပြသဆွေးနွေးပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် အထူးသဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရသူများအကြား ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်သည်။

Source: World Health Organization

Ministry of Health,

National Unity Government.