အောက်ပါနည်းလမ်းများနဲ့ သင့်အား HIV ပိုးကူးစက်နိုင်ခြေကို လျှော့ချလို့ရပါတယ်။

◼️ လိင်ဆက်ဆံတိုင်း အကာအကွယ် ကွန်ဒုံးသုံးခြင်း။

◼️ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအတွက် ပုံမှန်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက ထိရောက်သော ကုသမှုများခံယူခြင်း။

◼️ မိမိ၏ လိင်ဆက်ဆံဖော်/ပါတနာသည် HIV ပိုးရှိသူဖြစ်ပါက ထိရောက်သောဆေးကုသမှု ခံယူနေကြောင်း သေချာစေခြင်း။

◼️ မိမိသည် လတ်တလောတွင် HIV ပိုးကူးစက်နိုင်ခြေ များသောသူ (HIV ပိုးရှိသူ၏ လိင်ဆက်ဆံဖော်/ပါတနာ) ဖြစ်ပါက PrEP ကာကွယ်ဆေးကို သောက်သုံးခြင်း။ သို့သော် လက်ရှိ အခြေအနေအရ PrEP ဆေးသည် လူတိုင်းလက်လှမ်းမမီသေးသောကြောင့် အခြားအကာအကွယ် နည်းလမ်းများကိုလည်း အထူးဂရုပြု လိုက်နာခြင်း။

◼️ HIV ပိုးနှင့် ထိတွေ့မိခဲ့သည်ဟု သံသယရှိသည်နှင့်တပြိုင်နက် တတ်ကျွမ်းသည့် ဆရာဝန်နှင့်တိုင်ပင်ပြီး ၇၂ နာရီအတွင်း PEP ကာကွယ်ဆေး သောက်သုံးရန် လို/မလို တိုင်ပင်ခြင်း။

◼️ ဆေးမင်ကြောင်ထိုးခြင်း (သို့မဟုတ်) ဆေးထိုးအပ် အသုံးပြုရန် လိုအပ်လာပါက ပိုးသတ်သန့်စင်ပြီးသား တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကိုသာ (မျှဝေခြင်း မပြုဘဲ) သုံးခြင်း။

References: ????

World Health Organization

လူထုအခြေပြု ဘက်စုံကျန်းမာရေးစေတနာ့ဝန်ထမ်းများ လက်စွဲစာအုပ် ၂၀၂၃၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here