သားအိမ်ခေါင်းကင်ဆာဆိုတာ Human Papilloma Virus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး အမျိုးသမီးလိင်အင်္ဂါအဖွဲ့အစည်းအတွင်း ကြာရှည်စွာ တည်ရှိနေခြင်းကနေ ဖြစ်ပေါ်စေပါတယ်။
ဒီကင်ဆာရောဂါဟာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့်လည်း ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ အဖြစ်အများဆုံး ကင်ဆာရောဂါတွေထဲ ပါဝင်နေဆဲပါ။
စောစောသိရင် ပျောက်ကင်းအောင် ကုသနိုင်ပေမယ့် နောက်ကျမှသိရင်တော့ အသက်အန္တရာယ်ရှိစေနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် ခုတစ်ပတ်မှာတော့ သားအိမ်ခေါင်းကင်ဆာရောဂါကို မဖြစ်ခင် ဘယ်လိုကြိုတင်ကာကွယ်မလဲ၊ ဖြစ်လာခဲ့ရင် သက်သာအောင် ဘယ်လိုကုသမှုတွေ ခံယူကုသရလဲ ဆိုတာတွေကို လွယ်ကူစွာသိရှိနိုင်ဖို့ “ သားအိမ်ခေါင်းကင်ဆာ အမြစ်ဖြတ်ကြ” ဆိုတဲ့ အကြောင်းအရာလေးကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်…????
(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)
(ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်… ????)
Ministry of Health,
National Unity Government.