စောင့်ကြည့်ရမယ့် ကျန်းမာရေးစောင့်ရှောက်မှု Healthcare Trend(Telehealth) (September,2023)

0
215

ဒီနှစ်ရဲ့ Fashion Trend, Skin Care Trend, Make up Look Trend, Color Trend တွေဆိုပြီး Trend တွေရှိသလို…

စောင့်ကြည့်ရမယ့် ကျန်းမာရေးစောင့်ရှောက်မှု (Health care trends to watch in 2023 ) ဆိုပြီး (၆) ချက် ရှိပါတယ်။

ဒီထဲကမှ ပထမဆုံးနေရာနဲ့ လူနာတွေနဲ့ အရင်းနှီးဆုံးပဲ ဖော်ပြပါဆို “ Continued to grow telehealth service” ပါ။

Telehealth ဆိုတာ အရင်ထဲက Online or Phone ကနေ ဆေးခန်းပြတာရှိပေမယ့် ကိုဗစ်ကာလမှာ တအားခေတ်စားလာတဲ့ Trend ပါပဲ။ Telehealth က အချိန်ကုန် သက်သာပြီး လူနာ၊ ဆရာဝန်၊ ဆေးရုံ/ဆေးခန်းဆိုပြီး ပြင်ပထိတွေ့မှုမရှိတော့ အင်မတန်ကို အဆင်ပြေလာတာတွေ့ရလို့ ကိုဗစ်အလွန်မှာလည်း Telehealth ပိုပြီးတိုးတက်အောင် အားပေးကြတာပါ။

ဥပမာ။ ကျွန်မဆို အဘွားက နယ်မှာ လေဖြတ်ပြီး (ကိုယ်အလေးချိန်) ပေါင်ချိန်လည်း များပါတယ်။ သူ့ကို ဆေးခန်းပို့ဖို့ မလွယ်သလို ရန်ကုန်အထိလာရင် လူနာပင်ပန်းပါတယ်။ ဒီလိုလူနာအတွက်ဆို Telehealth က တအားကို အဆင်ပြေတဲ့ Service တစ်ခုပါနော်။

Telehealth က အချိန်ကုန် လူပင်ပန်း သက်သာ၊ လမ်းစရိတ် နေစရိတ်လည်းသက်သာပြီး ကောင်းမွန်ပေမယ့် ကိစ္စတိုင်း အကောင်း/အဆိုး ဒွန်တွဲနေတာကြောင့်…

သူရဲ့မကောင်းတဲ့အချက်က ဆရာဝန်က လူနာကို နှလုံး၊ အဆုတ် နားကြပ်နဲ့ စမ်းလို့မရသလို သွေးပေါင်ချိန်လည်း ယူလို့မရတဲ့ အချက်တွေရှိတာကြောင့် ဒီအားနည်းချက်တွေလျှော့ပြီး (Telemedicine ပြပြီး) လူနာအတွက် အကျိုးရှိအောင် လူနာဘက်ကလည်း ပြင်ဆင်ရပါမယ်။

လူနာတစ်ယောက် ဆေးခန်းမပြခင် ကိုယ်ဘာရောဂါပြချင်လည်းနဲ့အတူ ကိုယ်က ဒီရောဂါလက္ခဏာ ဘယ်လိုခံစားရတာ၊ ဘယ်လောက်ဆိုးတာ၊ ဘယ်တွေပါဖြစ်တာ၊ ဘယ်နှစ်ရက်ဖြစ်နေတာ သေချာသိရပါမယ်။

(ဒါကြောင့် လူနာကိုယ်တိုင်က အသက်အလွန်ကြီး/ကလေးဆို ဘေးကထိန်းတဲ့သူနဲ့ အတူပြတာ အကောင်းဆုံးပါ)

ဥပမာပြောရရင် ချော်လဲလို့ ခြေကျင်းဝတ်နာတယ်။ ဆရာဝန်က မတ်တပ်ရပ်နိုင်လား၊ နာတာမခံနိုင်ဖြစ်လား၊ လှုပ်ရလား စသည်ဖြင့်မေးရင် နာတာအတွက် လျှာရှည်နေတယ် ထင်ကောင်းထင်ရပေမယ့် ဆရာဝန်အတွက်ကျ မမြင်ရတဲ့ လူနာတစ်ယောက်အတွက် ကျိုးတာလား (သို့ ) ရိုးရိုးနာတာလား ခွဲသိဖို့ အင်မတန်အရေးကြီးပါတယ်။

လိုအပ်ရောဂါအတွက်ဆို အဖျား၊ သွေးပေါင်ချိန်၊ သကြားဓာတ်တိုင်းတာတွေက လူနာဘက်က အဆင်သင့်ရှိထားသင့်ပါတယ်။ သွေးတိုးလူနာလာပြရင် သွေးပေါင်ချိန် record ပြပေးနိုင်တာ ဆရာဝန်ဆေးပေးဖို့ အလွန်အဆင်ပြေပါတယ်။

ကိုယ့်ရောဂါအခံရယ် သောက်နေကျ ဆေးတွေကို သေချာပြောနိုင်အောင်လည်း ပြင်ဆင်ထားရပါမယ်။

Telehealth ပြတဲ့အခါ အရေးကြီးတဲ့ နောက်အချက်က ကိုယ့်လူနာအမှတ်ပါ (တယ်လီကျန်းမာမှ မဟုတ်ပါဘူးနော်) ဒီလူနာအမှတ်နဲ့ဆက်ပြပေးမှ ဆရာဝန်က အရင် ဘာဖြစ်ခဲ့လဲ Record ပြန်ကြည့်ပေးလို့ရမှာပါ။

ဥပမာကြုံခဲ့ရတာတစ်ခု ပြောပြရရင် ကျွန်မကို လူနာက နှာစေးလို့လာပြတယ်။ သူက ငယ်ရွယ်ကျန်းမာတယ် ယူဆရတယ်။ လူနာက သံဓာတ်အားဆေးသောက်တယ်ပြောတော့ ဘာလို့ သောက်လဲမေးတော့ အားဆေးတစ်ခုခု သောက်ချင်လို့ပါတဲ့။ အစကဖြုတ်ဖို့ Plan ပေမယ့် Old record မှာ လူနာက သွေးနီဥနည်းပြီး Anaemia သွေးအားနည်းဖြစ်နေတာပါ။ အဲ့ကျ ကျွန်မ နောက်ထပ်လိုအပ်တဲ့ စစ်ဆေးမှု စီစဉ်ပေးရတာပါ။

နောက်ဆုံး ဆေးခန်းပြပြီးချိန်မှ အရေးပေါ်ရောဂါ (အူအတက်ပေါက်တာ၊ ကိုယ်ဝန်သန္ဓေမှားတည်တာမျိုး) ဖြစ်တယ်ဆို အရေးပေါ် ဌာန ချက်ချင်းသွားရပါမယ်နော်။

ဆေးခန်းမပြခင် တခြားနောက်ထပ် ဘာတွေထပ်ပြင်ဆင်သင့်လဲဆို…

• Internet လိုင်းကောင်းတဲ့နေရာ၊ အသုံးပြုမယ့် ဖုန်း အားအပြည့် သေချာသွင်းထားတာ၊ Tele ပြရမယ့် Plattform (eg- Telegram ၊ Viber ၊ App) ကို ကျွမ်းကျင်စွာသုံးတတ်ဖို့ ပြင်ဆင်ပါ။

• ဆေးခန်းပြမယ်ဆို တိတ်ဆိတ်နိုင်မယ့်နေရာ ကြိုရှာထားပါ။ လိုအပ်ရင် ချမှတ်ဖို့ စာရွက်၊ ဘောပင် ပြင်ဆင်ထားပါ။

• အရေပြားတို့လို ပြင်ပခန္ဓာကိုယ်ရောဂါမျိုးနဲ့ သွေးအဖြေ၊ ဓာတ်မှန်အဖြေတို့ကို ကြည်လင်ပြတ်သားစွာ ဓာတ်ပုံရိုက်ထားပြီး ပုံကို သေချာပို့ပေးထားရပါမယ်နော်။

• ဆေးခန်းပြနေချိန်အတွင်းမှာလည်း စာပို့တာက သာမန်ရောဂါအတွက် အဆင်ပြေပေမယ့်၊ စကားပြောတာက ဆရာဝန်လူနာအကြား ထိတွေ့မှုပိုကောင်းတာမို့ ဖုန်းပြောချိန် ရှင်းလင်းစွာပြောပါ။ ဆရာဝန်မေးတာ မရှင်းရင် သေချာပြန်မေးပါ။ ဆရာဝန် ရှင်းပြတာ သေချာနားထောင်ပြီး ဆရာဝန်ပေးမယ့်ဆေးတွေနဲ့ လိုအပ်တာဆို သေချာလိုက်လုပ်ဖို့ လိုပါတယ်။ မရှင်းတာရှိ သက်ဆိုင်ရာဆရာဝန်ကို ချက်ချင်း သေချာမေးမြန်းလို့ရပါတယ်ရှင်။

..

..

ဒီနေရာမှာ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာတွေကို ကျွန်မအသိပေးနေရတာက Telehealth ဆိုတာ အရင်လုပ်နေကြ ကိုယ်နဲ့ခင်တဲ့ဆရာဝန်ကို “ ဖျားတယ် ဘာသောက်ရမလဲ… ချောင်းဆိုး ဒီဆေးလေးကောင်းလား” မေးတာနဲ့ လုံးဝ (လုံးဝ) မတူပါဘူးနော်။

ဥပမာပေးရရင် ကျွန်မတို့ တယ်လီကျန်းမာဆိုလည်း လူနာတစ်ယောက်လာပြတာနဲ့ သူ့လူနာအမှတ်ကို EMR ထဲထည့်ပြီး Data detail သိမ်းထားပါတယ်။ နောက်တစ်ခါလာပြရင် ဒီလူနာအမှတ်နဲ့ သေချာပြန်တိုက်ကြည့်ပေးတာပါ။ လူနာက တစ်ခုခုဖြစ်တယ်ဆို လူနာအမှတ်နဲ့ သူ့အရင်မှတ်တမ်းဟောင်းကို အရင်ပြန်လိုက်ကြည့်ပေးသေးတာပါ။

နောက်ပြီး ဒီလူနာတစ်ယောက်ကို ဆရာဝန်က သူ့ Limit ကျော်လို့ ကြည့်ပေးမနိုင်ရင် သက်ဆိုင်ရာအထူးကုဆီ Refer လွှဲပေးပါတယ်။ ဒီအခါမှာလည်း လူနာအကြောင်း Patient data ပြန်ထည့်ပေးရတာပါ။

..

..

Telehealth တွေက အခုဆို မြန်မာပြည်က ဆေးရုံကြီးတွေမှာပါ လုပ်လာကြပါပြီရှင်။ နောင်အနာဂတ်မှာလည်း ဒီထက် ပိုမိုတွင်ကျယ်လာဖို့ ရှိပါတယ်။

ဒါကြောင့် လူနာတွေ Telehealth ပြတဲ့အခါ သိရှိ လိုက်နာသင့်တာလေးတွေကို ကြိုတင်အကြံပြု အသိပေးတာပါနော်။

လူနာတိုင်း Telehealth ပြ အဆင်ပြေကြပါစေရှင်…။

Dr Cool

တယ်လီကျန်းမာ

Reference : ????

https:// www. himss. org /news/patients-guide-telemedicine

https:// www. ringcentral. com /us/en/blog/healthcare-trends-2023/amp/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here