စိတ်ကျန်းမာရေး

စိတ်ဝင်တစား နားထောင်ပေးခြင်းသည် ကုသမှုတစ်ခုဖြစ်ကြောင်း

0
"စိတ်ဝင်တစား နားထောင်ပေးခြင်းဟာလည်း ကုသမှု မည်ပါတယ် " ကျွန်မတို့ဟာ တစ်စုံတစ်ယောက်ရဲ့ ရင်ဖွင့်ပြောဆိုခြင်းတွေကို စိတ်ဝင်တစား အလေးအနက်ထားပြီး နားထောင်ပေးဖူးပါသလား။ ရင်ဖွင့်သူအပေါ် အကဲဖြတ်ခြင်းတွေ၊ အလျင်စလိုကောက်ချက်ချခြင်းတွေ၊ ဝေဖန်အကြံပြုခြင်းတွေမပါဘဲ အရှိအတိုင်းလက်ခံပြီး နားထောင်ပေးဖူးပါသလား။ တစ်ဖက်သား ရင်ဖွင့်ပြောဆိုတဲ့ အကြောင်းအရာကို မိမိအနေဖြင့် သဘောမတူသည့်တိုင် ကိုယ်ချင်းစာစိတ်ဖြင့် စိတ်ရှည်စွာ နားထောင်ပေးဖူးပါသလား။ တကယ်တော့ အခြားသူတစ်ယောက်ကို...

စိတ်ကျန်းမာရေးအတွက် Safety Planning

0
လတ်တလော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကြားမှာ ကျွန်မတို့ဟာ စိတ်မလုံခြုံမှုတွေကြောင့် ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေများပြီး စိတ်ပင်ပန်းလူပင်ပန်း ဖြစ်နေကြမှာပဲနော်။ မိမိရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ၊ မကောင်းတဲ့အရာတွေနဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့အခါ အလွယ်တကူ စိတ်ထိခိုက်နိုင်ပါတယ်။ ပိုပြီးစိတ်တိုတာ စိတ်ဆတ်တာတွေ ဖြစ်နိုင်သလို၊ ပူပန်မှုတွေ၊ အတွေးတွေ...

စိတ်ခံစားချက်တွေကို ရေးမှတ်ရအောင် Journaling

0
စိတ်ခံစားချက်တွေကို ရေးမှတ်ခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ရေးချလိုက်တာဟာ ကိုယ့်ရဲ့ယုံကြည်စိတ်ချရတဲ့၊ နှုတ်လုံတဲ့၊ ချစ်ရတဲ့ မိတ်ဆွေတစ်ဦးကို ရင်ဖွင့်လိုက်ရတာနဲ့တူပါတယ်။ နောက်ပြီး ကိုယ်တိုင်ရဲ့ မသိစိတ်ထဲကနေတောင် အဖြေရှာမရတဲ့ ကိုယ့်အတွေးထဲမှာ ရှုပ်ထွေးနေတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေနဲ့ ခံစားချက်တွေကို ချရေးလိုက်ခြင်းအားဖြင့် ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေဆီ...

ရပ်ရွာဓလေ့ထုံးစံတွေအရ အပမီတယ်၊ စုန်းပြုစားခံရတယ်၊ အောက်လမ်းအတတ်၊ ပယောဂအတတ်နဲ့ နှောင့်ယှက်ခံရတယ်လို အထင်မှားလေ့ရှိကြတဲ့ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါအကြောင်း

0
ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ဖြစ်လာရင်တော့ ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ လက်တွေ့ဘဝကို အနှောင့်အယှက်ပေးတဲ့၊ ထိခိုက်နိုင်တဲ့ ရောဂါတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ချောက်ချားတာ၊ အတွေးအခေါ်တွေက...

နေရာတစ်ခုခုတွင် ပိတ်မိမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်း Agoraphobia

0
လူတော်တော်များများမှာ phobia လို့ခေါ်တဲ့ တစ်စုံတစ်ခုကို ထူးထူးခြားခြား တခြားသောအရာတွေထက်ပိုပြီး ကြောက်လန့်တတ်တဲ့ စိတ်လှုပ်ရှားမှုရောဂါတွေ ရှိကြပါတယ်။ တချို့က အမှောင်ကို ကြောက်တယ်။ တချို့က အင်းဆက်ပိုးမွှားတွေကို ကြောက်တယ်။ တချို့က အမြင့်ကို ကြောက်တယ်။ ဒီနေ့မှာတော့ အဲဒီလို phobia တွေထဲက နေရာတစ်ခုခုမှာ ပိတ်မိမှာကိုကြောက်တဲ့...

စိတ်ဖိစီးမှုကြောင့် အလွန်အကျွံစားသောက်ခြင်း Overeating due to Stress

0
ကျွန်တော်တို့စားတဲ့ အစားအသောက်တွေထဲမှာ ဗိုက်ဆာလို့စားတဲ့ အစားအသောက်နဲ့ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်မျိုးကို emotional eating လို့လည်း ခေါ်ပါတယ်။ အခြေအနေအကြောင်းအရင်း အမျိုးမျိုးကြောင့် စားကြတာရှိပေမယ့် ဒီနေရာမှာ ကျွန်တော် အဓိကအလေးပေး တင်ပြသွားမယ့်အပိုင်းက မိမိစိတ်ခံစားချက် အတက်အကျကြောင့် ကျန်းမာရေးနဲ့...

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့

0
မနက်တိုင်း မနက်တိုင်း အိပ်ရာထပြီးနောက် အားအင်ကုန်ခမ်းနေသလို မလန်းမဆန်း ခံစားရဖူးပါသလား။ တစ်ခါတလေ အိမ်ကနေ အလုပ်ကိုတောင် မသွားရသေးဘူး၊ တစ်နေ့တာအတွက် အားမရှိသလို ခံစားနေရပါသလား။ ဒီလိုဖြစ်နေတယ်ဆိုရင် သင်တစ်ယောက်ထဲ မဟုတ်ပါဘူးနော်။ တစ်နေ့တာအတွက် သတ်မှတ်ထားတဲ့ အိပ်စက်အနားယူချိန်ဟာ ၇ နာရီကနေ ၉ နာရီ ဖြစ်ပေမယ့်...

ဆေးရုံ/ဆေးခန်း ကြောက်တဲ့ရောဂါ Nosocomephobia

0
ဆေးရုံ/ဆေးခန်းသွားရတာကို မနှစ်သက်နိုင် ဖြစ်ရတာ၊ စိတ်မသက်မသာ ဖြစ်ရတာဟာ ပုံမှန်စိတ်ခံစားချက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆေးရုံ/ဆေးခန်းကို ကြောက်လွန်းလို့ မိမိရဲ့ဆေးကုသမှုလိုအပ်ချက်အတွက်တောင် မသွားရဲတာမျိုး၊ နာမကျန်းဖြစ်နေတဲ့ ချစ်ရသူတွေဆီ လူနာသတင်း‌လေး သွားမေးဖို့တောင် ဝန်လေးနေတာမျိုးဆိုရင်တော့ သင့်မှာ ဆေးရုံ/ဆေးခန်းကြောက်တဲ့ စိတ်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ... ... ???? ရောဂါရဲ့ သဘောသဘာဝ - ဆေးရုံ/ဆေးခန်းတွေကို...

ဆယ်ကျော်သက်လူငယ်များအတွက် အိပ်စက်ခြင်းနှင့်ကျန်းမာရေး (February, 2024)

0
ကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ လုံလောက်တဲ့ ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေအတွက်တော့ အိပ်စက်ခြင်းက ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အရေးကြီးပါတယ်။ လုံလောက်တဲ့အိပ်ချိန်မရတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ ကျန်းမာရေးပြဿနာမျိုးစုံ ကြုံတွေ့နိုင်ရုံသာမက ကလေးရဲ့ပညာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါ၊ စိတ်ကျရောဂါလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရတာ‌တွေ၊ စိတ်အာရုံစိုက်မှုဆိုင်ရာ...

ဆေးခန်းကြော်ငြာ (Zero Suicide Campaign ရသစာ)

0
သီးနှံတွေရိတ်သိမ်းချိန် မိုးအကုန်ဆောင်းအကူး ရာသီဥတုက အေးမြမြရှိသော ညနေစောင်းအချိန်တွင် ဖြစ်သည်။ ဦးဇော်တစ်ယောက်၏ စိတ်ထဲဝယ် "ဪ... ရွာမှာ သီးပင်စားပင်လေးတွေ အထွက်နှုန်းကောင်းပေမယ့် ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာတော့ ရှာရဖွေရ မလွယ်လှပါလားနော်" ဟုတွေးတောရင်း ရွာထိပ်သို့ လမ်းလျှောက်လာခဲ့လေရာ... ရွာထိပ်အရောက်တွင် ငိုသံတစ်ခုနှင့်အတူ ကြားလိုက်ရသည်ကား... "ဟိုငပုကောင်တောင် အားလုံးလက်ခံမယ်အထင်နဲ့ တစ်နိုင်ငံလုံးကို မတရားလိုချင်ခဲ့တာ......

နေ့ဘက်တွေမှာအိပ်ငိုက်တတ်တဲ့ ရောဂါအကြောင်း Narcolepsy Disease (February, 2024)

0
ညဘက်တွေမှာ အိပ်မပျော်တာဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သလို နေ့ဘက်တွေမှာ ခဏခဏ အိပ်ငိုက်တတ်တာကလည်း သတိထားရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Narcolepsy လို့ခေါ်တဲ့ နေ့ဘက်တွေမှာအိပ်ငိုက်တတ်တဲ့ ရောဂါအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီရောဂါမှာ ကာယကံရှင်ဟာ ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့...

မိမိကိုယ်ကို အထင်သေး သံသယဝင်ခြင်း Imposter Syndrome (January, 2024)

0
မိမိကိုယ်ကို အထင်သေး သံသယဝင်ခြင်း (Imposter Syndrome) တခြားသူရဲ့အထင်မဟုတ်ဘဲ သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်မှုတွေကို သင်ကိုယ်တိုင် သံသယဝင်နေတယ်ဆိုရင်တော့ Imposter Syndrome ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ တကယ့်စိတ်ကျန်းမာရေးအခြေအနေတော့ မဟုတ်ပါဘူး။ Imposter phenomenon ဒါမှမဟုတ် Fraud syndrome လို့လည်း ခေါ်ကြပါတယ်။ ကိုယ်ဟာ...

ငိုကျွေးခြင်း၏ ကျန်းမာရေးအကျိုး (January, 2024)

0
ငို‌ကြွေးခြင်းက သင့်ကျန်းမာ‌ရေးအတွက် ကောင်းကျိုးပြုပါရဲ့လား....... ငိုကြွေးခြင်းဟာ လူသားတွေရဲ့ စိတ်ခံစားချက် အခြေအနေအမျိုးမျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ကျွန်မတို့ အူလှိုက်သည်းလှိုက် ရယ်မောရင်၊ နာကျင်ဝမ်းနည်းရင်၊ ပျော်ရွှင်ရင် မျက်ရည်ကျတတ်ကြပါတယ်။ ဒါပေမယ့် ငိုကြွေးခြင်းဟာ တကယ်လိုအပ်လား၊ ကျန်းမာရေးအတွက်ရော ကောင်းလို့လားဆိုတာကို သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။ ... ... ????ကျွန်မတို့ ဘာကြောင့် ငိုကြွေးကြတာလဲ....... ကျွန်မတို့ ကျတဲ့...

ဆယ်လီဖြစ်ချင်တဲ့ စိတ်ဝေဒနာ Histrionic Personality Disorder (Video) (January, 2024)

0
ဆယ်လီဖြစ်ချင်တဲ့ စိတ်ဝေဒနာ (သို့) Histrionic Personality Disorder (HPD) အနာဂတ်မှာ လူတိုင်း ၁၅ မိနစ်လောက်တော့ နာမည်ကြီးနိုင်တယ်လို့ အင်ဒီဝါးဟိုးလ်း ပြောခဲ့တဲ့စကားဟာ ခုလို လူမှုကွန်ယက်မီဒီယာတွေ ထွန်းကားတဲ့ခေတ်မှာ ပိုပြီးမှန်လာသလိုပါပဲ။ လူ့သဘာဝအလျောက် နာမည်ကြီးချင်၊ ပေါ်ပြူလာဖြစ်ချင်၊ ထင်ပေါ်ချင်ကြပေမယ့် တချို့သောသူတွေကတော့ ပေါ်ပြူလာဖြစ်ဖို့ ထင်ပေါ်ဖို့...

စိတ်လေ့ကျင့်ခန်း (Video) (January, 2024)

0
????တင်းမာနေတဲ့ကြွက်သားတွေ ပြေလျော့သွားစေဖို့ ????စိတ်ပူပန်မှုတွေ လျော့နည်းသွားစေဖို့ ????နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အပြင် ????ခေါင်းကိုက်၊ ဗိုက်နာ၊ ဝမ်းပျက်၊ ဝမ်းချုပ် စတာတွေ သက်သာစေမယ့် လေ့ကျင့်ခန်းလေးကို အချိန် (၁၅) မိနစ်ပဲပေးပြီး လိုက်လုပ်ကြည့်ရအောင်နော်... ???? ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️ ????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ***...

လျစ်လျူပြု ဆက်ဆံခြင်း (သို့) ဆက်ဆံရေး တစ်ဖက်သတ် ရပ်တန့်ခြင်း Silent Treatment (January, 2024)

0
လျစ်လျူပြု ဆက်ဆံခြင်း (သို့) ဆက်ဆံရေး တစ်ဖက်သတ် ရပ်တန့်ခြင်း (Silent treatment) အကယ်၍ သင်ဟာ တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုခွင့် မရတဲ့အခြေအနေမျိုး၊ သင့်ကို တစ်ဖက်က အသိအမှတ်မပြုတဲ့ အခြေအနေမျိုးတွေ ကြုံဖူးတယ်ဆိုရင် လျစ်လျူပြု ဆက်ဆံခြင်း/ ဆက်ဆံရေး တစ်ဖက်သတ်ရပ်တန့်ခြင်း (Silent treatment) ကို...

မိမိတို့ရဲ့ ဆန္ဒပန်းတိုင်တွေ ပြည့်စုံအောင်မြင်စေဖို့ Vision board ကို အသုံးပြုကြည့်ရအောင် (January,2024)

0
???? မိမိတို့ရဲ့ ဆန္ဒပန်းတိုင်တွေ ပြည့်စုံအောင်မြင်စေဖို့ Vision board ကို အသုံးပြုကြည့်ရအောင် ◾ပထမဆုံးအနေနဲ့ vision board ဆိုတာ ဘာလဲ။ Vision board ဆိုတာက မိမိတို့ ဖြစ်ချင်တဲ့ဆန္ဒတွေ၊ အောင်မြင်မှုတွေ၊ ပန်းတိုင်တွေကို နေ့စဉ်နေ့တိုင်း မျက်လုံးထဲမှာ မြင်ယောင်နေစေဖို့ ဓာတ်ပုံတွေ၊ စာသားတွေကို စုစည်းထားတာဖြစ်ပါတယ်။ ဒါတွေကို...

စိုးရိမ်တယ် (Anxiety) ဆိုတာ ဘယ်လိုမျိုးလဲ (January,2024)

0
စိုးရိမ်တယ် (Anxiety) ဆိုတာ ဘယ်လိုမျိုးလဲ....... ကျွန်တော်တို့အားလုံးဟာ အနည်းနဲ့အများတော့ စိုးရိမ်ဖူးကြတာမို့လို့ ဖြေရလွယ်တဲ့မေးခွန်း ဖြစ်မယ်ထင်ပါတယ်။ မေးခွန်းရဲ့အဓိပ္ပာယ်ကို ပိုနားလည်လေ ဖြေရတာ ပိုလွယ်ကူလေ ဖြစ်တာကြောင့်... • စိတ်ဖိစီးမှု (Stress) • စိုးရိမ်မှု (Anxiety) နဲ့ • စိတ်ပူပင်သောကရောက်မှု (Worry) တွေဟာ ဘာတွေလဲ ဆိုတာရယ်၊ ဘယ်လိုတွေ ကွာခြားလဲ...

အိပ်ပျော်နေချိန် ဘီလူးစီး/သရဲစီးတယ် ဆိုတဲ့အကြောင်း Sleep Paralysis (December,2023)

0
အိပ်ပျော်နေချိန် ဘီလူးစီး/သရဲစီးတယ် ဆိုတဲ့အကြောင်း (Sleep paralysis) Sleep paralysis ကိုတော့ မြန်မာလူမျိုးတွေမှာ ဘီလူးစီးတယ်၊ သရဲစီးတယ်လို့ ‌တော်တော်များများ ယူဆသတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်က လှုပ်မရဖြစ်ပြီး အသက်ရှူကျပ်တာ ဒါမှမဟုတ် အလွန်ကြောက်စရာကောင်းတဲ့ အရာတွေကို မြင်တွေ့ရလို့ ဖြစ်ပါတယ်။ ဒါဆို ဒီလိုတွေ ဘာကြောင့်ဖြစ်ရတယ်...

ကိုယ်ဝန်ဆောင်မီးဖွားရမှာ ကြောက်တဲ့ရောဂါ (December,2023)

0
ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် တစ်ဆစ်ချိုး ​အပြောင်းအလဲ ကြုံကြရတဲ့ကာလဖြစ်တာမို့ စိတ်ပူပန်စရာကောင်းလှတာ အမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန် ကိုးလပြီးလို့ ကလေးမွေးဖွားချိန်ရောက်ပြန်တော့လည်း ကိုယ်တိုင်အတွက်ရော၊ မမြင်ရသေးတဲ့ ရင်သွေးငယ်လေးအတွက်ပါ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေတစ်ရပ်မို့ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ရပ်ဆိုရင်လည်း မမှားပြန်ပါဘူး။ ဒီလိုမျိုး ကလေးယူ၊ ကိုယ်ဝန်ဆောင်မီးဖွားရမှာကို ကြောက်တာဟာ ပုံမှန်ဖြစ်တတ်တဲ့ စိတ်ကလေးဆိုပေမယ့် ဒီကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်ကြောင့်...

အစားအသောက်ကို ကြောက်တဲ့ရောဂါ Cibophobia (December,2023)

0
အစားအသောက်ကို ကြောက်တဲ့ရောဂါ လူတိုင်း အစားအသောက် ကြိုက်ကြတယ်ဆိုပေမယ့် အချို့သူတွေကတော့ အစားအသောက်ဆို ကြောက်ကြပါသတဲ့။ ဘယ်လိုလူတွေလဲဆိုတော့ Cibophobia လို့ခေါ်တဲ့ “အစားအသောက်ကို ကြောက်တဲ့စိတ်ရောဂါ” ခံစားနေကြရသူတွေဖြစ်ပါတယ်။ Phobia ဆိုတာ အရာဝတ္ထုတစ်ခု (သို့) အခြေအနေတစ်ခုကို မခံမရပ်နိုင်အောင် တုန်လှုပ်သွားတဲ့အထိ အသက်ရှူရခက်ပြီး အာခေါင်တွေခြောက်တဲ့အထိ ကြောက်ရွံ့နေမိတတ်တဲ့ ရောဂါဖြစ်ပါတယ်။ Cibophobia...

ကမ္ဘာတစ်ဝှမ်း မေတ္တာတရားကို သက်ရှိအားလုံးအပေါ်ဖြန့်ကျက်သက်ရောက်နိုင်ရန် ရည်ရွယ်တဲ့နေ့ World Compassion Day (November,2023)

0
ဒီနေ့ နိုဝင်ဘာ (၂၈) ရက်နေ့က World Compassion Day ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း မေတ္တာတရားကို သက်ရှိအားလုံးအပေါ်ဖြန့်ကျက်သက်ရောက်နိုင်ရန် ရည်ရွယ်တဲ့နေ့ကို ဆိုလိုတာပါ။ မေတ္တာကို လူသားမျိုးနွယ်ရဲ့ အဓိက သဘာဝတစ်ခုအဖြစ် ကာလကြာရှည်စွာ မှတ်ယူထားခဲ့ပြီး သက္ကရာဇ် ၂၀၀၀ အစောပိုင်းလောက်မှာတော့ မေတ္တာသဘောကို အဓိကအာရုံစိုက်တဲ့ စိတ်ကုထုံးဆိုပြီး ပေါ်ပေါက်ခဲ့ပါတယ်။...

စိတ်ကိုပြန်လည်အခြေချခြင်း (Video) (November, 2023)

0
စိတ်သောကရောက်နေသူတွေ၊ စိတ်လှုပ်ရှား မုန်တိုင်းထန်နေသူတွေအတွက် စိတ်ပြေလျော့သွားစေမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်... ???? လက်တွေ့လုပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲ စိတ်ဖိစီးမှုတွေနဲ့ စိတ်သောကတွေဟာ အနည်းနဲ့အများ သက်သာလျော့ပါးသွားတာကို သိသိသာသာ ခံစားမိသွားမှာ ဖြစ်တဲ့အတွက်ကြောင့်... အချိန် ၅ မိနစ်ပဲ ကြာမြင့်တဲ့ ဒီဗီဒီယိုလေးထဲက ဆရာမ ပြောပြထားတဲ့အတိုင်း တစ်ခေါက်နှစ်ခေါက်လောက် စမ်းသပ်လုပ်ဆောင်ကြည့်ကြပါဦးလို့ စေတနာများစွာနဲ့...

ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ (November,2023)

0
"ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ" နေရာတကာမှာ သူပဲ ပေါ်ပြူလာဖြစ်ချင်၊ ထင်ပေါ်ချင်၊ အာရုံစိုက်ခံချင်တဲ့သူတွေကို ကြုံဖူးပါသလား။ ဒီလိုလူတွေ တွေ့ရတဲ့အခါ စိတ်ထဲ စနိုးစနောင့်ဖြစ်မိ၊ ဘဝင်မတွေ့စရာ ဖြစ်မိနိုင်ပေမဲ့ ဒီလိုအကျင့်စရိုက်ရှိသူ အချို့တွေဟာ Histrionic personality disorder (HPD) လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်နိုင်ပါတယ်တဲ့နော်။ Historic ဆိုတာက အင်္ဂလိပ်ဆို dramatic...

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း Tension Headache (October,2023)

0
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ခေါင်းကိုက်ခြင်းဝေဒနာဆိုတာ လူတိုင်း နေ့စဥ်ဘဝမှာ ရံဖန်ရံခါ (သို့) မကြာခဏ ကြုံတွေ့ခံစားရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်တကူ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ပါရာစီတ‌မောသောက်ရုံလောက်နဲ့ အဆင်မပြေတဲ့ မပေါ့ဆသင့်တဲ့ ခေါင်းကိုက်ခြင်းတွေရှိသလို အန္တရာယ်မများတဲ့ ခေါင်းကိုက်ဝေဒနာတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာဟာ...

စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးဝင်မယ့် ဝင်လေထွက်လေ ညီမျှအောင် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်နည်း Box Breathing (October,2023)

0
Box Breathing နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးဝင်မယ့် အသက်ရှူလေ့ကျင့်ခန်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်နော်။ Box breathing လို့ခေါ်တဲ့ ဝင်လေထွက်လေ ညီမျှအောင် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်နည်းဟာ အလွန်ထိရောက်တဲ့ စိတ်ဖိစီးမှုဖြေလျှော့တဲ့နည်းလမ်း (relaxation techniques) လေးတစ်ခုပါ။ ဒီလို ရှူသွင်းရှူထုတ်လုပ်ခြင်းဟာ သင့်ကို စိတ်ပြေလျော့စေပြီး အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။...

ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ဆိုတဲ့ အကြောင်း Burnout Awareness in Ethnic Languages

0
လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ဟာ World Mental Health Day ဖြစ်ပါတယ်။ လူသားတွေအတွက် ကိုယ်ခန္ဓာကျန်းမာရေးဟာ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာလည်း အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်ဘဝမှာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေအတွက် ရုန်းကန်လှုပ်ရှားကြရင်း သတိမထားမိဘဲ စိတ်ဖိစီးမှုတွေ များပြားလာတတ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေ တ​ဖြည်းဖြည်းများလာတဲ့အခါမှာတော့ ဘယ်အရာကိုမှ မတွေးတောနိုင်တော့ဘဲ...

စိတ်ကျန်းမာရေးဆိုတာ ဘာလဲ Mental Health Definition (October,2023)

0
အခုလာမယ့် အင်္ဂါနေ့.... အောက်တိုဘာ (၁၀) ရက်နေ့ဟာ "ကမ္ဘာ့စိတ်ကျန်းမာရေးနေ့" "World Mental Health Day" ဖြစ်ပါတယ်နော် ???? ဒါကြောင့် စိတ်ကျန်းမာရေးဆိုတာ ဘာလဲ... စိတ်ကျန်းမာခြင်းကို ဘယ်လိုအနက်အဓိပ္ပာယ် ဖွင့်ဆိုထားသလဲဆိုတာလေးကို အားလုံးသိရှိရအောင် မျှဝေပေးလိုက်ပါတယ်။ ဖတ်ကြည့် လေ့လာကြည့်ပေးကြပါဦးနော် ???? . ----------------------။ ။-------------------- . စိတ်ကျန်းမာခြင်း ဆိုသည်မှာ စိတ်ရောဂါများ ကင်းဝေးရုံသာမက... ၁။ မိမိကိုယ်မိမိ...

စာသင်ခန်းထဲက စကားမပြောတဲ့ ကလေးလေး Selective Mutism (October,2023)

0
သင်သိပါသလား..... အခု အောက်တိုဘာလဟာ Selective Mutism Awareness Month ဖြစ်ပါတယ်။ ဒါကြောင့် Selective Mutism ဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေကို လိုက်နာဆောင်ရွက်သင့်လဲ ဆိုတာလေးကို ပြည်သူလူထုက ပိုမိုသိရှိနားလည်ပြီး သက်ဆိုင်သူတွေကို ပိုကူညီနိုင်ဖို့အတွက် တယ်လီကျန်းမာရဲ့ အထူးကုဆရာဝန်တစ်ဦးက ဗဟုသုတ မျှဝေပေးထားပါတယ်နော်။ ဖတ်ကြည့် လေ့လာကြည့်ကြပါဦး... ???? . ----------------------။...

ကလေးမွေးဖွားပြီးနောက် စိတ်မရွှင်လန်းခြင်း Baby Blues (September,2023)

0
ကလေးမွေးဖွားပြီးနောက် စိတ်မရွှင်လန်းခြင်း (Baby blues) Baby blues ဆိုတာ မီးဖွားပြီးမိခင် ၈၀ ရာခိုင်နှုန်းခန့်မှာ ခံစားရတဲ့ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှု၊ ဖိစီးမှုနဲ့ စိတ်ခံစားချက် အပြောင်းအလဲတွေများတဲ့ တိုတောင်းတဲ့အချိန်ကာလကို ဆိုလိုပါတယ်။ ပထမဦးဆုံးကလေးမွေးပြီး မိခင်အသစ် ၅ ယောက်မှာ ၄ ယောက်ဟာ ဒီလို baby...

စိတ်ကျန်းမာရေး ဦးစားပေး Mental Health (September,2023)

0
----------|| စိတ်ကျန်းမာရေး ဦးစားပေး ||---------- စိတ်ကျန်းမာရေးဆိုတာ ကျွန်မတို့ နေ့စဉ် တွေးတောခံစား ပြုမူနေတာ‌တွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ စိတ်ကျန်းမာရေး ထိခိုက်ခြင်းဟာ နေ့စဉ်ရှင်သန်ရာ ဘဝ၊ ပေါင်းသင်းဆက်ဆံရေးတွေသာမက ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုပဲ လူတွေဟာ ဘဝမှာ ရုန်းကန်ရှင်သန်ရမှုတွေ၊ ဘေးပတ်ဝန်းကျင်က အခြေအနေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ...

ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း School Anxiety, School Refusal, School Avoidance or School Phobia...

0
ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း ကျောင်းသား/ကျောင်းသူတစ်ယောက်က တစ်စုံတစ်ခုကို စိုးရိမ်ကြောက်ရွံ့ပြီး ကျောင်းသွားဖို့ အကြောက်အကန်ငြင်းဆန်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပြီး စာမသင်ချင်လို့၊ ကျောင်းမှာမပျော်လို့ ကျောင်းပြေးတာမျိုးနဲ့မတူပါ။ ကျောင်းနေအရွယ် ကလေး (၁ - ၅ %) လောက်မှာ ဒီလိုပြဿနာမျိုးရှိနိုင်ပြီး အသက် ၅၊ ၆၊ ၁၀ နဲ့ ၁၁...

ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း Gaming Disorder(August,2023)

2
ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း (Gaming disorder) အွန်လိုင်းဂိမ်းတွေ အလွန်ခေတ်စားလာပြီး eSport ဆိုပြီး နိုင်ငံတကာပြိုင်ပွဲတွေပါ ဖြစ်လာတာနဲ့အတူ ဂိမ်းကို အလွန်အကျွံစွဲလမ်းပြီး ဘဝပျက်သွားတဲ့လူငယ်တွေရဲ့သတင်းတွေလည်း များသည်ထက်များလာပါတယ်။ ကွန်ပြူတာ၊ ဖုန်း စတာတွေ ဝယ်မယ်ဆိုရင်တောင် ဂိမ်းကစားလို့ကောင်းတဲ့ပစ္စည်းဆိုပြီး လိုအပ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းရွေးချယ်ကြတာ များလာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာရောဂါအုပ်စုခွဲသတ်မှတ်ခြင်း အမှတ်စဉ်...

မိမိတို့ရဲ့ စိတ်အခြေအနေကို စောစောသိဖို့ မေးခွန်းလေးတွေဖြေပြီး အမှတ်တွေပေါင်းလို့ ဆန်းစစ်ကြည့်လိုက်ပါ Mental Health Test(August,2023)

0
ဘ၀မှာ‌ နေမပျော်ဘူး၊ ဘ၀က အဓိပ္ပါယ်မရှိဘူး၊ ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ယူဆနေရပါလား... အသက်ရှူမ၀၊ ကတုန်ကယင်ဖြစ်ပြီး စိုးရိမ်စိတ်တွေ ကြီးစိုးနေသလို ခံစားနေရပြီလား... စိတ်အနှောင့်အယှက်ဖြစ်လွယ်၊ ရတက်မအေးနိုင်ဘဲ စိတ်ပေါ့ပေါ့ပါးပါးနေဖို့ ခက်ခဲနေတာ သတိထားမိနေလား... ... ... ဒီခေတ်ဒီအခါမှာ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျန်းမာရေး အားနည်းလာကြပါတယ်။ စိုးရိမ်စိတ်များခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း စသဖြင့် အဆင့်ဆင့်ခံစားလာကြရပြီး မိမိတို့ရဲ့...

သင့်စိတ်ကိုပျော်ရွှင်စေသော ဟော်မုန်းတွေထွက်ရှိအောင်

0
သင့်စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းတွေထွက်အောင် ဘယ်လိုနေထိုင်ပြုမူကြမလဲ ? ဟော်မုန်းတွေဟာ ခန္ဓာကိုယ်အနှံ့ရှိ ဂလင်းအမျိုးမျိုးမှ ထုတ်လုပ်တဲ့ဓာတုပစ္စည်းများ ဖြစ်ပါတယ်။ ၎င်းတို့ဟာ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ရောက်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများစွာမှာ ပါဝင်ကြပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေထဲမှာ စိတ်ခံစားချက်ကို ထိန်းညှိပေးတာလည်းပါပါတယ်။ အချို့ဟော်မုန်းတွေဟာ ပျော်ရွှင်မှုအပါအဝင် အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို မြှင့်တင်ဖို့ကူညီပေးကြောင်း လူသိများပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် သီချင်းနားထောင်ခြင်းကဲ့သို့သော...

မိမိကိုယ်မိမိ ဝ နေသည်ဟုသာ ထင်မြင်၍ အစားလျှော့ပြီးရင်း လျှော့ခြင်း Anorexia Nervosa

0
Anorexia Nervosa ဆိုတာ ဘာလဲ ? လူတော်တော်များများက ကိုယ်အလေးချိန်တက်လာမှာကို စိုးရိမ်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ စိုးရိမ်ပူပန်မှုဟာ စွဲလမ်းမှုတစ်ခုဖြစ်လာပြီး anorexia nervosa လို့ခေါ်တဲ့ ကိုယ်အလေးချိန်တက်မှာကိုကြောက်တဲ့ စိတ်ရောဂါအခြေအနေတစ်ခုဖြစ်လာပါတယ်။ Anorexia nervosa ဆိုတာ အလွန်အမင်းကိုယ်အလေးချိန်ကျခြင်းကို ဖြစ်စေနိုင်တဲ့ အစာမစားတဲ့စိတ်ရောဂါအခြေအနေတစ်ခုဖြစ်ပါတယ်။ Anorexia ရှိသူဟာ ကိုယ်စားသုံးတဲ့ ကယ်လိုရီပမာဏနဲ့...

နားငြီးမခံနိုင်တဲ့ရောဂါ Misophonia

0
Misophonia ဆိုတာက အသံတစ်ခုကို ကြားလိုက်ရချိန်မှာ စိတ်ခံစားချက်အရဖြစ်စေ၊ ခန္ဓာကိုယ်က အလိုအလျောက်ဖြစ်စေ မခံမရပ်နိုင်အောင် တုံ့ပြန်လိုက်မိခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါကို တစ်ခါတစ်ရံ Selective Sound Syndrome လို့လည်း ခေါ်ပါသေးတယ်။ Misophonia ကို ခံစားနေရသူတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ ခံတွင်းကထွက်တဲ့အသံတွေဖြစ်တဲ့ အခြားသူ အစားစားနေတဲ့အသံ၊...

လောင်းကစားနှင့် စိတ်ကျန်းမာရေး Gambling Disorder

0
“လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)” အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပက်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။ “လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့ စကားကို...

လောင်းကစားနှင့် စိတ်ကျန်းမာရေး “ Gambling disorder” (May 2023)

0
"လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)" အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပက်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။ “လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့ စကားကို...

အမှောင်ကိုကြောက်ရခြင်း အကြောင်းအရင်းများ “ Nyctophobia” (April 2023)

0
“အမှောင်ကိုကြောက်ရခြင်း အကြောင်းအရင်းများ (Nyctophobia)" လူတွေဟာ အတော်များများကို ကြောက်တတ်ကြပါတယ်။ အချို့ကြောက်စိတ်တွေက ကျိုးကြောင်းလက်ခံနိုင်လောက်တာတွေဆိုပေမယ့် အချို့ဟာတွေကတော့ မဟုတ်ပါဘူး။ တစ်စုံတစ်ခုကို မထိန်းချုပ်နိုင်လောက်အောင် ကြောက်တာမျိုးကို Phobia လို့ခေါ်ပါတယ်။ အဲ့ထဲမှာမှ အဖြစ်များတာကတော့ အမှောင်ကိုကြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အမှောင်ကိုကြောက်ခြင်းက သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အချို့က အမှောင်ထဲမှာ ကိုယ့်အနီးအနားမှာ...

စိတ်ဒဏ်ရာတွေကိုဖြေလျော့ဖို့ နည်းလမ်းလေးတစ်ခု “ Emotional Freedom Techniques (Tapping)” (April 2023)

0
"Emotional Freedom Techniques (Tapping)" နွေနေပူပူမှာ နေ့စဉ်ကြုံတွေ့ ရုန်းကန်နေရတဲ့ အခက်အခဲတွေ၊ မြင်ရ ကြားခဲ့ရတဲ့ ဝမ်းနည်းဖွယ်သတင်းတွေနဲ့ စိတ်ရောလူရော ပင်ပန်းနေကြတာမျိုး ဖြစ်နေပါသလားရှင်..... တယ်လီကျန်းမာပရိတ်သတ်တွေအတွက် စိတ်ဒဏ်ရာတွေကိုဖြေလျော့ဖို့ နည်းလမ်းလေးတစ်ခုကို ပြောပြ‌ချင်ပါတယ်။ .. .. လူတစ်ယောက်စီဟာ သူ့ရဲ့စိတ်ဖိစီးမှုကို ခံနိုင်ရည်အင်အားရှိတာချင်း မတူညီတတ်ကြပါဘူး။ တချို့က စိတ်ခံစားမှု လွယ်တတ်ကြသလို တချို့ကလည်း လောကဓံကို...

ကျန်းမာရေးအတွက် ယောဂ “ Yoga” (April 2023)

0
“ကျန်းမာရေးအတွက် ယောဂ” (Yoga) ယောဂ (Yoga) ဆိုတာကတော့ ခန္ဓာကိုယ်၊ ဝင်သက်ထွက်သက်နဲ့ စိတ်တို့ကို ချိတ်ဆက်ပေးတဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်။ ယောဂဟာ အထွေထွေ ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့အတွက် ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားတွေ၊ အသက်ရှူလေ့ကျင့်ခန်းတွေနဲ့ တရားထိုင်တာတွေကို ပြုလုပ်ခြင်းဖြစ်ပါတယ်။ ယောဂကျင့်စဥ်ဟာ ရှေးနှစ်ထောင်ပေါင်းများစွာက စိတ်ပိုင်းဆိုင်ရာကျင့်စဥ်အဖြစ် India နိုင်ငံမှာ...

စိတ်ခွန်အား ပေးစွမ်းနိုင်မည့် နည်းလမ်းများ

0
ဘဝမှာ လူတွေဟာ ခက်ခဲတဲ့အချိန်တွေကို​ ဖြတ်ကျော်ရတတ်ပါတယ်... ကိုယ်တိုင်ကျော်ဖြတ်ရချိန်မှာ ပတ်ဝန်းကျင်က ကိုယ့်ကို ကူညီတတ်ကြသလို....တစ်ချိန်ချိန်မှာတော့ ကိုယ့်မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ စိတ်ကျန်းမာရေးအတွက် ကိုယ်ကပြန်ပြီး စိုးရိမ်ပူပန်ရတယ်ဆိုတာလည်း ရှိတတ်ပါတယ်။ ???? အဲလိုအချိန်အခါမျိုးမှာ မိမိတို့အနေနဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကူညီဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်ဆိုတာလေး မျှဝေပေးချင်တာပါ ???? .. .. ❓တစ်ပါးသူ စိတ်ကျန်းမာရေးထိခိုက်ခံစားနေကြောင်း ဘယ်လိုသိနိုင်မလဲ တစ်ခါတလေမှာ လူတစ်ယောက် စိတ်ကျန်းမာရေး...

သူတစ်ပါးအား စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်ခြင်း Emotional Manipulation (March, 2023)

0
"သူတစ်ပါးအား စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်ခြင်း (Emotional Manipulation) Emotional manipulation ဆိုတာ မရိုးသားတဲ့နည်းလမ်း၊ ကိုယ်ကျိုးရှာအမြတ်ထုတ်တဲ့နည်းလမ်းနဲ့ တစ်ပါးသူအပေါ် လွှမ်းမိုးမှုရယူခြင်း ဖြစ်ပါတယ်။ ဒီလို emotional manipulator တွေဟာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေမှာလို အပြန်အလှန် အပေးအယူမျှမျှနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမရှိဘဲ တစ်ပါးသူကို အသုံးချထိန်းချုပ်ပြီး တစ်ခါတစ်ရံ...

” အမြင့်​ကြောက်ခြင်း (Acrophobia) “

0
ကျွန်တော်တို့ကိုယ်တိုင် (ဒါမှမဟုတ်) ပတ်ဝန်းကျင်မှာ အမြင့်တက်ရမှာ ကြောက်တာ၊ အမြင့်ရောက်တာနဲ့ခြေထောက်မခိုင်ဘဲ ခွေယိုင်လဲကျတတ်တဲ့သူမျိုးကို မြင်တွေ့ဖူးကြပါလိမ့်မယ်။ တစ်ခါတစ်ရံ အကဲပိုပြနေတယ်လို့ ထင်ကောင်းထင်ရပေမယ့် တကယ်မှာတော့ "Acrophobia" လို့ခေါ်တဲ့ အမြင့်ကြောက်ရောဂါ ရှိသူတွေပဲ ဖြစ်ပါတယ်။ . Acrophobia ဆိုတာဘာလဲ ? Acrophobia ဆိုတာ တစ်စုံတစ်ခုကို ကြောက်တတ်တဲ့ရောဂါ (phobia) တွေ...

အိပ်မပျော်တဲ့ရောဂါ (Insomnia)

0
အက်ဒမင်လည်း ခုတလော ဦးခင်ဝမ်းရဲ့ "အိပ်မရတဲ့ည" သီချင်းကို မကြာမကြာ ငြီးနေမိပါတယ်။ ဟုတ်ပါတယ် ည ည ဆို အိပ်မပျော်လို့ပါ။ ဘာအကြောင်းတွေကြောင့် အိပ်မပျော်တာလဲ။ အိပ်မပျော်တာကြာရင် ဘာတွေဖြစ်နိုင်သလဲ။ ကာလရှည်ကြာ အိပ်မပျော်တဲ့ရောဂါ (Insomnia) ကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ စတဲ့ အကြောင်းအရာတွေကို ဒေါက်တာ...

ကလေးတွေမှာ မဆင်မခြင် ပြုမူတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ အလွန်အမင်း တက်ကြွနေတာတွေ အဓိက ဖြစ်တတ်တဲ့ Attention Deficit...

0
Attention Deficit Hyperactivity Disorder (ADHD) ADHD ဆိုတာ ကလေးတွေရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှု စနစ်တကျမဖြစ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ADHD ကလေးတွေမှာ မဆင်မခြင် ပြုမူတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ အလွန်အမင်း တက်ကြွနေတာတွေ အဓိက ဖြစ်တတ်ပါတယ်။ ကလေး အယောက် ၂၀၊ ၃၀...

” မူးယစ်ဆေးဝါးကို သွေးကြောထဲ ထိုးသွင်းသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ “

0
" မူးယစ်ဆေးဝါးကို သွေးကြောထဲ ထိုးသွင်းသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ " ( Complications of IVDU ) မြန်မာနိုင်ငံမှာ အသုံးများတဲ့ ဆေးအလွဲသုံးမှုတွေအနေနဲ့... - ဟီးရိုးရင်း (Heroin) - မော်ဖင်း (Morphine) - ပသဒင်း (Pethidine) - ကိုဒီရင်း (Codeine) - အိပ်ဆေးများ ( Diazepam...

” အမျိုးသားများတွင် ကိုယ်ဝန်ဆောင်လက္ခဏာများခံစားရခြင်း ( Couvade Syndrome) “

0
* ခြေထောက်ကြွက်တက်ခြင်း * ခါးနာခြင်း * စိတ်ဖိစီးမှုများခြင်း * စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ လက္ခဏာတွေကို ဇနီးသည်ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်အတွင်း အမျိုးသားတွေမှာပါ အလားတူ ခံစားရတတ်ပါတယ်။.  ဘာကြောင့်ဖြစ်ရသလဲ ? လက်တွဲဖော်ဇနီးသည် ကိုယ်ဝန်ဆောင်ကာလမှာ အမျိုးသားတွေပါ စိုးရိမ်ပူပန်စိတ်တွေများလာပြီး ကိုယ်ဝန်ဆောင်တွေရဲ့ ရောဂါလက္ခဏာတွေ ကူးစက်ခံစားလာရတတ်ပါတယ်။ သီအိုရအရလက်တွေ့ကျကျပြောရမယ်ဆိုရင်တော့ ….. * ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း ဒီလိုလက္ခဏာတွေကို စတင်ခံစားရတဲ့အခါမှာ "ကျား"ဟော်မုန်း (testosterone...

” စိတ်ဖိစီးမှု(Stress)တွေအကြောင်း “

0
" စိတ်ဖိစီးမှု(Stress)တွေအကြောင်း " လူသားရယ်လို့ဖြစ်လာတဲ့အခါ အသိဉာဏ်ဆင်ခြင်တတ်တဲ့အရွယ်ကစလို့ ဘဝမှာ စိတ်ဖိစီးတာတွေကို နေ့စဉ်ခံစားနေကြရပါတယ်။ ယေဘူယျအားဖြင့်တော့ စိတ်ဖိစီးတာတွေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ကြတတ်ပေမယ့် ပုံမှန်မဟုတ်တဲ့ စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုများစွာ ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားနိုင်ပါတယ်။ စိတ်ဖိစီးမှု ဆက်တိုက်ခံစားနေရလာပြီဆိုရင်တော့ ကျန်းမာရေးချို့တဲ့တာတွေကို ဖြစ်လာစေပါတယ်။ . အဖြစ်များတဲ့...

ယုံမှားသံသယ လွန်ကဲခြင်း (သို့မဟုတ်) မဟုတ်တာကိုအဟုတ်ထင်ခြင်း (Delusion)

0
ယုံမှားသံသယ လွန်ကဲခြင်း (သို့မဟုတ်) မဟုတ်တာကိုအဟုတ်ထင်ခြင်း (Delusion) အမှန်တကယ်မဟုတ်တဲ့ အကြောင်းအရာ (ဒါမှမဟုတ်) ယုံကြည်ချက်တစ်ခုခုကို သေချာစွာမစဥ်းစားနိုင်ဘဲ တကယ်ဖြစ်ပျက်နေတယ်လို့မြင်နေတဲ့စိတ်အခြေအနေမျိုးကို ယုံမှားသံသယလွန်ကဲတယ်လို့ခေါ်ပါတယ်။ တစ်ခါတလေမှာ လုံးဝမဖြစ်နိုင်တဲ့အရာတွေကို ဖြစ်နေတယ်လို့ ယုံမှားသံသယလွန်ကဲတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ ဆေးပညာစကားအရဆိုရင် "delusion" လို့ခေါ်ပါတယ်။ ဥပမာပြောရရင်..... - ကိုယ့်ကိုတစ်ယောက်ယောက်က လုပ်ကြံမယ်လို့ထင်နေတာမျိုး - ကိုယ်က ဂြိုလ်သားတွေနဲ့ဆက်သွယ်နိုင်တယ်လို့ထင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ . ပုံမှန်အားဖြင့်တော့...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ ( Obsessive Compulsive Disorder )

0
စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ ( Obsessive Compulsive Disorder ) စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာဆိုတာ....အတွေးတစ်ခုကို ထပ်တလဲလဲတွေးနေမိတတ်တာ ( Obsession)နဲ့.....ကိစ္စတစ်ခုကို လိုတာထက်ပိုပြီး မလုပ်ရမနေနိုင် ထပ်ခါထပ်ခါလုပ်မိနေတတ်တဲ့ (Compulsion) စိတ်ဝေဒနာတစ်မျိုးပဲဖြစ်ပါတယ်။ ဆေးပညာမှာတော့ Obsessive Compulsive Disorder လို့ခေါ်ပြီး အများအားဖြင့် OCD လို့ အတိုကောက်ခေါ်ကြပါတယ်။ OCDဟာ...

အကျပ်အတည်း ရင်ဆိုင်ဖြေရှင်းနည်း (၁၀)ချက်

0
" အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နည်းလမ်း (၁၀) ခု " ဘယ်လောက်ပဲ စိတ်ရောလူပါ ကျန်းမာတဲ့လူတစ်ယောက်ဖြစ်နေပါစေ...လူ့ဘဝသက်တမ်းတစ်လျှောက်မှာ အခက်အခဲအကျပ်အတည်းကာလ (သို့) ကပ်ဆိုက်ခြင်းတစ်ခုခုကို ရင်ဆိုင်ကြုံတွေ့ရနိုင်ခြေ ရှိပါတယ် . ❓ဘယ်အရာတွေကြောင့် ဖြစ်စေတာလဲ - တဖြည်းဖြည်းစုပုံပြီး များလာ​​တဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်သလို - မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်သွားတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ် ( ဥပမာ...

လှုံ့ဆော်မဲ့ အာရုံများ ပေါ်ပေါက်လာခြင်း (Hallucination)

0
♦️လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ်ဆိုတာ.... လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ်ဆိုတာ တကယ်မရှိဘဲ ရှိတယ်ထင်နေတာလို့ ဆိုရပါမယ်။ တကယ်မရှိဘဲ မြင်နေရတာ ၊ အနံ့တွေရတာနဲ့ အထိအတွေ့တွေ ခံစားမိတာအထိ လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာတွေရှိပါတယ်။ . . ♦️လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်ဖို့ အဖြစ်များတာကတော့ • စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) ရှိသူတွေရဲ့ (၇၀) ရာခိုင်နှုန်းက အမြင်နဲ့ဆိုင်တဲ့ လှုံ့ဆော်မဲ့ အာရုံတွေ...

ဘဝရဲ့အမည်းစက်များ (Stigma)

0
Stigma ဆိုတာ ဂရိစကားလုံးတစ်ခုဖြစ်ပြီး အမှတ်အသားလုပ် တံဆိပ်ကပ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် ခဲရာခဲဆစ်ဘာသာပြန်ရရင် “ တစ်ဦးတစ်ယောက်ရဲ့ ဘဝအမည်းစက်ကြောင့် ခွဲခြားဆက်ဆံခံရခြင်း "လို့လည်း အကျယ်ချဲ့ ဘာသာပြန်လို့ ရပါတယ် အထူးသဖြင့် အပြစ်သားတွေလို အရှက်ခွဲနှိမ့်ချတာ ၊ လူ့အဖွဲ့အစည်းက ရှောင်ကြဉ်ကြတာတွေလုပ်ဖို့ "လူဆိုး" ဆိုတဲ့ သင်္ကေတအမှတ်အသား တပ်ခံရတာပါ .. .. မဆီမဆိုင် ဘဝမှာ...

“ပေးကမ်းခြင်း နှင့် လက်ခံရယူခြင်း အနုပညာ”

0
အခုဆိုရင် နှစ်ကုန်ခါနီး ခရစ်စမတ်ကာလ၊ အားလပ်ရက်ကာလဖြစ်တာမို့ ချစ်ခင်ရသူတွေကို အမှတ်တရဖြစ်မယ့်အရာ တစ်ခုခုလက်ဆောင်ပေးဖို့ ပြင်ဆင်နေကြမယ်လို့ ထင်ပါတယ်။ ဒီနေ့ပြောပြသွားမယ့် အကြောင်းအရာက ပေးကမ်းခြင်း၊ လက်ခံရယူခြင်းနောက်ကွယ်က ကျွန်တော်တို့ရရှိနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ???? ပေးကမ်းခြင်း အပြုအမူလေးနောက်ကွယ်မှာ... ❀ ကိုယ်တိုင် ပျော်ရွှင်မှုကို ခံစားရတယ်။ လက်ဆောင်ပေးလိုက်ရတဲ့အခါ ဦးနှောက်ရဲ့ စိတ်ကျေနပ်မှုကိုဖြစ်စေတဲ့...

Tension Headache ( စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း )(December, 2022)

0
Tension Headache( စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း ) Tension headache ဆိုတာ ဦးခေါင်းရဲ့ နေရာအများစုမှာ တင်းပြီးညှစ်ထားသလိုခံစားရတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်ပါတယ်။( tension-type headache သို့မဟုတ် muscle contraction headache လို့လည်း ခေါ်ပါတယ်။ ) စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများတဲ့ သူတွေမှာ တွေ့ရများပါတယ်။ Tension...

‌Amphetamine (ice)(စိတ်ကြွဆေး) (December, 2022)

0
Amphetamine (ice) Amphetamine သည် ဦးနှောက်လုပ်ငန်းဆောင်တာများကို မြန်စေသော၊ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ( သဘာဝ မဟုတ်သော ) စိတ်ကြွဆေး ဖြစ်ပါသည်။ တရားဝင်အသုံးပြုမှုများရှိသလို တရားမဝင် အသုံးပြုမှုများလည်း ရှိပါသည်။ ဆေးပညာလောကတွင် Narcolepsy ( အအိပ်လွန်ရောဂါ ) နှင့် Attention...

Dementia ( သတိမေ့ရောဂါ) ( December, 2022)

0
ကိုယ့်ရဲ့မိသားစုထဲက အသက်ကြီးကြီး လူကြီးသူမတွေ မှတ်ဉာဏ်မကောင်းတာ၊ မှတ်ဉာဏ်တွေ မေ့လျော့လာတာကို ကြုံဖူး၊တွေ့ဖူးကြမှာပါ။ ဒါဟာ Dementiaရောဂါလက္ခဏာပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်တဲ့သူဟာဆိုရင် သူ့ရဲ့ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ စိတ်တွေရှုပ်ထွေးလာမယ်။ မေ့တတ်လာမယ်။ ဒါကြောင့် အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်တောက်သွားမယ်။ ဒီရောဂါဟာ အသက် ၆၅နှစ်အောက်မှာ ဖြစ်တတ်တာရှားပြီးတော့ အသက်၈၀နဲ့အထက်တွေမှာ အဖြစ်များပါတယ်။ Dementiaရောဂါဟာ ဖြည်းဖြည်းချင်း...

ဘိန်းဖြူ ( HEROIN )

0
Heroin သို့မဟုတ် diacetylmorphine သည် opioid အုပ်စုမှ ဆေးတစ်မျိုးဖြစ်ပါသည်။ တခြားသော opioid များတွင် opium, morphine, pethidine, codeine, oxycodone, methadone တို့ ပါဝင်ပါသည်။ Opium သည် အခြေခံကျသော သဘာဝ opioid ဖြစ်ပြီး...

စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးခြင်း (Apathy)

0
အခုလိုခက်ခဲတဲ့ကာလမှာ စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေ၊ အသက်မွေးဝမ်းကျောင်း၊အလုပ်အကိုင်အပြောင်းအလဲတွေ၊ အရင်လိုမဟုတ်တော့တဲ့ လူမှုဆက်ဆံရေးတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ လူတော်တော်များများမှာ ကိုယ်တိုင်တောင်မသိဘဲ ကြုံတွေ့နေရတဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ရပ် ရှိပါတယ်။➪ “Apathy” လို့ခေါ်တဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးပြီး နေ့စဉ်လူနေမှုဘဝကို စိတ်ဝင်စားမှုမရှိတော့ဘဲ ခံစားချက်မဲ့ခြင်းပါ။နေ့စဉ်ဘဝလုပ်ငန်းခွင်မှာ၊ ပေါင်းသင်းဆက်ဆံရေးမှာ၊ ကိုယ့်ရဲ့ အိမ်မက်တွေအပေါ်မှာ စိတ်အားထက်သန်မှုမရှိတော့ဘဲ...

Cocaine (ကိုကင်း)ဆိုတာ ဘာလဲ (November, 2022)

0
Cocaine (ကိုကင်း)ဆိုတာ ဘာလဲ Cocaine သည် Erythroxylum coca အမည်ရ ချုံပင်တစ်မျိုးမှရရှိသော စိတ်ကြွရူးသွပ်ဆေးတစ်မျိုးဖြစ်သလို ထုံဆေးတစ်မျိုးလည်း ဖြစ်ပါသည်။ ဤအပင်ကို ဘိုလီဗီးယား၊ ပီရူး ကဲ့သို့သော တောင်အမေရိကတိုက်နိုင်ငံများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက် ရှိပါသည်။ ဆေးပညာလောကတွင် အလွန်အကျိုးရှိသော ထုံဆေးတစ်မျိုးအဖြစ် အသုံးပြုလျက်ရှိသော်လည်း ၎င်း၏ အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများကြောင့်...

စိတ်ကြွရူးသွပ်ဆေး တစ်မျိုး ECSTASY ( the love drug) (November, 2022)

0
ECSTASY ( the love drug) Ecstasy ဆိုတာဘာလဲ? Ecstasy ဟာ ဥပဒေအရပိတ်ပင်ထား​တဲ့ Amphetamine မျိုးနွယ်ဝင် စိတ်ကြွရူးသွပ်ဆေး တစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အရှိန်မြှင့်ချင်လို့ သုံးကြတာပါ။ သူ့မှာပါတဲ့ အဓိက ဓာတုပစ္စည်းကတော့ Methylenedioxymethamphetamine (MDMA ) ဖြစ်ပါတယ်။ MDMA...

အယ်လ်ဇိုင်းမား သတိမေ့ရောဂါ Alzheimer’s Disease (October, 2022)

0
အယ်လ်ဇိုင်းမား သတိမေ့ရောဂါ (Alzheimer's Disease) ခေတ်ရေစီးကြောင်းတွေပြောင်းလာတာနဲ့အမျှ generation gap အရ လူငယ်ကနေ လူကြီး၊ လူကြီးကနေ လူငယ် အပြန်အလှန်နားလည်ဖို့ ခက်လာချိန်မှာ တချို့လူကြီးရောဂါတွေကို သိနားလည်ထားဖို့ လိုအပ်လာပါတယ်။ အဲဒီ့အထဲမှာ သတိမေ့တတ်တာမဆန်းပေမယ့် လူကြီးတွေမှာ ရောဂါတစ်ခုအနေနဲ့လည်း ဖြစ်နိုင်ပါတယ်။ သတိမေ့တတ်တဲ့ရောဂါအုပ်စုကြီး Dementiaရဲ့အောက်မှာ သတိမေ့တတ်တဲ့ရောဂါမျိုးခွဲတွေအများကြီးရှိတဲ့ထဲက ၆၀-၇၀%ဟာ...

ဒေါသကိုင်တွယ်ဖြေရှင်း နည်းလမ်းများ Anger Management ( October, 2022)

0
ကျွဲမြီးကလေး မတိုစေချင် (Anger Management) ခုလိုချိန်ခါမှာ တယ်လီကျန်းမာ စာဖတ်ပရိတ်သတ်ကို “Anger Management” “ဒေါသကိုင်တွယ်ဖြေရှင်း နည်းလမ်းများ” အကြောင်း တင်ဆက်ရတာ အင်မတန် အားနာမိပါတယ်.... ဟိုတစ်နေ့ကတောင် facebook ကနေ ကာတွန်းရုပ်ပြောင်ကလေးတစ်ခု ဖတ်လိုက်ပြီး သဘောကျမိသေး.... “ဟဲ့ နင် အရင်လို မဆဲတော့ပါလား” “မဆဲဆို ဆဲစရာ ဆဲနည်း...

လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း Social phobia ( September, 2022 )

0
Social phobia (လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း) သင်ဟာ လူကြောက်တတ်သူ တစ်ယောက်လား❓ Social phobia ဆိုတာ❔ ကျွန်တော်တို့ လူသားတွေအတွက် ဟောပြောပွဲ၊တွေ့ဆုံပွဲစတဲ့ အခမ်းအနားတွေမှာ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့တယ်ခံစားရတာ ပုံမှန်အခြေအနေတစ်ခုပါ။ ဒါပေမယ့် Social phobia( social anxiety disorder) ရှိတဲ့သူတွေမှာဆိုရင်တော့ နေ့စဉ် လူမှုဆက်ဆံရေးမှာ...

မီးဖွားပြီးနောက် စိတ်ကျရောဂါ Postnatal Depression ( August, 2022 )

0
“ဖေဖေ၊မေမေ မှတ်သားစရာ…မီးဖွားပြီးနောက် စိတ်ကျရောဂါ” ( Postnatal Depression ) “ယောကျ်ားဖောင်စီး…မိန်းမမီးနေ” ဆိုတဲ့ စကားပုံလိုပါပဲ ကိုယ်ဝန်ဆောင်၊ မီးနေသည် စောင့်ရှောက်မှုက အလွန်အရေးကြီးပါတယ်။ ???? ကိုယ့်ရဲ့ရင်သွေးလေးကို မွေးဖွားပြီး လူ့လောကထဲခေါ်ဆောင်ခြင်းက မင်္ဂလာရှိတဲ့အခိုက်အတန့် ဆိုပေမယ့် ကိုယ်ဝန်ရှိချိန်မှစပြီး မီးဖွားချိန်၊မွေးပြီးရင်သွေးကို ပြုစုစောင့်ရှောက်ချိန်တွေက ဖေဖေ၊မေမေ တို့ရဲ့ ဘဝမှာအပြောင်းအလဲတစ်ခုလိုဖြစ်တဲ့အတွက်...

စိုးရိမ်ပူပန်တတ်တဲ့စိတ် ANXIETY ( August, 2022)

0
ANXIETY ( စိုးရိမ်ပူပန်တတ်တဲ့စိတ် ) စိုးရိမ်ပူပန်ခြင်းဆိုတာ❓ စိုးရိမ်ပူပန်ခြင်းဆိုတာကြောက်စိတ်နှင့်အတူဖြစ်ပေါ်လာတဲ့ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားချက်တစ်ခု (သို့မဟုတ်)ဘေးအန္တရာယ်တစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ စိုးရိမ်ပူပန်မှုက အနည်းနဲ့အများရှိတတ်လေ့ရှိပါတယ်။လူတွေမှာ ဖိအားတွေကြောင့် စိုးရိမ်ပူပန်တတ်တာ ပုံမှန် reaction ဆိုပေမယ့် တစ်ချို့သူတွေမှာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနှင့် ရင်ဆိုင်ရပြီး ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေပါ ထိခိုက်လာနိုင်ပါတယ်။♦️နောက်ဆက်တွဲအနေနဲ့ စိုးရိမ်မှုလွန်ကဲရောဂါ (Anxiety disorder)၊...

အိပ်မပျော်တဲ့ရောဂါ Insomnia(July,2022)

0
အိပ်မပျော်တဲ့ရောဂါ (insomnia) ဆိုတာဟာ အိပ်စက်ခြင်းမူမမှန်တဲ့ ရောဂါတစ်မျိုးပါ။ အိပ်ဖို့ခက်မယ်၊ အချိန်မဟုတ်ကြီးနိုးပြီး ပြန်အိပ်ဖို့ ခက်မယ်။ အိပ်ချိန်မလုံလောက်တဲ့အတွက် နိုးလာတဲ့အချိန်မှာ ပင်ပန်းတယ်လို့ ခံစားရနိုင်ပါတယ်။ အိပ်မပျော်တဲ့ရောဂါက ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ စွမ်းအင်အပြင် ကျန်းမာရေး၊ အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ လူနေမှုဘ၀ကိုပါ တဖြည်းဖြည်းဆုတ်ယုတ်လာစေနိုင်ပါတယ်။ လူတစ်ယောက်အတွက် လုံလောက်တဲ့ အိပ်စက်အနားယူချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပေမယ့်...

စကားထစ်တဲ့ကလေး ( June, 2022 )

0
စကားထစ်တဲ့ကလေး အယောက် ၁၀၀ မှာ ၂၅ ယောက်လောက်က အသက်ကြီးတဲ့အထိ အကျင့်ပါသွား နိုင်ပါတယ်။ စောစောသိပြီး စောစော ပြုပြင်ပေးနိုင်ရင် အများစုက ပြန်ကောင်းသွားနိုင်ပါတယ်။ နုနယ်တဲ့ကလေးတစ်ယောက်ဘဝမှာ စကားထစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကတစ်ဆင့် ကြီးတဲ့အထိ လူတောမတိုးဝံ့တဲ့ဘဝမျိုး မဖြစ်ရအောင် ကူညီဖေးမပေးနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့...

ဂရုပြုစရာ စိတ်ကြွစိတ်ကျရောဂါ BIPOLAR AFFECTIVE DISORDER (June, 2022 )

0
ဂရုပြုစရာ စိတ်ကြွစိတ်ကျရောဂါ (BIPOLAR AFFECTIVE DISORDER) ❓ Bipolar disorder ဆိုတာဘာလဲ ???? စိတ်ကြွစိတ်ကျရောဂါ (Bipolar disorder) ဆိုတာ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့ Mood disorder တစ်မျိုးဖြစ်ပြီး စိတ်ကြွနေတဲ့အချိန် (Mania) နဲ့ စိတ်ကျနေတဲ့အချိန် (Depression) ဆိုပြီး အစွန်းနှစ်ဖက် ရှိလို့...

“ စိတ်ကျရောဂါ ဂရုစိုက်ပါ” Depression (April, 2022)

0
"စိတ်ကျရောဂါ ဂရုစိုက်ပါ" လက်ရှိခေတ်ရဲ့ အနေအထားအရ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ စိတ်ကျရောဂါခံစားရသူ ဦးရေဟာ များပြားလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒီတော်လှန်ရေးကာလမှာ ဖြစ်ပွားမှုနှုန်း ပိုများလာပါတယ်။ ကမ္ဘာမှာ အမျိုးသမီး ၄ ယောက်မှာ တစ်ယောက်/ အမျိုးသား ၆ ယောက်မှာ တစ်ယောက်ဟာ သူ့သက်တမ်းမှာ...

စာလေ့လာမှုခက်ခဲခြင်း Dyslexia ( April, 2022 )

0
Dyslexia (စာလေ့လာမှုခက်ခဲခြင်း ) ဖေဖေ မေမေတို့ရဲ့ သားသမီးရတနာလေးတွေ စာပေလေ့လာမှုမှာ ခက်ခဲနေတာမျိုးရှိသလားဆိုတာကို ဆန်းစစ်ကြည့်ပြီးပြီလား❓ ကလေးတွေ ကျောင်းမှာစာလေ့လာရတာအဆင်ပြေရဲ့လား၊ အိမ်စာတွေလုပ်နိုင်ရဲ့လား၊ စာလိုက်နိုင်ရဲ့လားဆိုတာဟာ မိဘတိုင်း စိတ်ပူရတဲ့ကိစ္စဖြစ်ပါတယ်။ Dyslexia (စာလေ့လာမှုခက်ခဲခြင်း) ဆိုတာဟာ စာဖတ်ခြင်း၊ စာရေးသားခြင်း နဲ့ စာလုံးပေါင်းခြင်းတို့မှာ အခက်အခဲရှိနေခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်​ Book , Cat...

စိတ်ကျန်းမာရေး