ကူးစက်ရောဂါများအကြောင်း

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

0
Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ

0
ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်‌ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ...

ရေမှတဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း Waterborne Diseases

0
🌧️မိုးရာသီရောက်လာတာနဲ့အမျှ ရေကြီးတာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာကြစမြဲပါပဲ…… မိမိတို့‌ နေထိုင်တဲ့အရပ်မှာ ရေဝင်လာတဲ့အခါ၊ ရေကြီးတဲ့နေရာတွေကို သွားရတဲ့အခါမှာဆိုရင် ရေကနေကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းကို သိထားပြီး သတိထားမိစေနိုင်ဖို့အတွက် အဖြစ်အများဆုံး ရောဂါ (၃) မျိုးကို တင်ပြပေးလိုက်ပါတယ်နော်။…… နှစ်စဥ်တိုင်းလိုလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူဦးရေ အတော်များများဟာ ရေကနေ ကူးစက်တဲ့ရောဂါတွေကို ခံစားနေကြရပါတယ်။. ❓ရေကနေဘယ်လိုကူးစက်တာလဲ…… ရေမှပေါက်ဖွားတဲ့ သို့မဟုတ်...

မိုးရာသီနှင့် မှိုပိုးများအကြောင်း

0
"တစ်နှစ်တစ်ခါပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း" ဆိုသလို ခုလို မိုးရာသီအချိန်အခါဟာ မှိုပွင့်လေးတွေ ပေါ်ပေါက်ချိန်ပါပဲ။ မိုးရာသီဟာ ဒီလိုမျိုး လူသားတွေကို အာဟာရအကျိုးပြုတဲ့ မှိုတွေပေါ်ထွက်ရုံသာမက သာမာန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်နိုင်တဲ့ မှိုပိုးတွေ အမြောက်အများပေါ်ထွန်းရာ၊ မှိုပိုးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိရာ ရာသီတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ပူနွေးစွတ်စိုတဲ့ ရာသီဥတု​က မှိုပိုးတွေပေါက်ဖွားစေဖို့ အားပေးတဲ့နေရာ...

မသန့်ရှင်းသော ဆေးထိုးအပ်ကြောင့်ဖြစ်သော အနာ Injection Abscess

0
Injection Abscess မြန်မာလို ဘယ်လိုပြောရမလဲမသန့်ရှင်းသော ဆေးထိုးအပ်ဖြင့်၊ မထိုးသင့်သောဆေးကို၊ မထိုး‌ပေးသင့်သော လူနာအား၊ ဆေးထိုးခွင့်မရှိသော အပ်ပုန်းရမ်းကုများက လူနာ၏တင်ပါးတွင် ထိုးပေးပြီးနောက် တင်ပါးတွင် အသားဆွေးပြည်တည်နာ ဖြစ်ခြင်း။ အံမယ်လေး မောတာ ရှင်းပြရတာ…ခု အဲဒီလိုလူနာ ရောက်နေလို့ဗျ။ အသက်က ငါးဆယ်ကျော် မိန်းမကြီး။ ကလေးက ဆယ်ယောက်မွေးထားတယ်။ စစ်ကြည့်လိုက်တော့ ဆီးချိုရှိတယ်။...

ပြင်းထန်ကာလဝမ်းရောဂါနှင့် အခြားဝမ်းပျက်ဝမ်း‌လျှောရောဂါများကို ကာကွယ်ရန်အတွက် လိုက်နာရမည့်အချက်များ

0
လတ်တလောမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များတဲ့သတင်းတွေ တွေ့ရတာကြောင့် ရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်အောင် ကာကွယ်ရေးပညာရေးအနေနဲ့ လှုံ့ဆော်ရေးသားလိုက်ပါတယ်။  ရောဂါကို ကြိုတင်စိုးရိမ် အထိတ်တလန့်ဖြစ်ခြင်းထက် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို သိမှတ် လိုက်နာခြင်းက ပိုမိုထိရောက်ပါတယ်။  ကာလဝမ်းအပါအဝင် ဝမ်းလျှောရောဂါ ကာကွယ်ရေးမှာ အောက်ဖော်ပြပါ သန့်ရှင်းရေးအချက် (၅) ချက်ကို လိုက်နာပါ။ …… (၁) ရေသန့် သောက်ရေနဲ့...

ပြင်းထန် ကာလဝမ်းရောဂါအကြောင်း သိမှတ်ဖွယ်ရာ Cholera

0
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ toxins, food poisoning စသဖြင့် ‌အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲကမှ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါဟာ ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမို့ သေချာမကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ်ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။ . 🚨 ဘာကြောင့် ဖြစ်ရတယ် ပြင်းထန် ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Vibrio Cholerae...

လက်၊ ခြေနှင့် ပါးစပ်နာ ရောဂါ Hand, Foot and Mouth Disease (HFMD)

0
အခုတစ်လော ကလေးတွေမှာ အဖြစ်များနေတဲ့ လက်၊ ခြေနဲ့ ပါးစပ်မှာ အနာတွေ၊ အရည်ကြည်ဖုတွေ ဖြစ်တဲ့ရောဂါဟာ Hand, Foot and Mouth disease (HFMD) လို့ခေါ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။…… ဘာကြောင့်ဖြစ်တာလဲ…. ဗိုင်းရပ်စ်ပိုးကြောင့်ပါ။ တစ်မျိုးမကတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ အဖြစ်များတာက Coxsackievirus နဲ့ Enterovirus...

ခွေးရူးရောဂါအကြောင်း

0
၁၂ နှစ်အရွယ် ကိုရင်လေး ဆေးရုံရောက်တာ တစ်ပတ်ရှိပြီ။ ဒီတစ်ပတ်အတွင်း ဆေးရုံပေါ်မှာ အဖျားလည်း အဲဒီလောက်မတက်၊ တခြားပြောပလောက်စရာဆိုလို့ ချောင်းဆိုးချင်တာ၊ အစားပျက်တာ၊ နှုံးခွေနေတာပဲ ရှိသည်။ အရင်က တက်တက်ကြွကြွ စာအံနေတတ်ပြီး ကျောင်းကအလုပ်တွေကို မညည်းမညူ ဝိုင်းလုပ်ပေးနေတတ်သဖြင့် အားလုံးက ဝိုင်းချစ်နေကြတဲ့ ကိုရင်လေးကို ပြီးခဲ့တဲ့တစ်ပတ်ဆယ်ရက်လောက်က မလန်းမဆန်း...

အနာကြီးရောဂါအကြောင်း သိကောင်းစရာ Hansen’s Disease (Leprosy)

0
အနာကြီးရောဂါအကြောင်း သိကောင်းစရာ ✅ ဒီနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ဟာ “ကမ္ဘာ့အနာကြီးရောဂါနေ့" ဖြစ်တဲ့အတွက် အနာကြီးရောဂါအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ အနာကြီးရောဂါ (Hansen’s disease) ကို လက်ပရိုစီ (Leprosy) လို့ ပိုပြီးအသိများကြပါတယ်။ Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ...

ဖျားနေသူကို အပူမထုတ်ရ (January,2024)

0
ဖျားနေသူကို ရိုးရာဆေးမှုန့်လေးတွေနဲ့ ရေနွေးပူပူလေးတိုက်၊ အနွေးထည်ထူထူ ဝတ်ပေး၊ စောင်အထပ်ထပ်ခြုံပြီး အပူကို အပူနဲ့တိုက်... အဲဒီလိုသာ အပူထုတ်လိုက်ရင် ချွေးတွေလည်းထွက် အဖျားတွေလည်းကျပြီး နေလို့ထိုင်လို့ ကောင်းသွားရော... ဟုတ်တယ်မို့လား။ ဒါပေမယ့် ဆရာဝန်တွေ ဘာလို့များ အဲဒီလို နည်းလမ်းတွေ မလုပ်ခိုင်းကြပါလိမ့် ???? ... ... အမှန်က ဒီလိုပါနော် ဘာကြောင့် အပူမထုတ်ခိုင်းရလဲဆိုရင် အရင်ဆုံးတော့ ဖျားတာနဲ့...

ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း Rabies & Vaccine (January,2024)

0
????ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း မတော်တဆ ခွေးကိုက်ခံရတာတွေဟာ အတော်လေးအဖြစ်များကြသလို တယ်လီကျန်းမာရဲ့ Messenger မှာ ဒီအကြောင်းနဲ့ဆက်စပ်ပြီး ကာကွယ်ဆေး ထိုးသင့်/မထိုးသင့်၊ ထိုးရင် ဘယ်လိုထိုးရတာလဲ ဆိုတာမျိုးတွေ အမေးများကြတဲ့အတွက် သိထားသင့်တဲ့ အခြေခံဗဟုသုတလေးတွေ စု​စည်းပေးထားလိုက်ပါတယ်။ ... ????ခွေးရူးပြန်ရောဂါဆိုတာ ဘာလဲ Rabies ခေါ် ခွေးရူးပြန်ရောဂါဟာ ခွေးရူး ဗိုင်းရပ်စ်ပိုး‌ ကြောင့်ဖြစ်ရပြီး တိရိစ္ဆာန်တွေကနေ...

HIV ပိုးနှင့် တက်တူးအပ် (December,2023)

0
????HIV ပိုးရှိသူကို တက်တူးထိုးထားတဲ့အပ်မှာ ပိုးက အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်ပါသလဲ။နောက်လူမထိုးခင် အဲဒီအပ်ကို မီးမြှိုက်ပြီးထိုးရင်ရော ကူးနိုင်ပါသလား။ ????သွေးပေနေတဲ့အပ်က HIV ပိုးရှိနေတာဆိုရင် ကူးနိုင်ခြေရှိတယ်ပဲ ပြောရမှာပါ။ ပေနေတဲ့သွေးထဲ ပါဝင်နေတဲ့ ပိုးကောင်ရေပမာဏနဲ့ ထိတွေ့တဲ့မျက်နှာပြင်ပေါ် မူတည်ပြီး တစ်နာရီ နှစ်နာရီမှစ ၂၄ နာရီကျော်အထိ ရှင်သန်နိုင်ခြေ ကွာပါမယ်။ ကြမ်းပြင်၊...

၆လတစ်ကြိမ် သန်ချရန် (December,2023)

0
ကလေးက ဘယ်နှစ်နှစ် ရှိပြီလေ…အဲဒါ သန်ချဆေး တိုက်လို့ရလား…လူကြီးကရော သန်ချဆေး သောက်လို့ရလား…ဒါမျိုးလေးတွေက မကြာခဏ အမေးများတဲ့ မေးခွန်းလေးတွေပါနော်။ဘာကြောင့်များ သန်ချဆေး တိုက်ရ/သောက်ရမှာကို စိုးရိမ်ပြီး မေးမြန်းနေကြပါလိမ့် ???? ?ငယ်ငယ်က ပြောကြတဲ့…သန်ချဆေးသောက်အပြီး နှာခေါင်းထဲက၊ နားရွက်ထဲက၊ ပါးစပ်ထဲက သန်ကောင်တွေ ထွက်လာလိမ့်မယ် ကြောက်စရာကြီးဆိုတဲ့ အယူအဆမှားတွေကြောင့်များ...

HIV and PEP (November,2023)

0
ဆေးတွေအကြောင်းပြောပြီးတဲ့အခါ “P” လေးတွေအကြောင်း ဆက်ပြောမယ်နော်။ ပီလေးတွေဆိုလို့ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေတဲ့ ဟီးရိုး ပီလေးတွေတော့ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်ထဲ HIV ပိုး မရောက်အောင် တန်ပြန်ကာကွယ်ပေးမယ့် ပီလေးတွေ အကြောင်းပါ။ သူတို့ကတော့ “PEP - ပီအီးပီ (ပက်)”, “PrEP -...

HIV and ART (November,2023)

0
ရှေ့ရက်တွေမှာ ဥပမာတွေ ရှုပ်ယှက်ခတ်အောင် ပေးပြီး စီဒီဖိုးတွေ ဘိုင်ရယ်လုတ် (viral load) တွေ ပြောထားပြီးပြီဆိုတော့ ဒီနေ့တော့ အေအာတီဆေးလေးတွေဘက် နည်းနည်းသွားမယ်နော်။ အေအာတီဆိုလို့ လျှာလိပ်အောင် အသံထွက်ရတဲ့ ဆေးတွေဆိုပြီး မလန့်သွားပါနဲ့… အဲဒါတွေ အသေးစိတ် မပြောပါဘူး ခေါင်းရှုပ်သွားမှာစိုးလို့။ဒါပေမယ့် ယေဘုယျတော့ ပြောပြချင်တယ်။...

HIV and CD4 (November,2023)

0
ဒီနေ့မှာတော့ စီဒီဖိုး (CD4) အကြောင်း တကယ်ပြောပါပြီနော် ????သူ့မတိုင်ခင် ကိုယ်ခံအားစနစ်နဲ့ စရမယ်…လူတစ်ဦးတစ်ယောက်စီတိုင်းမှာရှိတဲ့ ကိုယ်ခံအား/ ခုခံအားစနစ် (immune system) ဟာဆိုရင် အနုပညာတူရိယာတွေ အများကြီးပါတဲ့ သံစုံတီးဝိုင်းကြီး (orchestra) နဲ့ တူတယ်လို့ တချို့ကတင်စားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ ပရိုတိန်းလေးတွေ၊ ဆဲလ်လေးတွေဟာ...

HIV နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ “ HIV and STI” (November,2023)

0
၂၀၂၃ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ (World AIDS Day) အထိမ်းအမှတ် စာအရှည်ကြီးတွေရေးနေတဲ့ ဒေါက်တာမာယာ စီဒီဖိုး (CD4) နဲ့ HIV ပိုးကောင်ရေ (HIV Viral Load) အကြောင်း မပြောပြခင် ဒီနေ့တော့ ကြားဖြတ်လေး အကိုတွေ၊ မောင်တွေအတွက် စိတ်ဝင်စားစရာ...

HIV ကူးစက်ပုံနှင့် သွေးစစ်ပုံ (November,2023)

0
HIV ပိုး ကူးစက်ပုံအကြောင်း သင်သိထားတာ ပြည့်ရော ပြည့်စုံရဲ့လား... ဟုတ်ရော ဟုတ်ရဲ့လား... ???? ? အသေးစိတ် ဖတ်ကြည့်လိုက်ရအောင်လေနော်.... ပထမဆုံးအနေနဲ့ အများစု တွေးထင်ထားတာတွေက ဟုတ်မယ်လို့ ထင်ပါတယ်။ အားလုံးပဲ သိထားပြီးသားဖြစ်နိုင်တဲ့... - အရေပြားချင်းထိတွေ့တာ (ဥပမာ - လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာ) - အိမ်သာ ရေချိုးခန်း...

HIV ဘယ်အချိန် စစ်ရမလဲ (November,2023)

0
ဒီဇင်ဘာလည်း နီးလာပြီ... ဒီဇင်ဘာနီးလို့ ဆောင်းအေးအေးမှာ ဆွေးဆွေးလေး ကွေးနေချင်ပေမယ့်လည်း တချို့သောဆရာဝန်တွေမှာတော့ ဇောချွေးတွေ ပျံနေဆဲပေါ့။ ဟုတ်ပါတယ်... တယ်လီရဒ် - TeleRed က ဆရာဝန်တွေ အလုပ်များလာပြီလေ။ TeleRed ဆိုတာ ဘာကြီးလဲ... ဘာလို့ အလုပ်တွေများလာလဲ မှန်းကြည့်ကြမလား။ (စဉ်းစားပြီးရင် ဆက်ဖတ်ကြည့်ရအောင်နော်) TeleRed ဆိုတာကတော့ HIV လူနာတွေကို သီးသန့်ကြည့်ရှုပေးနေတဲ့ ဆေးခန်းလေးတွေပေါ့။ ကမ္ဘာပေါ်မှာ ရောဂါအလိုက်...

အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ Cutaneous Larva Migrans (October,2023)

0
အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ (Cutaneous Larva Migrans) အရေပြားအောက်မှာ တီကောင်သေးသေးလေးတစ်ကောင် လျှောက်သွားနေသလို အနီရောင် ကွေ့ကွေ့ကောက်ကောက် ယားနာလမ်းကြောင်းလေးတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူနာတချို့မှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဖိနပ်မပါဘဲ မြေကြီးပေါ်လျှောက်သွားသူ၊ လယ်လုပ်သူ၊ ဥယျာဉ်လုပ်သူ၊ ရေစပ်နဲ့ မြစ်ကမ်းတွေမှာ ဖိနပ်မပါဘဲ လမ်းလျှောက်သူတွေမှာ အဖြစ်များပါတယ်။ အဲဒီယားနာလေးတွေက...

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (October,2023)

0
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ယောက်ျားလေးတွေမှာလည်း ထိုးလို့ရပါတယ်နော်။ ဘာကြောင့်လဲဆို မြန်မာလိုနာမည်အရ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး" ဖြစ်နေပေမယ့် တကယ်တမ်းတော့ သူဟာ (Human Papilloma Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးမို့လို့ပါ။ ဒီဗိုင်းရပ်စ်အမျိုးအစားတွေဟာ အဓိကအားဖြင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်တာမို့ မြန်မာမှု ပြုလုပ်တဲ့အခါ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး"...

ကလေးတီဘီရောဂါ Childhood TB

0
ကလေးတီဘီရောဂါ (Childhood TB) လွန်ခဲ့တဲ့ ၂ ပတ်လောက်က တယ်လီကျန်းမာ ကလေးအထူးကုဆေးခန်းကို လာပြတဲ့ ကလေးလေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ ကလေးမိဘများက အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေကြသူတွေပါ။ ၅ နှစ်အရွယ် ကလေးလေးက မကြာမကြာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ ဆေးခန်းသွားပြရင် ချောင်းဆိုးပျောက်ဆေးတွေ ပိုးသတ်ဆေးတွေ ပေးလိုက်ရင် သက်သာသွားပြန်ရော... နောက်...

ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး Jock Itch / Tinea Cruris (October,2023)

0
ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး (Jock Itch / Tinea Cruris) Jock itch ဆိုတာ ပွေးရောဂါ (ringworm) နဲ့ဆင်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ Jock itch မှာ ပေါင်ခြံ၊ ပေါင်ရဲ့အတွင်းပိုင်းနဲ့ တင်ပါး (butt crack) မှာ...

သွေးဆိပ်တက်ခြင်းအကြောင်း Septicemia (October,2023)

0
သွေးဆိပ်တက်ခြင်းအကြောင်း သွေးဆိပ်တက်ခြင်း (Septicemia) ဆိုတာဟာ သွေးထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ အလွန်ပျံ့နှံ့နေတဲ့ အခြေအနေကို ခေါ်တာပါ။ ခန္ဓာကိုယ်ရဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းကနေမဆို ပျံ့နှံ့လာတဲ့ ပိုးတွေဟာ သွေးထဲကိုရောက်လာရင် သွေးဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် အဆုတ်၊ ဆီးလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ကျောက်ကပ် စတဲ့နေရာတွေမှာ ပိုးဝင်တဲ့အခါ အကျိုးဆက်အနေနဲ့ သွေးဆိပ်တက်ခြင်းကို...

သွေးဝမ်းသွားခြင်း Dysentery (October,2023)

0
Bloody diarrhea, Dysentery (သွေးဝမ်းသွားခြင်း) Dysentery (သွေးဝမ်းသွားခြင်း) ဘာကြောင့်ဖြစ်လဲဆိုရင် ခန္ဓာကိုယ်ထဲကို ပြင်ပကနေ ပိုးတွေဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့၊ ရောဂါပိုးပါနေတဲ့ အစားအစာနဲ့ ရေတို့ကို ‌စားသုံးမိခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အူလမ်းကြောင်းတစ်လျှောက် ပိုးဝင်ပြီး သွေးဝမ်းသွားခြင်းကို ဖြစ်စေတာပါ။ .. .. Types (အမျိုးအစား) အဓိကအားဖြင့် နှစ်မျိုးခွဲလို့ ရပါတယ်။ ၁။ Bacillary...

ကျီးကန်းပါးစပ်နာ Angular Stomatitis (October,2023)

0
နှုတ်ခမ်းထောင့်မှာ ဖြစ်လေ့ရှိတဲ့ ကျီးကန်းပါးစပ်ဆိုတာ… အရပ်ထဲမှာ “ကျီးကန်းပါးစပ်နာ” လို့ ခေါ်လေ့ရှိတဲ့အနာကို ဆေးပညာအရ “angular stomatitis” (သို့မဟုတ်) “angular cheilitis” လို့ ခေါ်ပါတယ်။ . ???? ကျီးကန်းပါးစပ် ဆိုတာ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဆုံရာ ပါးစပ်ထောင့်မှာ ကွဲအက်ပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ တစ်ဖက်တည်းမှာဖြစ်နိုင်သလို တစ်ချိန်တည်းမှာ နှုတ်ခမ်းထောင့်...

မိန်းကလေးတိုင်း ထိုးနှံထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV Vaccine (September,2023)

0
မိန်းကလေးတိုင်း ထိုးနှံထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV လို့ခေါ်တဲ့ Human papilloma virus ဟာ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးပဲ ဖြစ်ပါတယ်။ အချို့ HPV ပိုးတွေဟာ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေပြီး အချို့ကတော့ ကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။ အများအားဖြင့် ခန္ဓာကိုယ်က HPV ပိုးကို...

ကြမ်းပိုး Bedbugs (September,2023)

0
Bedbugs ကို အနီးစပ်ဆုံး မြန်မာမှုပြုပြီးဘာသာပြန်ရင်တော့ ကြမ်းပိုးလို့လည်း ခေါ်ပါတယ်။ Bedbugs တွေက တစ်ခြားအင်းဆက်တွေလို ရောဂါပိုး သယ်ဆောင်ခြင်း၊ ဖြန့်ဝေခြင်း မလုပ်နိုင်ပေမယ့် အကိုက်ခံရရင်တော့ severe reaction တွေအထိ ရနိုင်ပါတယ်။ ???? Bedbugs တွေကို ဘယ်လိုနေရာတွေမှာ အများစုတွေ့ရတတ်လဲဆိုရင် အိပ်ရာခင်း၊ မွေ့ရာကြားတွေ၊...

လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ဆီးပူညောင်းကျ ဂနိုရောဂါ Gonorrhea (August,2023)

0
"လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ဆီးပူညောင်းကျရောဂါ (Gonorrhoea)" ဆီးပူညောင်းကျရောဂါ (Gonorrhea) ဆိုတာ အဖြစ်များတဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး (STI) ဖြစ်ပါတယ်။ အစောပိုင်းလက္ခဏာတွေအနေနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းနဲ့ လိင်အင်္ဂါမှ အဖြူရောင်၊ အစိမ်းရောင် (သို့မဟုတ်) အဝါရောင် အရည်ဆင်းခြင်းများ ပါဝင်ပြီး တစ်ခါတစ်ရံ ရောဂါလက္ခဏာ မပြနိုင်ပါ။ ရောဂါကူးစက်ခံရပါက...

တုပ်ကွေးကာကွယ်ဆေး Flu Vaccine(August,2023)

0
မိုးရာသီရောက်ပြီဆိုတာနဲ့ တုပ်ကွေးရာသီ စပြီဆိုတာ အားလုံး သိထားကြမှာပါ။ ဒါပေမယ့် တော်တော်များများ မေ့နေကြတာတစ်ခုက တုပ်ကွေးရောဂါဆိုတာ ကာကွယ်လို့ရတယ်၊ ကြိုတင်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ရောဂါမဖြစ်အောင်၊ ဆေးရုံတက်ရတဲ့အထိ မပြင်းထန်အောင် ခုခံကာကွယ်လို့ရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို အောက်မှာ ဖြေပေးထားပါတယ်။ .. .. ◼️တုပ်ကွေးကာကွယ်ဆေးဆိုတာ ဘာလဲ Influenza virus ကြောင့်ဖြစ်တဲ့...

သွေးလွန်တုပ်​ကွေး Dengue Fever (August,2023)

0
မိုးက​လေး​အေး​အေးနဲ့ အိပ်ရာထဲ​ကွေး​ပြီး Revo music ​က​နေ သီချင်း​လေး​တွေ နား​ထောင်​နေရတာ တကယ့်စည်းစိမ်ပဲ... "မိုး....ရွာမယ်ဆိုရင်​လေ...သည်းလိုက်စမ်းပါ့ကွယ် " ငယ်ကတည်းက သ​ဘောကျခဲ့တဲ့ မီမီဝင်း​ဖေသီချင်း​လေး။ ရွာပါ... မိုးတွင်းမှာ သူ့ဟာသူမိုးရွာတာ​က ကောင်း​ပေမယ့် ခြင်​တွေ​ပေါက်ဖွားတတ်ကြတာက​တော့ တကယ့်ပြဿနာပါ။ ​ခြင်​ကြောင့်ဖြစ်တဲ့ ​ရောဂါ​တွေထဲမှာ က​လေး​တွေကို ဒုက္ခအ​ပေးဆုံးက သွေးလွန်တုပ်​ကွေးပါ။ မြန်မာနိုင်ငံဟာ ​သွေးလွန်တုပ်​ကွေး အဖြစ်များတဲ့နိုင်ငံ​တွေထဲ ပါ​ပါတယ်။...

မုတ်သုံရာသီတွင် အဖြစ်များသောရောဂါများ Monsoon Diseases

0
“မုတ်သုံရာသီတွင် အဖြစ်များသောရောဂါများအကြောင်း (Monsoon Diseases)” ခုလို မုတ်သုံရာသီကာလမှာ စိုစွတ်တဲ့ရာသီဥတု၊ မိုးသည်းထန်စွာရွာခြင်းနဲ့ လေထန်ခြင်းတို့ကြောင့် ကူးစက်ရောဂါအများအပြား ဖြစ်နိုင်ပါတယ်။ မိုးရာသီဟာ ပူပြင်းလှတဲ့အပူဒဏ်ကနေ သက်သာမှုပေးစွမ်းနိုင်သော်လည်း ပူထိုင်းစိုစွတ်မှုဟာ ပိုးမွှားများ ပေါက်ဖွားလာစေရန် ဖန်တီးပေးကာ ကူးစက်ရောဂါအမျိုးမျိုးကို ဖြစ်ပွားနိုင်ခြေ တိုးလာစေပါတယ်။ အဖြစ်များဆုံးရောဂါတွေကတော့ အရေပြားဓာတ်မတည့်ခြင်း၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ အခြားတုပ်ကွေးရောဂါတို့ ဖြစ်ပါတယ်။ ရိုးရှင်းသောကြိုတင်ကာကွယ်မှုများနဲ့...

တိုက်ဖွိုက် (သို့) အူရောင်ငန်းဖျားရောဂါ Typhoid

0
တိုက်ဖွိုက် (သို့) အူရောင်ငန်းဖျားရောဂါ အခုလို မိုးရာသီမှာ တိုက်ဖွိုက်လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း သတိထားဖို့ လိုအပ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အူရောင်ငန်းဖျားရောဂါဟာ Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဲဒီရောဂါပိုး ပါဝင်နေတဲ့ အစားအစာတွေ၊ ရေတွေကို စားသုံး၊ သောက်သုံးမိရာကနေ ကူးစက်နိုင်ပါတယ်။ ဒီ‌ရောဂါပိုးကို သယ်ဆောင်ထားတဲ့လူက...

ငှက်ဖျားရောဂါ Malaria

0
"ငှက်ဖျားရောဂါ (Malaria)" အခုဆိုရင် မိုးဦးကျကာလရောက်ပြီဆိုတော့ ခြင်ပေါက်ပွားမှုကလည်း ပိုမိုများပြားလာတာကြောင့် ခြင်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုလည်း အထူးသတိထားဖို့ လိုအပ်တဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ခြင်ကနေ ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ ငှက်ဖျားရောဂါအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ အများထင်နေကြသလို ငှက်ပျောသီးစားလို့၊ စိမ့်စမ်းရေသောက်လို့ ဖြစ်ရတာ မဟုတ်ပါဘူး။ plasmodium အမည်ရှိတဲ့...

ကြွက်သေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Leptospirosis

0
ခုဆိုရင် မိုးဦးကျကာလလည်း ရောက်နေပြီဆိုတော့ ခြင်၊ ယင်၊ ကြွက်တွေ ပိုပေါများလာတဲ့အတွက် အဲဒီလို တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို အထူးသတိထားဖို့ လိုအပ်ပါတယ်။ အခုကတော့ မိုးရာသီမှာ အထူးသတိထားရမယ့် ကြွက်ရဲ့သေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ Leptospirosis ဆိုတဲ့ ရောဂါအကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီရောဂါကတော့ လူတွေမှာတင်မကဘဲ တိရစ္ဆာန်တွေမှာပါ ကူးစက်တတ်တဲ့ရောဂါ...

ရောဂါပိုးရှိသော ကမျဥ်းနီကောင် အကိုက်ခံရခြင်းမှ ကူးစက်သော အဖျားရောဂါ Scrub Typhus

0
ကိုမောင်တစ်ယောက် တောထဲ ထင်းခုတ်သွားပြီး သိပ်မကြာဘူး ဖျားပါတော့တယ်။ မိုးကလည်း စပြီး တဖြိုက်နှစ်ဖြိုက်ရွာနေတော့ မိုးမိလို့ ဖြစ်တယ်ပဲထင်ပြီး အစပိုင်း ပေါ့ပေါ့လျော့လျော့နေမိတာ....တဖြေးဖြေးနဲ့ အဖျားတွေ ကြီးလာရင်း အိပ်ရာထဲ လဲပါလေရော... ကိုယ်ကလည်း ခြစ်ခြစ်တောက်ပူပြီး တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတယ်။ ခေါင်းထဲလည်း ထိုးကိုက်နေပြီး လည်ပင်းမှာတောင် အကျိတ်လေးတွေ ထွက်နေသလိုပဲ။ ဆေးမြီးတိုလေးတွေနဲ့...

ခရုဖျား Schistosomiasis

0
"ထူးခြားတဲ့...ခရုဖျား (Schistosomiasis)" ဒီနေ့မှာတော့ မိုးရာသီကာလအတွင်း ကူးစက်ပျံ့ပွားမှုများတတ်တဲ့ ခရုဖျားဆိုတဲ့ Schistosomiasis ရောဂါအကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာပါ... ဦးစွာအနေနဲ့....ခရုလေးတွေဟာ (ကျန်းမာရေးအရ) မိကျောင်းတို့၊ ငါးမန်းတို့ထက်ကို ကြောက်စရာကောင်းတယ်ဆိုတာရော သိကြပါရဲ့လား ??? ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်မှာ တစ်နှစ်ကို ငါးမန်းကိုက်ခံရလို့ သေဆုံးသူ ၆ ယောက်ခန့်ပဲ ရှိပြီး၊ မိကျောင်းကိုက်လို့ သေဆုံးသူဟာ...

နာတာရှည်ကိုဗစ် (Long COVID) (သို့မဟုတ်)ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ (Post-COVID-19 conditions)

0
“နာတာရှည်ကိုဗစ် (Long COVID) (သို့မဟုတ်)ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ (Post-COVID-19 conditions)” ကိုဗစ်ဖြစ်ပြီးလို့ သုံးလကျော်ကြာလာတာတောင် နေလို့မကောင်းသေးဘူး….အသက်ရှူမဝသလိုဖြစ်ပြီး နုံးခွေနေတယ်၊ ကိုဗစ်ဖြစ်ပြီးတာ တစ်လကျော်နေပြီ…ချောင်းကဆိုးနေတုန်းပဲ စတဲ့လက္ခဏာတွေရဲ့ အဓိကအကြောင်းရင်းကတော့ နာတာရှည်ကိုဗစ် (Long COVID) ဖြစ်နိုင်ပါတယ်။ ကိုဗစ် (၁၉) ကူးစက်ခံရသူ အများစုဟာ ရက်ပိုင်းအတွင်း ပြန်လည်နေကောင်းသွားတတ်ကြပြီး၊ တချို့ကတော့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ...

“ ကင်းကိုက်ခြင်း” “ Centipedes and Scorpion Bite” (May 2023)

0
"ကင်းကိုက်ခြင်း" မိုးတွေရွာ၊ လေမုန်တိုင်း‌တွေတိုက်ပြီး လူတွေ ဘေးလွတ်ရာရှောင်သလို တိရစ္ဆာန်တွေကလည်း ဘေးလွတ်ရာ ရှောင်ရှားကြရတော့ လူနေအိမ်‌ခြံတွေ၊ အပျက်အစီးအပုံတွေထဲမှာ မြွေ၊ ကင်းတွေနဲ့ တိုးမိလို့ အန္တရာယ်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒါကြောင့် ကင်းကိုက်ခံရရင် ဘယ်လိုတွေ လုပ်ဆောင်ရမယ်ဆိုတာ ပညာပေးဆောင်းပါးလေး ရေးသားလိုက်ပါတယ်။ .. .. ကင်းခြေများ (Centipede) ကင်းခြေများဟာ အဆိပ်ရှိတဲ့ အသားစားသတ္တဝါပါ။ သားကောင်ဖြစ်တဲ့...

မြွေကိုက်ခံရခြင်း “ Snake Bite” (May 2023)

0
ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့.....မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ....... မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီလို...

“ E.coli ပိုးဝင်ခြင်း” (April 2023)

0
"E.coli ပိုးဝင်ခြင်း" E.coli ဆိုတာ အူလမ်းကြောင်းမှာ ပုံမှန်အတိုင်းရှိတတ်တဲ့ ဘတ်တီးရီးယားပိုးဖြစ်ပြီး အစားအစာတွေကို ​ချေဖျက်တဲ့နေရာမှာ ကူညီပေးပါတယ်။ အချို့ E.coli မျိုးကွဲတွေကတော့ ရောဂါဖြစ်စေနိုင်ပြီး အခြားသူတွေကိုလည်း ကူးစက်စေနိုင်ပါတယ်။ မသန့်ရှင်းတဲ့အစားအစာတွေကနေ ဒါမှမဟုတ် ရောဂါရှိတဲ့လူနဲ့ တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ဝမ်းလျှောစေပြီး သွေးဝမ်းသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ...

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဂနိုရောဂါ “ Gonorrhoea” (April 2023)

0
" ဂနိုရောဂါ (Gonorrhoea) " လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေထဲမှာ ဂနိုရောဂါဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီရောဂါက ???????????????????????????????????? ???????????????????????????????????????????? လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ကူးစက်ခံရတာ များပါတယ်။ ဆီးလမ်းကြောင်း၊ လိင်အင်္ဂါနဲ့ တစ်ခါတလေ လိင်ဆက်ဆံမှုအပေါ် မူတည်ပြီး စအိုဝမှာလည်း ဖြစ်တတ်ပါသေးတယ်။ ဒါ့အပြင် လေပြွန်နဲ့...

“ ပါးချိတ်ရောင်ခြင်း (Mumps)”

0
"ပါးချိတ်ရောင်ခြင်း (Mumps)" ပါးချိတ်ရောင်တယ်ဆိုတာ တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရလို့ ဖြစ်တဲ့ရောဂါပါ။ တံတွေးဂလင်းတွေထဲကမှ parotid gland လို့ခေါ်တဲ့ နားရွက်ရဲ့ အရှေ့ဘက်နဲ့ အောက်ဘက် (လွ​ယ်လွ​ယ်ပြောရရင် မေးရိုးနေရာ/ နားသယ်အစပ်က ဆံပင်ထောက်တဲ့နေရာ) က တံတွေးဂလင်းတွေ ရောင်ရမ်းတာ ဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါ (mumps) ဟာ ကလေးတွေမှာ တွေ့ရများတဲ့...

တီဘီရောဂါအကြောင်း အခြေခံ သိရှိထားသင့်သည့် အချက်များ

0
တီဘီရောဂါသည် မျက်စိဖြင့်မမြင်နိုင်သော မိုင်ကိုဘက်တီရီးယား (???????????????????????????????????????????????????? ????????????????????????????????????????????????) ဟုခေါ်သော ဘက်တီရီးယားပိုး ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ တီဘီရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ဆင်းရဲ၍ လူနေစီးပွားနိမ့်ကျသော နေရာများတွင် ဖြစ်ပွားမှု ပိုမိုများပြားသည်။ အဆုတ်တွင် အများဆုံးဖြစ်ပွားပြီး ခန္ဓာကိုယ်၏ တခြားအင်္ဂါအစိတ်အပိုင်းများ (ပြန်ရည်ကျိတ်၊ အူ၊ ဦးနှောက်အမြှေးပါး၊...

မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်အောင် ကာကွယ်ခြင်း Prevention of Mother to Child...

0
မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်အောင် ကာကွယ်ခြင်းPrevention of Mother to Child Transmission of HIV ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရမတ်လ၊ ၂၀၂၃ ခုနှစ်----------------------- တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းhttps://facebook.com/telehealthmm Ministry of Health, National Unity Government.

ဗိုင်းရပ်စ် (virus) ကြောင့်ဖြစ်သော ရောဂါများ Virus Infections (February, 2023)

0
" ဗိုင်းရပ်စ် (virus) ကြောင့်ဖြစ်သော ရောဂါများ " ဗိုင်းရပ်စ် (virus) နဲ့ ဘက်တီးရီးယား (bacteria) ကို တချို့က ရောဂါပိုးတွေချင်းမို့ အတူတူပဲ မကွာဘူးလို့ထင်တတ်ကြပါတယ်။ တကယ်တော့ ၂ မျိုးလုံးဟာ သာမာန်မျက်စိနဲ့ မမြင်ရတာချင်း တူပေမယ့် ဗိုင်းရပ်စ်တွေဟာ အရွယ်အစား အများကြီး ပိုသေးပါတယ်။...

ဘတ်တီးရီးယားတစ်မျိုး (streptococcus) ကူးစက်ခံရခြင်းကြောင့် ဖြစ်သော Scarlet Fever (February, 2023)

0
" စကားလတ်ဖီဗာ (Scarlet fever) " စကားလတ်ဖီဗာတဲ့…..စကားလတ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကတော့ အနီရောင်တောက်တောက်ကို ပြောတာပဲ ဖြစ်ပါတယ်။စကားလတ်ဖီဗာ (Scarlet fever) လို့ ဘာကြောင့်ခေါ်ရသလဲဆိုရင် ဒီရောဂါဖြစ်တဲ့အခါ ကလေးတွေမှာ ခြေတွေလက်တွေအနှံ့မှာ အနီစက်တွေ အမြောက်အများပေါ်လာလို့ပဲ ဖြစ်ပါတယ်။ စကားလတ်ဖီဗာရောဂါဟာ ဘတ်တီးရီးယားတစ်မျိုး (streptococcus) ကူးစက်ခံရတာကြောင့် ဖြစ်ပါတယ်။...

ရေကျောက်ရောဂါ ဗီဒီယို Chicken Pox: Causes, Transmission, Prevention, Sign and Symptoms (Video)...

0
ဒီ Video လေးမှာတော့၊ ကလေးတွေမှာကော၊ လူကြီးတွေမှာပါ အဖြစ်များတဲ့ ရေကျောက်ရောဂါ (Chicken Pox) နဲ့ပတ်သက်တဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်း၊ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာတွေ၊ ရောဂါမဖြစ်အောင် ကာကွယ်ခြင်း စတဲ့ သိထားသင့်တဲ့အကြောင်းအရာတွေကို ဒေါက်တာ Dimple က ဝေမျှပေးထားပါတယ်။ Ministry of Health, National...

ဆေးမတိုးသော ရောဂါပိုး

0
ဆေးယဉ်ပါးတီဘီဆိုတာ ကြားဖူးကြလားဟင်... ဆေးမတိုးတော့တဲ့ ရောဂါပိုးဆိုတာရော ကြားဖူးကြလား....မသိ ? ( ကြားဖူးတဲ့သူကို မုန့်ကျွေးပါမယ်... အဲ....မကြားဖူးတဲ့သူတွေလည်း မုန့်ကျွေးပါမယ် စာကိုတော့ ဆုံးအောင်ဖတ်ပေးကြပါပေါ့ ????) ဒီလိုပါ... . ရန်သူကို ရှင်းလင်းတဲ့အခါ.. " ကျူပင်ခုတ် ၊ ငုတ်မကျန်အောင် " ရှင်းရသလို.... ရောဂါပိုးတွေ တိုက်တဲ့အခါလည်း အမြစ်ပါမကျန်အောင် တိုက်ရပါတယ်... တို့တိတို့နန်း မလုပ်ရပါဘူး... အဲ့လိုသွားလုပ်ရင် ဟိုက ကိုယ့်ကိုပြန်ဆော်သွားရောတဲ့ အဲဒါလေးကို နည်းနည်းပြောချင်တာပါ . . အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ထဲ...

ဆေးရုံတွေမှာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေအကြောင်း Nosocomial Infections

0
ကူးစက်ရောဂါပိုးအများစုဟာ လူအများအကြား ပြင်ပပတ်ဝန်းကျင်မှာ ကူးစက်ကြပါတယ်။ ဒါပေမယ့် ဆေးရုံတွေမှာ ကုသမှုခံယူနေရင်း ကူးစက်ခံရတတ်တဲ့ ရောဂါပိုးတွေလည်းရှိနေပါတယ်... ဒါတွေကို Nosocomial infections လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် Healthcare-Associated Infections လို့လည်း သုံးနှုန်းကြပါတယ်။ ရောဂါပိုးဟာ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် (သို့) မှိုပိုး အမျိုးမျိုး...

မေးခိုင်ပိုးဝင်ခြင်း ( Tetanus )

0
????မေးခိုင်ရောဂါ ဆိုတာဘာလဲ ? မေးခိုင်ရောဂါဆိုတာ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ ဒီရောဂါပိုးဟာ ဒဏ်ရာရရှိတဲ့ နေရာကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်လာပါတယ်။ ဒီ့နောက် ပိုမိုပွားများလာပြီး အဆိပ်တစ်မျိုးကို ထုတ်ပါတယ်။ ဒီအဆိပ်ဟာ ကြွက်သားလှုပ်ရှားမှုကိုထိန်းချုပ်တဲ့ ပင်မအာရုံကြောထိရောက်သွားပြီး ကြွက်သားတွေ နာကျင်စွာတောင့်တင်းစေခြင်း၊ အသက်ရှုရခက်ခဲစေခြင်း စတဲ့ဝေဒနာတွေကို ခံစားရစေပါတယ်။ . . ????...

Fever ( အဖျားတက်ခြင်း )(December, 2022)

0
Fever ( အဖျားတက်ခြင်း ) ဖျားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ ? ပုံမှန်ခန္ဓာကိုယ်အပူချိန်ဟာ (ပါးစပ်ကနေတိုင်းရင်) ၃၇ ဒီဂရီ ဆဲလ်စီယပ် (သို့) စင်တီဂရိတ် (37°C) လောက်ရှိပါတယ်။ မနက်ကို 37.5°C ထက် ကျော်သွားရင်၊ ကျန်တဲ့အချိန်မှာ 37.8°C ထက် ကျော်သွားရင် အဖျားရှိတယ်လို့ ပြောနိုင်ပါတယ်။ ဘာ့ကြောင့် ဖျားရလဲ...

ဆောင်းရာသီတွင် အဖြစ်များသော နာမကျန်းမှုများအကြောင်း (ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်)

0
⚠️ သာမန်အအေးမိဖျားနာခြင်း (Common Cold)⚠️ တုပ်ကွေး (Flu)⚠️ ရုတ်တရက် လေပြွန်ရောင်ခြင်း (Acute Bronchitis)⚠️ နာတာရှည် လေပြွန်ရောင်ခြင်း (Chronic Bronchitis)⚠️ နမိုးနီးယား အဆုတ်ရောင်ခြင်း (Pneumonia)⚠️ ကြက်ညှာချောင်းဆိုး (Whooping Cough) ▬▬▬▬▬▬▬▬▬▬▬▬▬▬ မြန်မာ (၁၂) လ ရာသီများအနက် အအေးပိုသော...

ရေကျောက်ရောဂါ (Chicken Pox)

0
ရေကျောက်ရောဂါဟာကူးစက်အရမ်းလွယ်ပြီး မပြင်းထန်တဲ့ရောဂါဖြစ်ပါတယ်။ ရေကျောက်ကအသက်(၁၀)နှစ်အောက်ကလေးတွေမှာ အဖြစ်များတတ်ပေမယ့် အရွယ်ရောက်ပြီးသားသူများလည်း ဖြစ်တတ်ပါတယ်။ ❓ရေကျောက်ဘာလို့ဖြစ်တာလဲ Varicella Zoster virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကူးစက်ခံရလို့​ဖြစ်တာပါ။ ရေယုန်ဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့လည်း အတူတူပါပဲ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနှစ်ပတ်အကြာမှာ လက္ခဏာများစပြတတ်ပါတယ်။ လက္ခဏာတွေကတော့... • ဖျားခြင်း (အဖျားမကြီးပေမယ့် အပူငွေ့ငွေ့တော့ရှိနေတတ်ပါတယ်) • ခေါင်းကိုက်ခြင်း • လည်ချောင်းနာခြင်း • နှုန်းချိခြင်း • ခန္ဓာကိုယ်အဖုများထွက်လာခြင်း • အထက်ပါလက္ခဏာများပြပြီး ၃၊၄ ရက်အကြာမှာ...

Impetigo “ အနာစက်လေး မကူးရလေအောင်” ( November, 2022)

0
အနာစက်လေး မကူးရလေအောင် (Impetigo) တယ်လီကျန်းမာကနေ အရေပြားရောဂါတွေအကြောင်း တင်ဆက်လာတာ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ စသည် စသည် အများအပြားပါပဲ... တင်လိုက်တိုင်းလည်း တယ်လီကျန်းမာပရိတ်သတ်က အားပေးကြမ်းလှတယ်။ အောက်မှာ ဘယ်အရေပြားရောဂါအကြောင်းလေး တင်ပေးပါဦးဆိုပြီး ထပ်တောင်းဆိုကြတယ်  ဒီနေ့မှာတော့ အနာစက် အကြောင်းတင်ဆက်လိုက်ပါတယ် အနာစက်ဆိုတဲ့ အနာကွက်ကလေးတွေ အနာစက် ခေါ်တဲ့ အနာလေးတွေဟာ...

ဗိုင်းရပ်တစ်မျိုးကြောင့်ဖြစ်တဲ့ Glandular Fever ( November, 2022)

0
" Glandular Fever (သို့) Kissing Disease " Glandular fever ဆိုတာကတော့ Epstein-Barr virusလို့ခေါ်တဲ့ ဗိုင်းရပ်တစ်မျိုးကြောင့်ဖြစ်ပြီး သူက တုပ်ကွေးရောဂါနဲ့ လက္ခဏာတွေ တော်တော်တူပါတယ်။ ဒီရောဂါကို “kissing disease”လို့လည်း ခေါ်ဆိုကြတာကို တွေ့ရပါတယ်။ ဒါဆို kissingကနေ ကူးနိုင်တာမို့လို့လားလို့တော့ မထင်လိုက်ပါနဲ့နော်။ ဘာကြောင့်...

TB- tuberculosis (တီဘီရောဂါ)ကို မေ့နေကြပြီလားနှင့် ဆေးယဉ်ပါးတီဘီ

0
????တီဘီရောဂါပိုးဟာ တစ်ခေတ်တစ်ခါက ကြောက်မက်ဖွယ်ကောင်းတဲ့ရောဂါဆိုးတစ်ခုလို နာမည်ဆိုးခဲ့ပြီး နောက်ပိုင်းမှာတော့ ကုသမှု guidelinesတွေ စနစ်တကျပေါ်လာတယ်၊ ထိထိရောက်ရောက် DOTS programတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်လို့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ခုထိတော့ မရှားသေးသလို ယခုအခါမှာ လူတွေက တဖန်ပြန်ပေါ့ဆသလိုဖြစ်လာတာမို့ ဆေးယဉ်ပါးတီဘီတွေ ပိုများလာလို့ အိမ်စာလေး ပြန်နွှေးလိုက်ရပါတယ်။ ????တီဘီရောဂါပိုးဟာ...

ကာလသားရောဂါ Syphilis ( October, 2022)

0
ကာလသားရောဂါ တဖြစ်လည်း Syphilis ???? ကာလသားရောဂါဆိုတာ ဘာလဲ? ကာလသားရောဂါဆိုတာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးပါ။ သေချာကုသမှုမခံယူရင် နောက်ဆက်တွဲပြဿနာများပြီး ပြင်းထန်ပါတယ်။ ???? ဘယ်လိုကူးစက်နိုင်ပါသလဲ? Syphilis အနာနဲ့ ပုံမှန်လိင်ဆက်ဆံစဉ်/ စအိုလမ်းကြောင်းသုံးစဉ်/ပါးစပ်ကိုသုံးစဉ် (vaginal/anal/oral) ထိစပ်မိပါက ကူးနိုင်ပါတယ်။ ????ဒါတွေကြောင့်တော့ မကူးပါဘူး... - အိမ်သာကမုတ် - တံခါးလက်ကိုင် - ရေကူးကန် - ရေချိုးကန် - ရေပူကန် - အ၀တ်အစားနဲ့ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေ မျှဝေသုံးစွဲတာတွေကနေတော့...

ဒေါင့်သန်းရောဂါ Anthrax ( October, 2022)

0
ဆိတ်သား၊အမဲသား ချက်ပြုတ်စားသောက်ရာမှာ ဆင်ခြင်သတိပြုရမယ့် ဒေါင့်သန်းရောဂါ (anthrax) ဒေါင့်သန်းရောဂါဆိုတာဟာ Bacillus anthracis ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေကနေတစ်ဆင့် ရောဂါပိုးဝင်ရောက်ရာမှ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဘာကြောင့် ဒီရောဂါ ဖြစ်ရသလဲ ? ဒေါင့်သန်းရောဂါဟာ အများအားဖြင့် သိုး၊ ဆိတ်၊ ကျွဲ ၊ နွား အစရှိတဲ့...

မထူးဆန်းသော အိတ်စ်ရောဂါ (HIV/ AIDS) (October, 2022)

0
"မထူးဆန်းသော အိတ်စ်ရောဂါ (HIV/ AIDS)" တယ်လီကျန်းမာကနေ လူထုကို ဘယ်လိုကျန်းမာရေးပညာပေးအကြာင်းအရာလေးတွေ ရေးပေးစေချင်သလဲ စစ်တမ်းကောက်တော့ HIV/AIDS ရောဂါအကြောင်းနဲ့ "Living with HIV/AIDS"... "HIV/AIDS ရောဂါနှင့် အတူယှဥ်တွဲနေထိုင်ကြသူတွေ"အတွက် ခွန်အားဖြစ်စေမယ့် စာကလေးပါ တပါတည်းရေးပေးဖို့ တောင်းဆိုကြတာဖတ်ရတော့ ဗဟုသုတရလိုတဲ့စိတ်အပြင် ကိုယ်တိုင်ခွန်အားလိုအပ်လို့ဖြစ်စေ၊ မိမိချစ်ရသူတွေအတွက်ဖြစ်စေ၊ ဝေဒနာရှင်တွေအတွက်ဖြစ်စေ ခွန်အားဖြစ်အောင်...

ဆုံဆို့နာရောဂါအကြောင်း သိမှတ်ဖွယ်ရာ (Diphtheria)

0
ဒီနေ့မှာတော့ အဖြစ်များတဲ့ ရောဂါတွေထဲကမှ Diphtheriaလို့ခေါ်တဲ့ ဆုံဆို့နာရောဂါနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။ ဆုံဆို့နာဆိုတာကတော့ Corynebacterium diphtheriae လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ဝင်ရောက်ကူးစက်တာဖြစ်ပြီး လူတစ်ယောက်ကနေတစ်ယောက်ကို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ? လက္ခဏာတွေကတော့ လည်ချောင်းနာတာ၊ ဖျားတာနဲ့ အရင်စလေ့...

Common Cold (အအေးမိဝေဒနာ) (September, 2022)

0
မိုးတွင်းနဲ့ ဆောင်းရာသီရောက်ပြီဆိုရင် နှာစေးချင်သလိုလို လည်ချောင်းနာချင်သလိုလို ဖြစ်လာပြီ။ ဟိုနားတဆစ်ဆစ် ဒီနားတဆစ်ဆစ်နဲ့ နေလို့ထိုင်လို့ကလည်း မကောင်းဘူး... ဒါဆိုရင်တော့ အအေးမိတဲ့လက္ခဏာတွေ ခံစားနေရတာ သေချာနေပါပြီ ဒီလို လက္ခဏာတွေဟာ လူတိုင်းကြုံရလေ့ရှိတာမို့ အအေးမိတဲ့အကြောင်းကို အားလုံးအနေနဲ့ သိထားသင့်ပါတယ် အအေးမိရောဂါအကြောင်းလေးကို ဆက်လေ့လာကြည့်ရအောင်ပါနော် ဘာကြောင့် အအေးမိတာလဲ ? အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်း( upper respiratory tract)မှာ...

Gonorrhea(ဆင်ခြင်စရာ ဂနိုရောဂါ) ( September, 2022 )

0
ဆင်ခြင်စရာ ဂနိုရောဂါ (Gonorrhea) ဂနိုရောဂါ / ဆီးပူညောင်းကျရောဂါရယ်လို့ ဆိုလိုက်တာနဲ့ ရှက်ကြောက်လို့ ဆေးကုသမှုခံယူဖို့ တွန့်ဆုတ်တဲ့အခါ မြန်မြန်ကုသ/ မြန်မြန်ပျောက်ကင်းရမဲ့ ရောဂါဟာ အမြစ်မပြတ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ရပါတယ်။ တကယ်တော့ ဂနိုရောဂါဟာ ရှက်စရာရောဂါတစ်ခုမဟုတ်တဲ့အပြင် ရိုးရှင်းတဲ့ စစ်ဆေးကုသမှုပြုရုံနဲ့ ပျောက်ကင်းနိုင်တဲ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါ/...

အိပ်ရာနာ (Pressure Sores) ( September, 2022 )

0
ခွဲစိတ်ပြီးလူနာတွေ၊ ဆေးရုံမှာ အကြာကြီးလဲလျောင်းနေရတဲ့လူနာတွေ၊ အသက်အရွယ်ကြီးပြီး နာတာရှည်ရောဂါအခံရှိတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အိပ်ရာနာဆိုတာ ဘယ်လိုအနာမျိုးလဲ၊ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲနဲ့ ဖြစ်လာရင် ဘယ်လိုကုသနိုင်သလဲ စတာတွေကို ပြောပြပေးသွားပါမယ်နော် အိပ်ရာနာ ဘာလို့ဖြစ် ❓ ပုံမှန်အားဖြင့် အရိုးနဲ့ကပ်လျက်ရှိနေတဲ့ အရေပြားနေရာလေးတွေ (တံတောင်ချိုး၊ ခါးနှင့်ကျောရိုးတစ်လျှောက်၊ တင်ပဆုံ၊ ခြေချင်းဝတ်၊ ခြေဖနောင့် စတဲ့နေရာတွေ)...

ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းလေးတွေ Q&A Session about Rabies ( July, 2022)

0
အရင်တစ်ခေါက်က ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပြီဆိုတော့ ဒီနေ့မှာတော့ ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းလေးတွေ ဗဟုသုတအဖြစ် ဖြေကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ မိမိအိမ်မှာ ခွေးလေးတွေ၊ကြောင်လေးတွေ မွေးထားတဲ့ ခွေးချစ်သူ ကြောင်ချစ်သူများအနေနဲ့လည်း သိသင့်သိထိုက်တာလေးတွေ သိထားရင် ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရထားနိုင်တာပေါ့။ မေး : ခွေးကိုက်ခံရတာနဲ့ ခွေးရူးပြန်ရောဂါဖြစ်နိုင်လား?ဖြေ...

“ ခွေးရူးပြန်ခြင်း” ???????????????????????? ???????????????????? ( June, 2022 )

0
"ခွေးရူးပြန်ခြင်း" ???????????????????????? ???????????????????? ခွေးရူးပြန်ရောဂါဟာ Rabid (ခွေးရူးရောဂါ စွဲကပ်နေသော) တိရစ္ဆာန်တို့မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါတယ်။ မြန်မာပြည်သူများနှင့်လည်း မစိမ်းဘူးထင်ပါတယ်နော်။ ဘယ်တိရစ္ဆာန်တွေကနေ အများဆုံးကူးတတ်လဲ❓ ခွေးရူးပြန်ဆိုတိုင်း ခွေးကနေပဲ ကူးစက်တတ်တယ်လို့ အထင်မှားတတ်ကြပါတယ်။ လင်းဆွဲ၊ကြွက်၊ ကြောင်၊ ယုန်၊ မြင်း၊ မျောက် နဲ့ အခြားတိရစ္ဆာန်တွေမှလည်း...

ကြွက်နို့အကြောင်း သိကောင်းစရာ Warts ( June, 2022 )

0
ကြွက်နို့အကြောင်း သိကောင်းစရာ (Warts) ကြွက်နို့ဆိုတာ Human Papillomavirus ​(HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ​ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။ ❓ကြွက်နို့ဘာလို့ဖြစ် ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။...

Tetanus ( မေးခိုင်ရောဂါ ) ( June, 2022 )

0
မေး - ဟိုတစ်ရက်က ဦးလေးဦးကျော်တစ်ယောက် ခြံထဲမှာ သံရိုက်နေရာကနေ အမှတ်တမဲ့ သံစူးသွားတယ်တဲ့။ တော်တော်နက်နက်စူးပြီး သွေးတွေအများကြီးထွက်တယ်လို့လည်း ကြားတယ်။ ဘာမှမဖြစ်ပါဘူးဆိုပြီး အမှုမဲ့ အမှတ်မဲ့နေရာကနေ တစ်ပတ်လောက်ကြာတော့ ပါးစပ်လည်းဖွင့်မရ တစ်ကိုယ်လုံးတောင့်သွားတယ်လို့ ပြောသံကြားတယ်။ အဲ့ဒါ ဘာဖြစ်တာလဲ မသိဘူးနော်။ ဖြေ - အဲ့ဒါ မေးခိုင်ပိုးဝင်တာလေ။ မေး...

မျောက်ကျောက်ရောဂါ Update on Monkeypox Virus Infection (May,2022)

0
???? မျောက်ကျောက်ရောဂါ နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၃၀-၅-၂၀၂၂) ???? မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ...

သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever ( May, 2022 )

0
သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။ ❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။ ❓ရောဂါလက္ခဏာဘာတွေလဲ။ အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ... - ချမ်းတုန်ပြီး အဖျားကြီးခြင်း- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း-...

သတိထားစရာ မျောက်ကျောက်ရောဂါ ( May, 2022 )

0
Monkey Pox ဆိုတဲ့ရောဂါတစ်မျိုး ကူးစက်ပြန့်ပွားနေ တစ်ကမ္ဘာလုံး ကိုဗစ်လှိုင်းတွေဖြစ်ပြီးနောက်...ယခုရက်ပိုင်းအတွင်း ဥရောပ ၊ အမေရိကနဲ့ သြစတြေးလျတို့မှာ Monkey poxဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပြန့်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHOက ထုတ်ပြန်သတိပေးလိုက်ပါတယ်။ သာမန်အားဖြင့် အာဖရိကနိုင်ငံအများစုမှာသာဖြစ်ပွားလေ့ရှိတဲ့ Monkey poxရောဂါဗိုင်းရပ်စ်ပိုးဟာ မထင်မှတ်ဘဲ အခုလို အအေးပိုင်းဒေသတွေမှာပါ ရုတ်တရက်တွေ့ရှိလာတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားသူ...

ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ် Chickenpox ( May, 2022 )

0
ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ် ရေကျောက်ကတော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားမှာ အဖုအပိမ့်အနီကွက်တွေထတဲ့ ရောဂါပဲဖြစ်ပါတယ်။ ရောဂါက ပျော့ပြီး သူ့ဘာသာသူပျောက်ကင်းတဲ့ ရောဂါလို့ဆိုပေမယ့် မွေးကင်းစကလေးတွေ၊ ကိုယ်ခံအားကျနေတဲ့လူနာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ လူကြီးတွေမှာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ ❓ဘာကြောင့် ရေကျောက်ပေါက်တာလဲ • Varicella zoster လို့ခေါ်တဲ့...

ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း Fever With Rash In Children ( April, 2022 )

0
ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း ဖျားပြီး အ​ရေပြားမှာ အနီစက်တွေ ၊ အကွက်တွေ ထွက်တာဟာ က​လေးငယ်​တွေမှာအဖြစ်များပြီး မိဘ​တွေကလဲ စိတ်ပူတတ်ကြပါတယ်။ အများစုက​​တော့ virus ပိုး​​​တွေ​ကြောင့်ဖြစ်တတ်ပြီး အန္တရာယ်မ​ပေးတတ်ပါဘူး။ ဖျား​ပေမယ့် က​လေးကလန်းဆန်းမယ်၊ အစား​ပုံမှန်ဝင်မယ်၊ အရည်/နို့​ကောင်း​ကောင်းဝင်မယ်၊ ကစားနိုင်မယ်၊ အိပ်နိုင်မယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး။ အဲ့ဒီလို အန္တရာယ်မရှိတဲ့ အနီစက်​တွေဟာ...

တိုက်ဖွိုက်ရောဂါ Typhoid Fever ( April, 2022 )

0
တိုက်ဖွိုက်ရောဂါ တိုက်ဖွိုက်ရောဂါဟာ ကုသလို့ရပေမယ့် ပေါ့ဆရင် အသက်အန္တရာယ်အထိဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ ဘက်တီးရီးယားအကောင်တစ်မျိုးကြောင့်ဖြစ်တာပါ။ အဓိက ကတော့ မသန့်ရှင်းတဲ့အစာတွေ၊ ရေတွေက တစ်ဆင့်ကူးတာပါ။ ရောဂါလက္ခဏာက ဘာတွေလဲ ❓တိုက်ဖွိုက်လူနာအများစုမှာ အဖျားရက်ရှည်နေတတ်ပါတယ်။ တချို့တွေမှာ ခေါင်းအရမ်းကိုက်၊ ချွေးစေးတွေထွက်ပြီး နုန်းနေတာမျိုးဖြစ်တတ်ကြပါတယ်။ တချို့ကတော့ အဖျားနဲ့အတူ ဗိုက်နာတာ၊ ဝမ်းလျောတာ၊...

ရေယုန်/ခါးပတ်ရေယုန် Herpes Zoster (Shingles)( April, 2022 )

0
ရေယုန် / ခါးပတ်ရေယုန် ❓ ဘာကြောင့်ဖြစ်တာလဲ ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့်တော့ ကိုယ်ခန္ဓာတစ်ခြမ်းမှာ အနီပြင်တွေပတ်ပြီးဖြစ်တတ်လို့ ခါးပတ်ရေယုန်လို့ ခေါ်လေ့ရှိပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာဖြစ်ရင် ရေယုန်လို့ခေါ်ကြပါတယ်။ ❓ ဘယ်လိုဖြစ်တာလဲ ရေကျောက်ဖြစ်ဖူးတဲ့သူဆိုရင် ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာထဲကို တခါဝင်ပြီးရင် တစ်သက်လုံးမပျောက်တော့ဘဲ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးရဲ့ တစ်နေရာမှာ ဗိုင်းရပ်စ်ပိုးက ဝင်အောင်းနေလေ့ရှိပြီး စိတ်ပင်ပန်းချိန်၊...

(မိန်းမကိုယ် မှိုစွဲခြင်း) Vaginal Thrush ( January 2022)

0
မိန်းမကိုယ် ယားယံခြင်း (မိန်းမကိုယ် မှိုစွဲခြင်း) မိန်းမကိုယ် ယားယံခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်တဲ့ မိန်းမကိုယ် မှိုစွဲခြင်းအကြောင်းရှင်းပြပါမယ်။ သူ့တချို့လူနာတွေမှာရဲ့ထူးခြားချက်ကတော့ မိန်းမကိုယ်က မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွားယားယံတာပါ။ မခံနိုင်လွန်းလို့ လက်သည်းနဲ့ ကုတ်ရင်း အရေပြားနေရာတွေပေါက်ပြဲ၊ ဆီးသွားဖို့တောင်ခက်ခဲတာမျိုးအထိတွေ့ဖူးပါတယ်။ ရောဂါလက္ခဏာများ မိန်းမကိုယ်နေရာတဝိုက်မှာ ယားယံတာ ဆူးသေးသေးလေးတွေနဲ့ ထိုးသလို တဆစ်ဆစ်နဲ့ ကသိကအောက်ခံစားရတာ ရောင်ရမ်းတာ နာကျင်တာ အခြားလက္ခဏာများ ဒိန်ချဉ်လို ခပ်ပျစ်ပျစ် အဖြူဆင်းတာ ဆီးပူ၊ ဆီးကျင်တာ အမျိုးသားနှင့်အတူနေချိန်...

ကလေးပါးစပ်တွင်းက မှက်ခရု Childhood Oral Candidiasis

0
"ကလေးပါးစပ်တွင်းက မှက်ခရု" မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ပုံ Candida က လူတို့၏ အရေပြား၊...

Hand, Foot, and Mouth Disease (HFMD) (January 2022)

0
Hand, Foot, and Mouth Disease (HFMD) ဆိုတာ တကယ်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ တစ်ခါတလေတော့ လူကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းအတွင်းနံရံတွေနဲ့ လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်တွေ၊ အရည်ဖုလေးတွေ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ ဖြစ်တာရှားပါတယ်။ တချို့မှာတော့...

ကူးစက်ရောဂါများအကြောင်း