အစာအိမ်၊ အူလမ်းကြောင်း၊ အသည်း၊ သည်းခြေ၊ မုန့်ချိုအိတ်နှင့်ဆိုင်သော ရောဂါပြဿနာများ

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ

0
ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်‌ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ...

အရက်ကြောင့်အသည်းရောင်ခြင်း Alcoholic Hepatitis

0
သစ္စာရှိတဲ့ အရက်….. 🍾 ဟုတ်ပါတယ် အရက်က သစ္စာရှိပါတယ်… ကျန်းမာရေးကို ဒုက္ခပေးဖို့အတွက် ဆိုရင်ပေါ့ 🤔 "အရက်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်""အရက်သောက်ရင် ဘေးဥပါဒ်ဖြစ်တယ်""အရက်ဆိုတာ မကောင်းဘူး" စတာတွေက လူတိုင်း သိဖူးကြားဖူးနေကျ စကားတွေပါပဲ။ ကျွန်တော်ပြောပြမှာကလည်း အရက်ကြောင့် ကျန်းမာရေးထိခိုက်စေတဲ့ထဲက တစ်ခုဖြစ်တဲ့ အရက်ကြောင့်အသည်းရောင်ခြင်း (Alcoholic Hepatitis)...

ကြိုတင်ကာကွယ် အသည်းရောင်အသားဝါ (ဘီ) ပိုး အန္တရာယ်

0
အသည်းရောင်အသားဝါ (ဘီ) ပိုးဟာ သွေးနဲ့ ကိုယ်ခန္ဓာအရည်များမှတစ်ဆင့် အဓိကကူးစက်တတ်သောရောဂါဖြစ်ပြီး အသည်းကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒါကြောင့်လည်း အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးကို အသည်းကင်ဆာ ကာကွယ်ဆေးရယ်လို့တောင် ဆိုကြပါတယ်။ အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှုအများစုဟာ မည်သည့်ရောဂါလက္ခဏာမှ မပြတတ်ဘဲ ဖြစ်လေ့ရှိတာမို့ ဆေးစစ်ကြည့်ခြင်းကသာ...

ဗိုက်ထဲက မြည်သံများ

0
ဗိုက်ဆာတာ မဟုတ်ဘဲနဲ့ ဗိုက်ထဲက တဂွီဂွီ မြည်သံတွေ အများကြီးထွက်နေတာ ကြုံဖူးကြမယ် ထင်ပါတယ်။ တချို့ကလည်း ဗိုက်ထဲက အသံတွေမြည်တာ တစ်ခုခုဖြစ်မှာစိတ်ပူပြီး ဆရာဝန်ကို လာပြတတ်ကြပါတယ်။ အဲဒီအကြောင်း ပြောပြမယ်နော်……… ပုံမှန်အားဖြင့်တော့ ဆာလောင်လာတယ်ဆိုရင် ဗိုက်ထဲကနေ အချက်ပြသံတွေ ထွက်လာတတ်ပါတယ်။ ဒါပေမယ့် မဆာတဲ့ချိန်တွေ၊ အစားစားပြီးတဲ့ အချိန်တွေမှာလည်း ဗိုက်က...

ဝမ်းလျှောတဲ့အခါ လုပ်ဆောင်သင့်တာ

0
----|| ဝမ်းလျှောတဲ့အခါ ဘာတွေလုပ်ရမလဲ ||---- ဝမ်းလျှောလူနာနဲ့ ကြုံရတဲ့အခါ ဘာတွေလုပ်ပေးသင့်လဲလို့ မနေ့ကမေးကြည့်ခဲ့ရာမှာ စိတ်ဝင်တစားနဲ့ ပါဝင်ဖြေဆိုပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်နော် ???? အဖြေလေးတွေထဲကမှ ပြန်ပြီး ရှင်းပြစရာလေးတွေလည်း တွေ့နေရလို့ပါ။ တကယ်တော့ ဝမ်းလျှောတဲ့အခါ ရေနဲ့ဓာတ်ဆား လုံလောက်အောင် ပြန်လည်ဖြည့်တင်းမယ်။ လူနာနဲ့ လူနာကို ကိုင်တွယ်ပြုစုသူတွေအနေနဲ့ သန့်သန့်ရှင်းရှင်းနေမယ်။ အထူးသဖြင့် လက်ကို...

ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်း Transplantation (Living Donor) (January, 2024)

0
အားလုံးပဲ မင်္ဂလာပါ... ဒီနေ့မှာတော့ အသက်ရှင်စဉ်လှူဒါန်းတဲ့ အသည်းနဲ့ကျောက်ကပ်အလှူရှင်တွေ (living donor) နဲ့ပတ်သက်လို့ တစေ့‌တစောင်းပြောပြပေးမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ မိဘဆွေမျိုးသားချင်းတစ်ဦးဦးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးရုံမှတစ်ပါး အခြားသင့်တော်တဲ့ ကုထုံး မရှိတော့တဲ့အခါ... မိဘဆွေမျိုးတွေကို ကူညီလိုစိတ်အပြင် အသက်ရှည်စေလိုတဲ့စေတနာနဲ့ မိမိတို့ရဲ့ ကိုယ်တွင်းအင်္ဂါ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းဖို့ဆုံးဖြတ်ကြလေ့ရှိပါတယ်။ ဘယ်အချိန် အစားထိုးဖို့လိုလဲ ဆိုတာကတော့ သက်ဆိုင်ရာ...

အရက်မသောက်တဲ့ လ Dry January (January,2024)

0
????တစ်လလုံး အရက်ဘီယာ မသောက်ဘဲ နေနိုင်ပါ့မလား။ နေနိုင်သူတွေကတော့ Dry January မှာပါဝင်ရင်း အရက်ဘီယာတွေနဲ့ ဝေးရာမှာ နေကုန်ကြပါပြီ။ ???? ❓Dry January ဆိုတာ ဘာပွဲညာပွဲရှိလို့ သောက်လိုက်၊ နယူးရီးယားမှာ သောက်လိုက်နဲ့ တစ်နှစ်ပတ်လုံး အရက်ဘီယာတွေကို အကြောင်းအမျိုးမျိုးနဲ့ တောက်လျှောက်သောက်လာအပြီးမှာ နှစ်သစ်အစ ဇန်နဝါရီတစ်လမှာတော့ လုံးဝမသောက်ဘဲနေမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်...

ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း Transplantation (December,2023)

0
ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း (Transplantation) ဆိုတာ အခုခေတ်မှာ သိပ်ပြီး မစိမ်းကြတော့ပါဘူး။ ဆေးပညာတွေ၊ နည်းပညာတွေ ခေတ်မီတိုးတက်လာတာကြောင့် အရင်က မကုနိုင်ခဲ့တဲ့ရောဂါတွေကို ကုသနိုင်လာပါပြီ။ ရောဂါကျွမ်းနေတဲ့၊ လုံး၀ အလုပ်မလုပ်နိုင်လောက်အောင် ပျက်စီးနေတဲ့ ကိုယ်တွင်းအဂႅါ (organ failure) တွေကို အစားထိုးကုသမှုတွေ ပြုလုပ်နိုင်လာပြီး လူ့သက်တမ်းတွေကို ဆွဲဆန့်နိုင်လာကြပါတယ်။ အမှန်တော့ ကိုယ်တွင်းအင်္ဂါအစားထိုးတာဟာ...

၆လတစ်ကြိမ် သန်ချရန် (December,2023)

0
ကလေးက ဘယ်နှစ်နှစ် ရှိပြီလေ…အဲဒါ သန်ချဆေး တိုက်လို့ရလား…လူကြီးကရော သန်ချဆေး သောက်လို့ရလား…ဒါမျိုးလေးတွေက မကြာခဏ အမေးများတဲ့ မေးခွန်းလေးတွေပါနော်။ဘာကြောင့်များ သန်ချဆေး တိုက်ရ/သောက်ရမှာကို စိုးရိမ်ပြီး မေးမြန်းနေကြပါလိမ့် ???? ?ငယ်ငယ်က ပြောကြတဲ့…သန်ချဆေးသောက်အပြီး နှာခေါင်းထဲက၊ နားရွက်ထဲက၊ ပါးစပ်ထဲက သန်ကောင်တွေ ထွက်လာလိမ့်မယ် ကြောက်စရာကြီးဆိုတဲ့ အယူအဆမှားတွေကြောင့်များ...

သည်းခြေအိတ် ဖြတ်ထုတ်ပြီးနောက် Post Cholecystectomy(December,2023)

0
"သည်းခြေအိတ် ထုတ်လိုက်တဲ့လူနာတွေ ဘယ်လို နေထိုင်သင့်သလဲ ..." အဖြစ်များတဲ့ သည်းခြေအိတ် ကျောက်တည်တာကစလို့ အကြောင်းအမျိုးမျိုးကြောင့် သည်းခြေအိတ် (Gallbladder) ကို ထုတ်လိုက်ရတဲ့လူနာတွေအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကတော့... . 1️⃣ အရင်ဆုံး သည်းခြေအိတ်ဆိုတာ ဘာလုပ်ပေးလဲ မိမိစားလိုက်တဲ့ အစားအသောက် အထူးသဖြင့် အဆီတွေကို ချေဖျက်ဖို့ Bile ဆိုတဲ့ အစာခြေရည်တစ်မျိုးကို...

သွေးဝမ်းသွားခြင်း Dysentery (October,2023)

0
Bloody diarrhea, Dysentery (သွေးဝမ်းသွားခြင်း) Dysentery (သွေးဝမ်းသွားခြင်း) ဘာကြောင့်ဖြစ်လဲဆိုရင် ခန္ဓာကိုယ်ထဲကို ပြင်ပကနေ ပိုးတွေဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့၊ ရောဂါပိုးပါနေတဲ့ အစားအစာနဲ့ ရေတို့ကို ‌စားသုံးမိခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အူလမ်းကြောင်းတစ်လျှောက် ပိုးဝင်ပြီး သွေးဝမ်းသွားခြင်းကို ဖြစ်စေတာပါ။ .. .. Types (အမျိုးအစား) အဓိကအားဖြင့် နှစ်မျိုးခွဲလို့ ရပါတယ်။ ၁။ Bacillary...

နေရာလွဲနေသော အသည်းနဲ့ နှလုံးသား Dextrocardia with Situs Inversus (September,2023)

0
နေရာလွဲနေသော အသည်းနဲ့ နှလုံးသား (Dextrocardia with situs inversus) ဓာတ်မှန်အဖြေတစ်ခုမှာ ဓာတ်မှန်ဆရာဝန်ရဲ့ မှတ်ချက်က ‘Dextrocardia due to situs inversus’ တဲ့။ ဆိုလိုတာက နှလုံးသားက ရင်ခေါင်းရဲ့ ဝဲဘက်ခြမ်းမှာ မရှိဘဲ လက်ယာဘက်ကို ရောက်နေသလို၊ အသည်းနဲ့တခြားကလီစာတွေကလည်း နေရာမှားနေတယ်လို့ ဆိုတာပါ။ ပြဿနာက...

အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း Asian Flush (September,2023)

0
“အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း (Asian flush)” တချို့လူတွေက အရက်သောက်ပြီးရင် မျက်နှာတွေ နီရဲလာတတ်ပါတယ်။ ဒါဟာခန္ဓာကိုယ်က အရက်ကို ထိရောက်စွာ မ​ချေဖျက်နိုင်တာကြောင့် Acetaldehyde လို့ခေါ်တဲ့ ဓာတ်တွေ အလွန်အကျွံများလာတာကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်ပစ္စည်းဟာ အဆိပ်အတောက်ဖြစ်စေပြီး histamine ထွက်စေကာ နီမြန်းခြင်းနှင့် အခြားလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ အချို့လူတွေဟာ မျိုးရိုးဗီဇလက္ခဏာတွေကြောင့်...

အသည်းပြည်တည်နာ Liver Abscess (August,2023)

0
အသည်းပြည်တည်နာ (Liver abscess) ညာဘက်နံရိုးအောက် အောင့်တာ၊ ညာဘက်ဗိုက်အပေါ်ဘက် အောင့်တာ၊ ဖျားတာ… စတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာပြီးနောက်၊ ၀မ်းဗိုက်ကို အာထရာဆောင်း (ultrasound) ရိုက်တဲ့အခါ အသည်းမှာ တစ်ခုခုတွေ့ပြီဆို ကြောက်ကြရပါတယ်။ အသည်းကင်ဆာလား၊ အသည်းပြည်တည်နာလား၊ အသည်းမှာ ရေအိတ်တည်တာလား စသဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ် တချို့အရာတွေက ultrasound...

လိပ်ခေါင်းရောဂါ Haemorrhoids (August,2023)

0
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ ခွဲစိတ်လူနာတွေကို ကြည့်ရှုပေးတဲ့အခါ လာပြတာအများဆုံးက လိပ်ခေါင်းပါ။ လိပ်ခေါင်းနဲ့အတူ စအိုကွဲနာ၊ ဂရင်ဂျီနာတွေလည်း အပြများပါတယ်။ ခုကတော့ လိပ်ခေါင်းအကြောင်းလေး ဆွေးနွေးပေးချင်လို့ပါ။ .. .. လိပ်ခေါင်းရောဂါက ၀မ်းချုပ်တတ်သူ၊ ၀မ်းမာ ၀မ်းညှစ်တတ်သူတွေမှာ အဖြစ်များပါတယ်။ တချို့လည်း ၀မ်းမချုပ်ဘဲ ဖြစ်တတ်ပါတယ်။ ???? နံပါတ် (၁) အနေနဲ့ကတော့…. လိပ်ခေါင်းလားဆိုတာသေချာဖို့ ဆရာ၀န်နဲ့ပြသဖို့...

မုန့်ချိုအိတ် ရုတ်တရက်ရောင်ရမ်းခြင်း Acute Pancreatitis

0
မုန့်ချိုအိတ်ဆိုတာ အစာအိမ်အောက်နားမှာ အလျားလိုက်တည်ရှိနေတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။ မုန့်ချိုအိတ် (Pancreas) ဟာ အစာခြေအင်ဇိုင်းတွေကို ထုတ်လွှတ်ပေးပြီး အစာခြေခြင်းကို အထောက်အကူပြုသလို၊ သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းပေးတဲ့ အင်ဆူလင် ဟော်မုန်းကိုလည်း ထုတ်ပေးပါတယ်။ .. .. ♦️ မုန့်ချိုအိတ် ရုတ်တရက် ရောင်ရမ်းစေတဲ့ အကြောင်းရင်းများကတော့.... - အရက်သောက်ခြင်း - သည်းခြေကျောက်တည်ခြင်း - ဝမ်းဗိုက် ဒဏ်ရာရခြင်း -...

အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်ခြင်း Mallory Weiss Tears

0
"အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်ခြင်း (Mallory Weiss Tears)" အစာရေမျိုပြွန်ဆိုတာ လည်ချောင်းနဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ ပြွန်တစ်ခု ဖြစ်ပါတယ်။ Mallory Weiss Syndrome မှာ အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်လေ့ရှိပါတယ်။ ဒီလိုပြဲထွက်ပြီး ဖြစ်လာတဲ့အကွဲကြောင်းတွေကို Mallory Weiss Tear လို့ ခေါ်ပြီး...

ဗိုက်မှာခွဲစိတ်မှုခံယူထားရင် ဂရုစိုက်ရန်အချက်များ Abdominal Surgery

0
လတ်တလော ဗိုက်မှာခွဲစိတ်မှုခံယူထားရင် သိချင်ကြတဲ့ (သိသင့်တဲ့) မိမိကိုယ်ကို ဂရုစိုက်ရန်အချက်များနဲ့ လိုက်နာရန်များကတော့???????????? ????(၁) ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်လို့...???????????? - ထိုင်ထ၊ ဗိုက်လေ့ကျင့်ခန်း လုပ်တာကို ခွဲအပြီး (၈) ပတ်အထိ ရှောင်ပါ။ - အလေးချိန် (၁၀) ပေါင်ထက်ပို မ မရ။ ခွဲအပြီး (၈) ပတ်အထိ...

အစာအိမ်ကင်ဆာ

0
"အစာအိမ်ကင်ဆာ" ဟုတ်ပါတယ်... စားထားတဲ့အစာတွေကို သိုလှောင်တဲ့အိတ် (အစာအိမ်မှာ) ကင်ဆာဖြစ်တာပါ။ အစာအိမ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ . ❓ အစာအိမ်ကင်ဆာ ဘာလို့ဖြစ်တာလဲ ? ဘယ်လိုလူတွေမှာ အဖြစ်များလဲ ? အစာအိမ်ကင်ဆာ ဘာလို့ဖြစ်လဲ အတိအကျပြောရခက်ပေမယ့် အစာအိမ်နံရံတွေကို ထိခိုက်စေရာကနေပဲ စတာပါ။ - အစာအိမ်ပိုးရှိတာ - စားချဉ့်ပြန်တာ - အကင်တွေ၊ ဆားနယ်ထား/သိပ်ထားတဲ့ အစားအစာတွေ စားတာ - အသီးအရွက်၊...

အစာမကြေခြင်း Indigestion

0
အစာမကြေဘူးဆိုတဲ့ လက္ခဏာရပ်ဟာ ကမ္ဘာပေါ်မှာ လူတိုင်းကြုံဖူးကြမယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ရောဂါကြောင့် မစာမကြေခံစားရတာ ဖြစ်နိုင်သလို တစ်ခါတစ်ရံလည်း ရောဂါကြောင့်မဟုတ်ဘဲ မိမိရဲ့ စားသောက်နေထိုင်မှုမမှန်လို့ အစာမကြေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ လူတိုင်း မလွဲမသွေကြုံတွေ့ရနိုင်တာကြောင့် အစာမကြေခြင်းနဲ့ပတ်သက်ပြီး သိထားဖို့တော့ လိုအပ်ပါတယ်။ အစာမကြေဖြစ်တဲ့ လူတစ်ယောက်မှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့...

သည်းခြေအိတ် ကင်ဆာ Carcinoma Gallbladder

0
သည်းခြေအိတ်ကင်ဆာဆိုတာ မပြောခင် သည်းခြေအိတ်အကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်... ???? သည်းခြေအိတ်ဆိုတာ အသည်းကထုတ်ပေးတဲ့ အစာခြေပေးတဲ့သည်းခြေရည်ကို (အစာစားချိန်မှ အူလမ်းကြောင်းထဲ ထုတ်ပေးနိုင်ဖို့) ကြားကာလမှာ ယာယီအားဖြင့် သိုလှောင်ပေးတဲ့ အိတ်ငယ်လေးပါ။ ချက်အပေါ် ဗိုက်ရဲ့ညာဘက် အသည်းအောက်ခြေနားမှာ ကပ်တွယ်နေတာပါ။ . ???? သည်းခြေအိတ်ရဲ့ ရောဂါ/ပြဿနာတွေကတော့... - ကျောက်မရှိဘဲ သည်းခြေအိတ်ရောင်ခြင်း - သည်းခြေကျောက်တည်ခြင်း -...

IBS (Irritable Bowel Syndrome) ရှိတဲ့သူတွေအတွက် အစားအသောက် FODMAP

0
IBS (Irritable Bowel Syndrome) ရှိတဲ့သူတွေအတွက် FODMAP ကိုရှောင်ပါလို့ ပြီးခဲ့တဲ့အပတ်က အကြမ်းဖျဥ်းပြောခဲ့တာ မှတ်မိကြမယ်လို့ ထင်ပါတယ်။ FODMAP ဆိုတာ foods high in Fermentable Oligosaccharides, Disaccharides, Monosaccharides And Polyols ကို ဆိုလိုတာပါ။ ဒီတော့ ဘယ်အစားအသောက်တွေက...

ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း “ Dehydration” (May 2023)

0
ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း (Dehydration) Dehydration ဆိုတာ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တဲ့ အရည်ပမာဏထက် ဆုံးရှုံးသွားတဲ့/အသုံးချလိုက်တဲ့ အရည်ပမာဏက ပိုများနေပြီး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ရေနဲ့ တခြားအရည်တွေ လုံလုံလောက်လောက် မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ . ဘယ်ချိန်မှာ ရေဓာတ်ခန်းခြောက်နိုင်လဲ ? ဆုံးရှုံးသွားတဲ့အရည်ကို အချိန်မီအစားမထိုးရင် ရေဓာတ်ခန်းခြောက်ခြင်း (dehydration)...

အချိန်အပိုင်းအခြားဖြင့် အစားအသောက်ရှောင်ခြင်း “ Intermittent Fasting” (April 2023)

0
“ အချိန်အပိုင်းအခြားဖြင့် အစားအသောက်ရှောင်ခြင်း (Intermittent Fasting) " အချိန်အပိုင်းအခြားဖြင့် အစားအသောက်ရှောင်ခြင်း (Intermittent Fasting) ဆိုတာဟာ အစာစားခြင်းနဲ့ အစာမစားဘဲနေခြင်းကို တစ်လှည့်စီ ကျင့်သုံးတဲ့ စားသောက်မှုပုံစံတစ်မျိုး ဖြစ်ပါတယ်။ မည်ကဲ့သို့သော အစားအစာတွေ စားရမယ်ဆိုတာ သတ်မှတ်ထားခြင်းမရှိဘဲ အစာစားတဲ့အချိန်ကိုပဲ သတ်မှတ်ထားတာပါ။ လူသိများတဲ့ Intermittent Fasting...

“ E.coli ပိုးဝင်ခြင်း” (April 2023)

0
"E.coli ပိုးဝင်ခြင်း" E.coli ဆိုတာ အူလမ်းကြောင်းမှာ ပုံမှန်အတိုင်းရှိတတ်တဲ့ ဘတ်တီးရီးယားပိုးဖြစ်ပြီး အစားအစာတွေကို ​ချေဖျက်တဲ့နေရာမှာ ကူညီပေးပါတယ်။ အချို့ E.coli မျိုးကွဲတွေကတော့ ရောဂါဖြစ်စေနိုင်ပြီး အခြားသူတွေကိုလည်း ကူးစက်စေနိုင်ပါတယ်။ မသန့်ရှင်းတဲ့အစားအစာတွေကနေ ဒါမှမဟုတ် ရောဂါရှိတဲ့လူနဲ့ တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ဝမ်းလျှောစေပြီး သွေးဝမ်းသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ...

နှာခေါင်းအစာသွင်းပိုက် ထည့်သွင်းခြင်း “ Nasogastric Intubation” (April 2023)

0
“နှာခေါင်းအစာသွင်းပိုက် ထည့်သွင်းခြင်း” (Nasogastric intubation) နှာခေါင်းအစာသွင်းပိုက် (Nasogastric tube) ဆိုတာ ပလတ်စတစ် (ဒါမှမဟုတ်) ရာဘာနဲ့ပြုလုပ်ထားတဲ့ သေးငယ်ပျော့​ပျောင်းတဲ့ပိုက်ပဲ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ကတစ်ဆင့် လည်ချောင်းတစ်လျှောက်မှ အစာအိမ်ထဲသို့ ထည့်သွင်းရခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို နှာခေါင်းအစာသွင်းပိုက်ထည့်သွင်းခြင်းကို (Nasogastric intubation) လို့ခေါ်ပါတယ်။ .. .. ဘာကြောင့်နှာခေါင်းအစာသွင်းပိုက် သုံးရသလဲ ? အကြောင်းအမျိုးမျိုးကြောင့်...

ဓာတ်ဆားနဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းအချို့ FAQs about Oral Rehydration Solution (April 2023)

0
ဒီတစ်ပတ်မှာတော့ ဓာတ်ဆားနဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းအချို့ကို ဖြေပေးလိုပါတယ်။ . ၁။ ဓာတ်ဆားရည်သောက်တာ အမြဲကောင်းရဲ့လား၊ အန္တရာယ်ရှိသလား ? ဓာတ်ဆားဟာ သုံးတတ်ရင် အသက်ကယ်ဆေး ၊ မသုံးတတ်ရင်တော့ ဘေးဥပဒ်ကို ဖြစ်စေပါတယ်။ ဓာတ်ဆား အချိုရည်တွေဟာ အသင့်သောက် (Royal D, Pocari Sweat, Sponsor) စတာတွေလာသလို ဓာတ်ဆားအမှုန့်ထုပ်ကို...

ဝမ်းမှန်မှန်သွားအောင် ဘယ်လိုလေးတွေ နေထိုင်ရမလဲ

0
လူနာ။ "ဆရာရေ ကျွန်မကလေ ဝမ်းတစ်အားချုပ်တတ်လို့ဆရာ။ အဲ့ဒါ နေလို့ထိုင်လို့လည်း မကောင်းဘူး။ ဝမ်းနူတ်ဆေးတွေလည်း ခဏခဏ မသောက်ချင်ဘူး ဆရာရယ်။ ဝမ်းပုံမှန်သွားအောင် ဘယ်လိုလုပ်ရမလဲဆရာ" ဒါကတော့ တယ်လီကျန်းမာဆေးခန်းကို လာပြတဲ့လူနာတွေထဲက (၅) ယောက်မှာ (၂) ယောက်လောက်က မေးနေကျ... ကိုယ်ပဲ တိုင်ဆိုင်တာလားမသိ ???? .. .. ဒါကြောင့် ဒီနေ့မှာတော့ ဝမ်းမှန်မှန်သွားအောင်...

“ ကြို့ထိုးခြင်း (Hiccup)” (April 2023)

0
"ကြို့ထိုးခြင်း (Hiccup)" ကြို့ထိုးတယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ ကျန်းမာရေးဖြစ်စဥ်တစ်ခုပါ။ ဒါဆို ဘာကြောင့် ကြို့ထိုးရသလဲဆိုတာနဲ့ ပတ်သက်ပြီး အောက်မှာ ဆက်လက်လေ့လာကြည့်ရအောင်။ . Diaphragm လို့ခေါ်တဲ့ ရင်ဝမ်းခြားကြွက်သားရဲ့ အလိုအလျောက်ကျုံ့တာကြောင့် ကြို့ထိုးရတာ ဖြစ်ပါတယ်။ အဲ့ဒီ ရင်ဝမ်းခြားကြွက်သားက သူ့ရဲ့နာမည်အတိုင်း ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ခြားထားပေးပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်မှာ အသက်ရှူတဲ့အခါ...

” လျှာမြေပုံ (သို့မဟုတ်) Geographic tongue “

0
" လျှာမြေပုံ (သို့မဟုတ်) Geographic tongue " "Geographic tongue" တဲ့။ တိုက်ရိုက်ဘာသာ​ပြန်ရရင် ပထဝီဝင်လျှာဆိုတော့ နည်းနည်းတော့ စဥ်းစားရကျပ်တာပေါ့။ ဟုတ်ပါတယ် သူ့နာမည်အတိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ နာမည်အတိုင်း လျှာပေါ်မှာ မြေပုံလို အကွက်လိုက် အကွက်လိုက် ဖြစ်နေတဲ့ရောဂါမို့ပါ။ ဒါကို လိုလိုနဲ့တိုရှင်း လျှာမြေပုံလို့ပဲ ခေါ်ကြပါတယ်။ လျှာမြေပုံဆိုတာကတော့...

“ အလွယ်တကူ အစာကြေလွယ်စေတဲ့ နည်းလမ်းကောင်းများ (Ways to improve your digestion naturally)”

0
"အလွယ်တကူ အစာကြေလွယ်စေတဲ့ နည်းလမ်းကောင်းများ (Ways to improve your digestion naturally)" စားသုံးတဲ့ အစားအစာနဲ့ နေထိုင်မှုပုံစံ​အပြောင်းအလဲတွေက သင့်ရဲ့ အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု များစွာရှိပါတယ်။ အစာမကြေဖြစ်တာ၊ လေပွတာ၊ ရင်ပူတာ၊ မအီမသာ ဖြစ်တာ၊ ဝမ်းချုပ်တာ (သို့) ဝမ်းလျှောတာ...

ရင်ခေါင်းအတွင်းသို့ အစာအိမ်အပေါ်ပိုင်း အနည်းငယ်ကျွံခြင်း Hiatus Hernia

0
Hiatus hernia ဆိုတာ အစာရေမျိုပြွန်နဲ့ တစ်စပ်တည်းဖြစ်နေတဲ့ အစာအိမ်ရဲ့အထက်ပိုင်းဟာ ရင်ဝမ်းခြားကြွက်သားမှာရှိတဲ့ hiatus လို့ခေါ်တဲ့ အပေါက်ကနေတစ်ဆင့် ရင်ဘတ်ပိုင်းကို ကျွံထွက်သွားတာ ဖြစ်ပါတယ်။ Hiatus hernia ဟာ အဖြစ်များပြီး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်မှာ ဖြစ်နိုင်ပါတယ်။ .. .. ????ရောဂါလက္ခဏာတွေ လူအများစုမှာ hiatus hernia ကြောင့် ပြဿနာမဖြစ်တတ်ပေမယ့်...

” ရင်ပူခြင်း ( Heartburn) “

0
" ရင်ပူခြင်း ( Heartburn) " ရင်ပူတယ် ( Heartburn)လို့ လူနာတွေ ပြောလေ့ရှိတဲ့စကားလုံးက ရင်ထဲမှာပူလောင်ပြီး မအီမသာဖြစ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ ရောဂါနာမည်ရယ်တော့ မဟုတ်ဖူးပေါ့။ ရင်ပူတယ်လို့ပြောတဲ့လူနာတွေကို သေချာမေးကြည့်လိုက်ရင် ပါးစပ်ကလည်းချဉ်တယ်လို့ ဖြေတတ်ကြပါတယ်။ ဒါဟာ အစာအိမ်ကနေ ပြောင်းပြန် ပါးစပ်ထဲကိုရောက်လာတဲ့ အက်စစ်ကြောင့် အချဥ်အရသာ ဖြစ်နေတာပါ။ ရင်ပူတာရဲ့...

ချက်ထီးလေး (သို့) ချက်စူခြင်း( Outie Belly Button )နှင့် ချက်မှအူကျွံခြင်း ( Umbilical hernia)

0
ချက်ထီးလေး (သို့) ချက်စူခြင်း( Outie Belly Button )နှင့် ချက်မှအူကျွံခြင်း ( Umbilical hernia) ချက်ထီး ဆိုတဲ့အသုံးအနှုန်းကိုတော့ တော်တော်များများ ရင်းနှီးပြိီးသားဖြစ်ကြမယ်ထင်တယ်နော်။ ကလေးလေးတွေမှာ ချက်ထီးကလေး တွေ့ရရင်ပဲ ကျွန်တော်တို့မှာ ချက်စူကလေး....ချက်ထီးကလေး စသည်ဖြင့် အထူးအဆန်းကြည့်ကြရသေး... တချို့ဆို " ချက်စူ.... ဗိုက်ပူ...

အစာအိမ် အူလမ်းကြောင်း အနာဖြစ်ခြင်း (Peptic Ulcer)

0
" အစာအိမ် အူလမ်းကြောင်း အနာဖြစ်ခြင်း (Peptic Ulcer) " အစာအိမ် (သို့မဟုတ်) အူသိမ်အစပိုင်းရဲ့ အတွင်းမျက်နှာပြင်မှာဖြစ်တဲ့ အနာ (ဒါမှမဟုတ်) အပေါက်ကလေး ဖြစ်လာတာကို အစာအိမ်အူလမ်းကြောင်း အနာဖြစ်ခြင်း (Peptic ulcer)လို့ ခေါ်ပါတယ်။ အများစုက အူသိမ်အစပိုင်းမှာဖြစ်ပြီး အူသိမ်အနာ (duodenal ulcer)လို့ ခေါ်...

အသည်းအဆီဖုံးခြင်းအတွက် အစားအသောက်နှင့် အာဟာရ

0
ဒီတစ်ပတ်မှာတော့ အသည်းအဆီဖုံးခြင်းကို အစားအသောက် ဘယ်လိုဆင်ခြင်သင့်လဲဆိုတာ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ အသည်းအဆီဖုံးအကြောင်း မပြောခင် အသည်းက ဘာတွေလုပ်လဲ အရင်ပြောရအောင်…… အသည်းရဲ့လုပ်ငန်းစဥ်က အဆိပ်အတောက်တွေဖယ်ရှားတာနဲ့ ခန္ဓာကိုယ်တွင်း ဇီ၀ဖြစ်စဥ်တွေကို အဓိက လုပ်ဆောင်ပေးပါတယ်။ သွေးထဲက ဂလူးကို့စ်ဓာတ်ကို ပုံမှန်အတိုင်းဖြစ်နေအောင် မတက်လွန်းမကျလွန်းအောင် ထိန်းတဲ့နေရာမှာ အသည်းက ဆရာတစ်ဆူပေါ့... အမှန်တော့ ဂလူးကို့စ်တစ်ခုထဲမဟုတ် စားလိုက်သမျှ အသား ၊...

Ascites (ရေဖျဉ်းအကြောင်း) (December, 2022)

0
“ ဗိုက်ကြီးဖောင်းပြီး ရေဖျဉ်းဘာလို့စွဲလဲသိလား...အဲတာ ထမင်းစားပြီးပြီးချင်း ရေချိုးလို့ ဖြစ်တာ...နောက်ကို ထမင်းစားပြီးပြီးချင်း ရေမချိုးနဲ့နော် ” ( ငယ်ငယ်က အစာစားပြီးရေချိုးရင် အစာမကြေမှာစိုးလို့ လူကြီးတွေက ခြောက်လှန့်ပြောတဲ့စကား ) ခုတော့ ခေတ်အခါတွေပြောင်းလာပြီ။ ကလေးတွေကို ခြောက်လှန့်စကားတွေ၊ ဂျင်းတွေထည့်လို့မရတော့သလို ပြည်သူတွေကလည်း ကျန်းမာရေးဗဟုသု‌တတွေကို စိတ်၀င်တစားရှာမှီးလာကြတဲ့ခေတ် ဖြစ်လာပါပြီ။ ဒီတော့လည်း...

Pruritus Ani (စအိုဝယားယံခြင်း) (December, 2022)

0
စအိုဝယားယံခြင်း (Pruritus ani) ဒီတစ်ခေါက်အကြောင်းအရာကို ခေါင်းစဉ်ရွေးရတာ အင်မတန်ခေါင်းစားလှပါတယ်... အရပ်အခေါ် “ဖင်ယားယံခြင်း” ဆိုလည်း ဖတ်ရတစ်မျိုးဖြစ်သလို....“ဖင်ကလေးဖြင့်မယားစေချင်” ဒါမှမဟုတ် “ဖင်ကလေးမယားရလေအောင်” စသည် ပေးဖို့တွေးမိပြန်တော့ ကိုယ်တိုင် တခွိခွိရယ်မိပြန်ရော... ဒါနဲ့ မဖြစ်သေးပါဘူးဆိုပြီး နောက်ဆုံးတော့ “စအိုဝယားယံခြင်း” လို့ပဲ မပေးမဖြစ် ရိုးရိုးကလေးပေးလိုက်ရပါတော့တယ်  စအိုဝယားယံခြင်းဆိုတာ - စအိုတစ်ဝိုက်က အရေပြားယားယံခြင်း ဖြစ်ပါတယ်။...

Fistula in Ano (ဂရင်ဂျီနာ) (November, 2022)

0
ဂရင်ဂျီနာ (Fistula in ano) ဂရင်ဂျီနာဆိုတာဘာလဲ ဂရင်ဂျီနာဆိုတာ စအိုအနားတစ်ဝိုက်ကအရေပြားနဲ့ စအိုလမ်းကြောင်းဆက်ပြီး မူမမှန်တဲ့လမ်းကြောင်းအနာဖြစ်နေတာကို ခေါ်တာပါ။ စအိုဘေးနားမှာအပေါက်လေးတစ်ပေါက် (သို့) အပေါက်များတွေ့ရတတ်ပါတယ်။ ဂရင်ဂျီနာဖြစ်စေသောအကြောင်းရင်း... - စအိုလမ်းကြောင်းတွင်ပြည်တည်ပြီး ပြည်တည်နာကိုမကုဘဲထားခြင်း။(အဖြစ်များဆုံးအကြောင်းရင်း) - စအို (သို့) စအိုတစ်ဝိုက် ခွဲစိတ်ခြင်း၏နောက်ဆက်တွဲဆိုးကျိုး - တီဘီရောဂါရှိသူများ - Crohn's disease ရှိသူများ - လိင်မှတစ်ဆင့်ကူးစက်သော ရောဂါရှိသူများတွင်လည်း တွေ့ရတတ်သည်။ ရောဂါလက္ခဏာများ -...

Hangover( အရက်နာကျခြင်း ) (November, 2022)

0
အရက်နာကျတဲ့ ခံစားချက်က ဆိုးလွန်းလို့ ‘နောက်ဘယ်တော့မှ မသောက်တော့ဘူး’လို့ ပြောဖူးလား ? အရက်နာကျတဲ့ဝေဒနာ သက်သာအောင် အသုံးဝင်မယ့် ဆောင်ရန်၊ရှောင်ရန်နည်းလမ်းတွေ သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။ အရက်နာကျခြင်း ( Hangover ) အရက်နာကျတယ်ဆိုတာ ညဘက်အရက်အလွန်အကျွံသောက်ပြီး နောက်နေ့မနက်မှာ အားအင်ကုန်ခမ်းခြင်းနှင့်အတူ အခြားသောဆိုးရွားတဲ့လက္ခဏာတွေ ခံစားရခြင်းပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အယ်လ်ကိုဟောမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေ အဆိပ်တက်ခြင်း...

Irritable Bowel Syndrome- IBS ( October, 2022)

0
အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သောရောဂါ (Irritable bowel syndrome- IBS) အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ရောဂါ (IBS) က အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေထဲ အဖြစ်များတဲ့ရောဂါတခုဖြစ်ပါတယ်။ ဖြစ်ပြီဆိုရင်တော့ ဗိုက်ထဲကြွက်တက်သလိုပဲ ရစ်ရစ်နာ၊ ထိုးထိုးအောင့်တယ်၊ လေပွတယ်၊ ဗိုက်ကယ်တယ်၊ ၀မ်းပျက် သို့ ၀မ်းချုပ်တယ်။ ဒီရောဂါက...

လျှာကပေးတဲ့ ဝေဒနာများ Sore Tongue (October, 2022)

0
Sore Tongue (သင့်ရဲ့လျှာက ပေးတဲ့ ဝေဒနာများ ) လျှာပြင်ဝယ် နာကျင်တယ် ဆိုတာ အင်မတန်ခံရခက်တဲ့ ဝေဒနာပါ။ အစာလမ်းကြောင်းကြီးရဲ့ အရသာအထူးဆုံး အမြိန်ဆုံး အပိုင်းမှာမှ ခံရတာဆိုတော့ ဖြစ်လာပြီဆို အမြန်ဆုံး ပျောက်ကင်းချင်တတ်ကြတာ မဆန်းပါဘူး။ သည်တော့ အမျိုးမျိုးသော အရင်းခံအကြောင်းတွေ ဆက်စပ်အခြေအနေတွေကို...

တံတွေးဂလင်းအကျိတ်ရောဂါ Salivary Gland Tumour (October, 2022)

0
ရှားပါးသော်ငြား မေ့မထားသင့်တဲ့ တံတွေးဂလင်းအကျိတ်ရောဂါ (Salivary gland tumour) ????တံတွေးဂလင်းဆိုတာကို ရှေးဦးစွာ ရှင်းပြပါရစေ... တံတွေးဂလင်း (salivary gland)ဆိုတာ အာခေါင်ခံတွင်းအတွင်း တံတွေးထုတ်ပေးတဲ့ အရည်အိတ်လေးတွေပါ။ အစာစားရာမှာ အထောက်အကူဖြစ်သလို မိမိတို့ပါးစပ်ကို ခြောက်သွေ့မနေစေဖို့နဲ့ သွားတွေ ကျန်းမာဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ တံတွေးဂလင်းတွေ အများကြီးရှိတဲ့ထဲက အရေးကြီးတဲ့ တံတွေးဂလင်းကတော့ (၃)ခုလောက်ရှိပါတယ်။...

အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း Cirrhosis of Liver (October,2022)

0
အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း (Cirrhosis of liver) (အသည်းအကြောင်း သိကောင်းစရာ-၃) အသည်းနဲ့ ပတ်သက်ပြီး အသည်းကင်ဆာအကြောင်း၊ အသည်းကင်ဆာရဲ့ အဓိက‌အကြောင်းရင်းဖြစ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး၊စီပိုးတို့အကြောင်း တစေ့တစောင်းရေးသားတင်ပြပြီး ဖြစ်ပါတယ်။ ဒီတခါမှာတော့ သူတို့နှစ်ခု အခြေအနေကြားထဲက ရောဂါအခြေအနေတစ်ခုဖြစ်တဲ့ အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း (Cirrhosis...

Proton Pump Inhibitors (အစာအိမ်ဆေး) (October, 2022)

0
အစာအိမ်ဆေးကို စနစ်တကျဘယ်လိုသောက်သင့်ပါသလဲ? အစာအိမ်ရောဂါဟာ ဆေးတစ်မျိုးတည်းကိုပဲ အားကိုးနေ၊ ဖြစ်တိုင်းသောက်၊ ရေရှည်စွဲသောက်နေလို့ မပျောက်ကင်းနိုင်၊ မသက်သာနိုင်ပါဘူး။ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း ဆေးသေချာသောက်တာအပြင် ဖြစ်စေတဲ့အကြောင်းရင်းတွေကိုလည်း ရှောင်ရမှာပါ။ ဥပမာ- ၁) အစာအချိန်မှန်မှန်မစားတာ၊ အစာလွန်တာ ၂) အပူအစပ်တွေစားတာ ၃) ကော်ဖီ လက်ဖက်ရည် ခဏခဏသောက်တာ ၄) ဆေးလိပ်၊အရက်၊ ဘီယာ ၅) အကိုက်အခဲပျောက်ဆေးတွေ ၆) steroids ပါတဲ‌ဆေးတွေ ၇) စိတ်ဖိစီးမှုများတာ...

Coeliac Disease အကြောင်းသိကောင်းစရာ (September, 2022)

0
Coeliac disease ဆိုတာ မျိုးရိုးလိုက်တဲ့ အူသိမ်ရောဂါတစ်မျိုးဖြစ်ပြီး အစားအသောက်မှာ ပါတဲ့ Gluten လို့ ခေါ်တဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တဲ့ ရောဂါတစ်မျိုးပါ။ Gluten ပရိုတင်းဟာ အူသိမ်ရဲ့ အတွင်းမျက်နှာပြင်ကို ပျက်စီးစေပြီး ပုံမှန် အူသိမ်မျက်နှာပြင်ရဲ့ ကတ္တီပါလို အမွေးနုနုကို ‌ပြင်ညီပြောင်ချောအဖြစ်သို့ ပြောင်းလဲစေပါတယ်။ အဲ့အခါမှာ...

အူရောင်ရမ်းခြင်းရောဂါ Inflammatory Bowel Disease (September, 2022)

0
အူရောင်ရမ်းခြင်းရောဂါ (Inflammatory Bowel Disease) ဆိုတာကတော့ နာတာရှည် အူလမ်းကြောင်းရောင်ရမ်းတဲ့‌ရောဂါ အထူးသဖြင့် အူသိမ်နှောင်းပိုင်းနဲ့ အူမကြီး ရောင်ရမ်းတဲ့ရောဂါကို ဆိုလိုတာဖြစ်ပါတယ်။ အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါကို Crohn’s diseaseနဲ့ ulcerative colitis (အူမကြီးရောင်ရမ်းနာ)ဆိုပြီး ၂မျိုး ခွဲခြားလို့ရပါတယ်။(တခြား အူရောင်စေတဲ့ရောဂါတွေလည်း အများကြီးရှိသေးပေမယ် အခုပိုစ့်မှာတော့ ဒီ ၂ခုကိုပဲ...

စားချဉ့်ပြန်ရောဂါ Gastro-Esophageal Reflux Disease ( GERD )( July, 2022 )

0
“ စားချဉ့်ပြန်ရောဂါ " “အမလေး ရင်ပူလိုက်တာ” လို့ လူတိုင်း ညည်းဖူးကြမယ်ထင်ပါတယ်။ ဒါပေါ့ မာလာရှမ်းကောတွေ၊ အာလူးကြော်တွေ၊ ပူပူလောင်လောင် ဟော့ပေါ့တွေစားပြီးရင် တစ်ခါတလေ ရင်ထဲပူစပ်ပူလောင်တာလိုလို၊ အောင့်တောင့်တောင့် ဖြစ်နေတာမျိုးလေ။ လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အစာအိမ်ထဲကနေ အပူအစပ်တွေ၊ အက်ဆစ်တွေက အစာရေမျိုပြွန်အထိ ဆန်တက်လာလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်...

သည်းခြေလမ်းကြောင်းကျောက်တည်ခြင်း Common Bile Duct Stone(CBD Stone) ( July, 2022 )

0
သည်းခြေလမ်းကြောင်းကျောက်တည်ခြင်း မြန်မာနိုင်ငံရဲ့လူနေမှုပုံစံပတ်၀န်းကျင်နဲ့ စားသောက်မှုပုံစံတွေအရ သည်းခြေလမ်းကြောင်းကျောက်တည်တဲ့ရောဂါဟာ အဖြစ်များပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ သည်းခြေလမ်းကြောင်းကျောက်တည်ခြင်းဟာ ၊ သည်းခြေအိတ်ထဲမှာရှိနေတဲ့ကျောက်က သည်းခြေလမ်းကြောင်းထဲကို ပြုတ်ကျခြင်းကြောင့်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီဖြစ်စဉ်အပြင် (လူ‌နေမှုပုံစံပတ်၀န်းကျင်နဲ့ စားသောက်မှုပုံစံအရ) သန်ကောင် များကြောင့် သည်းခြေလမ်းကြောင်းထဲမှာပဲ စတင်ကျောက်တည်လာတဲ့ဖြစ်စဉ်တွေ တွေ့ရပါတယ်။ ❓သည်းခြေလမ်းကြောင်းထဲမှာ ကျောက်ရှိရင် ဘယ်လိုသိနိုင်မလဲ - ချက်အပေါ်ပိုင်း ၊ ဗိုက်ရဲ့ညာဘက်ခြမ်း...

အူမကြီးကင်ဆာ Colorectal Carcinoma (July, 2022)

0
အူမကြီးကင်ဆာ အီအီးပါတဲ့အခါ စအိုကနေ ပါလို့မရဘဲ ၊ ဗိုက်မှာ အပေါက်ဖောက်ပြီး အဲ့ဒီ့အပေါက်ကနေတစ်ဆင့် မစင်တွေကို စွန့်ထုတ်နေရတဲ့လူနာတွေကို တွေ့ဖူးကြပါသလား ? အကြောင်းတစ်ခုခုကြောင့် အူပိတ်ပြီး ၊ ခွဲစိတ်ကုသပြီး ပြန်ဆက်ပေးဖို့လည်း မလွယ်တဲ့အခြေအနေတစ်ချို့မှာ အခုလိုပဲ ဗိုက်မှာအပေါက်ဖောက်ပြီး အူတွေကို ယာယီ (သို့) အမြဲတမ်းဖွင့်ထားရတာမျိုး ရှိတတ်ပါတယ်။ အူပိတ်စေတဲ့အကြောင်းခြင်းရာ အများကြီးရှိတဲ့အနက်...

မုန့်ချိုအိတ်ရောင်ခြင်း Acute and Chronic Pancreatitis ( June 2022 )

0
မုန့်ချိုအိတ်ရောင်ခြင်း ( Acute and Chronic Pancreatitis ) ❓မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ • အသက် ၄၀ကျော်ပြီး ကိုယ်ခန္ဓာ၀ဖြိုးကာ သည်း‌ခြေအိတ်မှာကျောက်ရှိတဲ့ အမျိုးသမီးတွေနဲ့ • အရက်ကို စွဲစွဲမြဲမြဲသောက်လေ့ရှိတဲ့ အသက်ငယ်ငယ်အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ❓မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုအခြေအနေတွေမှာ ပိုဖြစ်နိုင်ပါသလဲ - အဆီစားတာများရင် - အရက်ကိုခါတိုင်းထက် ပိုပြီး အလွန်အကျွံသောက်မိရင်...

Colonoscopy (အူမကြီးမှန်ပြောင်းကြည့်ခြင်း ) ( June, 2022 )

0
အူမကြီးမှန်ပြောင်းကြည့်ခြင်း ( June, 2022)xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ၁။ ဘယ်လိုအခြေအနေတွေမှာ ကြည့်သင့်ပါသလဲ? ဗိုက်အောင့်ရတဲ့အကြောင်းရင်းကိုသိဖို့။ ကြာရှည် ၀မ်းလျှော၀မ်းပျက်ဖြစ်စေတဲ့ အကြောင်းရင်းကို သိဖို့။ အူမကြီးကနေသွေးထွက် (၀မ်းသွားတဲ့အခါ စတော်ဘယ်ရီ‌ နီညိုရောင်ဂျယ်လီလိုမျိုး သွေးတွေချွဲတွေပါတာ)။ ကင်ဆာရှိ/မရှိ စစ်ဆေးချင်တဲ့အခါ (အသက် ၄၅ နှစ်အထက်)။ အရင်က အူမကြီး အသားပို ဖြတ်ဖူးလို့ ရက်ချိန်းပြန်ပြရတဲ့အခါ။ ၂။မှန်ပြောင်းကြည့်ရင် အန္တရာယ်ရှိပါသလား? အသားစယူတဲ့နေရာကတော့ သွေးအနည်းအကျဉ်းထွက်တတ်ပါတယ်။ အူပေါက်တတ်ပါတယ် (...

Constipation ( ဝမ်းချုပ်ခြင်း ) ( June, 2022 )

0
"ဆီးချုပ် ဝမ်းချုပ်မခံနဲ့" "ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး" အစရှိသဖြင့် လူတွေပြောတတ်ကြပါတယ်။ ဆေးပညာအရ ဝမ်းချုပ်တယ်ဆိုတာဘာလဲ၊ ဘာတွေဆက်ဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်ဖြေရှင်းမလဲ ဆိုတာတွေအတွက် ဆက်လက်ဖတ်ရှုပေးပါနော် ????ဘယ်အခါ ၀မ်းချုပ်တယ်လို့ ဆိုနိုင်မလဲ? လူတစ်ယောက်ဟာ... (၁) ၀မ်းသွားတဲ့ အကြိမ်ရေဟာ တစ်ပတ်ကို (၃) ခါထက်နည်းမယ်။(၂) ၀မ်းမာမယ်။(၃) ၀မ်းသွားဖို့ အားစိုက်ပြီး ညှစ်ရမယ်။(၄) ၀မ်းသွားဖို့ကို စအိုထဲ တစ်ခုခု...

အစာအိမ်မှန်ပြောင်းကြည့်တာ ကြောက်စရာမဟုတ်ပါ ( May, 2022 )

0
လူနာတွေဟာ အစာအိမ်မှန်ပြောင်းကြည့်ရမယ်ဆိုရင် မကြည့်ခင်ကတည်းက အတော်ကြောက်ကြတယ်။ အားတွေလည်း အတော်ယူကြရရှာတာ တစ်ခါကြည့်ဖို့ကို။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော... တစ်ခါတလေမှာ အားယူနေရင်းနဲ့ မကြည့်ဖြစ်တဲ့အခါ တချို့အရေးကြီးတဲ့ ရောဂါတွေလွတ်သွားတတ်ပါတယ်။ မှန်ပြောင်းကြည့်ပြီး စောစောသိပြီးကုရမယ့်ရောဂါဟာ ဗိုက်ပေါ်မှာ အလုံးအကျိတ်စမ်းမိမှ ကုသရတာမျိုးတွေ ဖြစ်လာတဲ့အခါ လူနာကိုယ်တိုင်အတွက် အရမ်းနစ်နာပါတယ်။ စောစောကြည့်တာနဲ့ အချိန်နှောင်းမှကြည့်တာ ရလဒ်တွေမတူပါဘူး။...

အသည်းအဆီဖုံးခြင်း Fatty Liver ( May, 2022 )

0
အသည်းအဆီဖုံးခြင်း (Fatty Liver) အသည်းအဆီဖုံးခြင်းဆိုသည်မှာ အသည်း​၏ ဆဲလ်ကလပ်စီးများထဲတွင် အဆီများ သာမာန်မဟုတ်ဘဲတဖြည်းဖြည်းစုပုံလာခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ အသည်းအဆီဖုံးခြင်းလို့ခေါ်ဆိုရာမှာ ရိုးရိုး အသည်းအဆီဖုံးခြင်း(အဖြစ်များ) (fatty liver/ NAFLD)နှင့် အသည်းအဆီဖုံးပြီး အသည်းရောင်ခြင်း (NASH) ဆိုပီး ရှိပါသည်။ အသည်းအဆီဖုံးပြီး အသည်းရောင်ခြင်း (NASH)မှ တစ်ဆင့် အသည်းခြောက်ခြင်း(COL)ထိ အခြေအနေဆိုးများသို့ပြောင်းလဲ...

ကလေးအူစွပ်ခြင်း Childhood Intussusception ( April, 2022 )

0
ကလေးအူစွပ်ခြင်း ကလေးအူစွပ်တယ်ဆိုတာ အရမ်းအဖြစ်များတဲ့ ရောဂါတွေထဲ မပါပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း အသက်အန္တရာယ်ရှိလို့ အရေးကြီးပါတယ်။ အချိန်မှီသိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ အများအားဖြင့် သုံးလကနေ တစ်နှစ်အတွင်းကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲ ??ပုံမှန်ရွေ့လျားနေတဲ့ အူတစ်စိတ်တပိုင်းက အကြောင်းတစ်ခုခုကြောင့် လှုပ်လျားမှုကမောက်ကမဖြစ်ပြီးနောက် အူတစ်ပိုင်းထဲကို ကျန်အူက တယ်လီစကုပ်လိုမျိုး စွပ်ဝင်သွားတာပါ။ အဲဒီ့စွပ်ဝင်သွားတဲ့...

အူကျခြင်း သို့မဟုတ် အူကျွံခြင်း Herniation ( April, 2022 )

0
အူကျခြင်း သို့မဟုတ် အူကျွံခြင်း ❓အူကျွံတာ အရေးကြီးလို့လားဆရာ။ အဖြစ်များလို့လားမွေးကာစကလေးကနေ ဟိုးသက်ကြီးရွယ်အိုအထိ အူကျွံတာ/အူကျတာက ဖြစ်နိုင်ပါတယ်။ အမျိုးသမီး/ အမျိုးသား နှစ်ဦးလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် သိသင့်ပါတယ်။ပြီးတော့ စောစောသိပြီး ခွဲစိတ်မှုခံယူရင် အူပိတ်/အူပုပ်တဲ့အဆင့်အထိ မရောက်တော့တာမို့ ရလဒ် အင်မတန်ကောင်းပါတယ်။ ❓အသက်အရွယ်မရွေး ကျား/မ မရွေး အူကျွံ/အူကျနိုင်တယ်ဆိုတော့ ဘယ်လိုတွေဖြစ်တာလဲ...

Appendicitis ( အူအတက်ရောင်ခြင်း )

0
အူအတက်ရောင်ခြင်း အူအတက်ဆိုတာ ညာဘက်ဝမ်းဗိုက်အောက်ဖက်နား အူသိမ်နဲ့ အူမကြီးဆက်တဲ့နေရာမှာ ထွက်နေတဲ့ အတက်ကလေးဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ရင် ကိုယ်ခန္ဓာအတွက်ဘာမှလုပ်မပေးဘဲ ၊ သူနေမကောင်းဖြစ်နေတာ ပေါ့ပေါ့ဆဆလုပ်မိရင်တော့ အသက်အန္တရာယ်အထိပေးတတ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ လွယ်လွယ်ပြောရရင် ကောင်းကျိုးမပေး ဆိုးကျိုးပဲပေးတဲ့ အမှိုက်ပိုတစ်ခုဖြစ်လို့ ခန္ဓာကိုယ်ကနေ သူ့ကို ဖယ်ထုတ်လိုက်ရင်လဲ ဘာပြဿနာမှ...

Anal Fissure (စအိုကွဲနာ)(March, 2022)

0
စအိုကွဲနာဆိုတာ စအိုဝအရေပြားလေးကွဲပြီး ဝမ်းသွားရင် အရမ်းနာတဲ့ ပြဿနာပါ။ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ???? ရောဂါလက္ခဏာများ ဝမ်းသွားတဲ့အချိန် အရေပြားကို ဆွဲဖြဲလိုက်သလို နာပါတယ်၊ သွေးနည်းနည်းထွက်နိုင်ပါတယ် (အတွင်းခံဘောင်းဘီမှာ သွေးနည်းနည်းပေနေတာမျိုး၊ အိမ်သာသုံးစက္ကူမှာ သွေးပေလာတာမျိုး မြင်ရနိုင်ပါတယ်) ကြမ်းမာမာပေါ်မှာထိုင်ရင် စအိုနေရာမှာ သရိုးသရီနဲ့ ထိုင်ရအဆင်မပြေဖြစ်နိုင်ပါတယ် မိနစ်ပိုင်းကနေ...

အစာအိမ်ရောင်ခြင်း Gastritis ( February 2022 )

0
အစာအိမ်ရောင်ခြင်း စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့အတွက် အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထုတ်ပေးပါတယ်။ အက်ဆစ်က အစာအိမ်နံရံကို ပြန်ပြီးမစားသွားအောင် အစာအိမ်အတွင်းနံရံကို အလွှာပါးလေးနဲ့ သဘာ၀တရားကြီးကဖုံးအုပ်ပေးထားပါတယ်။ အစာအိမ်ရောင်တယ်ဆိုတာ အဲဒီ့ အတွင်းနံရံ အလွှာပါးလေး ရောင်တာကိုခေါ်ပါတယ်။ တချို့မှာ ရုတ်တရက်ဖြစ်တတ်ပြီး၊ တချို့မှာတော့ နာတာရှည်ရောဂါပုံစံမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြင်းထန်ရင်တော့ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အဆိုးဆုံးအနေနဲ့ကတော့ အစာအိမ်နံရံပေါက်တာမျိုးအထိဖြစ်နိုင်ပြီး...

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း Hepatitis B Virus & Hepatitis C Virus...

0
အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း ပြီးခဲ့တဲ့တစ်ခေါက် အသည်းရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၁)မှာ ပေါများလာနေတဲ့ အန္တရာယ်အများဆုံးဖြစ်တဲ့ အသည်းကင်ဆာ အကြောင်း တစေ့တစောင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါကတော့ အသည်းရောင် အသားဝါ ဘီပိုး စီပိုး အကြောင်း အနည်းငယ်ဆွေးနွေးလိုပါတယ်။ မြန်မာနိုင်ငံမှာ အသည်းကင်ဆာနဲ့ အသည်းခြောက်ရောဂါဖြစ်စေတဲ့အကြောင်းရင်း ၆၀~၇၀%က ဘီပိုး...

ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ( February, 2022 )

0
တစ်ချိန်က တစ်ကမ္ဘာလုံးကို ကပ်ရောဂါကြီးအနေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ Shigella dysenteriae ၊ Vibrio cholerae နဲ့ Escherichia coli လို့ခေါ်တဲ့ရောဂါပိုးတွေကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ အဓိကအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ အခုချိန်ထိလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ သေဆုံးမှုအများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းကတော့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားသောက်မိတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာမရှိတာတွေကြောင့်...

လိပ်ခေါင်းရောဂါအကြောင်း အမေးအဖြေကဏ္ဍ (၆-၁-၂၀၂၂)

0
လိပ်ခေါင်းရောဂါအကြောင်း အမေးအဖြေကဏ္ဍ ???? မင်္ဂလာပါ ဆရာမရှင့်... ဆေးခန်းပြပြီး မေးမြန်းဆွေးနွေးချင်တာလေး ရှိလို့ပါ။ ????ဟုတ်ကဲ့....ပြောပါ ညီမလေး။ ???? ပြောရမှာလည်း ရှက်ပါတယ် ဆရာမရယ် ၊ သမီးမှာ လိပ်ခေါင်းဖြစ်ချင်တာလား မသိဘူး.... စအိုနားမှာ အဖုလေးတွေစမ်းမိနေလို့.... ????စအိုမှာ အသီးတံလေးတွေပေါ်နေတာကို ပြောတာလား ညီမ? ???? ဟုတ်...ဆရာမ။ သတိထားမိနေတာတော့ ကြာပါပြီ...

သည်းခြေအိတ် ကျောက်တည်ခြင်း Gallstone

0
သည်းခြေအိတ် ကျောက်တည်ခြင်း (၁)သည်းခြေအိတ်ထဲကျောက်ရှိရင် ဘယ်လို လက္ခဏာ ပြနိုင်လဲ/ ဘယ်လိုသိနိုင်မလဲ ? သည်းခြေကျောက်ရှိတဲ့လူတွေရဲ့ ၉၀ရာခိုင်နှုန်းက ဘာမှမခံစားရပါဘူး။၁၀ရာခိုင်နှုန်းလောက်ကပဲ အဆီစားများရင် ကောက်ညှင်းစားရင် အစာမကြေဖြစ်မယ်၊ ညာဘက်၀မ်းဗိုက် အပေါ်ခြမ်း အောင့်မယ်။ ဒါတွေခံစားရနိုင်ပါတယ်။ တချို့ဆို သည်းခြေအိတ်ပါရောင်ရင် ဖျားတာ အန်တာပါ ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ထဲ ကျောက် ရှိ/မရှိ...

အသည်းကင်ဆာရောဂါ Hepatocellular Carcinoma

0
သတိထားစရာ အသည်းရောဂါ (အပိုင်း- ၁) -လူ့ခန္ဓာကိုယ် အသက်ရှင်ရပ်တည်ရန်အတွက် အသည်းသည် အင်မတန်မှ အရေးပါလှပါသည်။ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များအား အသည်းက ဖယ်ရှားချေဖျက်ပေးရုံသာမက ၊ နေ့စဥ်လိုအပ်သည့် အာဟာရဓါတ်အချို့ကိုလည်း အသည်းမှပင် ထုတ်လုပ်ပေးပါသည်။ -ထိုသို့ အရေးပါလှသည့်အသည်းနှင့်ပတ်သက်သည့် ရောဂါများ အများအပြားရှိသည့်အနက် ၊ မြန်မာပြည်မှ လူအများသတိထားမိလာပြီး အသက်အန္တရာယ်...

အစာအိမ်၊ အူလမ်းကြောင်း၊ အသည်း၊ သည်းခြေ၊ မုန့်ချိုအိတ်နှင့်ဆိုင်သော ရောဂါပြဿနာများ