မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါပြဿနာများ

ကလေးငယ်များအတွက် သွားကျန်းမာရေး

0
ကလေးငယ်များ၏ ကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ခြင်းမှာ အလွန်အရေးပါသည့် အရာတစ်ခုဖြစ်ပါသည်။ မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို သွားနှင့် ခံတွင်း သန့်ရှင်းမှုရှိစေရန် ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းများသင်ပေးခြင်းမှာလည်း အထူးအရေးကြီးလှပါသည်။…… ကလေးငယ်များ၏ သွားကျန်းမာရေး ထိန်းသိမ်းမှုအတွက် ပြုလုပ်ရမည့်အချက်များ   ▪️ နေ့စဉ် ပုံမှန်သွားတိုက်ခြင်း နေ့စဉ် တနေ့ နှစ်ကြိမ် ပုံမှန်သွားတိုက်ရန် ကလေးငယ်များကို...

နားထဲ ပိုးကောင်ဝင်ရင် ဘယ်လိုဆောင်ရွက်ရမလဲ Foreign Body in Ear

0
နားထဲ ပိုးကောင်ဝင်ရင် ဘယ်လိုဆောင်ရွက်ရမလဲ ❓❓❓ နား၊ နှာခေါင်း၊ လည်ချောင်းဌာန (ENT) မှာ ကျွန်မစိတ်အညစ်ရဆုံးက ပြင်ပပစ္စည်းတွေ နားထဲဝင်/နှာခေါင်းထဲဝင်တဲ့ ပြဿနာတွေပါပဲ။ နားထဲ အကောင်ဝင်၊ ပစ္စည်းဝင်လာရင် ပုံမှန်အတိုင်းတောင်မှ နားက ကြည့်ရခက်တဲ့ထဲ ပါပါတယ်ဆို လူနာတွေက အချွန်တွေ၊ ညှပ်တံတွေနဲ့ကို ဆွဲထုတ်လာတတ်တော့ နားထဲသွေးထွက်၊...

သွားပိုးစားခြင်းနှင့် သွားပိုးချခြင်း

0
ယနေ့ချိန်ထိ တွေ့နေရသော သွားပိုးချသည့်လုပ်ရပ်သည် မှန်ကန်သောကုသမှု မဟုတ်ပါ။ သွားပိုးစားရောဂါသည် ပိုးကောင်ကိုက်ခြင်းကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ ခံတွင်းထဲရှိ သာမန်အားဖြင့်မမြင်နိုင်သောဘတ်တီးရီးယားများက အစာကြွင်းကျန်များကိုချေဖျက်ရာမှထွက်လာသော အက်စစ်ဓာတ်ကြောင့်ဖြစ်ပါသည်။ ထိုကြောင့် သွားပိုးစားရောဂါကြောင့်သွားကိုက်ဝေဒနာခံစားရပြီဆိုလျှင် တတ်ကျွမ်းနားလည်သော သွားနှင့်ခံတွင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ .. .. ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️ 👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့...

ကလေးငယ်များအတွက် သွားကျန်းမာရေး

0
ကလေးငယ်များရဲ့ အထွေထွေကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ခြင်းဟာလည်း အလွန်အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိဘများအနေဖြင့် မိမိတို့၏ကလေးငယ်များကို သွားနှင့်ခံတွင်း သန့်ရှင်းမှုရှိစေရန် ငယ်စဉ်ကတည်းက အလေ့ကျင့်ကောင်းများ သင်ပေးဖို့လည်း အထူးအရေးကြီးလှပါတယ်။.... ကလေးငယ်များ၏ သွားကျန်းမာရေး ထိန်းသိမ်းမှုအတွက် ပြုလုပ်ရမည့်အချက်များ ▪️ နေ့စဉ် ပုံမှန်သွားတိုက်ခြင်း နေ့စဉ် မနက်စာစားပြီးတစ်ကြိမ်နှင့် ညမအိပ်မီတစ်ကြိမ် ပုံမှန်သွားတိုက်ရန် ကလေးငယ်များကို...

ခံတွင်းထဲမှာပေါက်တဲ့ အပူနာ Apthous Ulcer

0
ခံတွင်းထဲမှာပေါက်တဲ့ အပူနာ (Aphthous ulcer) ဟာ နူးညံ့တဲ့ခံတွင်းသားမှာ ပေါက်တာကြောင့် နည်းနည်းလေးများ ထိလိုက်ရင် မျက်ရည်တွေ ဝဲတက်လာရလောက်အောင်ထိနာမှန်း သိပြီးသားဖြစ်ကြမှာပါ။ သူဟာ ခံတွင်းသားနေရာစုံမှာ ပေါက်လေ့ရှိပြီး အောက်နှုတ်ခမ်းနဲ့ သွားကြားက သွားဖုံးနေရာမှာ ပိုပြီးအဖြစ်များပါတယ်။ ဒါပေမယ့် ရေယုန်ရောဂါ ဒါမှမဟုတ် ကင်ဆာကြောင့် ဖြစ်ရတဲ့အနာတွေတော့...

ခံတွင်းကျန်းမာရေး အလေးပေး Oral Health

0
???? ခံတွင်းကျန်းမာရေးဟာ တကယ်တော့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးပါပဲ။ ခံတွင်းလို့ဆိုရာမှာ ကျွန်တော်တို့ စားဖို့သောက်ဖို့၊ အသက်ရှူဖို့၊ စကားပြောဆိုဖို့ကစလို့ နောက်ဆုံး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပြုံးဖို့အဆုံး အသုံးပြုရတဲ့ သွား၊ ပါးစပ်၊ အာခေါင်၊ အာသီး အကုန်ပါဝင်ပါတယ်။ ခံတွင်းဟာ နိစ္စဓူဝ စားသောက်ဖို့အတွက် အသုံးပြုရသလို...

သဘာဝအလျောက် ပြောင်းလဲနေသည့် နှာခေါင်းအတွင်းမှ ဖြစ်စဥ်တစ်ခု Nasal Cycle

0
သင့်ရဲ့နှာခေါင်း (၂) ပေါက်ဟာ လေကို ညီတူညီမျှ ရှူသွင်းနေတာ မဟုတ်ဘဲ တစ်ဖက်ဖက်က ပိုပြီး ရှူသွင်းရှူထုတ် လုပ်နေတယ်ဆိုတာ သိပါရဲ့လား။ (မယုံရင် နှာခေါင်းပေါက်တစ်ခုစီရှေ့ လက်ဖျားလေးနဲ့ အာရုံခံကြည့်လို့ ရပါတယ်) ဘယ် (သို့) ညာ တစ်ဖက်က ပိုအလုပ်လုပ်နေပြီး ဒီလိုဖြစ်နေတာဟာ အမြဲတော့မဟုတ်ဘဲ နာရီပိုင်းအလိုက် သူတို့လည်း...

အမြင်အာရုံကြော ရောင်ရမ်းခြင်း Optic Neuritis (February, 2024)

0
အမြင်အာရုံကြော ရောင်ရမ်းခြင်း (Optic neuritis) Optic neuritis ဆိုတာကတော့ မျက်လုံးရဲ့ အမြင်အာရုံကြော ရောင်ရမ်းတဲ့ရောဂါ ဖြစ်ပါတယ်။ အဲဒီ အမြင်အာရုံကြောဟာ မျက်လုံးနဲ့ ဦးနှောက်ကို ကေဘယ်ကြိုးတွေလို ဆက်သွယ်ပေးထားတဲ့ အာရုံကြောအမျှင်အစုဖြစ်ပြီး မျက်လုံးကနေ အမြင်အာရုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။ အာရုံကြောအမျှင်တွေပေါ်မှာ...

မေးရိုးဆစ်မှာ ဒါမှမဟုတ် အဲဒီမှာရှိတဲ့ ကြွက်သားတွေမှာ ရောဂါတွေခံစားရတာ Temporomadibular Joint Disorder (TMD)

0
လူတွေရဲ့ခန္ဓာကိုယ်မှာ မေးရိုးဆစ်ဟာ မေးရိုးနဲ့ ဦးခေါင်းခွံကို ဆက်သွယ်ပေးထားတဲ့ တံခါးပတ္တာတစ်ခုလိုပါပဲ။ မေးရိုးတစ်ဖက်တစ်ချက်ဆီမှာ ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်သွယ်ထားတဲ့ မေးရိုးဆစ်တွေ ရှိပါတယ်။ မေးရိုးဆစ်တွေဟာ အစာစားတဲ့အခါ ဝါးတာ၊ ကြိတ်ခြေတာ အစရှိတဲ့ လုပ်ငန်းစဥ်တွေကို လုပ်ဆောင်ပေးပါတယ်။ Temporomadibular joint disorder (TMD) ဆိုတာကတော့ မေးရိုးဆစ်မှာ ဒါမှမဟုတ်...

မသန်စွမ်းခြင်း Disability (January, 2024)

0
မသန်စွမ်းခြင်းဆိုတာဘာလဲ....... မသန်စွမ်းခြင်းလို့ ပြောတဲ့အခါ လူအများစုက လမ်းကောင်းကောင်း မလျှောက်နိုင်တာတို့၊ လက်ကိုအသုံးမပြုနိုင်တာတို့၊ စကားမပြောနိုင်တာတို့ကို ပြေးမြင်မိကြမှာပါ။ မှန်တော့မှန်ပေမယ့် အပြည့်အဝမမှန်ပါဘူး။ ခုပြောခဲ့တာက သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့ သိသာတဲ့ မသန်စွမ်းခြင်း (Visible disabilities) ဖြစ်ပါတယ်။ သာမန်အနေနဲ့ မမြင်နိုင်၊ မသိနိုင်တဲ့ မသန်စွမ်းခြင်း‌တွေကို‌တော့ (Invincible disabilities) လို့...

Screen Time နှင့် မျက်စိကျန်းမာရေး (January,2024)

0
ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အစရှိသော ဒစ်ဂျစ်တယ်ဖန်သားမျက်နှာပြင်ကို ကြည့်ရှုချိန် (Screen time) များကြသူများအတွက် မျက်စိကျန်းမာရေး ကိုဗစ် - 19 ရောဂါ ဖြစ်ပြီးနောက်ပိုင်းနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ့်အိမ်မှာပဲ အလုပ်လုပ်၊ စာသင် စသဖြင့် လုပ်ကြရင်း Screen time များလာကြပါတယ်။ နည်းပညာဖွံ့ဖြိုးမှုတွေနောက်ကို...

ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း Barotrauma (January,2024)

0
ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း (Barotrauma) လေဖိအား သို့မဟုတ် ရေဖိအား ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးစေတာကို Barotrauma လို့ခေါ်ပါတယ်။ Airplane ear လို့ခေါ်တဲ့ လေယာဉ်ပျံစီးတဲ့အခါ နားအူခြင်းက barotrauma ရဲ့ အဖြစ်များတဲ့ဥပမာ ဖြစ်ပါတယ်။ Barotrauma ဟာ တစ်ခါတလေ ပြင်းထန်တဲ့...

မျက်လုံးခြောက်သွေ့ခြင်း Dry Eye (December,2023)

0
မျက်လုံးခြောက်သွေ့ခြင်း (Dry Eye) ပုံမှန်အားဖြင့် လူတွေမှာ မျက်လုံးကို မခြောက်သွေ့နေစေဖို့အတွက် ခဏခဏမျက်တောင်ခတ်ပြီး မျက်ရည်တွေ ထုတ်ပေးရာကနေတစ်ဆင့် မျက်လုံးစကို စိုစွတ်နေအောင် ပြုလုပ်လေ့ရှိပါတယ်။ Dry eye ဆိုတာကတော့ မျက်လုံးကို စိုစွတ်အောင် ပြုလုပ်ပေးမယ့် မျက်ရည် လုံလုံလောက်လောက် မထုတ်လုပ်နိုင်တာကြောင့်ဖြစ်တဲ့ မျက်လုံးခြောက်ခြင်း ရောဂါတစ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။...

မျက်ခွံနဲ့ မျက်ခမ်းစပ်လှုပ်ခြင်း Eye Twitching (December,2023)

0
မျက်ခွံလေး ဖျတ်ခနဲ လှုပ်လှုပ်သွားရင် ကံကောင်းတာလား၊ ကံဆိုးတာလား ဆိုတာကိုပဲ အရင်စဉ်းစားနေကြတုန်းလား ....... ... ... မျက်ခွံနဲ့ မျက်ခမ်းစပ်လှုပ်ခြင်း (Eye Twitching) က ကျန်းမာရေးနဲ့ရော ဘယ်လိုဆက်စပ်နေလဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်။ ... ... ဘာကြောင့် မျက်ခွံလှုပ်တာလဲ....... အဖြစ်အများဆုံး မျက်ခွံလှုပ်ခြင်းကို Ocular Myokymia လို့ ခေါ်ပါတယ်။ ကျန်းမာရေးချို့ယွင်းမှု‌တွေ၊ ဆိုးကျိုးတွေ ဆက်မရှိဘဲ...

ချာချာလည်မူးခြင်း Vertigo (November,2023)

0
မသောက်ဘဲ ချာချာလည်အောင် မူးတယ်ဆိုတာမျိုး ကြားဖူးကြသလို ဖြစ်လည်း ဖြစ်ဖူးကြမှာပါ။ ဒီလို ချာချာလည်မူးတာကို ဆေးပညာအခေါ်အဝေါ် အရဆိုရင်တော့ vertigo လို့ ခေါ်ပါတယ်။ . ????ချာချာလည်မူးခြင်း (Vertigo) ဘာကြောင့် ဖြစ်ရလဲ။ လူခန္ဓာကိုယ် လှုပ်ရှားသွားလာတဲ့အချိန်မှာ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ နားအတွင်းမှာရှိတဲ့ ခရုခွေလေးတွေနဲ့ အဲဒီအထဲက အရည်လေးတွေက ထိန်းညှိပေးပါတယ်။ ဒီအရည်လေးတွေ...

အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း Swimmer’s ear (November,2023)

0
Swimmer’s ear (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း) Swimmer’s ear ဆိုတာကတော့ အတွင်းဘက် နားစည်ကနေ အပြင်ဘက် နားအပေါက်ဝအထိ ဆက်ထားတဲ့ အပြင်နားလမ်းကြောင်းမှာ ပိုးဝင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ နားထဲမှာ ရေဝင်နေတဲ့အခါတွေမှာ စိုစိုစွတ်စွတ်ဖြစ်နေတာကြောင့် ဘက်တီးရီးယားပေါက်ပွားဖို့ ပိုလွယ်ကူတဲ့အတွက်ကြောင့် ဖြစ်လေ့ရှိပါတယ်။ နားထဲကို လက်ချောင်းတွေ၊ ဂွမ်းစတွေနဲ့ တခြားသောအရာဝတ္ထုပစ္စည်းတွေကို...

မျက်စိစွန်တဲ့အကြောင်း Stye & Chalazion (October,2023)

0
မျက်စိစွန်တဲ့ အကြောင်းလေး ပြောပြမယ်။ ကြီးမှ ဝက်သက်ပေါက်တယ်လို့ ပြောကြသလို မျက်စိစွန်ရင် လူပါစွံတော့မယ်ဆိုလား။ မျက်စိစွန်တာ ၂ မျိုး ရှိပါတယ်။ ၁။ Stye မျက်စိအပြင်စွန် ၂။ Chalazion မျက်စိအတွင်းစွန် မျက်စိအပြင်စွန်ထက် မျက်စိအတွင်းစွန်က ပိုအဖြစ်များပါတယ်။ မျက်စိအပြင်စွန်က မျက်တောင်မွှေးအရင်းကို ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ အဖြစ်များတာက မျက်စိအတွင်းစွန်ပါ။ ပြောပြမယ်နော်။ မျက်ခမ်းမှာ မျက်ရည်အဆီထွက်တဲ့...

ကျီးကန်းပါးစပ်နာ Angular Stomatitis (October,2023)

0
နှုတ်ခမ်းထောင့်မှာ ဖြစ်လေ့ရှိတဲ့ ကျီးကန်းပါးစပ်ဆိုတာ… အရပ်ထဲမှာ “ကျီးကန်းပါးစပ်နာ” လို့ ခေါ်လေ့ရှိတဲ့အနာကို ဆေးပညာအရ “angular stomatitis” (သို့မဟုတ်) “angular cheilitis” လို့ ခေါ်ပါတယ်။ . ???? ကျီးကန်းပါးစပ် ဆိုတာ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဆုံရာ ပါးစပ်ထောင့်မှာ ကွဲအက်ပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ တစ်ဖက်တည်းမှာဖြစ်နိုင်သလို တစ်ချိန်တည်းမှာ နှုတ်ခမ်းထောင့်...

အဖြစ်များနေသော မျက်စိနာခြင်း Adenoviral Conjunctivitis

0
ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။ ????ဘာတွေ ခံစားရမလဲ မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။...

နားအူခြင်း Tinnitus

0
နားအူတဲ့ပြဿနာဟာ ကျွန်မတို့ရဲ့နေ့စဥ်ဘဝမှာ လူတိုင်း တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့နိုင်တဲ့ပြဿနာ ဖြစ်ပါတယ်။ နားအူတဲ့အခါမှာ မိမိရဲ့နားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ တဝီဝီမြည်နေတာမျိုး၊ ဒါမှမဟုတ် တခြားဆူညံနေတဲ့အသံတွေကို ကြားနေရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီ ဆူညံသံတွေဟာ အပြင်မှာတကယ်ဆူညံနေလို့ ကြားနေရတာမျိုးမဟုတ်ဘဲ မိမိတစ်ယောက်တည်းကသာ ကြားနေရတာမျိုး ဖြစ်ပါတယ်။ လူအယောက် (၁၀၀) မှာ (၁၅)...

မျက်ခွံရောင်ခြင်း Blepharitis

0
Blepharitis ဆိုတာ နာတာရှည် မျက်ခွံရောင်ရမ်းစေတဲ့ မျက်စိရောဂါတစ်မျိုးပါ။ မျက်တောင်၊ မျက်စိအဖြူသား၊ မျက်ခွံနဲ့ မျက်စိကိုချောမွေ့စေတဲ့ အဆီထုတ်လုပ်ပေးတဲ့ Meibomian glands လို့ဆိုတဲ့ အကျိတ်လေးတွေအပါအဝင် မျက်ခွံတစ်ဝိုက် ရောင်ရမ်းနာကျင်စေတာပါ။ . ????️ နာတာရှည် မျက်ခွံရောင်တဲ့အခါ... ????မျက်ခွံတစ်ဝိုက်မှာ နာတာရှည် ကြည့်ရဆိုးတဲ့ ကြမ်းရှရှ အဖြူအဖတ်ဖတ် ချပ်ပြားတွေဖြစ်ပေါ်လာပါမယ်။ မျက်ခွံတစ်ဝိုက်၊...

အရောင်ခွဲခြားမြင်နိုင်စွမ်းမဲ့ရောဂါ Color Blindness

0
လူအများ ကြားဖူးနားဝရှိကြတဲ့ Color Blindness ဆိုတာ ဘယ်လိုမျက်စိရောဂါမျိုးလဲ ဒီကနေ့မှာ တင်ဆက်ပေးလိုက်ပါတယ်။ ????️ Color Blindness ဆိုတာ အရောင်တွေကို ခွဲခြားဖို့ခက်ခဲတဲ့ မျက်စိရောဂါတစ်ခုပါ။ ဒါဟာ မျိုးရိုးလိုက်တတ်ပြီး၊ အရောင်တွေကို ခွဲခြားဖို့ခက်ခဲလို့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ကြီးကြီးမားမား ထိခိုက်စေတာတော့ မရှိပါဘူးတဲ့။ ????️ အရောင်တွေကို ခွဲဖို့ခက်တယ်ဆိုရာမှာ ????အနီရောင်နဲ့...

ထမင်းစားရင်း ငါးအရိုးစူးတဲ့အခါ

0
"ဖြစ်လေ့ရှိတတ်တဲ့ ငါးအရိုးစူးခြင်း" ငါးအရိုးစူးတယ်ဆိုတာ အဖြစ်များလေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ ငါးကြင်း၊ ငါးပြေမ၊ ငါးသလောက် စတဲ့ အရိုးများတဲ့ ငါးဟင်းတွေစားတဲ့အခါ အဓိကဖြစ်တတ်ပါတယ်။ ငါးအရိုးစူးနိုင်ခြေများတဲ့အုပ်စုထဲမှာ သွားအံကပ်တပ်ထားတဲ့သူတွေ၊ ကလေးငယ်‌တွေနဲ့ သက်ကြီးပုဂ္ဂိုလ်တွေ အဓိကပါဝင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ငါးဟင်းကျွေးတဲ့အခါမှာ လူကြီးတစ်ယောက်က သေချာစောင့်ကြည့် ကြပ်မတ်ပေးသင့်တာပါ။ .. .. တကယ်လို့ ငါးအရိုးစူးခဲ့ရင်လည်း သိပ်ပြီးစိုးရိမ်‌ သောကပွားစရာ...

ကိုယ့်ရဲ့အသံကို ဘယ်လိုဂရုစိုက်လို့ရလဲ How To Take Care Of Your Voice

0
တယ်လီကျန်းမာက ဆရာ၊ ဆရာမ အသံလေးတွေ ကြားတာနဲ့ကို ဝေဒနာတစ်ဝက် သက်သာတယ်လို့ feedback လေးတွေ ပြန်ကြားရပါတယ် (ဟုတ်တယ်…ဟုတ် ?) ဒါဆိုရင် အသံလေးတွေ ဘယ်လိုထွက်လာတယ်၊ ကိုယ့်ရဲ့အသံကို ဘယ်လိုဂရုစိုက်လို့ရလဲဆိုတာ ဝေမျှပေးပါမယ်နော်…  အသံထွက်ပေါ်လာပုံကတော့ အဆုတ်ထဲက ထွက်လာတဲ့လေက အသံအိုးမှာရှိတဲ့ vocal fold လို့ခေါ်တဲ့ အသံကြိုး (ကြွက်သား)...

မျက်စိစွန်ခြင်း “ Stye” (May 2023)

0
"မျက်စိစွန်ခြင်း (Stye)" မျက်စိစွန်ခြင်းဟာ လူတိုင်းနဲ့ မစိမ်းလှတဲ့ မျက်စိနာရောဂါတစ်မျိုး ဖြစ်ပါတယ်။ မျက်စိနီရဲ ရောင်ရမ်းပြီး နာကျင်ခံခက်ဖြစ်စေတဲ့ ဒီမျက်စိရောဂါအကြောင်းလေးကို ဆက်လက်ဖတ်ရှုရအောင်နော် ...  မျက်စိစွန်တယ်ဆိုတာ… မျက်ခွံအပြင်ဘက်မှာ ရောင်ရမ်းနာကျင်စေတဲ့ အဖုအလုံးရဲရဲလေးဖြစ်ပေါ်လာတာကို မျက်စိနာတယ်၊ မျက်စိစွန်တယ်လို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံ မျက်ခွံအတွင်းဘက်မှာလည်း ဖြစ်တတ်ပါတယ်။ မွှေးကျွတ်နာ၊ အနာစိမ်း၊ ဝက်ခြံဖုပုံမျိုးနဲ့ ဆင်တူပြီး တစ်ခါတစ်ရံ...

မျက်စိနီခြင်း “ Red Eyes” (April 2023)

0
"အဖြစ်များသော မျက်စိနီခြင်း (Red eyes)" တစ်ခါတလေ မျက်စိနီပြီး ရောင်တာ၊ စပ်တာတွေကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒီလိုဖြစ်တဲ့အခါ အများစုက သူ့အလိုလိုသက်သာသွားတတ်ကြပေမယ့် အချို့ကတော့ ဆိုးဝါးတဲ့လက္ခဏာမျိုးတွေ ခံစားရတတ်ပါတယ်။ .. ... ဘာကြောင့် မျက်စိနီရသလဲ? မျက်စိရဲ့ မျက်နှာပြင်မှာရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေ ဖောင်းလာတဲ့အခါ မျက်စိနီတာနဲ့ စပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေ အဲဒီ့သွေးကြောလေးတွေက...

“ ကြို့ထိုးခြင်း (Hiccup)” (April 2023)

0
"ကြို့ထိုးခြင်း (Hiccup)" ကြို့ထိုးတယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ ကျန်းမာရေးဖြစ်စဥ်တစ်ခုပါ။ ဒါဆို ဘာကြောင့် ကြို့ထိုးရသလဲဆိုတာနဲ့ ပတ်သက်ပြီး အောက်မှာ ဆက်လက်လေ့လာကြည့်ရအောင်။ . Diaphragm လို့ခေါ်တဲ့ ရင်ဝမ်းခြားကြွက်သားရဲ့ အလိုအလျောက်ကျုံ့တာကြောင့် ကြို့ထိုးရတာ ဖြစ်ပါတယ်။ အဲ့ဒီ ရင်ဝမ်းခြားကြွက်သားက သူ့ရဲ့နာမည်အတိုင်း ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ခြားထားပေးပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်မှာ အသက်ရှူတဲ့အခါ...

မြင်ကွင်းထဲမှာ အမည်း (ဒါမှမဟုတ်) ခဲရောင် အချောင်းလေးတွေကို မြင်နေရခြင်း “ Eye Floater” (April...

0
မျက်စိရောဂါတစ်မျိုး (Eye Floater) Eye Floater ဆိုတာ ဘာလဲ Eye Floater ဆိုတာ မျက်လုံးထဲမှာရှိတဲ့ ဂျယ်လီလိုအရည်တစ်မျိုး (vitreous humor) ဟာ အကြောင်းအမျိုးမျိုးကြောင့် အရည်ပျော်လာပြီး၊ ဂျယ်လီလိုမနေ တော့ဘဲ အရည်ဖြစ်သွားတဲ့အခါ အထဲမှာရှိတဲ့ အမှုန်အမွှားလေးတွေ အချောင်းလေးတွေကို မြင်နေရတာမျိုးပါ။ ကိုယ့်မြင်ကွင်းထဲမှာ...

လေယာဉ်စီးချိန် နားအူခြင်း “ Airplane Ear” (April 2023)

0
လေယာဉ်စီးချိန် နားအူခြင်း (Airplane ear) လေယာဉ်စီးတဲ့ချိန် နားအူတာ (Airplane ear) ကိုတော့ လူတော်တော်များများ တွေ့ကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ နားစည်နဲ့ ပြင်ပလေထုကြားမှာ လေထုဖိအားမညီမျှတာကြောင့် နားမှာ နားအူသလို၊ နားပိတ်သလို ခံစားရတာကို ဆိုလိုတာဖြစ်ပါတယ်။ Airplane ear ဆိုတဲ့အတိုင်း ဘယ်အချိန်မှာဖြစ်တတ်သလဲဆိုရင် လေယာဥ်စီးတဲ့အချိန်ပါ။...

” လျှာမြေပုံ (သို့မဟုတ်) Geographic tongue “

0
" လျှာမြေပုံ (သို့မဟုတ်) Geographic tongue " "Geographic tongue" တဲ့။ တိုက်ရိုက်ဘာသာ​ပြန်ရရင် ပထဝီဝင်လျှာဆိုတော့ နည်းနည်းတော့ စဥ်းစားရကျပ်တာပေါ့။ ဟုတ်ပါတယ် သူ့နာမည်အတိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ နာမည်အတိုင်း လျှာပေါ်မှာ မြေပုံလို အကွက်လိုက် အကွက်လိုက် ဖြစ်နေတဲ့ရောဂါမို့ပါ။ ဒါကို လိုလိုနဲ့တိုရှင်း လျှာမြေပုံလို့ပဲ ခေါ်ကြပါတယ်။ လျှာမြေပုံဆိုတာကတော့...

အပျင်းကြီးတဲ့ မျက်လုံး Amblyopia (March, 2023)

0
အပျင်းကြီးတဲ့ မျက်လုံးကလေး (သို့မဟုတ်) amblyopia "Amblyopia" လို့ခေါ်တဲ့ ရောဂါမှာ မျက်လုံးလေးတစ်လုံးဟာ အပျင်းထူနေပြီးတော့ သူလုပ်ရမယ့် အလုပ်ကို ကောင်းကောင်း မလုပ်ပါဘူးတဲ့။ တကယ်တမ်းမှာတော့ မျက်လုံးလေး တစ်ဘက်က မြင်နိုင်စွမ်းအား (vision) ကျသွားတဲ့အတွက် အား​ကောင်းတဲ့ မျက်လုံးဘက်က ပိုအလုပ်လုပ်ရတာပါ။ တစ်ဘက်ထဲ ပိုအလုပ်လုပ်လို့ ကျန်တဲ့တစ်ဘက်က အပျင်းထူသွားတာ/...

ချောင်းဆိုးတဲ့အခါ ဆံပင်တွေထွက်လာတာနဲ့ ဆံခြည်မျှင်တွေ အန်တတ်တဲ့အကြောင်း Trichoptysis and Trichobezoar

0
ချောင်းဆိုးတဲ့အခါ သလိပ်တွေ မထွက်ဘဲ... ဆံပင်တွေ ထွက်လာတာ... အဆီခဲ အဆီဖတ်တွေ ထွက်လာတာ… ကျောက်ခဲလိုမျိုးလေးတွေ ထွက်လာတာ... အဲ့လို ရောဂါအခြေအနေမျိုးက တကယ်ရှိပါတယ်နော် ရှိတော့ရှိတယ် ရှားတယ် ဆိုသလိုမျိုးပေါ့။ ရင်ဘတ်ထဲမှာ အကျိတ်တည်တယ်...အဲ့အကျိတ်ကလည်း လေပြွန်တွေနဲ့ ဆက်နေပြီး နည်းနည်းပေါက်ပြဲသွားတဲ့အခါ အကျိတ်ထဲမှာရှိတဲ့ ဆံပင်တွေဟာ ချောင်းဆိုးရာကတစ်ဆင့် အပြင်ကို ထွက်လာပါသတဲ့ ဘယ်လို...ဘယ်လို... အကျိတ်ထဲ ဘယ်လိုလုပ် ဆံပင်တွေ ရှိရတာတုန်း ????...

အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း Obstructive Sleep Apnoea – OSA (March, 2023)

0
“ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnoea - OSA) ” အိပ်ရင်း ဟောက်တတ်တဲ့ သူတွေရှိကြပါသလား ?အဲ့လိုလူတွေနဲ့ ကြုံဖူးပါသလား ? OSA ဆိုတာ အိပ်​ပျော်နေစဉ် အချိန်ခဏတာ (၁၀ စက္ကန့်နှင့် အထက်) အသက်ရှူနှေးသွားခြင်း (သို့) ရပ်သွားခြင်း (apnoea)...

သိုင်းရွိုက်ကင်ဆာ Thyroid Cancer (February, 2023)

0
သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)  သိုင်းရွိုက်ကင်ဆာဆိုတာ …..  လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းဆဲလ်တွေဟာ ကင်ဆာဆဲလ်အဖြစ် ကြီးထွားလာတာ ဖြစ်ပါတယ်။  သိုင်းရွိုက်ကင်ဆာဟာ အဖြစ်နည်းပြီး သိုင်းရွိုက်ဂလင်းကြီးသူ အယောက် (၂၀) မှာ (၁) ယောက်သာ ကင်ဆာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။  သိုင်းရွိုက်ကင်ဆာဟာ အသက် (၃၅) နှစ်နဲ့ (၃၉) နှစ်ကြား သက်လတ်ပိုင်းတွေနဲ့ အသက်...

မျက်စိစွေခြင်း (Squint)

0
????️ မျက်စိစွေတယ်ဆိုတာ မျက်စိစွေတယ်ဆိုတာ မျက်စိနှစ်ဖက်မှာရှိတဲ့ မျက်လုံးကိုထိန်းချုပ်တဲ့ ကြွက်သားကလေးတွေ အတူတကွ အလုပ်မလုပ်ကြတော့တာပါ။ တစ်နည်းဆိုရရင် နှစ်လုံးထဲရှိတဲ့ မျက်လုံးလေးတွေက ဂိုဏ်းကွဲပြီး သူတလူငါတမင်း ဖြစ်နေကြတဲ့အခြေအနေပါ။ ကောင်းတဲ့မျက်လုံးလေးတစ်ဖက်က ကြည့်လိုတဲ့နေရာ တည့်တည့်ကို ကြည့်နေနိုင်တဲ့အချိန်မှာ စွေနေတဲ့ဖက်က မျက်လုံးလေးဟာ အထက်ကိုဖြစ်စေ၊ အတွင်းထောင့်ကပ်လို့ဖြစ်စေ၊ အောက်ကိုကပ်လို့ဖြစ်စေ၊ အပြင်ထောင့်ကပ်လို့ဖြစ်စေ တည်ရှိနေတာမျိုးပါ။ မျက်စိစွေတယ်...

လည်ပင်းနာခြင်း/ ဇက်ကြောတက်ခြင်း Painful Neck (February, 2023)

0
လည်ပင်းနာခြင်း/ ဇက်ကြောတက်ခြင်း (Painful Neck) လည်ပင်းနာတယ်ဆိုတာ အဓိကအားဖြင့် လည်ပင်းမှာရှိတဲ့ ကြွက်သားနဲ့ လည်ပင်းအရိုးဆစ်လေးတွေ ဒဏ်ရာရလို့ နာတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ လည်ပင်းအဆစ်တွေကြားမှာရှိတဲ့ ချပ်ပြားလေးတွေ ဒဏ်ရာရပြီးလည်း နာတတ်ပါတယ်။ အသက်ကြီးတဲ့သူမှာ လည်ပင်းအဆစ်တွေ ရောင်ရမ်းတတ်ပါတယ်။  လည်ပင်းနာ/ ဇက်ကြောတက်စေတဲ့ အကြောင်းအရာတွေက…. လည်ပင်းကို ရုတ်တရက် ထိခိုက်မိတဲ့ ဒဏ်ရာတွေကြောင့်….ဥပမာ:- ယာဥ်တိုက်မှုဖြစ်တာ-...

မျက်လုံးဂရုစိုက်ခြင်းနှင့် မျက်စိလေ့ကျင့်ခန်းများ Eye Care and Eye Exercises (February, 2023)

0
မျက်လုံးဂရုစိုက်ခြင်းနှင့် မျက်စိလေ့ကျင့်ခန်းများ(Eye Care and Eye Exercises) အမြင်အာရုံဆိုတာ လူတွေအတွက် အလွန်အရေးပါလှတဲ့အရာဖြစ်ပါတယ်။ အမြင်အာရုံကောင်းအောင်ဆိုရင် အရေးကြီးဆုံးလုပ်ဆောင်ပေးရတဲ့ မျက်စိကလေးတွေ ကျန်းမာနေဖို့၊ မြင်လွှာကြည်လင်ဖို့ ၊ မြင်အားကောင်းဖို့ လိုအပ်ပါတယ်။.  မျက်စိပြဿနာ အမျိုးမျိုးရှိပါတယ်။ အသက်အရွယ်ရလို့ မျက်စိမှုန်တာ ရေတိမ် (Glaucoma)၊ အတွင်းတိမ် (Cataract) ဖြစ်ပြီး မျက်စိဝေဝါးလာတာ အနီးမှုန် (long-sightedness)၊...

” ခရီးသွားတဲ့အခါ မူးဝေအော့အန်ခြင်း “

0
" ခရီးသွားတဲ့အခါ မူးဝေအော့အန်ခြင်း ( Travel sickness ) " ဘယ်သူတွေက ခရီးသွားရင်မူးကြသလဲ ? ခရီးသွားတဲ့သူမှန်သမျှ မူးဝေနိုင်ပါတယ်။ ဒါပေမယ့် လူကြီးတွေထက် ကလေးတွေက ပိုဖြစ်ကြပါတယ်။ ကိုယ်စီးတဲ့ ယာဉ်ကြီးလေလေ ခရီးသွားရင် မူးဖို့ရာခိုင်နှုန်း နည်းလေလေပါပဲ။ ရထားနဲ့ ခရီးသွားရင် မူးဝေဖို့ ရာခိုင်နှုန်းနည်းပါတယ်။ . ဘယ်လိုခံစားရမလဲ ? -...

Stuffy running nose (နှာစေးနှာပိတ်ခြင်း)(December, 2022)

0
နှာစေးနှာပိတ်ခြင်း (Stuffy running nose) ဘာကြောင့် နှာစေးနှာပိတ် ဖြစ်ရတာလဲ ? သင့်ရဲ့ နှာခေါင်းကို mucosa လို့ခေါ်တဲ့ နူးညံ့တဲ့တစ်သျူးလေးနဲ့ ဖုံးအုပ်ထားပါတယ်။ Mucosaက နှာခေါင်းကို ကာကွယ်ပေးဖို့ အကျိအချွဲ (mucus)တွေ ထုတ်ပေးပါတယ်။ Mucosa ရောင်ရမ်းပြီး ဖောင်းပွလာတဲ့အခါ နှာခေါင်းပိတ်သွားပြီး အကျိအချွဲတွေ အများကြီးထွက်လာပါတယ်။ အဓိကကတော့...

Tooth Discoloration (သွားဝါခြင်း) (December, 2022)

0
" ဘာကြောင့် သွားဝါရသလဲနဲ့...ဘယ်လိုကုသကြမလဲ " သွားတွေဝါနေလို့ ယုံကြည်ချက်ရှိတဲ့အပြုံးလေးတွေ ပျောက်ဆုံးနေသူတွေအတွက် သွားဝါခြင်း ( Tooth discoloration ) အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ အများစုက သွားဝါတယ်လို့ ခြုံငုံခေါ်ကြပေမယ့် တကယ်ကတော့ သွားအရောင်ပြောင်းလဲပြီး သွားအရောင်က ဝါတာ၊ ညိုတာ၊ မဲတာအပြင် ဖြူလွန်းနေတာအားလုံးက Tooth...

Chronic Tonsilitis (နာတာရှည်အာသီးရောင်ခြင်း) ( December, 2022)

0
"နာတာရှည်အာသီးရောင်ခြင်း (Chronic tonsilitis)" အာသီးရောင်ခြင်းသည် ရက်ရှည်ဖြစ်နေလျှင် ( ယေဘုယျအားဖြင့်၂ ပတ် ) ကျော်လာလျှင် chronic tonsillitis ဟု သတ်မှတ်ပါသည်။ ဖြစ်စေသော အကြောင်းအရင်းများ – cytomegalovirus, herpes simplex, Epstein-Barr ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ – Streptococcus ဘက်တီးရီးယားပိုးများကြောင့် အာသီးရောင်တတ်ပါသည်။ ကလေးများတွင် ပိုဖြစ်တတ်သော်လည်း...

အပြုံးကလေးပြန်လှအောင် (သို့) မေးရိုးဆစ်လွဲခြင်း (Temporomandibular joint dysfunction)

0
အပြုံးကလေးပြန်လှအောင် (သို့) မေးရိုးဆစ်လွဲခြင်း (Temporomandibular joint dysfunction) ဒီနေ့လည်း စိတ်ဝင်စားစရာ အထူးအဆန်း “မေးရိုးဆစ်လွဲခြင်း” အကြောင်းကလေး တင်ဆက်ပေးလိုက်ပါတယ်.... - မေးရိုးဆစ်ကလေး အကြောင်း တစေ့တစောင်း မေးရိုးကို ဆေးပညာအခေါ်အရ Mandible လို့ခေါ်တယ်။ မေးရိုးကလေးဟာ နားရွက်နှစ်ဖက်ရှေ့နားမှာရှိတဲ့ ဦးခေါင်းခွံအခြေ (Skull Base) မှာ အံဝင်ဂွင်ကျ တည်ရှိနေပြီး...

Diabetic Retinopathy(ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း) (November, 2022)

0
ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း (Diabetic Retinopathy) Diabetic Retinopathy ဆိုတာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မြင်လွှာယိုယွင်းပျက်စီးလာခြင်းဖြစ်ပါတယ်။ မျက်လုံးထဲက ပုံရိပ်မြင်အောင်လုပ်ပေးတဲ့မြင်လွှာရဲ့ အလင်းအာရုံခံတစ်သျှူးတွေရဲ့ သွေးကြောလေးတွေ ပျက်စီးသွားလို့ဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား Type 1 ရော Type 2 ရောမှာဖြစ်နိုင်ပြီး ဆီးချိုရောဂါရှိတာကြာနေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ကောင်းကောင်းမထိန်းထားနိုင်ဘူးဆိုရင် ဒီပြဿနာကို...

Halitosis ” ခံတွင်းအနံ့ဆိုးခြင်းအကြောင်း ” ( November, 2022)

0
" ခံတွင်းအနံ့ဆိုးခြင်းအကြောင်း " စကားပြောမယ် ကြံလိုက်တိုင်း ပါးစပ်ကနေ အနံ့ဆိုးထွက်တာကြောင့် တော်တော် စိတ်ညစ်ရတယ်ဟုတ်? ဒီလို ခံတွင်းနံ့ဆိုးထွက်တာဟာ မိမိရဲ့ ခံတွင်းကျန်းမာရေးမကောင်းတာကို ဖော်ပြနေရုံသာမကပဲ အများသူငါနဲ့ ဆက်ဆံပြောဆိုရာမှာ ယုံကြည်မှုကိုလည်း ကျဆင်းစေပါတယ်။ ဒါဆို ဘာကြောင့် ခံတွင်းနံ့ဆိုးတွေ ထွက်ရလဲ? ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။...... “Halitosis” လို့ခေါ်တဲ့ ခံတွင်းနံ့ဆိုးခြင်းက...

Tonsillitis(အာသီးရောင်ခြင်း)( November, 2022)

0
အာသီးရောင်ခြင်း (November, 2022) အာသီးရောင်ခြင်း(Tonsillitis)ဟာ လူတော်တော်များများမှာ သာမာန်ဖြစ်လေ့ဖြစ်ထရှိပေမယ့် အရမ်းကြီးလည်းမပေါ့သင့်ပါဘူး။ အာသီးဟာ အာခေါင်အနောက်ဘက် လျှာခင်ရဲ့ဘေးတစ်ဘက်တစ်ချက်စီမှာရှိပါတယ်။ ( ခံတွင်းရဲ့အလယ်မှာ တွဲကျနေတဲ့ အဖုအလုံးလေးကို ဆိုလိုတာ မဟုတ်ပါဘူး ) အာသီးဟာ ကိုယ်ခံအားစနစ်အတွက်အရေးကြီးတဲ့ ပြန်ရည်ကျိတ်ရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ အာသီးရောင်စေသောအချက်များ - ဗိုင်းရပ်စ်ပိုး တိုက်ရိုက်ဝင်ရောက်ခြင်း(influenza,flu virus) - ဘက်တီးရီးယားပိုး တိုက်ရိုက်ဝင်ရောက်ခြင်း - လည်ချောင်းပိုးဝင်ခြင်း၏ နောက်ဆက်တွဲအနေဖြင့်...

Bruxism (သွားကြိတ်တတ်တဲ့သူများအတွက် သိကောင်းစရာ) (October, 2022)

0
အိပ်နေတုန်း ဒါမှမဟုတ် နိုးနေတဲ့အချိန် သွားကြိတ်တတ်တဲ့အကျင့်ရှိကြလား? ကိုယ်ကိုယ်တိုင် မကြိတ်ရင်တောင်မှ သူများကြိတ်တဲ့ အသံကိုနားထောင်ဖူးရင်တောင် တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်မလား။ ခုတောင် နားထဲ ကြားနေကြပြီ ဟုတ်? Bruxismဆိုတာကတော့ အိပ်နေတဲ့အချိန်ဖြစ်စေ နိုးနေတဲ့အချိန်ဖြစ်စေ သွားကြိတ်တတ်တဲ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ (အများအားဖြင့်‌တော့ အိပ်နေတဲ့အချိန်မှာ သွားပိုကြိတ်တတ်ကြတာကို တွေ့ရပါတယ်။) Bruxismက ဘယ်လောက်ထိ...

အိပ်တဲ့အချိန် ဟောက်ခြင်း Snoring (October, 2022)

0
သင်ဟာ အိပ်ချိန်မှာ ဟောက်တတ်တဲ့ လူတစ်ယောက်လား? ဒါမှမဟုတ် သင့်မိသားစုထဲမှာ ညအိပ်တဲ့အခါ ဟောက်တတ်တဲ့သူရှိလို့ ညဘက် မအိပ်နိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်နေရလား? ကိုယ်ကိုယ်တိုင် အိပ်တဲ့အချိန် မဟောက်တတ်ဘူးဆိုရင်တောင်မှ အိမ်မှာ လူကြီးသူမတွေ အိပ်နေတုန်း ဟောက်တဲ့အသံကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ တချို့ကတော့ အရမ်းပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့နေ့တွေဆို ညဘက်အိပ်တဲ့အချိန်တွေမှာ ဟောက်တတ်တယ်လို့...

လည်ပင်းကြီးရောဂါ Goitre (October, 2022)

0
လည်ပင်းကြီးရောဂါ ( Goitre ) လည်ပင်းကြီးရောဂါဟာ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတဲ့အခြေအနေတစ်ခုပါ။ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးတာဖြစ်နိုင်သလို တစ်စိတ်တစ်ပိုင်းပဲ ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာက လည်ပင်းအောက်နားက လေပြွန်ရှေ့မှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းပဲ ဖြစ်ပါတယ်။ ????လည်ပင်းကြီးရောဂါ အမျိုးအစားတွေကတော့ ….(၁) Diffuse smooth goitre ဒီအမျိုးအစားမှာတော့ သိုင်းရွိုက်ဂလင်းတစ်ခုလုံး...

လျှာကပေးတဲ့ ဝေဒနာများ Sore Tongue (October, 2022)

0
Sore Tongue (သင့်ရဲ့လျှာက ပေးတဲ့ ဝေဒနာများ ) လျှာပြင်ဝယ် နာကျင်တယ် ဆိုတာ အင်မတန်ခံရခက်တဲ့ ဝေဒနာပါ။ အစာလမ်းကြောင်းကြီးရဲ့ အရသာအထူးဆုံး အမြိန်ဆုံး အပိုင်းမှာမှ ခံရတာဆိုတော့ ဖြစ်လာပြီဆို အမြန်ဆုံး ပျောက်ကင်းချင်တတ်ကြတာ မဆန်းပါဘူး။ သည်တော့ အမျိုးမျိုးသော အရင်းခံအကြောင်းတွေ ဆက်စပ်အခြေအနေတွေကို...

တံတွေးဂလင်းအကျိတ်ရောဂါ Salivary Gland Tumour (October, 2022)

0
ရှားပါးသော်ငြား မေ့မထားသင့်တဲ့ တံတွေးဂလင်းအကျိတ်ရောဂါ (Salivary gland tumour) ????တံတွေးဂလင်းဆိုတာကို ရှေးဦးစွာ ရှင်းပြပါရစေ... တံတွေးဂလင်း (salivary gland)ဆိုတာ အာခေါင်ခံတွင်းအတွင်း တံတွေးထုတ်ပေးတဲ့ အရည်အိတ်လေးတွေပါ။ အစာစားရာမှာ အထောက်အကူဖြစ်သလို မိမိတို့ပါးစပ်ကို ခြောက်သွေ့မနေစေဖို့နဲ့ သွားတွေ ကျန်းမာဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ တံတွေးဂလင်းတွေ အများကြီးရှိတဲ့ထဲက အရေးကြီးတဲ့ တံတွေးဂလင်းကတော့ (၃)ခုလောက်ရှိပါတယ်။...

Common Cold (အအေးမိဝေဒနာ) (September, 2022)

0
မိုးတွင်းနဲ့ ဆောင်းရာသီရောက်ပြီဆိုရင် နှာစေးချင်သလိုလို လည်ချောင်းနာချင်သလိုလို ဖြစ်လာပြီ။ ဟိုနားတဆစ်ဆစ် ဒီနားတဆစ်ဆစ်နဲ့ နေလို့ထိုင်လို့ကလည်း မကောင်းဘူး... ဒါဆိုရင်တော့ အအေးမိတဲ့လက္ခဏာတွေ ခံစားနေရတာ သေချာနေပါပြီ ဒီလို လက္ခဏာတွေဟာ လူတိုင်းကြုံရလေ့ရှိတာမို့ အအေးမိတဲ့အကြောင်းကို အားလုံးအနေနဲ့ သိထားသင့်ပါတယ် အအေးမိရောဂါအကြောင်းလေးကို ဆက်လေ့လာကြည့်ရအောင်ပါနော် ဘာကြောင့် အအေးမိတာလဲ ? အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်း( upper respiratory tract)မှာ...

နှာခေါင်းနဲ့ နှာခေါင်းတွင်းလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ အလုံးအကျိတ် တစ်မျိုး Nasal Polyps (September, 2022)

0
Nasal Polyps ဆိုတာ နှာခေါင်းနဲ့ နှာခေါင်းတွင်းလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ အလုံးအကျိတ် တစ်မျိုးပါ။ စိုးရိမ်စရာ ကင်ဆာဖြစ်စေတဲ့ အလုံးမျိုးတော့ မဟုတ်ပါ။ အများအားဖြင့် ပန်းနာရင်ကျပ်သမားတွေ၊ ဓာတ်မတည့်ရောဂါ ရှိတဲ့သူတွေ၊ မကြာခဏ အသက်ရှုလမ်းကြောင်းမှာ ရောဂါပိုးဝင်ပြီး ရောင်ရမ်းလေ့ ရှိတဲ့သူတွေမှာ Nasal Polyps အလုံးအကျိတ် ပေါ်တတ်ပါတယ်။...

ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်း Allergic Rhinitis ( August, 2022)

0
"ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်း" ရာသီဥတုလေး အေးလာပြီဆို နှာရည်က တရှုံ့ရှုံ့နဲ့ နှာခေါင်းတွေပိတ်လိုက် နှာချေလိုက်နဲ့ လူကလည်း ထိုင်းထိုင်းမှိုင်းမှိုင်း နေလို့မကောင်း...အပြင်ထွက်ရလို့ ဖုန်တောထဲရောက်သွားရင် နှာခေါင်းတွေယားပြီး နှာက ခဏခဏချေရပြန်ပြီ။ အိမ်မွေးတိရစ္ဆာန်ဆို မွေးလို့ကိုမရဘူး။ အနားကပ်လိုက်တာနဲ့ နှာခေါင်းက ယားသလိုလို နှာချေချင်သလိုလို စန်းစန်းတင့်တွေ ဖြစ်လာ... ဒါမျိုးတွေ ကြုံနေရပြီဆိုရင်တော့... Allergic rhinitis...

ကလေးများ အကြားအာရုံချို့ယွင်းခြင်း Hearing Problem in Children ( July, 2022)

0
ကလေးများ အကြားအာရုံချို့ယွင်းခြင်း ချစ်ရတဲ့ရင်သွေးငယ်‌တွေမှာ မွေးရာပါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြားအာရုံဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရမယ်ဆိုရင် ဒါဟာမိဘတွေ အတွက် အတော်လေးကိုချောက်ချားစရာကိစ္စပါ။ မွေးရာပါဖြစ်လာတဲ့ပြဿနာအပြင် တချို့ကျ ကလေးမှာအဖြစ်များတဲ့ မကြာခဏနားပိုးဝင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ နားပြွန်ချောင်းအလယ်မှာ အရည်ပိတ်ဆို့ရင်းက‌နေ နားမကြားပြဿနာပါ ဆက်ဖြစ်တတ်တဲ့အတွက် မိဘတွေအနေနဲ့ ဒါကို ဂရုပြုသင့် သိထားသင့်ပါတယ်။ ဒါပေမယ့် အရမ်းတော့စိတ်မပူစေချင်တာက ဒီလိုပြဿနာကြုံလာရပြီဆိုလည်း...

အံဆုံးကပေးတဲ့ ဝေဒနာများ ( July, 2022 )

0
" အံဆုံးကပေးတဲ့ ဝေဒနာများ " “ အံဆုံးပေါက်နေလို့ နာလိုက်တာ၊ ဘာမှတောင်မစားနိုင်ဘူး” လို့ ညည်းညူသံတွေကို ကြားဖူးပါသလား? အံဆုံးသွားဆိုတာ ဘယ်နေရာက သွား ကိုခေါ်တာလဲ၊ဘယ်အရွယ်မှာပေါက်တတ်လဲ၊ အန္တရာယ်ရှိပြီး နှုတ်ပစ်ဖို့လိုလား...အစရှိတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။ အံဆုံး (Wisdom tooth) ဆိုတဲ့ နာမည်အတိုင်း အံသွားတွေရဲ့ နောက်ဆုံးမှာ...

ရေတိမ် Glaucoma ( July, 2022 )

0
ရေတိမ် (Glaucoma) မျက်စိရောဂါတွေထဲမှာ အတွင်းတိမ်အကြောင်းလည်း သိသင့်သလောက် သိရှိပြီးပြီဆိုတော့ ဒီနေ့မှာတော့ မသိမဖြစ်တဲ့ ရေတိမ်ရောဂါအကြောင်းလည်း ပြောပြဆွေးနွေးပေးသွားပါ့မယ်။ ❓ရေတိမ်ဆိုတာ ဘာလဲ?• ရေတိမ်ဆိုတာကတော့ တော်တော်များများ ဖြစ်လေ့ရှိကြတဲ့ မျက်စိရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးလို့ဆိုလည်း မမှားပါဘူး။ မျက်လုံးအတွင်းမှာရှိတဲ့ ဖိအားမြင့်တက်တာကြောင့် သေးငယ်ပါးလွှာတဲ့ သွေးကြောအသေးလေးတွေနဲ့ အာရုံကြောမျှင်လေးတွေကို...

အတွင်းတိမ် Cataract ( July, 2022 )

0
အတွင်းတိမ် ( Cataract ) ဒီနေ့တော့ မျက်စိရောဂါတွေထဲမှာ အတွေ့များတဲ့ အတွင်းတိမ် (cataract) အကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြရအောင်ပါနော်... ဘာကြောင့် အတွင်းတိမ်ကို cataractလို့ခေါ်ကြတာလဲ? • Cataract ရဲ့ အဓိပ္ပာယ် အစစ်အမှန်ကတော့ မတ်စောက်တဲ့နေရာတစ်နေရာကနေ စီးဆင်းနေတဲ့ ရေတံခွန်ကို ဆိုလိုပါတယ်။ အလားတူပဲ အတွင်းတိမ်ကလည်း မိုးရွာတဲ့အချိန်...

ထိပ်ကပ်နာ Sinusitis ( May, 2022 )

0
ထိပ်ကပ်နာ (Sinusitis) ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်....Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။ Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။ sinuses ရှိတဲ့နေရာတွေကတော့ Frontal sinuses (...

ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း Apthous Ulcer ( May, 2022 )

0
ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း ( Apthous Ulcer ) ပါးစပ်ထဲမှာ ခဏခဏပေါက်လေ့ရှိတဲ့ aphthous ulcer ကိုတော့ မြန်မာလို ခံတွင်းပူနာလို့ အလွယ်မှတ်နိုင်ပါတယ်။ ပါးစပ်အတွင်းထဲ နေရာစုံမှာ ပေါက်‌လေ့ရှိပြီး တော်တော်လေးခံရခက်လောက်အောင်ကို နာကျင်တတ်ပါတယ်။ အများအားဖြင့်တော့ အောက်နှုတ်ခမ်းအတွင်းပိုင်းနဲ့ သွားဖုံးတို့မှာပေါက်လေ့ရှိတတ်ပါတယ်။ အထူးသဖြင့် အစားအသောက်တွေ စားတဲ့အချိန်ဆို အနာကို...

ချာချာလည်မူးခြင်း Vertigo ( May, 2022 )

0
ချာချာလည်မူးခြင်း (Vertigo) ဒီနေ့တော့ချာချာလည် မူးစေတဲ့ အကြောင်းအရင်းများနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာလေးတင်ပေးလိုက်ပါတယ်။ မူးတတ်စေတဲ့အကြောင်းတွေကတော့ ဦးနှောက်ကြောင့်(central causes)၊ နားကြောင့် (peripheral causes)၊ မျက်စိကြောင့်(peripheral causes)၊ ခြေထောက်ကြွက်သားဟန်ချက်ထိန်းခြင်း(proprioception)(peripheral causes) တို့ကြောင့်လို့ မှတ်ယူရပါမယ်။ အခုကတော့ နားကြောင့်ဖြစ်တတ်တဲ့ ချာချာလည်မူးခြင်းကို အကြမ်းဖျင်း မျှဝေမှာပါ။ ???? ပထမဦးစွာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းလေးလှုပ်တာနဲ့ ချာချာလည်မူးတဲ့...

မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း Foreign Bodies in Eye ( May, 2022...

0
မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း "မျက်စိထဲ ဖုန်၀င်သွားလို့" "မျက်စိထဲခဲချွန်၀င်သွားလို့" "ရန်ဖြစ်ရင်း သူငယ်ချင်းက မျက်လုံးကို ခဲတံနဲ့ထိုးလိုက်လို့" စတဲ့ ငယ်ငယ်ကတည်းက မစိမ်းတဲ့ကြားနေကျစကားများနဲ့ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်နဲ့ အရေးပေါ်ပြုလုပ်ပေးစရာလေးတွေကို ဆွေးနွေးပြောပြသွားမှာ ဖြစ်ပါတယ်။ ❓ဘာတွေ၀င်နိုင်ပါသလဲ မျက်စိထဲကတော့ ပေါင်းစုံ၀င်နိုင်ပါတယ်။ ဖုန်၊သံစ၊ သစ်စ၊ မှန်စ အမှုန်ကနေအစ မျိုးစုံ ၀င်နိုင်ပါတယ်။ ❓ဘယ်နေရာတွေ...

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )

0
နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း ❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။ ❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊...

နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ( April, 2022 )

0
နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ဘယ်အချိန်တွေမှာ (သို့) ဘာလုပ်ရင် ဖြစ်တတ်ပါ သလဲ?️???? အဓိကကတော့ နားထဲ ပိုး၀င်သွားလို့ပါ။ ဘာကြောင့်ပိုး၀င်လဲဆိုတော့ မသန့်တဲ့ရေတွေ နားထဲ၀င်တာနဲ့ နား​ကလော် နားကြပ်တာတွေ၊ ရေကူးတဲ့သူတွေ (swimmer's ear)၊ ရေလွှာလှိုင်းစီးတဲ့သူတွေမှာ (...

ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး Spondylosis and Screen Time ( April, 2022...

0
"ယနေ့ခေတ်ရဲ့ ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး" ဒီခေတ်မှာ ဖုန်းတွေ၊ ကွန်ပြူတာတွေ ပိုအသုံးများလာတာဟာ ခေတ်ရေစီးကြောင်းဖြစ်သလို work from home, clicker, gamer တွေကလည်း လက်ရှိ အနေအထားအရ ဖုန်းတွေ၊ ကွန်ပြူတာတွေကို အရင်ကထက် ပိုပြီး သုံးလာဖြစ်ပါတယ်။ အဲလို...

မျက်စိစွန်ခြင်း Stye( March, 2022 )

0
မျက်စိစွန်ခြင်း မျက်စိစွန်တယ်ဆိုတာ မျက်တောင်မွှေးအခြေနား မျက်ခမ်းအစပ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အလုံး(အဖု) ဖြစ်လာတာပါ။ ❓ဘာကြောင့်ဖြစ်တာလဲ - ဖြစ်ရတဲ့ အကြောင်းအရင်းတိတိပပပြောလို့မရပါဘူး။- ဖြစ်နိုင်ခြေရှိတာက မျက်လုံးကို လက်နဲ့ပွတ်လို့ပါ။- မျက်ခမ်းသားတွေ မျက်လုံးသားတွေဟာအရမ်းနုနယ်တဲ့အတွက် လက်နဲ့ပွတ်တဲ့အခါ သာမာန်မျက်စိနဲ့ မမြင်ရနိုင်တဲ့ ပွန်းပဲ့သွားတာမျိုးဖြစ်သွားပါတယ်။- အရေပြားပေါ်မှာ ကပ်နေလေ့ရှိတဲ့ ရောဂါပိုးမွှားတွေက သာမန်အချိန် ဘာပြဿနာမှမပေးပေမယ့် ပွန်းပဲ့သွားတဲ့အရေပြားလွှာလေးကတစ်ဆင့် မျက်တောင်အမြစ်အိတ်ကလေးတွေထဲ...

မျက်သားတက်ခြင်း Pterygium

0
မျက်သားတက်ခြင်း ============== မျက်သားတက်တယ်ဆိုတာ အများအားဖြင့် မျက်လုံးရဲ့အဖြူရောင်နေရာမှာ တြိဂံပုံစံ (နောက်ထပ်)အဖြူဖတ်လေး ကပ်ပြီး ၊ နေရတာ ခိုးလိုးခုလုဖြစ်နေတတ်ပါတယ်။ တခါတလေ သွေးကြောမျှင်လေးတွေ မြင်နေရနိုင်ပါတယ်။ အများအားဖြင့် နာလေ့မရှိပါဘူး။ အကယ်၍ ရောင်ယမ်းလာမယ်ဆိုရင်တော့ နာလာတာ၊ နီရဲလာတာမျိုးဖြစ်တတ်ပါတယ်။ မျက်စိရဲ့ အမဲရောင်နေရာအထိ မျက်သားတက်လာရင်တော့ ကြည့်ရတာ အဆင်မပြေဖြစ်လာတတ်ပါတယ်။ ဘယ်သူတွေ ဖြစ်လဲ။...

မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါပြဿနာများ