က​လေးငယ်များ ဝမ်း​လျှောခြင်း

ကိုယ့်ကလေးလေး ဝမ်းတွေလျှောနေရင် ထူပူပြီး ဘာလုပ်ရမှန်းမသိတဲ့ ဖေဖေမေမေတို့အတွက် တကယ်အကျိုးရှိစေမယ့် ပိုစ့်လေးပါနော် ????

ကလေးတွေ ဝမ်း​လျှောတယ်လို့ ဘယ်အချိန်မှာ သတ်မှတ်မလဲ

က​​လေးတစ်​ယောက် သူပုံမှန်သွား​နေကျဝမ်းထက် အကြိမ်​​ရေပိုများလာရင် ဒါမှမဟုတ် ပို​ပျော့လာရင် ဝမ်း​လျှောတယ်လို့ သတ်မှတ်ပါတယ်။

ဘာ​ကြောင့် ဝမ်း​လျှောလဲ

အများစုက​တော့ Virus​တွေ bacteria ​တွေ​ကြောင့် ဖြစ်ပါတယ်…

အဲ့ဒီ Virus​တွေ Bacteria​တွေဟာ မသန့်ရှင်းတဲ့လက်၊ မသန့်ရှင်းတဲ့ အစားအစာ၊ မသန့်ရှင်းတဲ့ ပန်းကန်ခွက်​ယောက်​တွေကတစ်ဆင့် ခန္ဓာကိုယ်ထဲကိုဝင်​ရောက်ပီး ဝမ်း​လျှောဝမ်းပျက်​ဖြစ်​စေတာပါ။

ဝမ်း​လျှော​နေတဲ့ အချိန်မှာ ဘာ​တွေ ​ကျွေးလို့ရလဲ

ပုံမှန်​ကျွေး​နေကျ အစားအစာ​တွေကို ဆက်​ကျွေးလို့ရပါတယ်။ ​မိခင်နို့တိုက်​နေတဲ့ က​လေးကို မိခင်နို့ဆက်တိုက်ပါ။ ပူပူ​နွေး​နွေး သန့်သန့်ရှင်းရှင်း အစာ​ကြေလွယ်မယ့် အစားအ​သောက်​တွေ ​ကျွေးလို့ရပါတယ်။

အရည်များများ တိုက်​ပေးဖို့အ​ရေးကြီးပါတယ်။ ဓါတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊လတ်လတ်ဆတ်ဆတ် အသီး​ဖျော်ရည်​တွေ တိုက်လို့ရပါတယ်။ အဆီများတဲ့ အစားအ​သောက်​တွေက အစာမ​ကြေတတ်လို့ မ​ကျွေးသင့်ပါဘူး။

ဝမ်း​လျှောတဲ့အခါ အန်လဲအန်တတ်တာမို့ အရည်ကို ပမာဏနည်းနည်းနဲ့ ခဏခဏ ဝင်​အောင် တိုက်ရပါမယ်။ ဝမ်း​လျှောတဲ့အခါ ခန္ဓာကိုယ်က ​ရေဓာတ်​လျော့နည်းသွားပါတယ်။ က​လေးငယ်​တွေမှာ ​ရေဓာတ်မခမ်း​ခြောက်​​စေဖို့ အ​ရေးကြီးပါတယ်။ အဝင်အထွက် မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သ​လောက် (ဝမ်း​လျှောသ​လောက်/အန်သ​လောက်) အရည်ပြန်ဝင်​အောင် တိုက်သင့်ပါတယ်။

ဓာတ်ဆားရည်ရည်ကို ဘယ်လိုတိုက်မလဲ

မိဘ​တွေ မကြာခဏ မှားတတ်တာ​​လေးတခုကို အရင်​ပြောပါရ​စေ။ က​လေးဓာတ်ဆားရယ်လို့ သပ်သပ်မရှိပါဘူး။ က​လေး၊လူကြီး အတူတူပါပဲ၊ ဝမ်း​လျှောရင် ဆရာဝန်​တွေ ညွှန်ကြားတတ်တဲ့ Prebiotic အထုပ်​လေး​တွေဟာ က​လေးဓာတ်ဆား မဟုတ်ပါဘူး။ အားကစားသမား​တွေ၊ ​ချွေးထွက်များတဲ့သူ​တွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ Sport drinks​တွေဟာလဲ ဓာတ်ဆားမဟုတ်ပါဘူး။

ဓာတ်ဆား ၁ထုပ်ကို ​ရေ ၁လီတာနဲ့ ​ဖျော်ပီး ၂၄ နာရီအတွင်း တိုက်ရပါမယ်။ ​ဖျော်ပီးသား ဓာတ်ဆားရည်ကို ၂၄ နာရီ​ကျော်​အောင် မထားသင့်ပါဘူး။ အချဥ်​ပေါက်ပီး ဝမ်းပိုပျက်တတ်ပါတယ်။

တိုက်ရမယ့် ပမာဏက က​လေးရဲ့ကိုယ်အ​လေးချိန်၊ ​ရေဓါတ်ခမ်း​ခြောက်မှုရှိမရှိ​ပေါ် မူတည်ပါတယ်။ ရေဓါတ်ခမ်း​ခြောက်မှုမ​ရှိတဲ့ က​လေး​တွေမှာ ဝမ်းတခါသွားပီးတိုင်း ၁၅၀ml ပုံမှန်​ရေဖန်ခွက်တစ်ဝက်ခန့် တိုက်သင့်ပါတယ်။

ရေဓာတ်ခမ်း​ခြောက်မှုရှိမရှိ ဘယ်လိုသိမလဲ

​က​လေးငယ်​​လေး​တွေဟာ ရေဓါတ်ခမ်း​ခြောက်မှုကို ခံနိုင်ရည်မရှိတာ​ကြောင့် ​အောက်ပါအချက်​တွေကို ဂရုစိုက်ပီး ​စောင့်ကြည့်​ပေးဖို့ လိုအပ်ပါတယ်။

* ​ရေဆာလာပါတယ်၊ ​ရေကို အငမ်းမရ​သောက်ပါတယ်။ အာ​ခေါင်​ခြောက်တယ် (​ က​လေးအကြီး​တွေဆိုရင် ​ပြောတတ်ပါတယ်)
* လသားက​လေးငယ်​တွေမှာ ငယ်ထိပ်ချိုင့်လာပါတယ်
* မျက်တွင်းချိုင့်လာပါတယ်
* မျက်ရည် ခမ်း​ခြောက်လာတတ်ပါတယ်
* ဝမ်းဗိုက်အ​ရေပြားကို လက်ညိုး၊လက်မနဲ့ အသာညှပ်ပီးဆွဲကြည့်ရင် အ​ရေပြားက အသားနဲ့ ချက်ချင်းပြန်ကပ်မသွားဘဲ ကျန်​နေခဲ့တတ်ပါတယ်။
* ဆီးနည်းလာတယ်။ အကြမ်းဖျင်းအားဖြင့် ၆နာရီအတွင်း ဆီးတစ်ခါမှ မသွားရင် ဆီးနည်းတယ်လို့ သတ်မှတ်လို့ရပါတယ်။

ဘယ်အချိန်မှာ ​ဆေးရုံ/​ဆေးခန်းပြသင့်လဲ

* က​လေးမှိန်းရင်
* ​ရေဓါတ်ခမ်း​ခြောက်တဲ့ လက္ခဏာ​တွေ ရှိ​ပေမယ့် အရည်မဝင်ရင်
* ဆက်တိုက်အန်​နေပီး အရည်မဝင်ရင်
* ၈နာရီ အတွင်း ဆီးတခါမှ မသွားရင်
* ဝမ်းသွားတဲ့အခါ ​သွေးပါရင်….
နီးစပ်ရာ ​ဆေးရုံ/​ဆေးခန်းကို သွားပြသင့်ပါတယ်။

ဝမ်း​လျှောတာကို ဘယ်လိုကုမလဲ

ဝမ်းပျက် ဝမ်း​လျှောအများစုဟာ ​ရေဓါတ်လုံ​လောက်​အောင် တိုက်​ပေးရတာကလွဲလို့ တခြားကုသမှု မလိုတတ်ပါဘူး။ ဝမ်းပိတ်​ဆေး​တွေကို က​လေး​တွေမှာ ​ပေး​လေ့မရှိပါဘူး။ Prebiotic, ဓာတ်ဆားရည် နဲ့ Zinc ​ဆေးရည်/​ဆေးပြား​တွေသာ ​ပေးဖို့လိုပါတယ်။ ပိုးသတ်​ဆေး​ပေးဖို့လဲ မလိုပါဘူး။

ဝမ်းပျက်ဝမ်း​လျှော မဖြစ်​အောင် ဘယ်လို ကာကွယ်ကြမလဲ

*** သန့်ရှင်း​ရေး..သန့်ရှင်း​ရေး..သန့်ရှင်း​ရေး ***

သန့်ရှင်း​ရေး အ​ရေးကြီးပါတယ်။ လက်သန့်ရှင်း​ရေး၊ အစားအစာ သန့်ရှင်း​ရေး၊ ပန်းကန်ခွက်​ယောက် သန့်ရှင်း​ရေး ဂရုစိုက်ရပါမယ်။

အစား​အ​သောက် မပြင်ဆင်ခင်၊ အစာမစားခင်/မ​ကျွေးခင်နဲ့ အိမ်သာသုံးပီးတိုင်း​မှာ လက်ကို ဆပ်ပြာနဲ့ ​သေချာ​ဆေးရပါမယ်။ အမြဲ​ဆော့ကစားပီး ညစ်​ပေ​နေတတ်တဲ့ က​လေး​လေး​တွေရဲ့ လက်က​လေး​တွေကိုလဲ သန့်ရှင်း​ရေးလုပ်​ပေးဖို့ မ​မေ့ပါနဲ့။

အစားအစာ​တွေကို ​ကျက်​အောင် ​သေချာ ချက်ပြုတ်ရပါမယ်။ ချက်ပြုတ်ပြီး အစားအ​သောက်​တွေကို အခန်းအပူချိန်မှာ ၂နာရီထက် ပိုမထားသင့်ပါဘူး၊ ၂ နာရီထက်ပိုကြာမယ်ဆိုရင် ​သေချာပြန်​နွှေးပြီးမှ စားသင့်ပါတယ်။

က​လေးငယ်များ ​ရောဂါအ​ပေါင်း၊ ​ဘေးအန္တရာယ်အ​ပေါင်းမှ ကင်း​ဝေးပီး ပြုံး​ပျော်နိုင်ကြပါ​စေ ????

ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာ

References
https://www.nhsinform.scot/…/stomach-liver…/diarrhoea…

Pediatric Management Guideline , Myanmar Pediatric Society 2nd edition

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.