အစာအဆိပ်သင့်ခြင်းဆိုတာ ညစ်ညမ်းတဲ့အစားအစာတွေကို စားသုံးမိခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ အများအားဖြင့် ရောဂါမပြင်းထန်တတ်ပါဘူး။ လူအများစုက ကုသမှုမခံယူဘဲ ရက်အနည်းငယ်အတွင်း ကောင်းလာတတ်ကြပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်း အများစုကတော့ အစားအသောက်တွေမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် စတဲ့ရောဂါပိုးတွေ ပါနေတာကြောင့်ဖြစ်ပါတယ်။ အဖြစ်များတဲ့ ပိုးမွှားတွေကတော့ Campylobacter, Salmonella, Escherichia coli, Norovirus နဲ့ Listeria တို့ဖြစ်ကြပါတယ်။
..
..

🦠 အစာအဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

အစာအဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့…

  • ဖျားနာခြင်း
  • ပျို့အန်ခြင်း
  • သွေး၊ ချွဲများပါသော ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
  • ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
  • အားအင်ချည့်နဲ့ခြင်း
  • အစာစားချင်စိတ်ပျောက်ဆုံးခြင်း
  • အပူချိန် 38‘C အထက် အဖျားကြီးခြင်း
  • ကြွက်သားများနာကျင်ကိုက်ခဲခြင်း
  • ချမ်းတုန်ဖျားခြင်းတို့ ဖြစ်ပါတယ်။

အစာအဆိပ်သင့်ခြင်းလက္ခဏာတွေဟာ မသန့်ရှင်းတဲ့ အစားအစာစားပြီး ၁ ရက်မှ ၂ ရက်အတွင်း တွေ့ရတတ်ပါတယ်။ စားမိပြီး နာရီအနည်းငယ်အကြာ သို့မဟုတ် ရက်သတ္တပတ်အတော်ကြာမှလည်း ဖြစ်နိုင်ပါတယ်။

🦠 အစာအဆိပ်သင့်တဲ့အခါ ဘာတွေလုပ်ရမလဲ

•ဖျားနာခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှော လက္ခဏာတွေရှိနေရင် ကျောင်း သို့မဟုတ် အလုပ်မှ ၂ ရက်ခန့် ခွင့်ယူပါ။
•လုံလောက်စွာ အနားယူပါ။
•ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ဖို့ ရေများများသောက်ပါ။
•ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့ ဓာတ်ဆားရည်သောက်သုံးပါ။
•အစာကို နည်းနည်းချင်း စားကြည့်ပါ။
•ပေါင်မုန့်၊ မုန့်ခြောက်၊ ငှက်ပျောသီးနဲ့ ထမင်းတို့လို လတ်ဆတ်တဲ့ အစားအစာတွေကို နေကောင်းလာတဲ့အထိ စားသုံးပါ။
•အရက်၊ ကဖိန်းဓာတ်၊ အချိုရည်များ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အဆီများတဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။

🦠 ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့ လိုမလဲ

ကိုယ်ခံအားနည်းတဲ့ အခြေအနေမျိုး (ဥပမာ-စတီးရွိုက်ဆေးဝါးများ သောက်သုံးနေရတာ၊ ကင်ဆာကုသမှုခံယူနေရတာ သို့မဟုတ် HIV ရောဂါရှိနေတာ) တွေရှိနေတဲ့အခါ ရောဂါလက္ခဏာတွေက ပြင်းထန်တတ်ပါတယ်။

  • ဒီလိုပြင်းထန်တဲ့ လက္ခဏာတွေ ရှိနေတဲ့အခါ
  • ကိုယ်ဝန်ရှိဆောင်မိခင် ဖြစ်နေတဲ့အခါ
  • ရက်အနည်းငယ်ကြာတဲ့အထိ ရောဂါလက္ခဏာတွေ မသက်သာလာရင်
  • ထပ်ခါထပ်ခါ အန်နေပြီး ရေ၊ အစာ မဝင်တော့တဲ့အခါ
  • ကယောင်ခြောက်ခြားဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ ဆီးနည်းခြင်းနဲ့ ဆီးလုံးဝမသွားတော့ခြင်း စတဲ့ရေဓာတ်အလွန်ခန်းခြောက်တဲ့ လက္ခဏာတွေရှိတဲ့အခါ
  • အသက် ၆၀ ကျော်လူကြီးတွေနဲ့ ကလေးငယ်များ
  • အူရောင်ရမ်းရောဂါ (Inflammatory Bowel Disease)၊ ဆီးချိုရောဂါနဲ့ ကျောက်ကပ်ရောဂါစတဲ့ ရေရှည်ရောဂါရှိသူတွေကတော့ ဆရာဝန်နဲ့ပြဖို့ လိုအပ်နိုင်ပါတယ်။

🦠 အစာအဆိပ်သင့်ခြင်းက ဘယ်လိုကြောင့် ဖြစ်ရလဲ

အစာအဆိပ်သင့်ခြင်းဆိုတာ ရောဂါပိုးမွှားတွေ ပါနေတဲ့ အစားအစာတစ်ခုခုကို စားသုံးမိခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာအမျိုးအစားမဆို အစာအဆိပ်သင့်နိုင်ပါတယ်။

•သေချာကျက်အောင် မချက်ပြုတ်တာ သို့မဟုတ် သေချာ ပြန်မနွှေးမိတာ
•အအေးခန်းထဲ သေချာမသိမ်းဆည်းထားတာ
•အကြွင်းအကျန်အဖြစ် သိမ်းထားတာ ကြာနေတာ
•လက်ကို မဆေးရသေးဘဲ သို့မဟုတ် ဖျားနာနေသူက အစားအစာကို ကိုင်တွယ်တာ
•သတ်မှတ်ရက်ထက်ကျော်လွန်တဲ့ အစားအစာတွေကို စားတာ
•ချက်ပြုတ်ထားတဲ့ အစားအစာတွေကို သေချာပြန်မနွှေးတဲ့အခါ အစားအစာတွေမှာ ပိုးတွေပေါက်ဖွားလာပြီး အစာအဆိပ်သင့်စေနိုင်ပါတယ်။

🦠 ဖျားနာနေချိန်မှာ ရောဂါပိုးမွှားတွေ မကူးစက်အောင် ဘယ်လိုကာကွယ်ရမလဲ

  • သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ခံအားနည်းသူတွေနဲ့ ထိတွေ့မှု အနည်းဆုံးဖြစ်အောင် နေထိုင်ပါ။
  • လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးပါ။
  • ကြမ်းပြင်၊ အိမ်သာထိုင်ခုံ၊ ရေဆွဲလက်ကိုင်၊ ဘေစင်နဲ့ ရေပိုက်ခေါင်းတွေကို မကြာခဏ သန့်ရှင်းပေးပါ။
  • ကိုယ်ပိုင် မျက်နှာသုတ်ပဝါ၊ တဘက်တွေ အသုံးပြုပါ။
  • ရောဂါပိုးရှိသူရဲ့ အဝတ်တွေလျှော်တဲ့အခါ ရေနွေးဖြင့်လျှော်ပါ။

Reference: 📖
https: // www . nhsinform . scot / illnesses-and-conditions/ infections-and-poisoning/ food-poisoning /

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here