အဖြစ်များ​သော တုပ်​ကွေးရောဂါလက္ခဏာများ Flu Symptoms in Ethnic Languages

0
323

တုပ်ကွေးရောဂါဆိုတာ အဖြစ်များတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။

တုပ်ကွေးရောဂါဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပွားရတာဖြစ်ပြီး တုပ်ကွေးပိုးရှိသူက နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရာကတစ်ဆင့် ဒါမှမဟုတ် အမှုန်အမွှားတွေကို လက်နဲ့ထိတွေ့မိပြီး အဲဒီလက်နဲ့ နှာခေါင်းတို့၊ ပါးစပ်တို့ကို ထိတွေ့မိရာကတစ်ဆင့် ကူးစက်ပါတယ်။

ဒီတစ်ပတ်မှာတော့ “အဖြစ်များ​သော တုပ်​ကွေးရောဂါလက္ခဏာများ” ကို ဗဟုသုတအဖြစ် လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်…????

(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

(ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်… ????)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here