သူတစ်ပါးအား စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်ခြင်း Emotional Manipulation (March, 2023)

“ သူတစ်ပါးအား စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်ခြင်း (Emotional Manipulation)

Emotional manipulation ဆိုတာ မရိုးသားတဲ့နည်းလမ်း၊ ကိုယ်ကျိုးရှာအမြတ်ထုတ်တဲ့နည်းလမ်းနဲ့ တစ်ပါးသူအပေါ် လွှမ်းမိုးမှုရယူခြင်း ဖြစ်ပါတယ်။ ဒီလို emotional manipulator တွေဟာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေမှာလို အပြန်အလှန် အပေးအယူမျှမျှနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမရှိဘဲ တစ်ပါးသူကို အသုံးချထိန်းချုပ်ပြီး တစ်ခါတစ်ရံ မတရားဖိနှိပ်တတ်ပါသေးတယ်။

လူတိုင်း အားလုံးနီးပါးဟာ စိတ်အခြေအနေမကောင်းတဲ့အခါမျိုး၊ မကောင်းတဲ့အကျင့်တွေ ပြန်လုပ်မိတဲ့အခါမျိုးမှာ မထင်မှတ်ဘဲ တစ်ပါးသူအပေါ် လွှမ်းမိုးမိတာမျိုး (manipulation) လုပ်မိတတ်ကြပါတယ်။ အဲ့အချိန်မျိုးမှာ သတိထားမိလိုက်တဲ့အခါ၊ တစ်ယောက်တစ်ယောက်က ပြောပြလိုက်တဲ့အခါ manipulation အပြုအမူတွေကို ရပ်တန့်ပြီး ပြင်ဆင်လိုက်တတ်ကြပါတယ်။

အချို့သောသူတွေမှာတော့ အလွယ်တကူပြင်လို့မရဘဲ စိတ်ပိုင်းဆိုင်ရာကုသမှုတွေပါ လိုအပ်နိုင်ပါတယ်။ ဒီလို emotional manipulation ကို အကျင့်တစ်ခုလို ခဏခဏလုပ်တတ်တဲ့သူတွေကို Machiavellian လို့လည်းခေါ်ကြပါတယ်။
..
..

???? ဘယ်လိုအပြုအမူတွေကို emotional manipulation လို့ခေါ်သလဲ ?

Emotional manipulation အမျိုးမျိုးရှိပေမယ့် အဓိကအားဖြင့် (၈) မျိုးရှိပါတယ်။
.

???? Passive aggression

တစ်ပါးသူအပေါ် မကျေနပ်တဲ့အရာ၊ မကောင်းတဲ့အရာကို တိုက်ရိုက်မပြောဘဲ သူတို့ရဲ့ စိတ်ဆိုးဒေါသတွေကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ တစ်ပါးသူကို အနှောင့်အယှက်ပေးတတ်ပါတယ်။

အသုံးများတဲ့ passive-aggressive နည်းလမ်းတွေကတော့…..

– ဘယ်အရာကိုမဆို အပြစ်မြင်အဆိုးမြင်ခြင်း

– ရည်ရွယ်ချက်ရှိရှိ အမှားများလုပ်ခြင်း

– အချိန်ဆွဲခြင်း

– မိမိကိုယ်ကို အသိအမှတ်ပြုမခံရဘူးဟုဆိုကာ ပြဿနာရှာခြင်း

– မလိုအပ်ဘဲ အတိုက်အခံလုပ်ခြင်းတို့ ဖြစ်ပါတယ်။
..
..

???? Social and emotional bullying

အနိုင်ကျင့် ဗိုလ်ကျတတ်သူတွေဟာ အမြဲတမ်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မသုံးကြပါဘူး။

အမြဲလိုလို ဝေဖန်အပြစ်တင်တာ၊ အသံမာမာနဲ့ပြောတာ၊ ခြိမ်းခြောက်တာတွေဟာ emotional bullying ဖြစ်ပါတယ်။

Social bullying ကတော့ မဟုတ်မမှန် သတင်းတွေဖြန့်တာ၊ တမင်တကာ ဖယ်ကြဉ်ထားတာမျိုးတွေ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ပါးသူက သူတို့အပေါ်မှီခိုနေရတယ်လို့ ထင်ရအောင်၊ စိတ်အားငယ်အောင် ပြောဆိုပြုမူခြင်း (intellectual bullying) နဲ့ တစ်ပါးသူကို လွှမ်းမိုးချုပ်ကိုင်ဖို့ ဥပဒေနည်းလမ်းတွေ၊ ရုံးစာ စတာတွေကို အသုံးချခြင်း (bureaucratic bullying) တို့လည်း ရှိပါသေးတယ်။
..
..

???? Distortion (ထင်ယောင်ထင်မှား/ တလွဲဖြစ်အောင်လုပ်ခြင်း)

အချက်အလက်တွေ၊ အရေးကြီးအကြောင်းအရာတွေနဲ့ အခြေအနေတစ်ခုကို အမှန်အတိုင်းသိဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ထင်ယောင်ထင်မှားဖြစ်အောင် တလွဲဖြစ်အောင်လုပ်ခြင်း ဖြစ်ပါတယ်။

အချို့ကိစ္စတွေမှာ လိမ်လည်ပြောဆိုတာ၊ မသိချင်ယောင်ဆောင်တာမျိုး လုပ်တတ်ကြပါတယ်။

အဲ့ထက်ဆိုးတာကတော့ တစ်ပါးသူကို ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာအောင်၊ ကိုယ့်ရဲ့ရပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းတွေကို မေးခွန်းထုတ်မိအောင် Gaslighting လုပ်ခြင်းပဲ ဖြစ်ပါတယ်။
..
..

???? Guilt and sympathy

အချို့သူတွေဟာ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားလွယ်ပြီး ကိုယ့်ကိုယ်ကို အပြစ်ပေးတာမျိုးထိ လုပ်တတ်ကြပါတယ်။

ဒါကိုအခွင့်ကောင်းယူပြီး manipulation လုပ်တတ်သူတွေဟာ သူတို့ကိုယ်သူတို့ ခံရသူ (victim) ပုံစံလုပ်တာ၊ သူတို့ကို ပိုသနားလာအောင် ဟန်ဆောင်ပြုမူတာတွေလုပ်ပြီး လိုချင်တာကို အရယူတတ်ကြပါတယ်။
..
..

???? Withdrawal

အလွယ်ကူဆုံး ဥပမာပေးရရင် သင့်ကိုလုံးဝမသိချင်ယောင်ဆောင်တာ၊ လျစ်လျူရှုတဲ့နည်း silent treatment/ ghost လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ခင်မင်ရင်းနှီးလာပြီးမှ မသိကျိုးကျွံ့ပြုလိုက်ခြင်းဖြင့် တစ်ပါးသူက ရင်းနှီးမှုကိုပြန်လိုချင်လာအောင် လုပ်ခြင်းဖြစ်ပါတယ်။
..
..

???? Comparison

သင့်ကို အခြားသူတစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်ပြောဆိုကာ သိမ်ငယ်လာအောင်၊ စိတ်မလုံခြုံအောင်လုပ်ခြင်း ဖြစ်ပါတယ်။ အခြားသူတွေကိုပါ ပါဝင်လာအောင်ဆွဲဆောင်ပြီး သင့်ကိုဖိအားပေးတတ်ပါသေးတယ်။
..
..

???? Manipulation of circumstance

ဒီနည်းကတော့ စီးပွါးရေးလုပ်ငန်းတွေ ညှိနှိုင်းဆွေးနွေးတဲ့အခါ အသုံးများပါတယ်။ သူတို့ရဲ့အလုပ်နေရာ (သို့) အိမ်ကိုလာရောက်ပြီး ဆွေးနွေးတွေ့ဆုံရအောင်လုပ်ခြင်းကို သူတို့က ပိုအာဏာရှိတယ်လို့ထင်မြင်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။
..
..

???? Overwhelming and unearned closeness

တစ်ပါးသူရဲ့ပျော့ကွက်၊ အားနည်းချက်ကို အသုံးချတာ (ဒါမှမဟုတ်) ဟန်ဆောင်လုပ်ယူထားတဲ့ ခင်မင်ပတ်သက်မှုကို အသုံးချပြီး သူတို့အပေါ် ကပ်တွယ်စွဲလန်းလာအောင်လုပ်ခြင်း ဖြစ်ပါတယ်။

အတုအယောင်ချစ်ခြင်းမေတ္တာ၊ ချီးမွမ်းမှုတွေကိုသုံးပြီး သိကျွမ်းဝင်လာအောင် ပြုလုပ်ခြင်း ( love-bombing ) ဖြစ်ပါတယ်။
..
..

*******
.

???? ဒီလို emotional manipulation ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ ?

ကိုယ့်ရဲ့မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်၊ ယုံကြည်ရတဲ့သူငယ်ချင်းဆီကနေ emotional manipulation ခံခဲ့ရမယ်ဆိုရင် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပါ ကြီးမားတဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။

တစ်စုံတစ်ယောက်ဆီကနေ ထပ်တလဲလဲ emotional manipulation လုပ်ခံနေရမယ်ဆိုရင် ထိုသူနဲ့ဆက်ဆံရေးမှာ အလွဲသုံးစားခံနေရပြီဆိုတာ သိဖို့လိုပါတယ်။ ဒီလို အလွဲသုံးစားလုပ်တတ်သူ၊ အနိုင်ကျင့်တတ်သူတွေမှာ anger management therapy ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာကုထုံးတွေနဲ့တောင် သူတို့ရဲ့အကျင့်ကို ပြုပြင်ဖို့ခဲယဉ်းပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ဆက်ဆံရေးကိုအဆုံးသတ်ပြီး ထွက်ခွာသွားတာပဲ ဖြစ်ပါတယ်။

❗အလုပ် (ဒါမှမဟုတ်) အိမ်မှာ ဒီလို emotional manipulation တွေ ရံဖန်ရံခါကြုံတွေ့ရတဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးချနိုင်ပါတယ်။

– Love-bombing နည်းနဲ့ ချဉ်းကပ်လာသူတွေကို ရှောင်ကြဉ်ပါ

– အခြားသူတွေက ရိုင်းတယ်လို့မြင်ရင်တောင် မိမိကိုယ်ကို boundaries သေချာသတ်မှတ်ပါ

– အခြားသူများကိုပါ emotional manipulation အကြောင်းပြောပြပြီး အထောက်အထားရယူပါ

– နောင်တရမယ့်ဆုံးဖြတ်ချက်တွေ မချမိအောင် အချိန်ယူဆုံးဖြတ်ပါ

လိုအပ်ပါက counseling လုပ်တာ၊ အကူအညီရယူတာတွေ လုပ်နိုင်ပါတယ်။

Reference: ????
https://www.webmd.com/mental…/signs-emotional-manipulation

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#emotional_manipulation

Ministry of Health,

National Unity Government.

Published on: 24 March 2023
Last Updated: 24 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...