သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာ Disseminated Intravascular Coagulation (DIC) (November,2023)

0
386

သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာ ( DIC )

Disseminated intravascular coagulation (DIC) ဆိုတာ သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ပိုးဝင်ခြင်းနဲ့ ကင်ဆာ စတဲ့ အရင်းခံကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။

DIC မှာ အဆင့်နှစ်ဆင့် ပါရှိပါတယ်။ ပထမအဆင့်က သွေးခဲခြင်းကိုဖြစ်စေကာ အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေပြီး၊ ဒုတိယအဆင့်ကတော့ ထိန်းချုပ်ရခက်တဲ့ အလွန်အကျွံသွေးထွက်ခြင်းကို ဖြစ်စေပါတယ်။ ဒီလိုဖြစ်စေရတဲ့ အကြောင်းအရင်းတွေကို အရင်ကုသဖို့က အရေးကြီးပါတယ်။

..

..

????Disseminated intravascular coagulation ဆိုတာ ဘာလဲ

သွေးခဲခြင်းဖြစ်စဉ်ကို ခန္ဓာကိုယ်က မထိန်းချုပ်နိုင်တော့တဲ့အခါ DIC ဖြစ်ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် ဒဏ်ရာဖြစ်တဲ့အခါ သွေးခဲတွေက သွေးထွက်တာကို ရပ်တန့်အောင် ကူညီပေးပါတယ်။ သွေးခဲတွေဖြစ်ပေါ်ဖို့ ခန္ဓာကိုယ်မှာ platelet နဲ့ coagulation factors တွေ လိုအပ်ပါတယ်။ Platelets ဆိုတာ သွေးဆဲလ်အမျိုးအစားတစ်ခုဖြစ်ပြီး၊ coagulation factors တွေကတော့ သွေးခဲတွေဖြစ်ပေါ်လာစေတဲ့ ပရိုတင်းဖြစ်ပါတယ်။

DIC ဖြစ်စဉ်မှာတော့ သွေးခဲခြင်းကိုဖြစ်စေတဲ့ ပရိုတင်းတွေဟာ ခန္ဓာကိုယ်အနှံ့ ပိုများလာပြီး သွေးကြောတွေထဲမှာ သွေးခဲတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီသွေးခဲတွေဟာ ဦးနှောက်၊ အသည်းနဲ့ ကျောက်ကပ်အပါအဝင် အရေးကြီးတဲ့ အင်္ဂါတွေဆီသွားတဲ့ သွေးကြောတွေမှာ ပိတ်ဆို့နိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေနိုင်ပါတယ်။ အဲဒီလိုကနေ သွေးခဲတွေနဲ့ coagulation factor တွေ ကုန်ဆုံးသွားတဲ့အခါမှာ အရေပြားအောက်၊ နှာခေါင်း၊ ပါးစပ်နဲ့ ခန္ဓာကိုယ်အတွင်း သွေးထွက်ခြင်းကို ဖြစ်စေပါတယ်။

..

..

????DIC ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

DIC ရဲ့ ပထမအဆင့်၊ ဒုတိယအဆင့်ပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့…

– ဒဏ်ရာနေရာမှ သွေးထွက်ခြင်း

– နှာခေါင်း၊ ပါးစပ်နဲ့ သွားဖုံးမှ သွေးထွက်ခြင်း

– စအိုနဲ့ မိန်းမကိုယ်မှ သွေးထွက်ခြင်း

– ဆီးနဲ့ ဝမ်းမှာ သွေးပါခြင်း

– ခန္ဓာကိုယ်တွင် အညိုရောင်အကွက်များ ဖြစ်ခြင်း

– ရင်ဘတ်အောင့်ခြင်း

– ခြေထောက် ရောင်ရမ်းနာကျင်ခြင်းတို့ ဖြစ်ပါတယ်။

သွေးခဲခြင်းရဲ့လက္ခဏာတွေ ဒါမှမဟုတ် ထိန်းချုပ်မရတဲ့ သွေးထွက်ခြင်းတွေ ခံစားနေရပြီဆိုရင် အရေးပေါ်ဆေးကုသမှုကို ချက်ချင်းရယူသင့်ပါတယ်။

????ဘယ်လိုအကြောင်းရင်းတွေက DIC ကို ဖြစ်စေနိုင်သလဲ

ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာနဲ့ ဖျားနာပြီးနောက်ရောင်ရမ်းတာတွေက DIC ကို ဖြစ်စေနိုင်ပါတယ်။ အခြားသော ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပိုးဝင်ခြင်းဟာ DIC ရဲ့ အဖြစ်အများဆုံးအကြောင်းရင်း ဖြစ်ပါတယ်။ ပိုးဝင်ပြီး နာမကျန်းဖြစ်တဲ့လူ ၃၅% ခန့်ဟာ DIC ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

DIC ဟာ အောက်ပါအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်…

• အဓိကကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း — အသည်းခြောက်ခြင်း၊ မုန့်ချိုအိတ် (pancreas) ရောင်ခြင်း၊ ပြင်းထန်ဒဏ်ရာ သို့မဟုတ် မီးလောင်ဒဏ်ရာ၊ အကြီးစား ခွဲစိတ်မှုများ

• ပြင်းထန်တဲ့ ကိုယ်ခံအားတုံ့ပြန်မှု — သွေးသွင်းမှု မအောင်မြင်ခြင်း၊ အစားထိုးထည့်ထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ခန္ဓာကိုယ်က ငြင်းပယ်ခြင်း၊ မြွေအဆိပ်ကဲ့သို့သော အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း

• ပြင်းထန်တဲ့ ကိုယ်ဝန်နောက်ဆက်တွဲပြဿနာများ — ရေမြွှာရည်များ သွေးကြောထဲ စိမ့်ထွက်ခြင်း၊ မီးဖွားပြီးနောက် သွေးသွန်ခြင်း၊ အချိန်မတိုင်ခင် အချင်းကွာခြင်း

• ကင်ဆာရောဂါများ

????DIC ရောဂါကို ဘယ်လိုစစ်ဆေးသိရှိနိုင်လဲ

ရောဂါရာဇဝင်နဲ့ အခြားသောစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ Platelet အရေအတွက်၊ သွေးခဲဖို့ ကြာချိန် (prothrombin time) ၊ သွေးခဲခြင်းအတွက် အရေးကြီးတဲ့ fibrin အရေအတွက်၊ ဒဏ်ရာရပြီးနောက် fibrin ကနေ ပြောင်းလဲသွားတဲ့ fibrinogen အရေအတွက် စတာတွေကို စစ်ဆေးဖို့ လိုနိုင်ပါတယ်။ DIC မှာ လူတစ်ဦးရဲ့ သွေးဖြူဥနည်းတာ၊ fibrinogen နည်းတာနဲ့ သွေးခဲချိန်ကြာမြင့်တာတွေ ဖြစ်နိုင်ပါတယ်။

DIC ဖြစ်ရတဲ့အကြောင်းရင်းကို သေချာသိရဖို့ နောက်ခံကျန်းမာရေးအခြေအနေကို စမ်းသပ်စစ်ဆေးတာတွေလည်း လုပ်နိုင်ပါတယ်။ DIC ဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာကြောင့် အရေးပေါ်ကုသမှုခံယူဖို့ လိုပါတယ်။

????DIC ကို ဘယ်လိုကုသလို့ ရနိုင်မလဲ

အရေးကြီးဆုံးကတော့ သွေးခဲခြင်းနဲ့ သွေးထွက်ခြင်းကို ထိန်းချုပ်ဖို့နဲ့ ၎င်းကို ဖြစ်စေတဲ့ နောက်ခံအကြောင်းအရင်းကို ကုသဖို့ လိုပါတယ်။

DIC ပထမအဆင့်မှာ သွေးကျဲဆေးဟာ သွေးခဲခြင်းကိုရပ်တန့်စေပြီး ကိုယ်တွင်းအင်္ဂါတွေပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဆင့်နှစ် ရောက်သွားရင်တော့ သွေးအလွန်ထွက်ခြင်း၊ သွေးသွန်ခြင်းတို့ကြောင့် နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေ မြင့်မားလာပါတယ်။ အဲဒီအခါ သွေးရည်ကြည်သွင်းတာ၊ သွေးဖြူဥသွင်းတာနဲ့ သွေးခဲစေတဲ့အရာတွေသွင်းတာမျိုး လိုအပ်နိုင်ပါတယ်။

ဒီလိုကုသရာမှာ…

– လတ်တလော သွေးထွက်နေခြင်း

– သွေးထွက်နိုင်ခြေ မြင့်မားခြင်း

– ခွဲစိတ်ကုသမှု လိုအပ်နေခြင်းတွေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ နောက်ခံကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးလည်း ကွဲပြားနိုင်ပါတယ်။

????DIC ဖြစ်တဲ့အခါ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လဲ

DIC ဟာ ပြင်းထန်တဲ့အခြေအနေဖြစ်ပြီး နောက်ဆက်တွဲပြဿနာများစွာ ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့…

• အသက်အန္တရာယ်ရှိလောက်အောင် သွေးထွက်လွန်ခြင်း

• တစ်သျှူးများ သေဆုံးခြင်း

• လေဖြတ်ခြင်း

• သွေးပြန်ကြောပိတ်ခြင်း

• နှလုံးရုတ်တရက်ဖောက်ခြင်း

• ကျောက်ကပ်ပျက်စီးခြင်း

• shock ရခြင်းအပြင်

• Multiple-organ dysfunction syndrome လို့ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါများစွာ ချို့ယွင်းပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကုသနိုင်သော်လည်း အလွန်ပြင်းထန်တဲ့အခါ သေဆုံးစေသည်အထိ ဖြစ်နိုင်ပါတယ်။

Reference: ????

https:// www. medicalnewstoday. com /articles/dic#treatment

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here