ဗောက်ထခြင်းအကြောင်း သိကောင်းစရာ

❓ဗောက်ထတယ်ဆိုတာ ဘာလဲ

လူ့ခန္ဓာကိုယ်မှာ epidermis လို့ခေါ်တဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆဲလ်အသေ(dead cells)တွေဟာ တစ်လတစ်ခါ ပုံမှန် မသိမသာကွာကျလေ့ရှိပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။

ဦးရေပြားမှာလဲ ထိုနည်းတူပါပဲ။ ဒါပေမယ့် ဦးရေပြားက dead cells တွေ ပုံမှန်ထက် ပိုကွာကျလာတဲ့အခါ ဗောက်ထခြင်းဆိုတာ ဖြစ်လာပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်ဟာ သိသိသာသာ ဗောက်ထတတ်ကြပါတယ်။

❓ဗောက်ထခြင်းက အန္တရာယ်ရှိသလား

ဗောက်ထခြင်းက အဖြစ်များတဲ့ သာမာန်ဖြစ်စဥ် တစ်ခုဖြစ်ပြီးတော့ ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး ။ လူတိုင်း အတိုင်းအတာတစ်ခုထိ ဗောက်ထတတ်ကြပြီး တစ်ချို့တွေက အနက်ရောင်အဝတ်အစားဝတ်တဲ့အခါ အဝတ်ပေါ်မှာ ဗောက်တွေကျနေတာကို မြင်ပြီးတော့မှ ဗောက်ထနေတာကို သတိထားမိတတ်ကြတာမျိုးပါ။ ဗောက်ထခြင်းက ကူးလည်းမကူးစက်နိုင်သလို ထိပ်ပြောင်ခြင်းကိုလည်း မဖြစ်စေနိုင်ပါဘူး။ ဗောက်ထခြင်းကြောင့် ဦးရေပြားယားယံခြင်းတော့ ဖြစ်တတ်ပါတယ်။

❓ဘယ်အရာတွေက ဗောက်ထခြင်းကို ပိုဆိုးစေတတ်သလဲ

ဦးရေပြားသန့်ရှင်းမှု အားနည်းတာ (အချိန်အကြာကြီးနေမှ ခေါင်းလျှော်တတ်တာမျိုး)၊ ဦးရေပြားအတွက်သုံးတဲ့ အမျိုးမျိုးသော ဓာတုပစ္စည်းတွေနဲ့ အလှကုန်တွေ၊ ဓာတ်မတည့်ခြင်း၊ စိတ်ဖိစီးမှု စတာတွေက ဗောက်ထခြင်းကို ပိုဆိုးစေတတ်ပါတယ်။

❓ဘယ်လိုမျိုး ကုသကြမလဲ

ဗောက်ထခြင်း အတွက် သင့်တော်တဲ့ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ အမြောက်အများ ရှိနေပါပြီ။ ဒီခေါင်းလျှော်ရည်တွေထဲကမှ ဗောက်ထတဲ့ အနေအထားပေါ် မူတည်ပြီး သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။ အကယ်၍ ကိုယ်နဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်ရှာတွေ့ပြီးရင် အဲ့ဒါကိုပဲ စွဲမြဲသုံးသင့်ပါတယ်။

ဗောက်အရမ်း မထတက်တဲ့ သူတွေအတွက်တော့
-Zinc pyriphione ပါတဲ့ ခေါင်းလျှော်ရည်
-Selenium Sulfide ပါတဲ့ ခေါင်းလျှော်ရည် နဲ့
-သူတို့ ၂ခု အရော ပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုနိုင်ပါတယ်။

ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ၅ မိနစ်ခန့်နှိပ်နယ်ပေးပြီးတော့ ရေနဲ့ သေချာ ဆေးချရပါမယ်။ တစ်ပတ်ကို ၂ ကြိမ် ၊ ၃ကြိမ် အသုံးပြုနိုင်ပါတယ်။

နောက်ထပ်အသစ် တစ်မျိုးကတော့ Piroctone Olamine 0.5% ပါတဲ့ ခေါင်းလျှော်ရည်တွေပဲ ဖြစ်ပါတယ်။

ဒီလောက်ဆို ဗောက်ထခြင်းနဲ့ ပတ်သက်ပြီး အထိုက်အလျောက် သိသင့်သလောက်သိပြီးပြီးဆိုတော့ ဗောက်မထအောင်ကာကွယ်ရင်း အားလုံးပဲ ကျန်းမာ‌ရေး ဂရုစိုက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.250

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.