“ ဆီးချုပ် ဝမ်းချုပ်မခံနဲ့”
“ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး” အစရှိသဖြင့် လူတွေပြောတတ်ကြပါတယ်။
ဆေးပညာအရ ဝမ်းချုပ်တယ်ဆိုတာဘာလဲ၊ ဘာတွေဆက်ဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်ဖြေရှင်းမလဲ ဆိုတာတွေအတွက် ဆက်လက်ဖတ်ရှုပေးပါနော်
????ဘယ်အခါ ၀မ်းချုပ်တယ်လို့ ဆိုနိုင်မလဲ?
လူတစ်ယောက်ဟာ…
(၁) ၀မ်းသွားတဲ့ အကြိမ်ရေဟာ တစ်ပတ်ကို (၃) ခါထက်နည်းမယ်။
(၂) ၀မ်းမာမယ်။
(၃) ၀မ်းသွားဖို့ အားစိုက်ပြီး ညှစ်ရမယ်။
(၄) ၀မ်းသွားဖို့ကို စအိုထဲ တစ်ခုခု စို့နေ ပိတ်နေ တစ်နေသလို ခံစားရမယ်။
(၅) စအိုထဲကို လက်နဲ့ နှိုက်ပြီး စမြင်းတွေ ကလော်ထုတ်ရမယ်။
ဒီလို အချက်တွေ (၂) ခုနဲ့အထက်ကို (၃) လလောက် ခံစားနေရပြီဆိုရင်တော့ ရေရှည် ၀မ်းချုပ်နေပြီလို့ ဆိုနိုင်ပါတယ်။
????ဘာကြောင့် ခုလို ၀မ်းချုပ်တာလဲ?
– စအိုကွဲနာရှိရင် နာလို့ ၀မ်းမသွားရဲတာ
– အူပိတ်ရောဂါ (intestinal obstruction)
– အူမကြီးကင်ဆာ
-ကလေး အများကြီးမွေးထားတဲ့ မိခင်တွေမှာ pelvic floor muscle တင်ပဆုံတွင်းကြွက်သား/စအိုနားတဝိုက်ကြွက်သားတွေအားနည်းပြီး ၀မ်းချုပ်တာ
– ဆီးချိုသမားတွေမှာ ဖြစ်တတ်တဲ့ အာရုံကြောအားနည်းသောရောဂါ (autonomic neuropathy)
– multiple sclerosis
– Parkinson’s disease
– လေဖြတ်လူနာများ
– ကျောရိုးအာရုံကြော ဒဏ်ရာရထားသော လူနာများ
– မွေးရာပါ အူမကြီး တချို့အစိတ်အပိုင်းတွင် အာရုံကြောမပါသော ရောဂါ (Hirschsprung’s disease) ဒါတွေကြောင့် ဝမ်းချုပ်စေပါတယ်။
????၀မ်းချုပ်တာ ဘယ်လိုလူတွေမှာ အဖြစ်များလဲ ???
– သက်ကြီးရွယ်အိုများ
– အမျိုးသမီးများ
– ခန္ဓာကိုယ်အရည်ဓာတ် နည်းခြင်း
– အမျှင်ဓာတ် အစားနည်းခြင်း
– ကိုယ်လက်လှုပ်ရှားမှု မလုပ်ခြင်း (သို့) နည်းခြင်း
– တချို့သောဆေးများသောက်နေခြင်း (အိပ်ဆေး၊ အနာသက်သာဆေး၊ စိတ်ကျရောဂါသက်သာဆေး)
– တချို့သော စိတ်ကျရောဂါနှင့် အစားအသောက် ပုံမှန်မဟုတ်သော ဝေဒနာခံစားနေရသူများ …
စတဲ့သူတွေမှာ ဝမ်းချုပ်တာ အဖြစ်များပါတယ်။
????၀မ်းချုပ်တော့ ဘာတွေဖြစ်လာနိုင်ပါသလဲ?
(၁) ၀မ်းသွားဖို့ ၀မ်းညှစ်ရတဲ့အတွက် လိပ်ခေါင်း (piles) ဖြစ်နိုင်ပါတယ်။
(၂) ၀မ်းအမာပွတ်သွားလို့ စအိုကွဲနာ (fissure) ဖြစ်နိုင်ပါတယ်။
(၃) ၀မ်းမာပြီး မထွက်ဘဲ တစ်နေတတ်ပါတယ်။
(၄) တစ်ခါတရံမှာ ၀မ်းထွက်ဖို့ ညှစ်ရလွန်းလို့ အူမကြီးပါ အပြင်ကို ထွက်လာ (rectal prolapsed) တတ်ပါတယ်။
????ဒါဆို ၀မ်းမချုပ်အောင် ဘယ်လိုလုပ်သင့်ပါသလဲ?
(၁) အမျှင်ဓာတ်များများပါတာ စားပါ။ (ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ ဂျုံ)
(၂) အမျှင်ဓာတ်နည်းသော အစားအစားများ လျှော့စားပါ။ (ဆင့်ကဲပြုပြင်ထားသော အစာများ၊ နို့ထွက်ပစ္စည်းနှင့် အသားများ)
(၃) ရေများများသောက်ပါ။ တစ်နေ့ ၂-၃ လီတာ။
(၄) စိတ်ဖိစီးမှုများကို လျှော့ချပါ။
(၅) ၀မ်းသွားချင်စိတ်ပေါ်လာရင် အချိန်မရွှေ့ပါနဲ့၊ ၀မ်းကို အချိန်ပေးပြီး သွားပါ။
(၆) အစာစားပြီး ၀မ်းသွားတဲ့အကျင့်ကို မွေးမြူဖို့ ကြိုးစားကြည့်ပါ။
(၇) ကိုယ်လက်လှုပ်ရှားမှုလေး ပုံမှန်လုပ်ပေးပါ။
(၈) ငယ်ရွယ်စဉ်တည်းက အမျှင်ဓာတ်များသော အစာများများကျွေးပါ။
????၀မ်းနုတ်ဆေး/ဝမ်းပျော့ဆေးကို ရေရှည်စွဲသောက်လို့ရပါလား? အန္တရာယ်ရှိလား?
သက်ကြီးရွယ်အိုတွေမှာ အူလှုပ်ရှားမှု နှေးနေတာမို့လို့ နေထိုင်မှုပုံစံပြောင်းလဲတာအပြင် ၀မ်းပျော့ဆေး စွဲသောက်တာ သောက်သင့်ပါတယ်။ ရေရှည်စွဲသောက်ရင် အူမကြီးမှာ အရောင်တွေပေါ်လာ (melanosis coli) နိုင်ပေမယ့် အန္တရာယ်မရှိပါဘူး။
လူငယ် လူလတ်ပိုင်းတွေမှာတော့ အပေါ်မှာပြောထားတဲ့ အချက်အလက်လေးတွေနဲ့ နေထိုင်မှုပုံစံကို ကြိုးစားလိုက်နာပြီး ၀မ်းမှန်အောင် ကြိုးစားသင့်ပါတယ်။ ၀မ်းပျော့ဆေး စွဲသောက်ပါက အူကို အလုပ်မလုပ်တာ နှေးတာ အားပေးသလို ဖြစ်စေလို့ပါ။
????ဘယ်အခါမှာ ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါသလဲ?
အကြောင်းရင်းမရှိဘဲ ကိုယ့်ရဲ့ ၀မ်းသွားတဲ့ အလေ့အကျင့် အပြောင်းအလဲရှိလာရင် (ဥပမာ- နဂိုက ၀မ်းနှုတ်ဆေး ၂ ပြားစားနေကျကနေ အခု ၄ ပြား- ၆ ပြား တိုးတိုးစားလာမှ ၀မ်းသွားတာ/ အရင် တစ်ပတ် ၁ ခါပဲ ၀မ်းပျော့ဆေး စားနေရာကနေ အခုဆို နေ့တိုင်းသောက်နေရတာ) အဲလိုမျိုးတွေ ပြောင်းလဲလာရင် ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါတယ်။ အရေးကြီးတဲ့ အူမကြီးကင်ဆာရောဂါတွေ ဖြစ်နေမှာစိုးတာကြောင့် ဖြစ်ပါတယ်။
Reference:
https://tinyurl.com/constipationmayoclinic
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.