See our latest stories

written by our lovely staff members

ကျောက်ကပ်ဆေးနေသူတွေနဲ့ အာဟာရချို့တဲ့မှု Dietary Advices for Dialysis Patient (November, 2022)

ကျောက်ကပ်ဆေးနေသူတွေအနေနဲ့ အာဟာရချို့တဲ့မှုဖြစ်ဖို့ ပိုလွယ်တာ သိပါရဲလား ? ကျောက်ကပ်ဆေးသူတွေမှာ တစ်ခါတစ်ခါဆေးတိုင်း စွန့်ပစ်ရည်ထဲ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တွေ ပါသွားတဲ့အတွက် အသားဓာတ်ကို တစ်နေ့တာ လိုအပ်ချက်ပြည့်မှီအောင် စားပေးရပါမယ် နာတာရှည် ကျောက်ကပ်ဝေဒနာသည်တွေဟာ ကျောက်ကပ်တစ်ခါတစ်ခါ ဆေးဖို့အတွက် သွားလာရတာ ပင်ပန်းတာ၊ မောတာ ယူရီးယားလို အသားဓာတ်တက်တာတွေ ကိုယ်တွင်း မသိမသာ ရောင်ရမ်းမှုတွေရှိတာကြောင့်  ခံတွင်းမတွေ့ ဖြစ်လွယ်တာ အာဟာရဆုံးရှူံးမှုဖြစ်တာ ပျို့လွယ် အန်လွယ်...

How to quit smoking “ ဆေးလိပ် ဘယ်လို ဖြတ်ရမလဲ” (November, 2022)

ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ (၈)သန်းလောက် ရှိပါတယ်။ အဲ့ဒီထဲကမှ (၇)သန်းလောက်ကတော့ ကိုယ်တိုင်ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးတာဖြစ်ပြီး (၁.၂)သန်းလောက်ကတော့ ကိုယ်တိုင်သောက်သုံးတာကြောင့် မဟုတ်ဘဲ second-hand smokeကြောင့် သေဆုံးတာ ဖြစ်ပါတယ်။ second-hand smokeဆိုတာကတော့ ဆေးလိပ်ငွေ့ကို နှစ်ရှည်လများ ကာလတော်တော်ကြာ ရှူရှိုက်မိတာကို ဆိုလိုပါတယ်။ အထူးသဖြင့်...

Pregnancy and Folic Acid ( ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်ဆစ်) (November, 2022)

" ကိုယ်ဝန်ဆောင်နှင့် Folic acid " ကျန်းမာတဲ့ကလေးလေးရှိခြင်းက သင်ကိုယ်တိုင်ကလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုလိုပါတယ်။ အဲ့တော့ သင့်ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းခြင်းတွေ မဖြစ်အောင်ကာကွယ်ဖို့ အရေးကြီးဆုံးအချက်ကတော့ လုံလောက်တဲ့ဖောလစ်အက်ဆစ်ပမာဏကို ကိုယ်ဝန်ဆောင်ဖို့ဆုံးဖြတ်လိုက်ချိန်မှစ၍ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး နေ့စဉ်ပုံမှန်သောက်သုံးဖို့ပါပဲ။ အရင်ဆုံး ဖောလစ်အက်ဆစ် (Folic acid) ဆိုတာဘာလဲ ပြောပြပါမယ်။ Folic acid ဟာ...

Leg Cramp ( ကြွက်တက်ခြင်းအကြောင်း) ( November, 2022)

လူတိုင်းလူတိုင်း အနည်းဆုံး တစ်ခါလောက်တော့ ကြွက်တက်ဖူးကြမယ်ထင်ပါတယ်။ ကိုယ်မတက်ဖူးရင်တောင် အိမ်က မိသားစုဝင် တစ်ယောက်ယောက် ကြွက်တက်တာကို မြင်ဖူး၊ ကြားဖူးမှာပေါ့ ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သား ရုတ်တရက် ကျုံ့ခြင်းကြောင့် နာကျင်တဲ့ဝေဒနာ ခံစားရတာကို ဆိုလိုတာပါ။ များသောအားဖြင့်တော့ ‌ခြေသလုံးကြွက်သားတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ခြေထောက်က တခြားသော သေးငယ်တဲ့ ကြွက်သားတွေမှာလည်း...

ကျောက်ကပ်ရောဂါသည်များ ( ကျောက်ကပ်ပျက်စီးမှု အဆင့် ၃ နှင့် ၄ ) (CKD Stage 3 & 4)အတွက် အစားအစာ ထိန်းသိမ်းစားရမည့်ပုံစံ ( November, 2022)

ကျောက်ကပ်ရောဂါသည်များ ( ကျောက်ကပ်ပျက်စီးမှု အဆင့် ၃ နှင့် ၄ ) (CKD Stage 3 & 4)အတွက် အစားအစာ ထိန်းသိမ်းစားရမည့်ပုံစံ " ပရိုတိန်း "=========အသားဓါတ်ကိုပြောတာပါကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် ၀.၈ ဂရမ်နှင့်အထက်နှုန်းဖြင့် စားသုံးရပါမည်။ ဥပမာ - ၆၀ကီလိုရှိသောလူအတွက် စားသုံးရမည့်ပရိုတိန်းပမာဏမှာ...

Feel-good hormones (စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်း) (October, 2022)

စိတ်တွေပင်ပန်းလွန်းလို့ ဟင်းတွေချက်၊အခန်းသန့်ရှင်းရေးလုပ်ပစ်လိုက်မှပဲ နေသာထိုင်သာရှိသွားတာမျိုး…သီချင်းတွေနားထောင်ပြီးအော်ဆိုပစ်၊ချစ်ခင်ရသူတွေနဲ့စကားတွေပြောပြီး စိတ်ကလေးပြန်အဆင်ပြေသွားတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီအပြုအမူလေးတွေ နောက်ကွယ်က အကြောင်းရင်းကတော့ ကျွန်တော်တို့စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းလေးတွေ ထွက်လာလို့ပဲဖြစ်ပါတယ်။ ဟော်မုန်းဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ဂလင်းတွေကနေ သွေးကြောထဲကိုထုတ်လွှတ်ပေးလိုက်တဲ့ ဓာတုအချက်ပြသတင်းပို့သူ (chemical messenger )လို့တင်စားချင်ပါတယ်။သွေးကြောထဲမှတစ်ဆင့် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်း၊တစ်ရှူးတွေဆီ ရောက်တဲ့အခါ သက်ဆိုင်ရာလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ အချက်ပြပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ ဟော်မုန်းအမျိုးအစားများစွာရှိတဲ့အထဲမှာ...

Bruxism (သွားကြိတ်တတ်တဲ့သူများအတွက် သိကောင်းစရာ) (October, 2022)

အိပ်နေတုန်း ဒါမှမဟုတ် နိုးနေတဲ့အချိန် သွားကြိတ်တတ်တဲ့အကျင့်ရှိကြလား? ကိုယ်ကိုယ်တိုင် မကြိတ်ရင်တောင်မှ သူများကြိတ်တဲ့ အသံကိုနားထောင်ဖူးရင်တောင် တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်မလား။ ခုတောင် နားထဲ ကြားနေကြပြီ ဟုတ်? Bruxismဆိုတာကတော့ အိပ်နေတဲ့အချိန်ဖြစ်စေ နိုးနေတဲ့အချိန်ဖြစ်စေ သွားကြိတ်တတ်တဲ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ (အများအားဖြင့်‌တော့ အိပ်နေတဲ့အချိန်မှာ သွားပိုကြိတ်တတ်ကြတာကို တွေ့ရပါတယ်။) Bruxismက ဘယ်လောက်ထိ...

ဒေါသကိုင်တွယ်ဖြေရှင်း နည်းလမ်းများ Anger Management ( October, 2022)

ကျွဲမြီးကလေး မတိုစေချင် (Anger Management) ခုလိုချိန်ခါမှာ တယ်လီကျန်းမာ စာဖတ်ပရိတ်သတ်ကို “Anger Management” “ဒေါသကိုင်တွယ်ဖြေရှင်း နည်းလမ်းများ” အကြောင်း တင်ဆက်ရတာ အင်မတန် အားနာမိပါတယ်.... ဟိုတစ်နေ့ကတောင် facebook ကနေ ကာတွန်းရုပ်ပြောင်ကလေးတစ်ခု ဖတ်လိုက်ပြီး သဘောကျမိသေး.... “ဟဲ့ နင် အရင်လို မဆဲတော့ပါလား” “မဆဲဆို ဆဲစရာ ဆဲနည်း...